အန်-နဟ်လ် · 61/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
وَلَوْ يُؤَاخِذُ اللَّهُ النَّاسَ بِظُلْمِهِم مَّا تَرَكَ عَلَيْهَا مِن دَابَّةٍ وَلَٰكِن يُؤَخِّرُهُمْ إِلَىٰ أَجَلٍ مُّسَمًّى ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ ۝٦١
Wa law yu`aakhizul laahun naasa bizulminhim maa taraka `alaihaa min daaabbatinw wa laakiny yu`akhkhiruhum ilaaa ajalim musamman fa izaa jaaa`a ajaluhum laa yastaakhiroona saa`atanw wa laa yastaqdimoon
📖 မြန်မာဘာသာ
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူတို့အာ်း့၎င်းတို့၏ မတရားမှုကြောင့် (ရုတ်တရက်ချက်ချင်း)ဖမ်းဆီးကွပ်မျက်တော်မူပါလျှင်(ဤပထဝီမြေ)ပေါ်ဝယ် သွားလာလှုပ်ရှားသော သတ္တဝါတစ်စုံတစ်ခုကိုမျှ ချန်ထားတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည်၎င်းတို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းတော်မူလေသည်။ တစ်ဖန် ၎င်းတို့၏အချိန်ကာလသည် ဆိုက်ရောက်လာသောအခါ၊ ၎င်းတို့သည် တစ်နာရီမျှပင် နောက်သို့ ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ။ ရှေ့သို့တိုးနိုင်ကြမည်လည်း မဟုတ်ပါပေတကား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • يُؤَاخِذُ (ယုအာခိဇု): အပြစ်ပေးသည်၊ ဖမ်းဆီးအရေးယူသည်။
  • بِظُلْمِهِم (ဗိဇုလ်မိဟိမ်): သူတို့၏ မတရားမှု၊ ကုဖ်ရ်နှင့် အပြစ်များကြောင့်။
  • دَابَّةٍ (ဒါဗ်ဗသွန်): မြေပြင်ပေါ်တွင် လှုပ်ရှားသွားလာသော သက်ရှိအားလုံး။
  • يُؤَخِّرُهُمْ (ယုအက်ခ်ခိရုဟုမ်): သူတို့ကို ရွှေ့ဆိုင်းခွင့်ပြုသည်၊ သက်တမ်းပေးသည်။
  • أَجَلٍ مُّسَمًّى (အဂျလင်မုစမ္မန်): သတ်မှတ်ထားသော အချိန်ကာလ၊ သက်တမ်း။
  • لَا يَسْتَأْخِرُونَ (လာ ယသ်သъခ်ခိရူန): နောက်ဆုတ်၍ မနေနိုင်ကြပါ။
  • وَلَا يَسْتَقْدِمُونَ (ဝလာ ယသ်သက်ဒိမူန): ရှေ့တိုး၍လည်း မရောက်နိုင်ကြပါ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား သူတို့၏ မတရားမှုများ၊ ကုဖ်ရ်မှုများနှင့် အပြစ်များအတွက် ချက်ချင်း အပြစ်ပေးတော်မူမည်ဆိုပါက မြေပြင်ပေါ်တွင် လှုပ်ရှားသွားလာနေသော မည်သည့် သက်ရှိတစ်ဦးတစ်ကောင်ကိုမျှ ကျန်ရစ်တော်မူမည် မဟုတ်ပေ။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ခန္တီတရားတော်နှင့် သည်းခံတော်မူခြင်းဖြင့် သူတို့အား သတ်မှတ်ထားသော ကာလတစ်ခုအထိ ရွှေ့ဆိုင်းခွင့်ပြုတော်မူသည်။ ထိုသတ်မှတ်ထားသော အချိန်ကာလ ရောက်ရှိလာသောအခါ သူတို့သည် တစ်နာရီမျှပင် နောက်ဆုတ်၍ မနေနိုင်ကြသလို ရှေ့တိုး၍လည်း မရောက်နိုင်ကြပေ။ ဆိုလိုသည်မှာ သူတို့၏ သက်တမ်းကုန်ဆုံးချိန်ကို မည်သူတစ်ဦးတစ်ယောက်မျှ ရွှေ့ဆိုင်း၍ဖြစ်စေ၊ အရင်ဆောင်၍ဖြစ်စေ မပြောင်းလဲနိုင်ကြပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:

ပထမအချက်မှာ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခန္တီတရားနှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်ကြောင်း သိရှိရခြင်းဖြစ်သည်။ လူသားများ အပြစ်များစွာ ကျူးလွန်နေကြသော်လည်း အရှင်မြတ်သည် ချက်ချင်း အပြစ်မပေးဘဲ အခွင့်အလမ်းပေးထားတော်မူသည်။ ဤအချက်သည် အရှင်မြတ်၏ ကရုဏာတော်နှင့် သည်းခံတော်မူခြင်းကို ထင်ဟပ်စေသည်။

ဒုတိယအချက်မှာ လူသားတို့သည် အပြစ်များကို လျင်မြန်စွာ စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်ထံ ပြန်လှည့်သင့်ကြောင်း သတိပေးချက်ဖြစ်သည်။ အကြောင်းမှာ သက်တမ်းကုန်ဆုံးချိန်သည် မည



📜 အာယာသ် 59-63 — စူရာ အန်-နဟ်လ်

59يَتَوَارَىٰ مِنَ الْقَوْمِ مِن سُوءِ مَا بُشِّرَ بِهِ ۚ أَيُمْسِكُهُ عَلَىٰ هُونٍ أَمْ يَدُسُّهُ فِي التُّرَابِ ۗ أَلَا سَاءَ مَا يَحْكُمُونَ
၎င်းသည် မိမိကို မကောင်းသတင်းပေးခြင်းကိုခံရသောကြောင့် လူများထံမှမမြင်နိုင်ကြလေအောင် ပုန်းကွယ်လေသည်။ (ထို့ပြင်) ယင်းသည် ထိုမိန်းကလေးကို ယုတ်ညံ့သောအခြေအနေနှင့် ထိန်းသိမ်း၍ ထားရပါမည်လော။ သို့တည်းမဟုတ် ၎င်းအား မြေကြီးထဲ၌ မြှုပ်ရပါမည်လောဟု(သို့လော၊ သို့လော ဖြစ်၍နေပေသည်)။ သတိပြုကြလေကုန်။၎င်းတို့၏ ဆုံးဖြတ်ချက်သည် အလွန်ယုတ်ညံ့လှပေသတည်း။
60لِلَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ مَثَلُ السَّوْءِ ۖ وَلِلَّهِ الْمَثَلُ الْأَعْلَىٰ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
နောင်တမလွန်ဘဝကို မယုံကြည်ကြသောသူတို့၌ မကောင်းသော အရည်အချင်းရှိ၏။ သို့ရာတွင်အလ္လာဟ်အရှင် မြတ်၌မူကား မြင့်မြတ်လှစွာသော အရည်အချင်းများသည်ရှိကုန်၏။ ၎င်းပြင် ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့်လွှမ်းမိုးတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူ၏။
61وَلَوْ يُؤَاخِذُ اللَّهُ النَّاسَ بِظُلْمِهِم مَّا تَرَكَ عَلَيْهَا مِن دَابَّةٍ وَلَٰكِن يُؤَخِّرُهُمْ إِلَىٰ أَجَلٍ مُّسَمًّى ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူတို့အာ်း့၎င်းတို့၏ မတရားမှုကြောင့် (ရုတ်တရက်ချက်ချင်း)ဖမ်းဆီးကွပ်မျက်တော်မူပါလျှင်(ဤပထဝီမြေ)ပေါ်ဝယ် သွားလာလှုပ်ရှားသော သတ္တဝါတစ်စုံတစ်ခုကိုမျှ ချန်ထားတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည်၎င်းတို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းတော်မူလေသည်။ တစ်ဖန် ၎င်းတို့၏အချိန်ကာလသည် ဆိုက်ရောက်လာသောအခါ၊ ၎င်းတို့သည် တစ်နာရီမျှပင် နောက်သို့ ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ။ ရှေ့သို့တိုးနိုင်ကြမည်လည်း မဟုတ်ပါပေတကား။
62وَيَجْعَلُونَ لِلَّهِ مَا يَكْرَهُونَ وَتَصِفُ أَلْسِنَتُهُمُ الْكَذِبَ أَنَّ لَهُمُ الْحُسْنَىٰ ۖ لَا جَرَمَ أَنَّ لَهُمُ النَّارَ وَأَنَّهُم مُّفْرَطُونَ
ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ စက်ဆုပ်ကြကုန်သောအရာများကို အလ္လာဟ်အရှင်မြတ်၌ရှိသည်ဟု ယိုးစွပ်ကြပေသည်။ သို့ပါလျက် ၎င်းတို့၏နှုတ်(လျှာ)များသည် ဧကန်စင်စစ် ၎င်းတို့အဖို့ ကောင်းကျိုးချမ်းသာရှိသည်ဟူ၍ပင်မုသားပြောဆိုကြသေးသည်။ မချွတ်မလွဲ ၎င်းတို့အဖို့ ငရဲမီးသည်(အဆင်သင့်)ရှိပေသည်။ ထိုမှတစ်ပါး ဧကန်စင်စစ် ၎င်းတို့သည်(ယင်းငရဲမီးထဲသို့)ရှေးဦးစွာပို့ဆောင်ခြင်း ခံကြရမည့်သူများပင် ဖြစ်ကုန်သတည်း။
63تَاللَّهِ لَقَدْ أَرْسَلْنَا إِلَىٰ أُمَمٍ مِّن قَبْلِكَ فَزَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَهُوَ وَلِيُّهُمُ الْيَوْمَ وَلَهُمْ عَذَابٌ أَلِيمٌ
အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်၏အလျင် အုပ်စုအသီးသီးထံသို့(ရစူလ်တမန်တော်များကို) စေလွှတ်တော်မူခဲ့လေသည်။ သို့ရာတွင်ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့၏ပြုကျင့်မှုများကို ၎င်းတို့၏အမြင်တွင်လည်း လှပတင့်တယ်အောင် ပြုလုပ်ခဲ့လေသည်။သို့ဖြစ်ပေရာ ယင်းရှိုင်တွာန်မိစ္ဆာကောင်သည် ယနေ့လည်း၎င်းတို့၏ အဆွေခင်ပွန်းပင် ဖြစ်ပေသည်။ ထိုမှတစ်ပါး ၎င်းတို့၌ ပြင်းပြနာကျင်ဖွယ် ပြစ်ဒဏ်ရှိချေသည်။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
61အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 61

စူရာ အန်-နဟ်လ် အာယာသ် 61 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူတို့အာ်း့၎င်းတို့၏ မတရားမှုကြောင့် (ရုတ်တရက်ချက်ချင်း)ဖမ်းဆီးကွပ်မျက်တော်မူပါလျှင်(ဤပထဝီမြေ)ပေါ်ဝယ် သွားလာလှုပ်ရှားသော သတ္တဝါတစ်စုံတစ်ခုကိုမျှ ချန်ထားတော်မူမည်မဟုတ်ပေ။ သို့ရာတွင်…

စူရာ အာယာသ် 61/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 59–63. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers