တာဟာ · 75/135
ဘာသာပြန် အသံနိုင်ငံ — စူရာ တာဟာ
وَمَن يَأْتِهِ مُؤْمِنًا قَدْ عَمِلَ الصَّالِحَاتِ فَأُولَٰئِكَ لَهُمُ الدَّرَجَاتُ الْعُلَىٰ ۝٧٥
Wa mai yaatihee mu`minan qad `amilas saalihaati fa ulaaa`ika lahumud dara jaatul `ulaa
📖 မြန်မာဘာသာ
သို့ရာတွင် အကြင်သူသည် ထိုအရှင်မြတ် အထံတော်သို့ ဧကန်အမှန် ကောင်းမြတ်သောအကျင့် သီလများကိုကျင့်မူဆောက်တည်ခဲ့သော မုအ်မင်န် သက်ဝင်ယုံကြည်သူအဖြစ်ရောက်ရှိလာသည်ရှိသော် ထိုကဲ့သို့သောသူတို့အဖို့ မြင့်မြတ်လှစွာသော အဆင့်အတန်းများသည်(ရှိပေမည်)။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 73-77 — စူရာ တာဟာ

73إِنَّا آمَنَّا بِرَبِّنَا لِيَغْفِرَ لَنَا خَطَايَانَا وَمَا أَكْرَهْتَنَا عَلَيْهِ مِنَ السِّحْرِ ۗ وَاللَّهُ خَيْرٌ وَأَبْقَىٰ
ဧကန်မလွဲ ကျွန်ုပ်တို့သည် မိမိကို ဖန်ဆင်းတော်မူသောအရှင်မြတ်အား ထိုအရှင်မြတ်သည် ကျွန်ုပ်တို့၏ပြစ်မှုများကိုလည်းကောင်း၊ ကျွန်ုပ်တို့အား ပဉ္စလက် အတတ်နှင့်စပ်လျဉ်း၍ အတင်းအကျပ် အသင်ပြုလုပ်စေခဲ့သည် ကိုလည်းကောင်း၊ ခွင့်လွှတ်ချမ်းသာပေးတော်မူပါရန် သက်ဝင်ယုံကြည်ခဲ့ကြချေပြီ။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည်သာလျှင်အမွန်မြတ်ဆုံး၊ နိစ္စထာဝရဖြစ်တော်မူပေသည်ဟု ဖြေကြားခဲ့ကြလေသတည်း။
74إِنَّهُ مَن يَأْتِ رَبَّهُ مُجْرِمًا فَإِنَّ لَهُ جَهَنَّمَ لَا يَمُوتُ فِيهَا وَلَا يَحْيَىٰ
ဧကန်စင်စစ် မည်သူမဆို မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်သို့ အပြစ်ရှိသူအဖြစ်ရောက်ရှိပါလျှင် ဧကန်မလွဲ ထိုသူ၏အဖို့ ဂျဟန္နမ်ငရဲဘုံသည်သာလျှင်ရှိပေမည်။ ထိုသူသည် ယင်းငရဲဘုံ၌ အသက်သေဆုံးမည်လည်းမဟုတ်ပေ။ အသက်ရှင်မည်လည်း မဟုတ်ချေ။
75وَمَن يَأْتِهِ مُؤْمِنًا قَدْ عَمِلَ الصَّالِحَاتِ فَأُولَٰئِكَ لَهُمُ الدَّرَجَاتُ الْعُلَىٰ
သို့ရာတွင် အကြင်သူသည် ထိုအရှင်မြတ် အထံတော်သို့ ဧကန်အမှန် ကောင်းမြတ်သောအကျင့် သီလများကိုကျင့်မူဆောက်တည်ခဲ့သော မုအ်မင်န် သက်ဝင်ယုံကြည်သူအဖြစ်ရောက်ရှိလာသည်ရှိသော် ထိုကဲ့သို့သောသူတို့အဖို့ မြင့်မြတ်လှစွာသော အဆင့်အတန်းများသည်(ရှိပေမည်)။
76جَنَّاتُ عَدْنٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ وَذَٰلِكَ جَزَاءُ مَن تَزَكَّىٰ
ထာဝစဉ်နေထိုင်ရမည့် ဥယျာဉ်များ ရှိပေမည်။ယင်းဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ (၎င်းတို့သည်) ယင်းဥယျာဉ်များ၌အမြဲနေထိုင်ကြရပေမည်။ စင်စစ်သော်ကား ဤသည် စင်ကြယ်သန့်ရှင်း အပြစ်ကင်းခဲ့သောသူ၏ အကျိုးပင်တည်း။
77وَلَقَدْ أَوْحَيْنَا إِلَىٰ مُوسَىٰ أَنْ أَسْرِ بِعِبَادِي فَاضْرِبْ لَهُمْ طَرِيقًا فِي الْبَحْرِ يَبَسًا لَّا تَخَافُ دَرَكًا وَلَا تَخْشَىٰ
ဧကန်စင်စစ် ငါအရှင်မြတ်သည် မူစာ၏ထံသို့(ဤသို့)ဝဟီအမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့၏။ အသင်သည် ငါအရှင်မြတ်၏ကျွန်များကို ညအချိန်၌ခေါ်သွားပါလေ။ထို့နောက် အသင်သည် ၎င်းတို့အဖို့ ပင်လယ်၌ သွေ့ခြောက်သောလမ်းကိုပြုလုပ်ပါလေ။ အသင်သည် (မိမိတို့အား ရန်သူများ) မှီလာကြမည်ကိုလည်း စိုးရိမ်ရမည်မဟုတ်။ (မိမိတို့သည်ပင်လယ်၌ နစ်မြုပ်သွားကြမည်ကိုလည်း) ကြောက်ရမည်မဟုတ်ပေ။
တာဟာကုရ်အာန် ညွှန်းကိန်း
135အာယာသ်
MeccanRevelation
75အာယာသ်

ဘာသာပြန် — တာဟာ 75

စူရာ တာဟာ အာယာသ် 75 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အကြင်သူသည် ထိုအရှင်မြတ် အထံတော်သို့ ဧကန်အမှန် ကောင်းမြတ်သောအကျင့် သီလများကိုကျင့်မူဆောက်တည်ခဲ့သော မုအ်မင်န် သက်ဝင်ယုံကြည်သူအဖြစ်ရောက်ရှိလာသည်ရှိသော် ထိုကဲ့သို့သောသူတို့အဖို့…

စူရာ အာယာသ် 75/135 — စူရာ တာဟာ طه (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ တာဟာ နားထောင်, စူရာ တာဟာ ဘာသာပြန်, စူရာ တာဟာ mp3, စူရာ တာဟာ pdf. အာယာသ် 73–77. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers