အန်-နဟ်လ် · 83/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
يَعْرِفُونَ نِعْمَتَ اللَّهِ ثُمَّ يُنكِرُونَهَا وَأَكْثَرُهُمُ الْكَافِرُونَ ۝٨٣
Ya`rifoona ni`matal laahi summa yunkiroonahaa wa aksaruhumul kaafiroon
📖 မြန်မာဘာသာ
(စင်စစ်သော်ကား) ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ဝန်ခံကြကုန်၏။ ထို့နောက်၎င်းတို့သည် ယင်းကျေးဇူးတော်များကို ငြင်းပယ်ကြကုန်၏။(တစ်နည်း)၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို သိမှတ်ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ယင်းကျေးဇူးအာတော်များကို မသိလေဟန်ဆောင်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့ အနက် မြောက်မြားစွာသောသူတို့ကား ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ပင် ဖြစ်ကြကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 81-85 — စူရာ အန်-နဟ်လ်

81وَاللَّهُ جَعَلَ لَكُم مِّمَّا خَلَقَ ظِلَالًا وَجَعَلَ لَكُم مِّنَ الْجِبَالِ أَكْنَانًا وَجَعَلَ لَكُمْ سَرَابِيلَ تَقِيكُمُ الْحَرَّ وَسَرَابِيلَ تَقِيكُم بَأْسَكُمْ ۚ كَذَٰلِكَ يُتِمُّ نِعْمَتَهُ عَلَيْكُمْ لَعَلَّكُمْ تُسْلِمُونَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အဖို့ မိမိဖန်ဆင်းတော်မူသော အချို့အရာများမှ အရိပ်ဆာယာများကို ပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် အသင်တို့အဖို့ တောင်များ၌ ခိုလှုံရာနေရာများကိုပြုလုပ်တော်မူခဲ့လေသည်။ ထို့အတူ ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ အသင်တို့အား အပူရှိန်မှကာကွယ်သော အဝတ်အစားများကိုလည်းကောင်း၊ အသင်တို့အား (စစ်လက်နက်များ၏အန္တရာယ်မှ ကာကွယ်သော အဝတ်အစားများကို လည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့ လေသည်။ ဤနည်းအတိုင်းပင်ထိုအရှင်မြတ်သည် အသင်တို့ အမိန့်တော်ကို လိုက်နာကြအံ့သောငှာ မိမိကျေးဇူးတော်ကို အသင်တို့အပေါ်ဝယ် အပြည့်အစုံချပေးသနားတော်မူပေသတည်း။)
82فَإِن تَوَلَّوْا فَإِنَّمَا عَلَيْكَ الْبَلَاغُ الْمُبِينُ
သို့ပါလျက် အကယ်၍ ၎င်းတို့သည် မျက်နှာလွဲလွှဲဖယ်ခဲ့ကြပါလျှင် (အို-နဗီတမန်တော်) အသင်၏အပေါ်၌(ငါအရှင်မြတ်၏အမိန့်တော်များကို) အတိအလင်း ပို့ဆောင်ရန်တာဝန်သာလျှင်ရှိပေသတည်း။
83يَعْرِفُونَ نِعْمَتَ اللَّهِ ثُمَّ يُنكِرُونَهَا وَأَكْثَرُهُمُ الْكَافِرُونَ
(စင်စစ်သော်ကား) ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ဝန်ခံကြကုန်၏။ ထို့နောက်၎င်းတို့သည် ယင်းကျေးဇူးတော်များကို ငြင်းပယ်ကြကုန်၏။(တစ်နည်း)၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို သိမှတ်ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ယင်းကျေးဇူးအာတော်များကို မသိလေဟန်ဆောင်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့ အနက် မြောက်မြားစွာသောသူတို့ကား ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ပင် ဖြစ်ကြကုန်သတည်း။
84وَيَوْمَ نَبْعَثُ مِن كُلِّ أُمَّةٍ شَهِيدًا ثُمَّ لَا يُؤْذَنُ لِلَّذِينَ كَفَرُوا وَلَا هُمْ يُسْتَعْتَبُونَ
၎င်းပြင် (အို-နဗီတမန်တော်အသင်သည် မိမိအမျိုးသားတို့များအား) အကြင်နေ့(၏အကြောင်း)ကို (ပြောပြပါလေ)။ ငါအရှင်မြတ်သည်(ထိုနေ့တွင်) သာသနာဝင် အုပ်စုတိုင်းမှ သက်သေတစ်ဦးကို ထူတော်မူမည်။ ထို့နောက် ကာဖိရ်သွေဖည်ငြင်းပယ် သောသူတို့အဖို့(အကြောင်းပြနိုင်ရန်) ခွင့်ပြုခြင်းလည်းခံရမည် မဟုတ်ပေ။ ထိုမှတစ်ပါး ထိုသွေဖည် ငြင်းပယ်သောသူတို့သည် ကျေရာကျေကြောင်း ပြုလုပ်ရန် တောင်းဆိုခြင်းကိုလည်း ခံကြရမည် မဟုတ်ပေတကား။
85وَإِذَا رَأَى الَّذِينَ ظَلَمُوا الْعَذَابَ فَلَا يُخَفَّفُ عَنْهُمْ وَلَا هُمْ يُنظَرُونَ
ထို့ပြင် မတရား ပြုလုပ်ခဲ့ကြကုန်သောသူတို့သည် ပြစ်ဒဏ်ကို မြင်ကြအံ့သောငှာ ၎င်းတို့အပေါ်မှ(ပြစ်ဒဏ်သည်) ပေါ့လျော့သွားမည်လည်းမဟုတ်။ ထိုနည်းတူစွာ ၎င်းတို့သည်(ပြစ်ဒဏ်)ကို ရွှေ့ဆိုင်းခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
83အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 83

စူရာ အန်-နဟ်လ် အာယာသ် 83 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (စင်စစ်သော်ကား) ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ဝန်ခံကြကုန်၏။ ထို့နောက်၎င်းတို့သည် ယင်းကျေးဇူးတော်များကို ငြင်းပယ်ကြကုန်၏။(တစ်နည်း)၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို…

စူရာ အာယာသ် 83/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 81–85. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers