အလ်-အစ်ရာ · 25/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
رَّبُّكُمْ أَعْلَمُ بِمَا فِي نُفُوسِكُمْ ۚ إِن تَكُونُوا صَالِحِينَ فَإِنَّهُ كَانَ لِلْأَوَّابِينَ غَفُورًا ۝٢٥
Rabbukum a`lamu bimaa fee nufoosikum; in takoonoo saaliheena fa innahoo kaana lil awwaabeena Ghafoooraa
📖 မြန်မာဘာသာ
အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများ၌ ရှိသည် တို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ အကယ်၍အသင်တို့သည် အမိန့်တော်ကို လိုက်နာသူများ (သူတော်စင်များ)ဖြစ်ကြပါလျှင် ဧကန်မလွဲ ထိုအရှင်မြတ်သည်လည်း ဝန်ချတောင်းပန် သူတို့အဖို့ အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းစကားလုံးများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
  • رَبُّكُمْ (ရဗ္ဗုကုမ်) — သင်တို့၏ အရှင်သခင်
  • أَعْلَمُ (အъလမု) — အသိဆုံး၊ အကောင်းဆုံးသိရှိတော်မူသော
  • بِمَا فِي نُفُوسِكُمْ (ဗိမာ ဖီ နုဖူးစိကုမ်) — သင်တို့၏ စိတ်နှလုံးအတွင်း၌ ရှိသည့်အရာများ
  • صَالِحِينَ (ဆွာလိဟီးန်) — သူတော်ကောင်းများ၊ ကောင်းမှုပြုသူများ
  • الْأَوَّابِينَ (အလ်အောင်္ွာဗီးန်) — အလ္လာဟ်အရှင်မြတ်ထံ ပြန်လှည့်သူများ၊ အပြစ်မှ နောင်တရ၍ အရှင်မြတ်ထံ ပြန်လာသူများ
  • غَفُورًا (ဂါဖူးရန်) — အလွန်ခွင့်လွှတ်တော်မူသော၊ များစွာခွင့်လွှတ်တော်မူသော
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

သင်တို့အားလုံး၏ အရှင်သခင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ စိတ်နှလုံးအတွင်း၌ ကောင်းမှုဖြစ်စေ၊ မကောင်းမှုဖြစ်စေ ရှိသမျှသော ရည်ရွယ်ချက်များ၊ စိတ်သဘောထားများကို အသိဆုံးဖြစ်တော်မူသည်။ အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်မှုကို ရည်ရွယ်၍ မိဘများကို ပြုစုလုပ်ကျွေးခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းတွင် စိတ်ရင်းမှန်ဖြင့် သူတော်ကောင်းများ ဖြစ်ကြလျှင်၊ သင်တို့သည် ယခင်က မိဘများအပေါ် သို့မဟုတ် အလ္လာဟ်အရှင်မြတ်၏ တာဝန်များအပေါ် အားနည်းချို့တဲ့မှုများ ရှိခဲ့သော်လည်း၊ နောင်တရ၍ အရှင်မြတ်ထံ ပြန်လှည့်လာသူများအတွက် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသော အရှင်ဖြစ်တော်မူသည်။ လူသားတို့၏ သဘာဝအားဖြင့် ဖြစ်ပေါ်လာသော အပြစ်ငယ်များကို အရှင်မြတ်သည် ခွင့်လွှတ်တော်မူပြီး၊ စိတ်နှလုံးထဲတွင် အရှင်မြတ်ထံ ပြန်လှည့်ခြင်းနှင့် ချစ်ခင်ခြင်းမှတစ်ပါး အခြားမရှိကြောင်း အရှင်မြတ် သိရှိတော်မူသောအခါ ထိုသူအား ခွင့်လွှတ်တော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏ အပြင်ပန်းလုပ်ရပ်များကိုသာမက စိတ်နှလုံးအတွင်း၌ ရှိသော ရည်ရွယ်ချက်များ၊ စိတ်သဘောထားများကိုပါ အသိဆုံးဖြစ်တော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အပြင်ပန်းသာ ကောင်းမွန်အောင် မဟုတ်ဘဲ စိတ်ရင်းမှန်ဖြင့် ကောင်းမှုပြုရန် ကြိုးစားသင့်သည်။
  • အလ္လာဟ်အရှင်မြတ်သည် နောင်တရ၍ အရှင်မြတ်ထံ ပြန်လှ


📜 အာယာသ် 23-27 — စူရာ အလ်-အစ်ရာ

23۞ وَقَضَىٰ رَبُّكَ أَلَّا تَعْبُدُوا إِلَّا إِيَّاهُ وَبِالْوَالِدَيْنِ إِحْسَانًا ۚ إِمَّا يَبْلُغَنَّ عِندَكَ الْكِبَرَ أَحَدُهُمَا أَوْ كِلَاهُمَا فَلَا تَقُل لَّهُمَا أُفٍّ وَلَا تَنْهَرْهُمَا وَقُل لَّهُمَا قَوْلًا كَرِيمًا
စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် (ဤသို့)အမိန့်တော်စီရင်ချမှတ် ပြဋ္ဌာန်းတော်မူခဲ့လေသည်။ အသင်တို့သည် ထိုအရှင်မြတ်မှတစ်ပါးအခြားကိုခဝပ်ကိုးကွယ် ရှိခိုးပူဇော်ခြင်း အလျှင်းမပြုကြရပေ။၎င်းပြင် မိဘနှစ်ပါးအား ကောင်းစွာပြုစု သဂြိုဟ်ထောက်ပံ့ကြရမည်။ အကယ်၍ ထိုမိဘနှစ်ပါးအနက် တစ်ဦးဦးသော်လည်းကောင်း၊ နှစ်ဦးစလုံးသော်လည်းကောင်း၊ အသင် ၏ရှေ့မှောက်တွင် သက်ရွယ်ကြီးရင့် အိုမင်းခြင်းသို့ ရောက်ရှိလတ်သော်အသင်သည် ထိုမိဘနှစ်ပါးအား အို ဟူ၍ပင် မပြောဆိုလေနှင့်။ ထို့ပြင် အသင်တို့သည် ထိုမိဘနှစ်ပါးအား ငေါက်ငမ်းခြင်းကိုလည်း မပြုလေနှင့်။ အသင်သည် ထိုမိဘနှစ်ပါး(နှင့်စကားပြောဆိုသောအခါ၎င်းတို့အား) ယဉ်ကျေးသိမ်မွေ့ ရည်မွန်သောစကားကိုသာ ပြောဆိုပါလေ။
24وَاخْفِضْ لَهُمَا جَنَاحَ الذُّلِّ مِنَ الرَّحْمَةِ وَقُل رَّبِّ ارْحَمْهُمَا كَمَا رَبَّيَانِي صَغِيرًا
၎င်းအပြင် အသင်သည် ထိုမိဘနှစ်ပါး၏ ရှေ့မှောက်တွင် ၎င်းတို့အပေါ်၌ ကရုဏာတရားထားရှိ သောအားဖြင့် ကျိုးနွံစွာရှိပါလေ။ ထို့ပြင် အသင်သည် (ထိုမိဘနှစ်ပါးနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်၊ ထိုမိဘနှစ်ပါးသည်ကျွန်တော် မျိုးအား ငယ်စဉ်တောင်ကျေး ကလေးဘဝ၌ ပြုစုပျိုးထောင်ခဲ့ကြသကဲ့သို့ပင် အရှင်မြတ်သည်လည်း ၎င်းတို့နှစ်ပါးအပေါ်၌ ကရုဏာပြုတော်မူပါဟု လျှောက်ထားပန်ကြားပါလေ။
25رَّبُّكُمْ أَعْلَمُ بِمَا فِي نُفُوسِكُمْ ۚ إِن تَكُونُوا صَالِحِينَ فَإِنَّهُ كَانَ لِلْأَوَّابِينَ غَفُورًا
အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများ၌ ရှိသည် တို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ အကယ်၍အသင်တို့သည် အမိန့်တော်ကို လိုက်နာသူများ (သူတော်စင်များ)ဖြစ်ကြပါလျှင် ဧကန်မလွဲ ထိုအရှင်မြတ်သည်လည်း ဝန်ချတောင်းပန် သူတို့အဖို့ အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
26وَآتِ ذَا الْقُرْبَىٰ حَقَّهُ وَالْمِسْكِينَ وَابْنَ السَّبِيلِ وَلَا تُبَذِّرْ تَبْذِيرًا
ထိုမှတစ်ပါး အသင်သည် ဆွေမျိုးနီးစပ်သူအား၎င်း၏ရသင့်ရထိုက်သော အခွင့်အရေးကို ပေးပါလေ။ (ထို့ပြင်သူဆင်းရဲအားလည်းကောင်း၊ ခရီးသည်အား လည်းကောင်း၊(ယင်းတို့ရသင့်ရထိုက်သောအခွင့်အရေးများကိုပေးပါလေ)။ သို့ရာတွင် အသင်သည်(မိမိဥစ္စာပစ္စည်းများကို)အလဟဿမဖြုန်းတီးလေနှင့်။
27إِنَّ الْمُبَذِّرِينَ كَانُوا إِخْوَانَ الشَّيَاطِينِ ۖ وَكَانَ الشَّيْطَانُ لِرَبِّهِ كَفُورًا
ဧကန်မလွဲ အလဟဿဖြုန်းတီးသူတို့သည်ရှိုင်တွာန်မိစ္ဆာကောင်၏ ညီသားအစ်ကိုများပင် ဖြစ်ကြကုန်သည်။ စင်စစ် ရှိုင်တွာန်မိစ္ဆာကောင်သည် မိမိကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား အလွန် ကျေးဇူးကန်းသူပင်ဖြစ်ချေသတည်း။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
25အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 25

စူရာ အလ်-အစ်ရာ အာယာသ် 25 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများ၌ ရှိသည် တို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ အကယ်၍အသင်တို့သည်…

စူရာ အာယာသ် 25/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 23–27. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers