အလ်-ဗကရ · 168/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
يَا أَيُّهَا النَّاسُ كُلُوا مِمَّا فِي الْأَرْضِ حَلَالًا طَيِّبًا وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُّبِينٌ ۝١٦٨
Yaaa ayyuhan naasu kuloo mimmaa fil ardi halaalan taiyibanw wa laa tattabi`oo khutu waatish Shaitaan; innahoo lakum `aduwwum mubeen
📖 မြန်မာဘာသာ
အို-လူသားအပေါင်းတို့၊ အသင်တို့သည် ကမ္ဘာ မြေပေါ်ဝယ် ရှိလေသော အရာများအနက်မှ စားသုံးပိုင်ခွင့်ပြုထားသော သန့်စင်သောအရာများကို စားသုံးကြကုန်လော့၊ သို့ရာတွင် အသင်တို့သည် ရှိုင်တွာန်၏ခြေရာများကို (ဖဝါးခြေ ထပ်) မလိုက်ကြကုန်လင့်။ အမှန်စင်စစ် ယင်းရှိုင်တွာန်သည် သင်တို့၏ ပွင့်လင်းထင်ရှားလှစွာသော ရန်သူရန်ဘက်ပင် ဖြစ်ချေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 166-170 — စူရာ အလ်-ဗကရ

166إِذْ تَبَرَّأَ الَّذِينَ اتُّبِعُوا مِنَ الَّذِينَ اتَّبَعُوا وَرَأَوُا الْعَذَابَ وَتَقَطَّعَتْ بِهِمُ الْأَسْبَابُ
အကြင်အချိန်အခါဝယ် (လူအပေါင်းတို့ကို လှည့် ဖြားသွေးဆောင်ကြကုန်သော) ခေါင်းဆောင် တို့သည် မိမိတို့၏ တပည့်နောက်လိုက်တို့အား စွန့်ပစ်ကြကုန်အံ့၊ ထိုအခါ ယင်း ခေါင်းဆောင်များနှင့် နောက်လိုက်တပည့်တို့သည် ပြစ်ဒဏ်များ ကို (မျက်ဝါးထင်ထင်) ရှုမြင်ကြအံ့၊ (၎င်းပြင်) ယင်းသူတို့၌ တဦးနှင့်တဦး ဆက်သွယ်မှုများသည်လည်း ပြတ်တောက်သွားလတ္တံ့။
167وَقَالَ الَّذِينَ اتَّبَعُوا لَوْ أَنَّ لَنَا كَرَّةً فَنَتَبَرَّأَ مِنْهُمْ كَمَا تَبَرَّءُوا مِنَّا ۗ كَذَٰلِكَ يُرِيهِمُ اللَّهُ أَعْمَالَهُمْ حَسَرَاتٍ عَلَيْهِمْ ۖ وَمَا هُم بِخَارِجِينَ مِنَ النَّارِ
၎င်းပြင် (မသမာသော ဦးစီးနာယကများ၏ လှည့်ပတ်ဖြားယောင်းရာနောက်သို့ လိုက်ပါမိခဲ့သော) နောက် လိုက်တပည့်များက အကယ်၍သာ ငါတို့သည် (လူ့လောကသို့) တကြိမ်မျှပင်ပြန်ကြရပါလျှင် အလွန် ကောင်းပေအံ့၊ သို့ပြန်ရပါလျှင် ထိုရှေ့ဆောင်ရှေ့ရပ်တို့သည် ငါတို့ကို (ယခုစိမ်းကား စွာ) စွန့်ပစ်သွားကြ သကဲ့သို့ ငါတို့သည်လည်း ယင်းသူတို့အား (စိမ်းကားစွာ) စွန့်ပစ်ကြမည်ဟု ပြောဆိုကြမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုရှေ့ဆောင်ရှေ့ရပ်များနှင့် တပည့်နောက်လိုက်အားလုံးတို့အား အပြစ်ငရဲကို မျက်ဝါးထင်ထင် ပြတော်မူသကဲ့သို့ပင် ယင်းသူတို့၏ အပြုအမူများကို ဝမ်းနည်း ကြေကွဲဘွယ်ရာများအဖြစ် ပြတော်မူမည်။ စင်စစ်အားဖြင့် ယင်းသူတို့သည် ငရဲမီးတွင်းမှ ထွက်ကြရမည့်သူများလည်း မဟုတ်ကြချေ။
168يَا أَيُّهَا النَّاسُ كُلُوا مِمَّا فِي الْأَرْضِ حَلَالًا طَيِّبًا وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُّبِينٌ
အို-လူသားအပေါင်းတို့၊ အသင်တို့သည် ကမ္ဘာ မြေပေါ်ဝယ် ရှိလေသော အရာများအနက်မှ စားသုံးပိုင်ခွင့်ပြုထားသော သန့်စင်သောအရာများကို စားသုံးကြကုန်လော့၊ သို့ရာတွင် အသင်တို့သည် ရှိုင်တွာန်၏ခြေရာများကို (ဖဝါးခြေ ထပ်) မလိုက်ကြကုန်လင့်။ အမှန်စင်စစ် ယင်းရှိုင်တွာန်သည် သင်တို့၏ ပွင့်လင်းထင်ရှားလှစွာသော ရန်သူရန်ဘက်ပင် ဖြစ်ချေသည်။
169إِنَّمَا يَأْمُرُكُم بِالسُّوءِ وَالْفَحْشَاءِ وَأَن تَقُولُوا عَلَى اللَّهِ مَا لَا تَعْلَمُونَ
(အကြောင်းကား) ထိုရှိုင်တွာန်သည် အသင်တို့ကို မကောင်းမှု ဒုစရိုက်များကို လည်းကောင်း၊ အလွန် ညစ်ညမ်းသော ကိစ္စများကို လည်းကောင်း၊ ထို့ပြင် အသင်တို့ သည် မိမိတို့ မသိရှိကြသော အကြောင်းအရာများကို အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်၍ (လုပ်ကြံ) ပြောဆိုကြရန် လည်းကောင်း အမိန့်ပေးတိုက်တွန်း နှိုးဆော်သည် သာဖြစ်သည်။
170وَإِذَا قِيلَ لَهُمُ اتَّبِعُوا مَا أَنزَلَ اللَّهُ قَالُوا بَلْ نَتَّبِعُ مَا أَلْفَيْنَا عَلَيْهِ آبَاءَنَا ۗ أَوَلَوْ كَانَ آبَاؤُهُمْ لَا يَعْقِلُونَ شَيْئًا وَلَا يَهْتَدُونَ
၎င်းပြင် (အမြော်အမြင်မရှိသော) ထိုသူတို့ကို တဦးတယောက်က (ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ် ပေးသနားတော်မူသော တရားဒေသနာများကို လိုက်နာကြ ပါကုန်ဟု ပြောဆိုပါလျှင် ယင်းသူတို့က ပြောဆိုကြသည်မှာ ထိုသို့အလျင်းမဟုတ်၊ စင်စစ်မှာကား အကြင် တရားလမ်းစဉ်ပေါ်၌ အကျွန်ုပ်တို့သည် မိမိတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင် များကို �ွေ့ရ၏။ ထိုတရားလမ်းစဉ် ကိုသာလျှင် ကျွန်ုပ်တို့သည် လိုက်နာကြအံ့ဟု တုံ့ပြန်ပြောဆိုကြကုန်သည်။ ၎င်းတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တို့သည် တစုံတရာကိုမျှ မဆင်ခြင် နိုင်ကြသည့်ပြင်၊ တရားလမ်းမှန်ကို မရရှိကြသော်လည်း (၎င်းတို့သည် ထိုသို့သော ဘိုး၊ ဘေးတို့၏ လမ်းစဉ်ကိုပင် လိုက်နာကြမည်လော)။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
168အာယာသ်

ဘာသာပြန် — အလ်-ဗကရ 168

စူရာ အလ်-ဗကရ အာယာသ် 168 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-လူသားအပေါင်းတို့၊ အသင်တို့သည် ကမ္ဘာ မြေပေါ်ဝယ် ရှိလေသော အရာများအနက်မှ စားသုံးပိုင်ခွင့်ပြုထားသော သန့်စင်သောအရာများကို စားသုံးကြကုန်လော့၊ သို့ရာတွင်…

စူရာ အာယာသ် 168/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 166–170. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers