အလ်-ဗကရ · 169/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
إِنَّمَا يَأْمُرُكُم بِالسُّوءِ وَالْفَحْشَاءِ وَأَن تَقُولُوا عَلَى اللَّهِ مَا لَا تَعْلَمُونَ ۝١٦٩
Innamaa yaamurukum bissooo`i walfahshaaa`i wa an taqooloo alal laahi maa laa ta`lamoon
📖 မြန်မာဘာသာ
(အကြောင်းကား) ထိုရှိုင်တွာန်သည် အသင်တို့ကို မကောင်းမှု ဒုစရိုက်များကို လည်းကောင်း၊ အလွန် ညစ်ညမ်းသော ကိစ္စများကို လည်းကောင်း၊ ထို့ပြင် အသင်တို့ သည် မိမိတို့ မသိရှိကြသော အကြောင်းအရာများကို အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်၍ (လုပ်ကြံ) ပြောဆိုကြရန် လည်းကောင်း အမိန့်ပေးတိုက်တွန်း နှိုးဆော်သည် သာဖြစ်သည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ဖွင့်ဆိုချက်များ
  • စူအ် (السوء): အပြစ်ဒုစရိုက်၊ မိမိကိုယ်တိုင်ကိုပါ ထိခိုက်နစ်နာစေသော မကောင်းမှု။
  • ဖဟ်ရှာ (الفحشاء): အလွန်အကျွံ ရွံရှာဖွယ်ကောင်းပြီး အဆိုးဆုံးသော ပြစ်မှုများ။
  • အလ္လာဟ်အပေါ် မသိဘဲ ပြောဆိုခြင်း: အသိပညာမရှိဘဲ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ စကားပြောဆိုခြင်း၊ ဥပမာ - ဟလာလ်ဖြစ်သောအရာကို ဟရာမ်ဟု သတ်မှတ်ခြင်း။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ရှိုင်သွာန်သည် သင်တို့အား အပြစ်ဒုစရိုက်များ၊ မိမိတို့ကိုယ်ကို ထိခိုက်နစ်နာစေသော မကောင်းမှုများနှင့် အလွန်ရွံရှာဖွယ်ကောင်းသော ကြီးလေးသည့် ပြစ်မှုများကိုသာ အမိန့်ပေးသည်။ ထို့အပြင် အလ္လာဟ်အရှင်မြတ်ထံတော်မှ သို့မဟုတ် ရစူလ်တမန်တော်များထံမှ မည်သည့်အသိပညာမျှ မရရှိဘဲ ယုံကြည်ချက်နှင့် ရှရီအသ်ဥပဒေသများနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ် မသိဘဲ စကားပြောဆိုရန်လည်း အမိန့်ပေးသည်။ ဥပမာ - လယ်ယာမြေများနှင့် တိရစ္ဆာန်များကို ဟရာမ်ဟု သတ်မှတ်ခြင်းကဲ့သို့သော အရာများဖြစ်သည်။ အကြောင်းမှာ သင်တို့သည် ထိုအရာများနှင့်ပတ်သက်၍ မည်သည့်အသိပညာမျှ မရှိသောကြောင့်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • ရှိုင်သွာန်သည် လူသားများကို အမြဲတမ်း မကောင်းမှုနှင့် အပြစ်ဒုစရိုက်ဆီသို့သာ လမ်းညွှန်သည်။ ထို့ကြောင့် မွတ်စ်လင်မ်တစ်ဦးအနေဖြင့် ရှိုင်သွာန်၏ လှုံ့ဆော်မှုများကို အမြဲသတိထားရမည်။
  • အသိပညာမရှိဘဲ ဘာသာရေးကိစ္စများတွင် စကားပြောဆိုခြင်း၊ စီရင်ဆုံးဖြတ်ခြင်းသည် အလွန်အန္တရာယ်ကြီးသော အပြစ်ဖြစ်သည်။ ထို့ကြောင့် ဘာသာရေးဆိုင်ရာ အသိပညာများကို သေချာစွာ လေ့လာသင်ယူရမည်။
  • အစ္စလာမ်ဘာသာသည် အသိပညာနှင့် သက်သေအထောက်အထားအပေါ် အခြေခံသည်။ မသိဘဲ ခန့်မှန်းပြောဆိုခြင်းကို တားမြစ်ထားသည်။
  • ဤအာယသ်တော်သည် အစ္စလာမ်ဘာသာ၏ သန့်ရှင်းမှုနှင့် မှန်ကန်မှုကို ထင်ဟပ်စေသည်။ အကြောင်းမှာ ၎င်းသည် လူသားများအား မှန်ကန်သောအသိပညာဖြင့် အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ရန် လမ်းညွှန်ပေးသောကြောင့်ဖြစ်သည်။
  • ကုရ်အာန်သည် လူသားများအား ကောင်းမှုနှင့် မှန်ကန်သောလမ်းစဉ်သို့ ပို့ဆ


📜 အာယာသ် 167-171 — စူရာ အလ်-ဗကရ

167وَقَالَ الَّذِينَ اتَّبَعُوا لَوْ أَنَّ لَنَا كَرَّةً فَنَتَبَرَّأَ مِنْهُمْ كَمَا تَبَرَّءُوا مِنَّا ۗ كَذَٰلِكَ يُرِيهِمُ اللَّهُ أَعْمَالَهُمْ حَسَرَاتٍ عَلَيْهِمْ ۖ وَمَا هُم بِخَارِجِينَ مِنَ النَّارِ
၎င်းပြင် (မသမာသော ဦးစီးနာယကများ၏ လှည့်ပတ်ဖြားယောင်းရာနောက်သို့ လိုက်ပါမိခဲ့သော) နောက် လိုက်တပည့်များက အကယ်၍သာ ငါတို့သည် (လူ့လောကသို့) တကြိမ်မျှပင်ပြန်ကြရပါလျှင် အလွန် ကောင်းပေအံ့၊ သို့ပြန်ရပါလျှင် ထိုရှေ့ဆောင်ရှေ့ရပ်တို့သည် ငါတို့ကို (ယခုစိမ်းကား စွာ) စွန့်ပစ်သွားကြ သကဲ့သို့ ငါတို့သည်လည်း ယင်းသူတို့အား (စိမ်းကားစွာ) စွန့်ပစ်ကြမည်ဟု ပြောဆိုကြမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုရှေ့ဆောင်ရှေ့ရပ်များနှင့် တပည့်နောက်လိုက်အားလုံးတို့အား အပြစ်ငရဲကို မျက်ဝါးထင်ထင် ပြတော်မူသကဲ့သို့ပင် ယင်းသူတို့၏ အပြုအမူများကို ဝမ်းနည်း ကြေကွဲဘွယ်ရာများအဖြစ် ပြတော်မူမည်။ စင်စစ်အားဖြင့် ယင်းသူတို့သည် ငရဲမီးတွင်းမှ ထွက်ကြရမည့်သူများလည်း မဟုတ်ကြချေ။
168يَا أَيُّهَا النَّاسُ كُلُوا مِمَّا فِي الْأَرْضِ حَلَالًا طَيِّبًا وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُّبِينٌ
အို-လူသားအပေါင်းတို့၊ အသင်တို့သည် ကမ္ဘာ မြေပေါ်ဝယ် ရှိလေသော အရာများအနက်မှ စားသုံးပိုင်ခွင့်ပြုထားသော သန့်စင်သောအရာများကို စားသုံးကြကုန်လော့၊ သို့ရာတွင် အသင်တို့သည် ရှိုင်တွာန်၏ခြေရာများကို (ဖဝါးခြေ ထပ်) မလိုက်ကြကုန်လင့်။ အမှန်စင်စစ် ယင်းရှိုင်တွာန်သည် သင်တို့၏ ပွင့်လင်းထင်ရှားလှစွာသော ရန်သူရန်ဘက်ပင် ဖြစ်ချေသည်။
169إِنَّمَا يَأْمُرُكُم بِالسُّوءِ وَالْفَحْشَاءِ وَأَن تَقُولُوا عَلَى اللَّهِ مَا لَا تَعْلَمُونَ
(အကြောင်းကား) ထိုရှိုင်တွာန်သည် အသင်တို့ကို မကောင်းမှု ဒုစရိုက်များကို လည်းကောင်း၊ အလွန် ညစ်ညမ်းသော ကိစ္စများကို လည်းကောင်း၊ ထို့ပြင် အသင်တို့ သည် မိမိတို့ မသိရှိကြသော အကြောင်းအရာများကို အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်၍ (လုပ်ကြံ) ပြောဆိုကြရန် လည်းကောင်း အမိန့်ပေးတိုက်တွန်း နှိုးဆော်သည် သာဖြစ်သည်။
170وَإِذَا قِيلَ لَهُمُ اتَّبِعُوا مَا أَنزَلَ اللَّهُ قَالُوا بَلْ نَتَّبِعُ مَا أَلْفَيْنَا عَلَيْهِ آبَاءَنَا ۗ أَوَلَوْ كَانَ آبَاؤُهُمْ لَا يَعْقِلُونَ شَيْئًا وَلَا يَهْتَدُونَ
၎င်းပြင် (အမြော်အမြင်မရှိသော) ထိုသူတို့ကို တဦးတယောက်က (ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ် ပေးသနားတော်မူသော တရားဒေသနာများကို လိုက်နာကြ ပါကုန်ဟု ပြောဆိုပါလျှင် ယင်းသူတို့က ပြောဆိုကြသည်မှာ ထိုသို့အလျင်းမဟုတ်၊ စင်စစ်မှာကား အကြင် တရားလမ်းစဉ်ပေါ်၌ အကျွန်ုပ်တို့သည် မိမိတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင် များကို �ွေ့ရ၏။ ထိုတရားလမ်းစဉ် ကိုသာလျှင် ကျွန်ုပ်တို့သည် လိုက်နာကြအံ့ဟု တုံ့ပြန်ပြောဆိုကြကုန်သည်။ ၎င်းတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တို့သည် တစုံတရာကိုမျှ မဆင်ခြင် နိုင်ကြသည့်ပြင်၊ တရားလမ်းမှန်ကို မရရှိကြသော်လည်း (၎င်းတို့သည် ထိုသို့သော ဘိုး၊ ဘေးတို့၏ လမ်းစဉ်ကိုပင် လိုက်နာကြမည်လော)။
171وَمَثَلُ الَّذِينَ كَفَرُوا كَمَثَلِ الَّذِي يَنْعِقُ بِمَا لَا يَسْمَعُ إِلَّا دُعَاءً وَنِدَاءً ۚ صُمٌّ بُكْمٌ عُمْيٌ فَهُمْ لَا يَعْقِلُونَ
ကာဖစ်ရ် တို့ (အားသွန်သင်ဆုံးမသူ) ၏ပမာကား ခေါ်သံနှင့် ဟစ်အော်ကြွေးကြော်သံမှတစ်ပါး အဘယ် တစ်စုံတစ်ရာကိုမျှ မကြားသောတိရစ္ဆာန်များကို ဟစ်အော်ဆုံးမသူနှင့် တူချေသည်။ (အမှန်သော်ကား ထိုကာဖိရ်တို့သည် တရားဒေသနာတော်ကို မနာခံသော) နားပင်းသူများ၊ (မှန် သောစကားကို မပြောဆိုသော) ဆွံ့အသူများ၊ (သက်သေ လက္ခဏာ တော်များကိုမမြင်သော) အကန်းများပင်တည်း။ သို့ ဖြစ်လေရာ ယင်းသူတို့သည် မည်သည့်အရာတစ်စုံတစ်ခုကိုမျှ တွေးတောဆင်ခြင် သိမြင်သူများမဟုတ်ကြချေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
169အာယာသ်

ဘာသာပြန် — အလ်-ဗကရ 169

စူရာ အလ်-ဗကရ အာယာသ် 169 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အကြောင်းကား) ထိုရှိုင်တွာန်သည် အသင်တို့ကို မကောင်းမှု ဒုစရိုက်များကို လည်းကောင်း၊ အလွန် ညစ်ညမ်းသော ကိစ္စများကို လည်းကောင်း၊…

စူရာ အာယာသ် 169/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 167–171. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers