အလ်-ကဟ်ဖ် · 3/110
ဘာသာပြန် အသံနိုင်ငံ — အလ်-ကဟ်ဖ်
مَّاكِثِينَ فِيهِ أَبَدًا ۝٣
Maakiseena feehi abadaa
📖 မြန်မာဘာသာ
(၎င်းတို့သည်) ယင်း(ဂျန္နတ် သုခဘုံတည်းဟူသော)အကျိုးဆုလာဘ်၌ အမြဲထာဝစဉ် နေထိုင်လျက်ရှိကြပေမည်။

🎧 နားထောင်


📜 အာယာသ် 1-5 — အလ်-ကဟ်ဖ်

1الْحَمْدُ لِلَّهِ الَّذِي أَنزَلَ عَلَىٰ عَبْدِهِ الْكِتَابَ وَلَمْ يَجْعَل لَّهُ عِوَجًا ۜ
ချီးမွမ်းထောပနာအပေါင်းတို့သည် အကြင်အလ္လာဟ်အရှင်မြတ်နှင့်သာသက်ဆိုင်၏။ ထိုအရှင်မြတ်သည် မိမိကျွန်(မုဟမ္မဒ်)၏အပေါ်ဝယ် ကျမ်းတော်မြတ်(ကုရ်အာန်)ကို ချပေးသနားတော်မူခဲ့၏။ ၎င်းပြင်ထိုအရှင်မြတ်သည် ယင်း(ကုရ်အာန်)ကျမ်းတော်၌ မည်သည့်(ဝေ့ဝိုက်)ကွေ့ကောက်မှုကိုမျှထားရှိတော်မမူခဲ့ချေ။
2قَيِّمًا لِّيُنذِرَ بَأْسًا شَدِيدًا مِّن لَّدُنْهُ وَيُبَشِّرَ الْمُؤْمِنِينَ الَّذِينَ يَعْمَلُونَ الصَّالِحَاتِ أَنَّ لَهُمْ أَجْرًا حَسَنًا
အမှန်မှာ ထိုကျမ်းဂန်ကို ဖြောင့်မတ်စွာပြုစုထားတော်မူခဲ့ပေသည်။ ထိုအရှင်မြတ်အထံတော်မှ (ကျရောက်အံ့သော)ပြင်းထန်လှသောပြစ်ဒဏ်မှ သတိပေးအံ့သောငှာလည်းကောင်း၊ ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား ယင်းတို့အဖို့ အလွန်မွန်မြတ်လှစွာသော အကျိုးဆုလာဘ်ရှိသည်ဟုသတင်းကောင်း ပေးအံ့သောငှာလည်းကောင်း။
3مَّاكِثِينَ فِيهِ أَبَدًا
(၎င်းတို့သည်) ယင်း(ဂျန္နတ် သုခဘုံတည်းဟူသော)အကျိုးဆုလာဘ်၌ အမြဲထာဝစဉ် နေထိုင်လျက်ရှိကြပေမည်။
4وَيُنذِرَ الَّذِينَ قَالُوا اتَّخَذَ اللَّهُ وَلَدًا
အလ္လာဟ်အရှင်မြတ်သည် သားတော်တစ်ပါးမွေးစားတော်မူခဲ့သည်ဟု ပြောဆိုကြကုန်သောသူတို့အား သတိပေးနှိုးဆော်အံ့သောငှာလည်းကောင်း။
5مَّا لَهُم بِهِ مِنْ عِلْمٍ وَلَا لِآبَائِهِمْ ۚ كَبُرَتْ كَلِمَةً تَخْرُجُ مِنْ أَفْوَاهِهِمْ ۚ إِن يَقُولُونَ إِلَّا كَذِبًا
(စင်စစ်)ထိုသူတို့လည်းဤ(စွပ်စွဲချက်)နှင့်စပ်လျဉ်း၍မည်သည့်သက်သေသာဓက တစ်စုံတစ်ရာမျှပင်မရှိပေ။ ထိုနည်းတူစွာ ၎င်းတို့၏ အဖ၊ ဘိုး၊ ဘေးတို့၌လည်း (မည်သည့်အသိပညာ သက်သေသာဓက တစ်စုံတစ်ရာမျှပင်မရှိချေ။ ၎င်းတို့၏နှုတ်မှထွက်သောစကားသည်အလွန်ကြီးကျယ်လှပေသည်။၎င်းတို့သည် မဟုတ်မမှန်မုသား(စကား)ကိုသာ ပြောဆိုကြကုန်သတည်း။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
3အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 3

စူရာ အလ်-ကဟ်ဖ် အာယာသ် 3 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (၎င်းတို့သည်) ယင်း(ဂျန္နတ် သုခဘုံတည်းဟူသော)အကျိုးဆုလာဘ်၌ အမြဲထာဝစဉ် နေထိုင်လျက်ရှိကြပေမည်။

စူရာ အာယာသ် 3/110 — အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-ကဟ်ဖ် နားထောင်, အလ်-ကဟ်ဖ် ဘာသာပြန်, အလ်-ကဟ်ဖ် mp3, အလ်-ကဟ်ဖ် pdf. အာယာသ် 1–5. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers