အန်-နဟ်လ် · 79/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
أَلَمْ يَرَوْا إِلَى الطَّيْرِ مُسَخَّرَاتٍ فِي جَوِّ السَّمَاءِ مَا يُمْسِكُهُنَّ إِلَّا اللَّهُ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يُؤْمِنُونَ ۝٧٩
Alam yaraw ilat tairi musakhkharaatin fee jawwis samaaa`i maa yumsikuhunna illal laah; inna fee zaalika la Aayaatil liqawminy yu`minoon
📖 မြန်မာဘာသာ
ကောင်းကင်လေထု(လဟာပြင်)၌ ငှက်တိရစ္ဆာန်များ အမိန့်တော်ကို လိုက်နာလျက်ရှိကြသည်ကို ၎င်းတို့သည်မမြင်ကြလေသလော။ ယင်းငှက်တိရစ္ဆာန်တို့အား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှထိန်းထားသည် မဟုတ်ပေ။ ဧကန်မလွဲ ဤ(ငှက်တိရစ္ဆာန်တို့ပျံဝဲခြင်း)၌ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ အမှန်ပင်သက်သေလက္ခဏာများ ရှိကြပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 77-81 — စူရာ အန်-နဟ်လ်

77وَلِلَّهِ غَيْبُ السَّمَاوَاتِ وَالْأَرْضِ ۚ وَمَا أَمْرُ السَّاعَةِ إِلَّا كَلَمْحِ الْبَصَرِ أَوْ هُوَ أَقْرَبُ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
စင်စစ်သော်ကား မိုးကောင်းကင်များ၌ ရှိကုန်သော လျှို့ဝှက်ချက်များသည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော လျှို့ဝှက်ချက်များသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ ထိုမှတစ်ပါး ရှင်ပြန်ထမည့်ကိစ္စသည် မျက်စိတစ်မှိတ်ကဲ့သို့သာလျှင် လျင်မြန်စွာဖြစ်မည်။ ထိုသို့အလျင်း မဟုတ်။ စင်စစ်မှာကား (ထိုထက်ပင်)ပို၍လျင်မြန်စွာ ဖြစ်မည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
78وَاللَّهُ أَخْرَجَكُم مِّن بُطُونِ أُمَّهَاتِكُمْ لَا تَعْلَمُونَ شَيْئًا وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۙ لَعَلَّكُمْ تَشْكُرُونَ
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား အသင်တို့၏မိခင်များ၏ဝမ်းတွင်းမှ ထွက်စေတော်မူခဲ့လေသည်။ ထိုအချိန်တွင် အသင်တို့ တစ်စုံတစ်ရာကိုမျှ မသိကြပေ။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ကျေးဇူးတော်ကို သိတတ်ကြအံ့သောငှာ အသင်တို့အဖို့ ကြားနိုင်စွမ်းကို လည်းကောင်း၊ မြင်နိုင်စွမ်းကိုလည်းကောင်း၊ စိတ်နှလုံးကိုလည်းကောင်း၊ ထည့်သွင်းပေးတော်မူခဲ့လေသည်။
79أَلَمْ يَرَوْا إِلَى الطَّيْرِ مُسَخَّرَاتٍ فِي جَوِّ السَّمَاءِ مَا يُمْسِكُهُنَّ إِلَّا اللَّهُ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يُؤْمِنُونَ
ကောင်းကင်လေထု(လဟာပြင်)၌ ငှက်တိရစ္ဆာန်များ အမိန့်တော်ကို လိုက်နာလျက်ရှိကြသည်ကို ၎င်းတို့သည်မမြင်ကြလေသလော။ ယင်းငှက်တိရစ္ဆာန်တို့အား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှထိန်းထားသည် မဟုတ်ပေ။ ဧကန်မလွဲ ဤ(ငှက်တိရစ္ဆာန်တို့ပျံဝဲခြင်း)၌ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ အမှန်ပင်သက်သေလက္ခဏာများ ရှိကြပေသည်။
80وَاللَّهُ جَعَلَ لَكُم مِّن بُيُوتِكُمْ سَكَنًا وَجَعَلَ لَكُم مِّن جُلُودِ الْأَنْعَامِ بُيُوتًا تَسْتَخِفُّونَهَا يَوْمَ ظَعْنِكُمْ وَيَوْمَ إِقَامَتِكُمْ ۙ وَمِنْ أَصْوَافِهَا وَأَوْبَارِهَا وَأَشْعَارِهَا أَثَاثًا وَمَتَاعًا إِلَىٰ حِينٍ
ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏အိမ်များကို နေထိုင်ရာဌာန ပြုလုပ်တော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်များ၏ သားရေများဖြင့် အိမ်များပြုလုပ်တော်မူခဲ့၏။ အသင်တို့သည် ယင်းအိမ်များကို မိမိတို့ခရီးသွားသောနေ့တွင်လည်းကောင်း၊ မိမိစခန်းချသော နေ့တွင်လည်းကောင်း၊ ပေါ့ပေါ့ပါးပါး တွေ့ရှိကြပေသည်။ ၎င်းပြင် ယင်းတိရစ္ဆာန်များ၏ သိုးမွေးများဖြင့်လည်းကောင်း၊ ယင်းတိရစ္ဆာန်များ၏ သားမွေးများဖြင့်လည်းကောင်း၊ ယင်းတိရစ္ဆာန်များ၏ အမွေးအမှင် များဖြင့်လည်းကောင်း၊ အိမ်သုံးပစ္စည်းများနှင့် (အချိန်ကာလကြာမြင့်စွာ)အကျိုးခံစားဖွယ်ဝတ္ထုပစ္စည်း များကို ပြုလုပ်တော်မူခဲ့လေသည်။
81وَاللَّهُ جَعَلَ لَكُم مِّمَّا خَلَقَ ظِلَالًا وَجَعَلَ لَكُم مِّنَ الْجِبَالِ أَكْنَانًا وَجَعَلَ لَكُمْ سَرَابِيلَ تَقِيكُمُ الْحَرَّ وَسَرَابِيلَ تَقِيكُم بَأْسَكُمْ ۚ كَذَٰلِكَ يُتِمُّ نِعْمَتَهُ عَلَيْكُمْ لَعَلَّكُمْ تُسْلِمُونَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အဖို့ မိမိဖန်ဆင်းတော်မူသော အချို့အရာများမှ အရိပ်ဆာယာများကို ပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် အသင်တို့အဖို့ တောင်များ၌ ခိုလှုံရာနေရာများကိုပြုလုပ်တော်မူခဲ့လေသည်။ ထို့အတူ ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ အသင်တို့အား အပူရှိန်မှကာကွယ်သော အဝတ်အစားများကိုလည်းကောင်း၊ အသင်တို့အား (စစ်လက်နက်များ၏အန္တရာယ်မှ ကာကွယ်သော အဝတ်အစားများကို လည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့ လေသည်။ ဤနည်းအတိုင်းပင်ထိုအရှင်မြတ်သည် အသင်တို့ အမိန့်တော်ကို လိုက်နာကြအံ့သောငှာ မိမိကျေးဇူးတော်ကို အသင်တို့အပေါ်ဝယ် အပြည့်အစုံချပေးသနားတော်မူပေသတည်း။)
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
79အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 79

စူရာ အန်-နဟ်လ် အာယာသ် 79 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ကောင်းကင်လေထု(လဟာပြင်)၌ ငှက်တိရစ္ဆာန်များ အမိန့်တော်ကို လိုက်နာလျက်ရှိကြသည်ကို ၎င်းတို့သည်မမြင်ကြလေသလော။ ယင်းငှက်တိရစ္ဆာန်တို့အား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှထိန်းထားသည် မဟုတ်ပေ။…

စူရာ အာယာသ် 79/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 77–81. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers