အီဗ်ရာဟီမ် · 2/52
ဘာသာပြန် အသံနိုင်ငံ — စူရာ အီဗ်ရာဟီမ်
اللَّهِ الَّذِي لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَوَيْلٌ لِّلْكَافِرِينَ مِنْ عَذَابٍ شَدِيدٍ ۝٢
Allaahil lazee lahoo maa fis samaawaati wa maa fill ard; wa wailul lilkaafireena min `azaabin shadeed
📖 မြန်မာဘာသာ
အကြင် အလ္လာဟ်အရှင်မြတ်(၏လမ်းသို့) မိုးကောင်းကင်များ၌ရှိကုန်သောအရာများသည်လည်းကောင်း၊ပထဝီမြေ၌ရှိကုန်သောအရာများသည်လည်းကောင်း၊ ထိုအရှင်မြတ်သာလျှင် စိုးပိုင်တော်မူသော အရာများပင်။ ကာဖိရ်သွေဖည်ငြင်းပယ်ကုန်သော သူတို့၌မူကား ပြင်းထန်သော ပြစ်ဒဏ်ရှိသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 1-4 — စူရာ အီဗ်ရာဟီမ်

1الر ۚ كِتَابٌ أَنزَلْنَاهُ إِلَيْكَ لِتُخْرِجَ النَّاسَ مِنَ الظُّلُمَاتِ إِلَى النُّورِ بِإِذْنِ رَبِّهِمْ إِلَىٰ صِرَاطِ الْعَزِيزِ الْحَمِيدِ
အလစ်ဖ်၊ လမ်၊ ရာ။ ဤ(ကုရ်အာန်)သည်ကားအကြင်ကျမ်းမြတ်ပင်တည်း။ အသင်သည် လူသားအားလုံးတို့ကို ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် အမှောင်ထုမှအလင်းသို့ (ဝါ) တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောချီးမွမ်းဖွယ် ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်မြတ်၏လမ်းသို့ ထုတ်ဆောင်(ကယ်တင်)အံ့သောငှာ ငါအရှင်မြတ်သည် ယင်းကျမ်းမြတ်ကို အသင်၏ထံသို့ ချပေးသနားတော် မူခဲ့လေသတည်း။
2اللَّهِ الَّذِي لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَوَيْلٌ لِّلْكَافِرِينَ مِنْ عَذَابٍ شَدِيدٍ
အကြင် အလ္လာဟ်အရှင်မြတ်(၏လမ်းသို့) မိုးကောင်းကင်များ၌ရှိကုန်သောအရာများသည်လည်းကောင်း၊ပထဝီမြေ၌ရှိကုန်သောအရာများသည်လည်းကောင်း၊ ထိုအရှင်မြတ်သာလျှင် စိုးပိုင်တော်မူသော အရာများပင်။ ကာဖိရ်သွေဖည်ငြင်းပယ်ကုန်သော သူတို့၌မူကား ပြင်းထန်သော ပြစ်ဒဏ်ရှိသည်။
3الَّذِينَ يَسْتَحِبُّونَ الْحَيَاةَ الدُّنْيَا عَلَى الْآخِرَةِ وَيَصُدُّونَ عَن سَبِيلِ اللَّهِ وَيَبْغُونَهَا عِوَجًا ۚ أُولَٰئِكَ فِي ضَلَالٍ بَعِيدٍ
အကြင်သူတို့သည် ပစ္စက္ခ မျက်မှောက်လောကီဘဝ၌ အသက်ရှင်ခြင်းကို တမလွန်ဘဝထက် သာပို၍ပင် မြတ်နိုးကြကုန်သည်။ ထိုမှတစ်ပါး ၎င်းတို့သည် (လူတို့အား)အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ တားဆီးကုန်သည်။ ထို့ပြင်၎င်းတို့သည် ယင်း လမ်းတော်၌ ကွေ့ကောက်မှုကို ရှာဖွေလျက်ရှိကြကုန်သည်။ ဤသူတို့ကား (အမှန်နှင့်)အလွန်ဝေးလံသောလမ်းမှား၌ ရှိနေကြကုန်သတည်း။
4وَمَا أَرْسَلْنَا مِن رَّسُولٍ إِلَّا بِلِسَانِ قَوْمِهِ لِيُبَيِّنَ لَهُمْ ۖ فَيُضِلُّ اللَّهُ مَن يَشَاءُ وَيَهْدِي مَن يَشَاءُ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
စင်စစ်တစ်မူကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်တိုင်းကို ယင်း ရစူလ်တမန်တော်၏ အမျိုးသားတို့(ပြောဆိုသုံးစွဲသော)ဘာသာစကားနှင့်သာ ၎င်းတို့အား ယင်းရစူလ်တမန်တော်က (ငါအရှင်မြတ်၏အမိန့်ပညတ်တော်များကို)ထင်ရှား စွာ ထုတ်ဖော်ပြောဆို ရှင်းလင်းပြနိုင်ခြင်းငှာ စေလွှတ်တော်မူခဲ့ပေသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား လမ်းမှား၌ပင် ထားရှိတော် မူလေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ပြတော်မူပေသည်။ စင်စစ်သော်ကား ထိုအရှင်မြတ် သည်သာလျှင် တန်ခိုးအာနုဘော်နှင့်လွှမ်းမိုးတော် မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
အီဗ်ရာဟီမ်ကုရ်အာန် ညွှန်းကိန်း
52အာယာသ်
MeccanRevelation
2အာယာသ်

ဘာသာပြန် — အီဗ်ရာဟီမ် 2

စူရာ အီဗ်ရာဟီမ် အာယာသ် 2 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင် အလ္လာဟ်အရှင်မြတ်(၏လမ်းသို့) မိုးကောင်းကင်များ၌ရှိကုန်သောအရာများသည်လည်းကောင်း၊ပထဝီမြေ၌ရှိကုန်သောအရာများသည်လည်းကောင်း၊ ထိုအရှင်မြတ်သာလျှင် စိုးပိုင်တော်မူသော အရာများပင်။ ကာဖိရ်သွေဖည်ငြင်းပယ်ကုန်သော သူတို့၌မူကား ပြင်းထန်သော ပြစ်ဒဏ်ရှိသည်။

စူရာ အာယာသ် 2/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 1–4. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers