يَعْرِفُونَ نِعْمَتَ اللَّهِ ثُمَّ يُنكِرُونَهَا وَأَكْثَرُهُمُ الْكَافِرُونَ ٨٣
🔤 Transliteration
Ya`rifoona ni`matal laahi summa yunkiroonahaa wa aksaruhumul kaafiroon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(စင်စစ်သော်ကား) ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ဝန်ခံကြကုန်၏။ ထို့နောက်၎င်းတို့သည် ယင်းကျေးဇူးတော်များကို ငြင်းပယ်ကြကုန်၏။(တစ်နည်း)၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို သိမှတ်ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ယင်းကျေးဇူးအာတော်များကို မသိလေဟန်ဆောင်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့ အနက် မြောက်မြားစွာသောသူတို့ကား ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ပင် ဖြစ်ကြကုန်သတည်း။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်။
နိအ်မသုလ္လာဟ် (نِعْمَةَ اللَّهِ ) — အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်၊ ဂုဏ်ကျေးဇူး။ ယုန္ကိရူနဟာ (يُنْكِرُونَهَا ) — ထိုကျေးဇူးတော်ကို ငြင်းပယ်ကြသည်၊ မယုံကြည်ကြသည်။ ကဖိရူန် (كَافِرُونَ ) — ကျေးဇူးတော်ကို ငြင်းပယ်သူများ၊ မယုံကြည်သူများ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။
ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်က မုရှ်ရိက်များ (အလ္လာဟ်နှင့်တွဲဖက်ကိုးကွယ်သူများ) အပေါ် ချီးမြှင့်ထားသော ကျေးဇူးတော်များအကြောင်း ဖော်ပြထားသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ကောင်းစွာသိရှိကြပါလျက်၊ အထူးသဖြင့် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကို သူတို့ထံသို့ စေလွှတ်တော်မူခြင်းသည် အကြီးမားဆုံးသော ကျေးဇူးတော်ဖြစ်သည်ကို သိရှိကြပါလျက်၊ ထိုကျေးဇူးတော်ကို ငြင်းပယ်ကြသည်။ သူတို့သည် ကျေးဇူးတော်ကို ကျေးဇူးမဆပ်ဘဲ၊ တမန်တော်ကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခြင်းဖြင့် ကျေးဇူးတော်ကို ငြင်းပယ်ကြသည်။ သူတို့အနက် အများစုသည် ကျေးဇူးတော်ကို ငြင်းပယ်သူများဖြစ်ကြသည်။ အချို့က ဤနေရာ၌ "အများစု" ဆိုသည်မှာ "အားလုံး" ကို ဆိုလိုသည်ဟု ဖော်ပြကြသည်။ ကဖ်ရ် (ကုဖ်ရ်) ဆိုသည်မှာ ငြင်းပယ်ခြင်းပင်ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။
အလ္လာဟ်အရှင်မြတ်သည် လူသားများအပေါ် ကျေးဇူးတော်များစွာ ချီးမြှင့်ထားတော်မူသည်။ အထူးသဖြင့် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကို စေလွှတ်တော်မူခြင်းသည် အကြီးမားဆုံးသော ကျေးဇူးတော်ဖြစ်သည်။ ကျေးဇူးတော်ကို သိရှိရုံဖြင့် မလုံလောက်ပါ။ ကျေးဇူးတော်ကို အသိအမှတ်ပြု၍ ကျေးဇူးဆပ်ရမည်။ ငြင်းပယ်ခြင်းသည် အလွန်ဆိုးရွားသော လုပ်ရပ်ဖြစ်သည်။ အစ္စလာမ်သည် ကျေးဇူးတင်ခြင်း၏ ဘာသာဖြစ်သည်။ အလ္လာဟ်အရှင်မြတ်နှင့် သူ၏တမန်တော်ကို ယုံကြည်ခြင်းဖြင့် ကျေးဇူးတော်များကို အသိအမှတ်ပြုပါ။ ကျေးဇူးတော်ကို ငြင်းပယ်ခြင်းသည် လူကို ပျက်စီးရာသို့ ပို့ဆောင်နိုင်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို အမြဲသတိရ၍ ကျေးဇူးတင်ကြပါ။ အစ္စလာမ်သည် လူသားအားလုံးအတွက် လမ်းညွှန်မှုဖြစ်သည်။ ထိုလမ
يَعۡرِفُونَ نِعۡمَتَ ٱللَّهِ ثُمَّ يُنكِرُونَهَا وَأَكۡثَرُهُمُ ٱلۡكَٰفِرُونَ ٨٣
(စင်စစ်သော်ကား) ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ဝန်ခံကြကုန်၏။ ထို့နောက်၎င်းတို့သည် ယင်းကျေးဇူးတော်များကို ငြင်းပယ်ကြကုန်၏။(တစ်နည်း)၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို သိမှတ်ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ယင်းကျေးဇူးအာတော်များကို မသိလေဟန်ဆောင်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့ အနက် မြောက်မြားစွာသောသူတို့ကား ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ပင် ဖြစ်ကြကုန်သတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 81-85 — စူရာ အန်-နဟ်လ်
81 وَاللَّهُ جَعَلَ لَكُم مِّمَّا خَلَقَ ظِلَالًا وَجَعَلَ لَكُم مِّنَ الْجِبَالِ أَكْنَانًا وَجَعَلَ لَكُمْ سَرَابِيلَ تَقِيكُمُ الْحَرَّ وَسَرَابِيلَ تَقِيكُم بَأْسَكُمْ ۚ كَذَٰلِكَ يُتِمُّ نِعْمَتَهُ عَلَيْكُمْ لَعَلَّكُمْ تُسْلِمُونَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အဖို့ မိမိဖန်ဆင်းတော်မူသော အချို့အရာများမှ အရိပ်ဆာယာများကို ပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် အသင်တို့အဖို့ တောင်များ၌ ခိုလှုံရာနေရာများကိုပြုလုပ်တော်မူခဲ့လေသည်။ ထို့အတူ ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ အသင်တို့အား အပူရှိန်မှကာကွယ်သော အဝတ်အစားများကိုလည်းကောင်း၊ အသင်တို့အား (စစ်လက်နက်များ၏အန္တရာယ်မှ ကာကွယ်သော အဝတ်အစားများကို လည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့ လေသည်။ ဤနည်းအတိုင်းပင်ထိုအရှင်မြတ်သည် အသင်တို့ အမိန့်တော်ကို လိုက်နာကြအံ့သောငှာ မိမိကျေးဇူးတော်ကို အသင်တို့အပေါ်ဝယ် အပြည့်အစုံချပေးသနားတော်မူပေသတည်း။)
82 فَإِن تَوَلَّوْا فَإِنَّمَا عَلَيْكَ الْبَلَاغُ الْمُبِينُ
သို့ပါလျက် အကယ်၍ ၎င်းတို့သည် မျက်နှာလွဲလွှဲဖယ်ခဲ့ကြပါလျှင် (အို-နဗီတမန်တော်) အသင်၏အပေါ်၌(ငါအရှင်မြတ်၏အမိန့်တော်များကို) အတိအလင်း ပို့ဆောင်ရန်တာဝန်သာလျှင်ရှိပေသတည်း။
83 يَعْرِفُونَ نِعْمَتَ اللَّهِ ثُمَّ يُنكِرُونَهَا وَأَكْثَرُهُمُ الْكَافِرُونَ
(စင်စစ်သော်ကား) ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ဝန်ခံကြကုန်၏။ ထို့နောက်၎င်းတို့သည် ယင်းကျေးဇူးတော်များကို ငြင်းပယ်ကြကုန်၏။(တစ်နည်း)၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို သိမှတ်ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ယင်းကျေးဇူးအာတော်များကို မသိလေဟန်ဆောင်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့ အနက် မြောက်မြားစွာသောသူတို့ကား ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ပင် ဖြစ်ကြကုန်သတည်း။
84 وَيَوْمَ نَبْعَثُ مِن كُلِّ أُمَّةٍ شَهِيدًا ثُمَّ لَا يُؤْذَنُ لِلَّذِينَ كَفَرُوا وَلَا هُمْ يُسْتَعْتَبُونَ
၎င်းပြင် (အို-နဗီတမန်တော်အသင်သည် မိမိအမျိုးသားတို့များအား) အကြင်နေ့(၏အကြောင်း)ကို (ပြောပြပါလေ)။ ငါအရှင်မြတ်သည်(ထိုနေ့တွင်) သာသနာဝင် အုပ်စုတိုင်းမှ သက်သေတစ်ဦးကို ထူတော်မူမည်။ ထို့နောက် ကာဖိရ်သွေဖည်ငြင်းပယ် သောသူတို့အဖို့(အကြောင်းပြနိုင်ရန်) ခွင့်ပြုခြင်းလည်းခံရမည် မဟုတ်ပေ။ ထိုမှတစ်ပါး ထိုသွေဖည် ငြင်းပယ်သောသူတို့သည် ကျေရာကျေကြောင်း ပြုလုပ်ရန် တောင်းဆိုခြင်းကိုလည်း ခံကြရမည် မဟုတ်ပေတကား။
85 وَإِذَا رَأَى الَّذِينَ ظَلَمُوا الْعَذَابَ فَلَا يُخَفَّفُ عَنْهُمْ وَلَا هُمْ يُنظَرُونَ
ထို့ပြင် မတရား ပြုလုပ်ခဲ့ကြကုန်သောသူတို့သည် ပြစ်ဒဏ်ကို မြင်ကြအံ့သောငှာ ၎င်းတို့အပေါ်မှ(ပြစ်ဒဏ်သည်) ပေါ့လျော့သွားမည်လည်းမဟုတ်။ ထိုနည်းတူစွာ ၎င်းတို့သည်(ပြစ်ဒဏ်)ကို ရွှေ့ဆိုင်းခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
ဘာသာပြန် — အန်-နဟ်လ် 83 စူရာ အန်-နဟ်လ် အာယာသ် 83 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (စင်စစ်သော်ကား) ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ဝန်ခံကြကုန်၏။ ထို့နောက်၎င်းတို့သည် ယင်းကျေးဇူးတော်များကို ငြင်းပယ်ကြကုန်၏။(တစ်နည်း)၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို…
စူရာ အာယာသ် 83/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 81–85. မြန်မာဘာသာ: ภาษาไทย.