အလ်-ဗကရ · 28/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
كَيْفَ تَكْفُرُونَ بِاللَّهِ وَكُنتُمْ أَمْوَاتًا فَأَحْيَاكُمْ ۖ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ثُمَّ إِلَيْهِ تُرْجَعُونَ ۝٢٨
Kaifa takfuroona billaahi wa kuntum amwaatan fa ahyaakum summa yumeetukum summa yuhyeekum summaa ilaihi turja`oon
📖 မြန်မာဘာသာ
(ဟယ်-ကာဖိရ်တို့) အသင်တို့သည် အဘယ်နည်းဖြင့် အလ္လာဟ်အရှင်မြတ်(၏ကျေးဇူးတော်များ) ကိုငြင်းဆိုနိုင်ကြအံ့နည်း၊ အဖြစ်မှန်ကား အသင်တို့သည် (ရှေးဦးမဆွ ပဌမက) (အဝိညာဏက) သက်မဲ့ အရာဝတ္ထုများသာ ဖြစ်ကြရာထိုအသျှင်သည် အသင်တို့အား (သဝိညာဏက) သက်ရှိဘဝသို့ ပို့ဆောင်တော်မူ၏။ ထိုနောက်တဖန် ထိုအရှင်သည် (အသင်တို့၏ သက်တမ်းကုန်ဆုံးသည့်အခါ)သင်တို့အား သေစေ တော်မူဦးမည်ဖြစ်၏။ သို့သေစေတော်မူပြီးသည့်နောက် ထိုအရှင်သည်အသင်တို့အား တဖန် ရှင်ပြန်ထစေဦးမည်။ ထို့နောက်အသင်တို့သည် (မိမိတို့ပြုကျင့်ခဲ့သမျှသော ကောင်းမှုမကောင်းမှုများနှင့် လျော်ညီစွာထိုက်တန်ရာ အကျိုးများကို ခံစံရန် အလို့ငှာ) ထိုအရှင့်ထံတော်သို့ပင်လျှင် ပြန်လည်ရောက်ကြရမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ဤအာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ။
  • كَيْفَ (ကဲ့ဖ) — မည်သို့၊ မည်သည့်နည်းဖြင့်။ ဤနေရာတွင် အံ့ဩခြင်းနှင့် ပြစ်တင်မေးခွန်းပြုခြင်း အဓိပ္ပာယ်ဖြင့် လာသည်။
  • تَكْفُرُونَ (တက္ကဖုရူန) — သင်တို့ ငြင်းပယ်ကြသည်၊ မယုံကြည်ကြသည်။ ကုဖ်ရ် (ငြင်းပယ်မှု) ဟူသည် အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်ခြင်း၊ အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်း ဖြစ်သည်။
  • أَمْوَاتًا (အမ်ဝါတန်) — သေနေသူများ၊ အသက်မရှိသူများ။ ဤနေရာတွင် ဖခင်တို့၏ ကျောရိုးတွင် သုက်ရည်အဖြစ် ရှိနေစဉ် အသက်မရှိသေးသော အခြေအနေကို ဆိုလိုသည်။
  • فَأَحْيَاكُمْ (ဖအဟ်ယာကုမ်) — ထို့နောက် အရှင်မြတ်သည် သင်တို့အား အသက်ရှင်စေတော်မူခဲ့သည်။
  • يُمِيتُكُمْ (ယုမီတုကုမ်) — သင်တို့အား သေစေတော်မူသည်။
  • يُحْيِيكُمْ (ယုဟ်ယီကုမ်) — သင်တို့အား တစ်ဖန် အသက်ရှင်စေတော်မူသည်။
  • إِلَيْهِ تُرْجَعُونَ (ဣလိုင်ဟိ တုရ်ဂျအူန) — အရှင်မြတ်ထံတော်သို့ သင်တို့အား ပြန်လည်ပို့ဆောင်ခြင်းခံရမည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

