အန်-နဟ်လ် · 89/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
وَيَوْمَ نَبْعَثُ فِي كُلِّ أُمَّةٍ شَهِيدًا عَلَيْهِم مِّنْ أَنفُسِهِمْ ۖ وَجِئْنَا بِكَ شَهِيدًا عَلَىٰ هَٰؤُلَاءِ ۚ وَنَزَّلْنَا عَلَيْكَ الْكِتَابَ تِبْيَانًا لِّكُلِّ شَيْءٍ وَهُدًى وَرَحْمَةً وَبُشْرَىٰ لِلْمُسْلِمِينَ ۝٨٩
Wa yawma nab`asu fee kulli ummmatin shaheedan `alaihim min anfusihim wa ji`naa bika shaheedan `alaa haaa`ulaaa`; wa nazzalnaa `alaikal Kitaaba tibyaanal likulli shai`inw wa hudanw wa rahmatanw wa bushraa lilmuslimeen
📖 မြန်မာဘာသာ
တစ်ဖန်(အို-နဗီတမန်တော် အသင်သည် မိမိ၏အမျိုးသားတို့အား) အကြင်နေ့(၏အကြောင်း)ကို (ပြော၍ပြပါလေ)။ ငါအရှင်မြတ်သည် သာသနာဝင် အုပ်စုတိုင်း၌ ၎င်းတို့နှင့်ဆန့်ကျင်၍ ၎င်းတို့အနက်မှပင် သက်သေတစ်ဦးကျစီ ထူတော်မူမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင့်အား ဤသူတို့နှင့်ဆန့်ကျင်၍ သက်သေအဖြစ်ရောက်စေတော် (ထူတော်)မူမည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည်(ယင်းသက်သေထွက်ဆိုနိုင်ရေးအတွက်) အသင်၏အပေါ်၌ (ကုရ်အာန်)ကျမ်းတော်မြတ်ကို အကြောင်းအရာခပ်သိမ်းတို့၏ ရှင်းလင်းချက်အဖြစ်လည်းကောင်း၊ မုစ်လင်မ်အမိန့်တော်ကို လိုက်နာသူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ကရုဏာတရားအဖြစ်လည်းကောင်း၊ ဝမ်းမြောက်ဖွယ်သတင်းအဖြစ်လည်းကောင်း၊ ချပေးသနားတော်မူခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 87-91 — စူရာ အန်-နဟ်လ်

87وَأَلْقَوْا إِلَى اللَّهِ يَوْمَئِذٍ السَّلَمَ ۖ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ
၎င်းပြင် ထိုသူတို့သည် ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်အထံတော်သို့ အမိန့်တော်ကိုလိုက်နာရန် ကမ်းလှမ်းကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့ထံမှ ၎င်းတို့ ကြံဖန် လီဆယ်လေ့ ရှိခဲ့ကြသည်များသည်လည်း ပျောက်ပျက်၍ သွားအံ့သတည်း။
88الَّذِينَ كَفَرُوا وَصَدُّوا عَن سَبِيلِ اللَّهِ زِدْنَاهُمْ عَذَابًا فَوْقَ الْعَذَابِ بِمَا كَانُوا يُفْسِدُونَ
အကြင်သူတို့သည် (မိမိတို့ကိုယ်တိုင်) သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ၎င်းပြင် (သူတစ်ပါးတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်မှ တားဆီးခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့သည် ဖျက်ဆီးလေ့ရှိခဲ့ကြ သောကြောင့် ပြစ်ဒဏ်တစ်မျိုးပေါ်၌ ပြစ်ဒဏ်တစ်မျိုးကို ထပ်တိုးစေတော်မူအံ့။
89وَيَوْمَ نَبْعَثُ فِي كُلِّ أُمَّةٍ شَهِيدًا عَلَيْهِم مِّنْ أَنفُسِهِمْ ۖ وَجِئْنَا بِكَ شَهِيدًا عَلَىٰ هَٰؤُلَاءِ ۚ وَنَزَّلْنَا عَلَيْكَ الْكِتَابَ تِبْيَانًا لِّكُلِّ شَيْءٍ وَهُدًى وَرَحْمَةً وَبُشْرَىٰ لِلْمُسْلِمِينَ
တစ်ဖန်(အို-နဗီတမန်တော် အသင်သည် မိမိ၏အမျိုးသားတို့အား) အကြင်နေ့(၏အကြောင်း)ကို (ပြော၍ပြပါလေ)။ ငါအရှင်မြတ်သည် သာသနာဝင် အုပ်စုတိုင်း၌ ၎င်းတို့နှင့်ဆန့်ကျင်၍ ၎င်းတို့အနက်မှပင် သက်သေတစ်ဦးကျစီ ထူတော်မူမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင့်အား ဤသူတို့နှင့်ဆန့်ကျင်၍ သက်သေအဖြစ်ရောက်စေတော် (ထူတော်)မူမည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည်(ယင်းသက်သေထွက်ဆိုနိုင်ရေးအတွက်) အသင်၏အပေါ်၌ (ကုရ်အာန်)ကျမ်းတော်မြတ်ကို အကြောင်းအရာခပ်သိမ်းတို့၏ ရှင်းလင်းချက်အဖြစ်လည်းကောင်း၊ မုစ်လင်မ်အမိန့်တော်ကို လိုက်နာသူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ကရုဏာတရားအဖြစ်လည်းကောင်း၊ ဝမ်းမြောက်ဖွယ်သတင်းအဖြစ်လည်းကောင်း၊ ချပေးသနားတော်မူခဲ့လေသတည်း။
90۞ إِنَّ اللَّهَ يَأْمُرُ بِالْعَدْلِ وَالْإِحْسَانِ وَإِيتَاءِ ذِي الْقُرْبَىٰ وَيَنْهَىٰ عَنِ الْفَحْشَاءِ وَالْمُنكَرِ وَالْبَغْيِ ۚ يَعِظُكُمْ لَعَلَّكُمْ تَذَكَّرُونَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မျှတရန်လည်းကောင်း၊ ကောင်းမွန်စွာကျင့်မူဆက်ဆံရန်လည်း ကောင်း၊ဆွေမျိုးနီးစပ်တို့ကို ပေးကမ်းရန်လည်းကောင်း၊ အမိန့်ပေးတော်မူလေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထင်ရှားစွာသောစက်ဆုပ်ရွံ့ရှာဖွယ်များမှလည်းကောင်း၊ မကောင်းမှုများမှလည်းကောင်း၊ မတရားမှုများမှလည်းကောင်း၊ မြစ်တားတော်မူလေသည်။ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ သတိရကြအံ့သောငှာ သတိပေး နှိုးဆော်တော် မူပေသတည်း။
91وَأَوْفُوا بِعَهْدِ اللَّهِ إِذَا عَاهَدتُّمْ وَلَا تَنقُضُوا الْأَيْمَانَ بَعْدَ تَوْكِيدِهَا وَقَدْ جَعَلْتُمُ اللَّهَ عَلَيْكُمْ كَفِيلًا ۚ إِنَّ اللَّهَ يَعْلَمُ مَا تَفْعَلُونَ
ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ်ကို အသင်တို့ ပဋိညာဉ် ဖွဲ့ပြီးခဲ့ကြသောအခါ ကျေပွန်အောင်ဆောင်ရွက်ကြ လေကုန်။ ထိုမှတစ်ပါးအသင်တို့သည် ကျိန်ဆိုချက်များကို အခိုင်အမာပြုပြီးနောက်မဖောက်ဖျက်ကြကုန်လင့်။ အမှန်စင်စစ်သော်ကား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မိမိတို့အပေါ်၌ အာမခံသူပြုလုပ်ခဲ့ကြချေပြီ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်ခဲ့ကြသမျှတို့ကို (အကြွင်းမဲ့) သိရှိတော်မူပေသည်။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
89အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 89

စူရာ အန်-နဟ်လ် အာယာသ် 89 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တစ်ဖန်(အို-နဗီတမန်တော် အသင်သည် မိမိ၏အမျိုးသားတို့အား) အကြင်နေ့(၏အကြောင်း)ကို (ပြော၍ပြပါလေ)။ ငါအရှင်မြတ်သည် သာသနာဝင် အုပ်စုတိုင်း၌ ၎င်းတို့နှင့်ဆန့်ကျင်၍ ၎င်းတို့အနက်မှပင်…

စူရာ အာယာသ် 89/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 87–91. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers