အန်-နဟ်လ် · 120/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
إِنَّ إِبْرَاهِيمَ كَانَ أُمَّةً قَانِتًا لِّلَّهِ حَنِيفًا وَلَمْ يَكُ مِنَ الْمُشْرِكِينَ ۝١٢٠
Inna Ibraaheema kaana ummatan qaanital lillaahi Haneefanw wa lam yakuminal mushrikeen
📖 မြန်မာဘာသာ
မချွတ်မလွဲ (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည်အလွန်အတုယူထိုက်သောရှေ့ဆောင်ရှေ့ရပ်၊ အလ္လာဟ် အရှင်မြတ်(၏အမိန့်တော်များ)ကို (တစ်သဝေမတိမ်း) လိုက်နာသူ၊တစ်စိတ်တစ်လက်တည်း ဖြောင့်မတ်တည်ကြည်သူဖြစ်ခဲ့ လေသည်။ ထို့ပြင် ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မုရှ်ရစ်က် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့အနက်မှ မဖြစ်ခဲ့ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • အုမ္မသန် (أُمَّةً): ဤနေရာတွင် "အုမ္မသ်" ဟူသော စကားလုံးသည် လူအများအပြား၏ ခေါင်းဆောင်၊ စံပြပုဂ္ဂိုလ်၊ သို့မဟုတ် တစ်ဦးတည်းတွင် ကောင်းမှုဂုဏ်ရည်အားလုံး စုစည်းနေသူကို ဆိုလိုသည်။ တမန်တော် အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) သည် တစ်ဦးတည်းဖြင့် လူမျိုးတစ်မျိုးလုံး၏ တန်ဖိုးနှင့် ညီမျှသော ပုဂ္ဂိုလ်ဖြစ်ခြင်းကို ဖော်ပြသည်။
  • ကွာနိသန် (قَانِتًا): အလ္လာဟ်အရှင်မြတ်အား အမြဲတမ်း နာခံသူ၊ ကျိုးနွံသူ၊ ဝတ်ပြုကိုးကွယ်မှုတွင် အဆက်မပြတ် ရပ်တည်သူဟု အဓိပ္ပာယ်ရသည်။
  • ဟနီဖန် (حَنِيفًا): မှားယွင်းသော လမ်းစဉ်အားလုံးမှ လှည့်ထွက်ပြီး တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ထံသို့ ဦးတည်သော စစ်မှန်သည့် လမ်းစဉ်ကို လိုက်နာသူဟု အဓိပ္ပာယ်ရသည်။
  • မုရှ်ရိကီန် (الْمُشْرِكِينَ): အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူများ၊ ရုပ်တုကိုးကွယ်သူများကို ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ဧကန်စင်စစ် တမန်တော် အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) သည် ကောင်းမှုဂုဏ်ရည်အားလုံးကို စုစည်းထားသူ၊ တစ်ဦးတည်းဖြင့် လူမျိုးတစ်မျိုးလုံး၏ စံပြပုဂ္ဂိုလ်အဖြစ် ရပ်တည်နိုင်သူ ဖြစ်ခဲ့သည်။ သူသည် အလ္လာဟ်အရှင်မြတ်အား အမြဲတမ်း နာခံကျိုးနွံသူ၊ ဝတ်ပြုကိုးကွယ်မှုကို အဆက်မပြတ် ဆက်လက်ထမ်းဆောင်သူ ဖြစ်ခဲ့သည်။ သူသည် မှားယွင်းသော လမ်းစဉ်အားလုံးမှ လှည့်ထွက်ပြီး တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ထံသို့သာ ဦးတည်သော စစ်မှန်သည့် လမ်းစဉ်ကို လိုက်နာသူ ဖြစ်ခဲ့သည်။ သူသည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူများထဲတွင် တစ်ဦးအပါအဝင် မဖြစ်ခဲ့သည်မှာ ဧကန်အမှန်ဖြစ်သည်။ ကုရိုင်းရှ်လူမျိုးတို့သည် မိမိတို့သည် တမန်တော် အိဗ်ရာဟီမ်၏ လမ်းစဉ်ပေါ်တွင် ရှိသည်ဟု ပြောဆိုကြသော်လည်း အမှန်စင်စစ် သူသည် သူတို့၏ ရုပ်တုကိုးကွယ်မှုနှင့် လုံးဝ ကင်းရှင်းခဲ့သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • တမန်တော် အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) သည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံ


📜 အာယာသ် 118-122 — စူရာ အန်-နဟ်လ်

118وَعَلَى الَّذِينَ هَادُوا حَرَّمْنَا مَا قَصَصْنَا عَلَيْكَ مِن قَبْلُ ۖ وَمَا ظَلَمْنَاهُمْ وَلَٰكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ
ထို့အပြင် ငါအရှင်မြတ်သည် ယဟူဒီဖြစ်ခဲ့သောသူတို့အပေါ်၌ အသင့်အား ငါအရှင်မြတ် ယခင်ကထုတ်ဖော်မိန့်ကြားတော်မူခဲ့သောအရာများကို ဟရာမ်ဟူ၍ မြစ်တားတော်မူခဲ့လေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်ကလူ ပြုတော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင်၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်များကို နှိပ်စက်ကလူ ပြုလျက်ရှိခဲ့ကြကုန်သတည်း။
119ثُمَّ إِنَّ رَبَّكَ لِلَّذِينَ عَمِلُوا السُّوءَ بِجَهَالَةٍ ثُمَّ تَابُوا مِن بَعْدِ ذَٰلِكَ وَأَصْلَحُوا إِنَّ رَبَّكَ مِن بَعْدِهَا لَغَفُورٌ رَّحِيمٌ
ထို့နောက် ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အကြင်သူတို့အဖို့၊ ၎င်းတို့သည် အသိပညာကင်းမဲ့သောကြောင့် မကောင်းမှုကို ကျင့်မူခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ဝန်ချတောင်းပန်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည်(မိမိတို့အခြေအနေကိုလည်း) ပြုပြင်ခဲ့ကြကုန်၏။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထို(သူတို့ဝန်ချတောင်းပန်ပြီး)နောက်တွင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
120إِنَّ إِبْرَاهِيمَ كَانَ أُمَّةً قَانِتًا لِّلَّهِ حَنِيفًا وَلَمْ يَكُ مِنَ الْمُشْرِكِينَ
မချွတ်မလွဲ (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည်အလွန်အတုယူထိုက်သောရှေ့ဆောင်ရှေ့ရပ်၊ အလ္လာဟ် အရှင်မြတ်(၏အမိန့်တော်များ)ကို (တစ်သဝေမတိမ်း) လိုက်နာသူ၊တစ်စိတ်တစ်လက်တည်း ဖြောင့်မတ်တည်ကြည်သူဖြစ်ခဲ့ လေသည်။ ထို့ပြင် ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မုရှ်ရစ်က် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့အနက်မှ မဖြစ်ခဲ့ချေ။
121شَاكِرًا لِّأَنْعُمِهِ ۚ اجْتَبَاهُ وَهَدَاهُ إِلَىٰ صِرَاطٍ مُّسْتَقِيمٍ
ထိုအရှင်မြတ်၏ ကျေးဇူးတော်များကို အလွန် သိတတ်၍ကျေးဇူးတင်ရှိသူဖြစ်ခဲ့၏။ ထိုအရှင်မြတ်သည် ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်အား ရွေးချယ်တော်မူ၍ ဖြောင့်မတ်မှန်ကန်သောတရားလမ်းသို့လည်း ပို့တော်မူခဲ့သတည်း။
122وَآتَيْنَاهُ فِي الدُّنْيَا حَسَنَةً ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်အား ဤမျက်မှောက်လောက၌လည်း၊ကောင်းမြတ်ခြင်းကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ၎င်းပြင်ဧကန်စင်စစ် ယင်း(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည်တမလွန်ဘဝ၌လည်း အမှန်ပင် သူတော်စင်တို့အနက်မှဖြစ်အံ့သတည်း။ပြန်ထမည့်နေ့တွင် ၎င်းတို့သဘောကွဲလွဲလျက်ရှိခဲ့ကြသောအရာနှင့်စပ်လျဉ်း၍ အမှန်ပင် စီရင်ဆုံးဖြတ်တော်မူအံ့သတည်း။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
120အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 120

စူရာ အန်-နဟ်လ် အာယာသ် 120 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မချွတ်မလွဲ (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည်အလွန်အတုယူထိုက်သောရှေ့ဆောင်ရှေ့ရပ်၊ အလ္လာဟ် အရှင်မြတ်(၏အမိန့်တော်များ)ကို (တစ်သဝေမတိမ်း) လိုက်နာသူ၊တစ်စိတ်တစ်လက်တည်း ဖြောင့်မတ်တည်ကြည်သူဖြစ်ခဲ့ လေသည်။ ထို့ပြင် ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည်…

စူရာ အာယာသ် 120/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 118–122. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 4, 2026

Don't forget us in your sincere prayers