အို ကုဖ်ရ်ပြုသူတို့၊ အလ္လာဟ်အရှင်မြတ်ကို သင်တို့ မည်သို့ ငြင်းပယ်နိုင်ကြသနည်း။ အရှင်မြတ်၏ တစ်ဆူတည်းဖြစ်တော်မူခြင်းနှင့် တန်ခိုးတော်ကို သက်သေပြသည့် ထင်ရှားသော အထောက်အထားများသည် သင်တို့၏ ကိုယ်တွင်းမှာပင် ရှိနေပါလျက် မည်သို့ ငြင်းပယ်နိုင်ကြသနည်း။ သင်တို့သည် ရှေးဦးစွာ အသက်မရှိသော အခြေအနေတွင် ရှိခဲ့ကြသည်။ ထို့နောက် အရှင်မြတ်သည် သင်တို့အား ဖန်ဆင်းတော်မူပြီး အသက်ရှင်စေတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ် သတ်မှတ်ထားတော်မူသော အသက်တမ်း ကုန်ဆုံးသောအခါ သင်တို့အား သေစေတော်မူမည်။ ထို့နောက် ကိယာမသ်နေ့တွင် သင်တို့အား တစ်ဖန် အသက်ရှင်စေတော်မူမည်။ ထို့နောက် သင်တို့သည် အရှင်မြတ်ထံတော်သို့သာ ပြန်လည်ရောက်ရှိကြရမည်။ ထိုအခါ အရှင်မြတ်သည် သင်တို့၏ လုပ်ရပ်များအတွက် စစ်ဆေးမေးမြန်း၍ အစားပေးတော်မူမည်။

ဤအာယသ်တော်သည် လူသားတို့၏ ဘဝခရီးစဉ်ကို အဆင့်လေးဆင့်ဖြင့် ရှင်းလင်းစွာ ဖော်ပြထားသည်။ ပထမအဆင့်မှာ အသက်မရှိသော အခြေအနေ၊ ဒုတိယအဆင့်မှာ ဤဘဝတွင် အသက်ရှင်ခြင်း၊ တတိယအဆင့်မှာ သေခြင်း၊ စတုတ္ထ



📜 အာယာသ် 26-30 — စူရာ အလ်-ဗကရ

26۞ إِنَّ اللَّهَ لَا يَسْتَحْيِي أَن يَضْرِبَ مَثَلًا مَّا بَعُوضَةً فَمَا فَوْقَهَا ۚ فَأَمَّا الَّذِينَ آمَنُوا فَيَعْلَمُونَ أَنَّهُ الْحَقُّ مِن رَّبِّهِمْ ۖ وَأَمَّا الَّذِينَ كَفَرُوا فَيَقُولُونَ مَاذَا أَرَادَ اللَّهُ بِهَٰذَا مَثَلًا ۘ يُضِلُّ بِهِ كَثِيرًا وَيَهْدِي بِهِ كَثِيرًا ۚ وَمَا يُضِلُّ بِهِ إِلَّا الْفَاسِقِينَ
အလ္လာဟ်အရှင်မြတ်သည် ခြင်ကောင်နှင့် ဖြစ်စေ၊ ခြင်ကောင်�က် သေးငယ်သောအရာနှင့်ဖြစ်စေ၊ ပုံဆောင်ခြင်းကို (သေးနုပ်သည်ဟူ၍) ရှက်တော်မမူချေ။ ယုံကြည်သောမုအ်မင် များသည် ထိုပုံဆောင်ချက်ကို မိမိတို့အား မွေးမြူတော်မူသော အရှင့်ထံတော်မှ လျော်ကန် သင့်မြတ်လှသော ပုံဆောင်ချက် ဖြစ်သည်ဟူ၍ သိနားလည်ကြ သည်။ ကာဖိရ်တို့မှာမူ အလ္လာဟ်အရှင်မြတ်သည် ဤမျှသေးနုပ်သောအရာကို ပုံဆောင်ခြင်း အားဖြင့် မည်သို့သောအကြောင်းအရာကို ရည်စူးတော်မူပါသနည်းဟု (ပြက်ရယ်) ပြောဆိုကြလေသည်။ အလ္လာဟ်အရှင်သည် ထိုကဲ့သို့သော ပုံဆောင်ချက်ဖြင့် များစွာ သောသူများကို လမ်းမှားသို့ ပို့ဆောင်တော်မူ၍ များစွာသော သူများကိုကား တရားလမ်းမှန်သို့ ညွှန်ကြားပြသတော်မူသည်။ အမှန်စင်စစ်သော်ကား ထိုကဲ့သို့သော ပုံဆောင်ချက် ဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိအမိန့်တော်ကို မနာခံသော မသူတော်များမှအပ အခြားမည်သူ ကိုမျှ လမ်းမှားသို့ ပို့ဆောင်တော်မူသည် မဟုတ်ချေ။
27الَّذِينَ يَنقُضُونَ عَهْدَ اللَّهِ مِن بَعْدِ مِيثَاقِهِ وَيَقْطَعُونَ مَا أَمَرَ اللَّهُ بِهِ أَن يُوصَلَ وَيُفْسِدُونَ فِي الْأَرْضِ ۚ أُولَٰئِكَ هُمُ الْخَاسِرُونَ
ထို(သူယုတ်မာ)တို့သည် အလ္လာဟ်အရှင်င်မြတ်နှင့် ခိုင်မာစွာ ပဋိညာဉ်သစ္စာထားကြပြီး သည့်နောက် ထိုပဋိညာဉ်ကို ဖောက်ဖျက်ကြ၏၊ (အချင်းချင်း) ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရန် အမိန့်တော်ချ မှတ်ထားသည်ကိုလည်း လိုက်နာကြသည်မရှိ၊ အဆက်ဖြတ်ကြ၏။ ထို့ပြင်တဝ ထိုသူတို့သည် ကမ္ဘာမြေပြင်၌လည်း (ကမ္ဘာသူကမ္ဘာသားတို့၏) ပျက်စီးရာ ပျက်စီးကြောင်းကို ပြုလုပ်ကြ၏။ (စင်စစ်မှာကား) ထိုသူများသည် ဆုံးရှုံးပျက်စီးသူများသာ ဖြစ်ကြပေသတည်း။
28كَيْفَ تَكْفُرُونَ بِاللَّهِ وَكُنتُمْ أَمْوَاتًا فَأَحْيَاكُمْ ۖ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ثُمَّ إِلَيْهِ تُرْجَعُونَ
(ဟယ်-ကာဖိရ်တို့) အသင်တို့သည် အဘယ်နည်းဖြင့် အလ္လာဟ်အရှင်မြတ်(၏ကျေးဇူးတော်များ) ကိုငြင်းဆိုနိုင်ကြအံ့နည်း၊ အဖြစ်မှန်ကား အသင်တို့သည် (ရှေးဦးမဆွ ပဌမက) (အဝိညာဏက) သက်မဲ့ အရာဝတ္ထုများသာ ဖြစ်ကြရာထိုအသျှင်သည် အသင်တို့အား (သဝိညာဏက) သက်ရှိဘဝသို့ ပို့ဆောင်တော်မူ၏။ ထိုနောက်တဖန် ထိုအရှင်သည် (အသင်တို့၏ သက်တမ်းကုန်ဆုံးသည့်အခါ)သင်တို့အား သေစေ တော်မူဦးမည်ဖြစ်၏။ သို့သေစေတော်မူပြီးသည့်နောက် ထိုအရှင်သည်အသင်တို့အား တဖန် ရှင်ပြန်ထစေဦးမည်။ ထို့နောက်အသင်တို့သည် (မိမိတို့ပြုကျင့်ခဲ့သမျှသော ကောင်းမှုမကောင်းမှုများနှင့် လျော်ညီစွာထိုက်တန်ရာ အကျိုးများကို ခံစံရန် အလို့ငှာ) ထိုအရှင့်ထံတော်သို့ပင်လျှင် ပြန်လည်ရောက်ကြရမည်။
29هُوَ الَّذِي خَلَقَ لَكُم مَّا فِي الْأَرْضِ جَمِيعًا ثُمَّ اسْتَوَىٰ إِلَى السَّمَاءِ فَسَوَّاهُنَّ سَبْعَ سَمَاوَاتٍ ۚ وَهُوَ بِكُلِّ شَيْءٍ عَلِيمٌ
ထို(အလ္လာဟ်)အရှင်မြတ်သည် သင်တို့အကျိုးအလို့ငှာ ပထဝီမြ ွင် ရှိရှိသမျှသော ဝတ္ထုအစုစုကို ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်သည် မိမိဆန္ဒတော် အတိုင်းမိုးကောင်းကင်ဘက်သို့ လှည့်တော်မူ၍ မိုးခုနစ်ထပ်ကို နေထားကျနစွာ ပြုလုပ်တော်မူ၏၊ စင်စစ်တမူကား ထိုအရှင်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူသည်။
30وَإِذْ قَالَ رَبُّكَ لِلْمَلَائِكَةِ إِنِّي جَاعِلٌ فِي الْأَرْضِ خَلِيفَةً ۖ قَالُوا أَتَجْعَلُ فِيهَا مَن يُفْسِدُ فِيهَا وَيَسْفِكُ الدِّمَاءَ وَنَحْنُ نُسَبِّحُ بِحَمْدِكَ وَنُقَدِّسُ لَكَ ۖ قَالَ إِنِّي أَعْلَمُ مَا لَا تَعْلَمُونَ
(အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်စဉ်းစား သတိရလော့) တရံရောအခါ အသင့်အား မွေးမြူတော်မူသော အရှင်က (မိမိ၏) အပါးတော် စေတမန်များအား ဧကန်အမှန် ငါအရှင်သည် ကမ္ဘာပေါ်ဝယ် (ငါ၏အမိန့်အာဏာ၏တော်များကို ထုတ်ပြန်ကျေညာရန်အလို့ငှာ လူတို့၏ဖခင်) အာဒမ်(အ) အား (ငါ၏) ကိုယ်စားလှယ်တော်အဖြစ် မြှောက် စားခန့်အပ်တော်မူမည်ဟု မိန့်ကြား တော်မူသည်။ထိုအခါ အပါးတော် စေတမန်များက(ဤသို့) လျှောက် တင်ပန်ကြားကြကုန်၏။ (အို-အရှင်) ကမ္ဘာ မြေပြင်၌ ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်၍ အချင်း ချင်းသတ်ဖြတ်ပြီး သွေးထွက်သံယို ပြုလုပ်ကြမည့်သူများကို ကိုယ်တော်အရှင်သည်(ဖန်ဆင်းတော်မူ၍ မိမိ၏ကိုယ်စားလှယ်တော်အဖြစ်) မြှောက်စား ခန့်အပ်တော် မူပါမည်လော၊ အမှန်စင်စစ် ကိုယ်တော်အရှင်သည် ချို့တဲ့ခြင်းအပေါင်းတို့မှ လုံးဝ သန့်ပြန့်စင်ကြယ်တော်မူကြောင်းကို ကျွန်တော်မျိုးတို့သာလျှင် အမြဲအောင်းမေ့ တသကြပါ၏။ ကိုယ်တော်အရှင်မြတ်၏ ဂုဏ်တော်များကို ချီးမွမ်းထောမနာပြု၍ အစဉ်အမြဲ ဘာဝနာစီးဖြန်းကြပါ၏။ထိုအခါ အလ္လာဟ်အရှင်မြတ်က(အပါးတော် စေတမန် အပေါင်းတို့) အသင်တို့ မသိနားမလည်သော အကြောင်းအချက်များကို ငါအရှင်သာလျှင် မုချသိတော်မူသည်။ ဟုပြန်လည် ဖြေကြားတော် မူလေသည်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
28အာယာသ်

ဘာသာပြန် — အလ်-ဗကရ 28

စူရာ အလ်-ဗကရ အာယာသ် 28 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ဟယ်-ကာဖိရ်တို့) အသင်တို့သည် အဘယ်နည်းဖြင့် အလ္လာဟ်အရှင်မြတ်(၏ကျေးဇူးတော်များ) ကိုငြင်းဆိုနိုင်ကြအံ့နည်း၊ အဖြစ်မှန်ကား အသင်တို့သည် (ရှေးဦးမဆွ ပဌမက) (အဝိညာဏက)…

စူရာ အာယာသ် 28/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 26–30. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers