အလ်-ဟဂ်ျ · 4/78
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဂ်ျ
كُتِبَ عَلَيْهِ أَنَّهُ مَن تَوَلَّاهُ فَأَنَّهُ يُضِلُّهُ وَيَهْدِيهِ إِلَىٰ عَذَابِ السَّعِيرِ ۝٤
Kutiba `alaihi annahoo man tawallaahu fa annahoo yudil lauhoo wa yahdeehi ilaa `azaabis sa`eer
📖 မြန်မာဘာသာ
(အမှန်သော်ကား) ထို "ရှိုင်တွာန်" မိစ္ဆာကောင်နှင့်ပတ်သက်၍ စီရင်ပြဋ္ဌာန်းပြီးဖြစ်သည်မှာ မည်သူမဆို ယင်း"ရှိုင်တွာန်" မိစ္ဆာကောင်အား အဆွေခင်ပွန်း ပြုလုပ်ခဲ့မူ ယင်း"ရှိုင်တွာန်" မိစ္ဆာကောင်သည် ထိုသူအားလမ်းမှားစေခြင်းကိုလည်းကောင်း၊ ထိုသူအား အလျှံ ပြောင်ပြောင် တောက်လောင်သောငရဲမီး၏ ပြစ်ဒဏ်သို့ လမ်းညွှန်ခြင်းကိုလည်းကောင်း၊ဧကန်မလွဲ ပြုလုပ်မည်ဖြစ်သည်ဟု စီရင်ပြဋ္ဌာန်းပြီး ဖြစ်ချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်
  • كُتِبَ عَلَيْهِ: သူ့အပေါ်၌ ပြဋ္ဌာန်းပြီးဖြစ်သည်၊ သတ်မှတ်ပြီးဖြစ်သည်။
  • تَوَلَّاهُ: သူ့ကို မှီခိုအားထားသည်၊ သူ့နောက်သို့ လိုက်ပါသည်။
  • يُضِلُّهُ: သူ့ကို လမ်းမှားသို့ ပို့ဆောင်သည်၊ လမ်းလွဲစေသည်။
  • السَّعِيرِ: မီးတောက်မီးလျှံ၊ ငရဲမီး။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ရှိုင်တွာန် (မိစ္ဆာမာရ်) ၏ အခြေအနေကို ဖော်ပြထားပါသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုရှိုင်တွာန်အပေါ်၌ “မည်သူမဆို သူ့ကို မှီခိုအားထားပြီး သူ့နောက်သို့ လိုက်ပါလျှင် သူသည် ထိုသူကို လမ်းမှားသို့ ပို့ဆောင်မည်၊ ပြီးလျှင် ငရဲမီး၏ ပြစ်ဒဏ်သို့ ပို့ဆောင်မည်” ဟု ပြဋ္ဌာန်းသတ်မှတ်ထားတော်မူပါသည်။

ဆိုလိုသည်မှာ ရှိုင်တွာန်သည် လူသားများကို အမှန်တရားလမ်းမှ လွဲစေပြီး မကောင်းမှုနှင့် မိစ္ဆာဒိဋ္ဌိတို့ဖြင့် သွေးဆောင်ကာ ငရဲမီးသို့ ပို့ဆောင်သည့်လမ်းကို ညွှန်ပြသည်။ သူသည် လမ်းမှန်သို့ ပို့ဆောင်သူမဟုတ်ဘဲ လမ်းမှားသို့သာ ပို့ဆောင်သူဖြစ်သည်။ မည်သူမဆို ရှိုင်တွာန်၏ လမ်းညွှန်မှုကို လိုက်နာပါက ဤလောကတွင်ရော နောင်လောကတွင်ပါ ဆုံးရှုံးမှုနှင့် ပြစ်ဒဏ်ကို ခံစားရမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်သာသနာကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် လူသားများအား ရှိုင်တွာန်၏ လမ်းကို ရှင်းလင်းစွာ သတိပေးထားတော်မူသည်။ ဤသည်က အရှင်မြတ်၏ ကြီးမားသော ကရုဏာတော်ကို ဖော်ပြသည်။
  • ရှိုင်တွာန်ကို မှီခိုအားထားခြင်းသည် လမ်းမှားသို့ ပို့ဆောင်ပြီး ငရဲမီးသို့ ရောက်စေသည်။ ထို့ကြောင့် မွတ်စ်လင်မ်များသည် ရှိုင်တွာန်၏ လှည့်ဖြားမှုများမှ ဝေးဝေးရှောင်ကြရမည်။
  • အစ္စလာမ်သာသနာသည် လူသားများအား လမ်းမှန်သို့ ပို့ဆောင်ပေးသော သာသနာဖြစ်သည်။ ကုရ်အာန်သည် လမ်းညွှန်စာအုပ်ဖြစ်ပြီး လူသားများကို ငရဲမီးမှ ကယ်တင်ရန် သွန်သင်ပေးသည်။
  • ဤအာယသ်တော်ကို ဖတ်ရှုခြင်းဖြင့် မွတ်စ်လင်မ်များသည် အလ္လာဟ်အရှင်မြတ်နှင့် ကုရ်အာန်ကို ပိုမိုချစ်မြတ်နိုးလာပြီး ရှိုင်တွာန်၏ လမ်းကို စွန့်လွှတ်ကာ လမ်းမှန်သို့ လျှောက်လှမ်းရန် စိတ်အားထက်သန်လာမည


📜 အာယာသ် 2-6 — စူရာ အလ်-ဟဂ်ျ

2يَوْمَ تَرَوْنَهَا تَذْهَلُ كُلُّ مُرْضِعَةٍ عَمَّا أَرْضَعَتْ وَتَضَعُ كُلُّ ذَاتِ حَمْلٍ حَمْلَهَا وَتَرَى النَّاسَ سُكَارَىٰ وَمَا هُم بِسُكَارَىٰ وَلَٰكِنَّ عَذَابَ اللَّهِ شَدِيدٌ
ယင်းမြေငလျင်လှုပ်ခြင်းကို အသင်တို့ တွေ့မြင်ကြသောနေ့တွင် နို့တိုက်သောမိခင်တိုင်းသည် မိမိနို့တိုက်လျက်ရှိသော ကလေးကို (လုံးဝ) မေ့လျော့၍ သွားပေမည်။ ၎င်းပြင် သန္ဓေရှိသူတိုင်းသည်လည်း (ကြောက်ရွံ့ထိတ်လန့်ကာ) မိမိ၌ရှိသောသန္ဓေလျှောကျပေမည်။ ထိုမှတစ်ပါး အသင်သည် လူတို့အား မူးယစ်တွေဝေမိန်းမောနေသူများအဖြစ် တွေ့မြင်ပေမည်။ စင်စစ်၎င်းတို့သည် မူးယစ်တွေဝေမိန်းမောနေသူများ(အလျင်း)မဟုတ် သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကား ပြင်းထန်လှပေသတည်း။
3وَمِنَ النَّاسِ مَن يُجَادِلُ فِي اللَّهِ بِغَيْرِ عِلْمٍ وَيَتَّبِعُ كُلَّ شَيْطَانٍ مَّرِيدٍ
စင်စစ် လူတို့အနက် အကြင်သို့သောသူလည်းရှိ၏။ ထိုသူသည် အသိပညာမရှိဘဲလျက် အလ္လာဟ် အရှင်မြတ်နှင့်ပတ်သက်၍ အငြင်းအခုံပြုသည်။ ၎င်းပြင် ထိုသူသည်ဆိုးသွမ်း ပုန်ကန်သော "ရှိုင်တွာန်" မိစ္ဆာကောင် အသီးသီး၏နောက်သို့လိုက်သည်။
4كُتِبَ عَلَيْهِ أَنَّهُ مَن تَوَلَّاهُ فَأَنَّهُ يُضِلُّهُ وَيَهْدِيهِ إِلَىٰ عَذَابِ السَّعِيرِ
(အမှန်သော်ကား) ထို "ရှိုင်တွာန်" မိစ္ဆာကောင်နှင့်ပတ်သက်၍ စီရင်ပြဋ္ဌာန်းပြီးဖြစ်သည်မှာ မည်သူမဆို ယင်း"ရှိုင်တွာန်" မိစ္ဆာကောင်အား အဆွေခင်ပွန်း ပြုလုပ်ခဲ့မူ ယင်း"ရှိုင်တွာန်" မိစ္ဆာကောင်သည် ထိုသူအားလမ်းမှားစေခြင်းကိုလည်းကောင်း၊ ထိုသူအား အလျှံ ပြောင်ပြောင် တောက်လောင်သောငရဲမီး၏ ပြစ်ဒဏ်သို့ လမ်းညွှန်ခြင်းကိုလည်းကောင်း၊ဧကန်မလွဲ ပြုလုပ်မည်ဖြစ်သည်ဟု စီရင်ပြဋ္ဌာန်းပြီး ဖြစ်ချေသတည်း။
5يَا أَيُّهَا النَّاسُ إِن كُنتُمْ فِي رَيْبٍ مِّنَ الْبَعْثِ فَإِنَّا خَلَقْنَاكُم مِّن تُرَابٍ ثُمَّ مِن نُّطْفَةٍ ثُمَّ مِنْ عَلَقَةٍ ثُمَّ مِن مُّضْغَةٍ مُّخَلَّقَةٍ وَغَيْرِ مُخَلَّقَةٍ لِّنُبَيِّنَ لَكُمْ ۚ وَنُقِرُّ فِي الْأَرْحَامِ مَا نَشَاءُ إِلَىٰ أَجَلٍ مُّسَمًّى ثُمَّ نُخْرِجُكُمْ طِفْلًا ثُمَّ لِتَبْلُغُوا أَشُدَّكُمْ ۖ وَمِنكُم مَّن يُتَوَفَّىٰ وَمِنكُم مَّن يُرَدُّ إِلَىٰ أَرْذَلِ الْعُمُرِ لِكَيْلَا يَعْلَمَ مِن بَعْدِ عِلْمٍ شَيْئًا ۚ وَتَرَى الْأَرْضَ هَامِدَةً فَإِذَا أَنزَلْنَا عَلَيْهَا الْمَاءَ اهْتَزَّتْ وَرَبَتْ وَأَنبَتَتْ مِن كُلِّ زَوْجٍ بَهِيجٍ
အို-လူခပ်သိမ်းတို့၊ အကယ်၍ အသင်တို့သည်ရှင်ပြန်ထခြင်းနှင့်စပ်လျဉ်း၍ ဒွိဟသံသယ ဖြစ်နေကြပါလျှင်(အသင်တို့သည် မိမိတို့နှင့် မိမိတို့၏ ပတ်ဝန်းကျင်ကို လေးနက်စွာ စဉ်းစား၍ ကြည့်ကြလေကုန်)။ ဧကန်အမှန် ငါအရှင်မြတ်သည် အသင်တို့ရှေ့ဝယ် (မိမိတန်ခိုးတော်ကို) ထင်ရှားစေခြင်းငှာ အသင်တို့အား (ပထမသော်)မြေကြီးဖြင့်လည်းကောင်း၊ ထို့နောက် သုတ်ရည်ဖြင့်လည်းကောင်း၊ ထို့နောက် သွေးခဲဖြင့်လည်းကောင်း၊ ထို့နောက် အင်္ဂါစုံလင်ပုံကျသော အသားတုံးဖြင့်လည်းကောင်း၊ အင်္ဂါမစုံ ပုံမကျသော အသားတုံးဖြင့်လည်းကောင်း၊(အဆင့်ဆင့်) ဖန်ဆင်းတော်မူခဲ့၏။၎င်းပြင် ငါအရှင်မြတ်သည်သားအိမ်များတွင် မိမိအလိုရှိတော်မူသည်ကို (သုတ်ရည်ကို)သတ်မှတ် ပိုင်းခြားအပ်သော အချိန်ကာလတိုင်အောင် တည်စေတော်မူပြီးနောက် အသင်တို့အား (အမိဝမ်းတွင်းမှ အပြင်သို့နို့စို့အရွယ်)ကလေးသူငယ်အဖြစ် ထွက်စေ တော်မူ၏။ ထို့နောက် အသင်တို့သည် မိမိတို့၏ လူလားမြောက်သောအရွယ်သို့ ရောက်ရှိနိုင်ကြရန်(ငါအရှင်မြတ်သည် မွေးမြူတော်မူပြန်၏။) ၎င်းပြင် အသင်တို့အနက် (အရွယ်မရောက် လူလားမမြောက်မီပင်) အသက်သေဆုံးရသူလည်းရှိ၏။ ထိုနည်းတူစွာအသင်တို့တွင် အယုတ်ညံ့ဆုံးသော အသက်အရွယ်သို့ပြန်ရောက်ရသော သူများလည်းရှိ၏။ ထို့ကြောင့် ၄င်းသည် (အရာရာကို) သိရှိပြီးနောက်သော်မှပင် မည်သည့်တစ်စုံတစ်ရာကိုမျှ မသိနိုင်တော့ချေ။ ထိုမှတစ်ပါး အသင်သည် ပထဝီမြေကို သွေ့ခြောက်လျက် တွေ့မြင်လေသည်။တစ်ဖန် ငါအရှင်မြတ်သည် ယင်းပထဝီမြေပေါ်ဝယ် (မိုး)ရေကို(ရွာသွန်း၍) ကျစေတော်မူသောအခါ ယင်းမြေ(မှ သစ်ပင်ဝါးပင်များ) ပေါက်ရောက် လှုပ်ရှားလာလေသည်။ ထို့ပြင် တိုးတက်မြင့်မားလာလေသည်။ ထို့ပြင် အထူးနှစ်မြို့ဖွယ်ဖြစ်သော(သစ်သီးသစ်ဥ ကောက်ပဲ သီးနှံ) အမျိုးအစား အသီးသီးတို့ကိုပေါက်ရောက်စေလေသည်။
6ذَٰلِكَ بِأَنَّ اللَّهَ هُوَ الْحَقُّ وَأَنَّهُ يُحْيِي الْمَوْتَىٰ وَأَنَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ဤသည်တို့ ဖြစ်ရခြင်းအကြောင်းကား ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် အမှန်တည်ရှိတော်မူသောအရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း၊ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင် သေသူအပေါင်းကို ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း၊ မလွဲဧကန် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း ဖြစ်ချေသည်။
အလ်-ဟဂ်ျကုရ်အာန် ညွှန်းကိန်း
78အာယာသ်
MedinanRevelation
4အာယာသ်

ဘာသာပြန် — အလ်-ဟဂ်ျ 4

စူရာ အလ်-ဟဂ်ျ အာယာသ် 4 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အမှန်သော်ကား) ထို "ရှိုင်တွာန်" မိစ္ဆာကောင်နှင့်ပတ်သက်၍ စီရင်ပြဋ္ဌာန်းပြီးဖြစ်သည်မှာ မည်သူမဆို ယင်း"ရှိုင်တွာန်" မိစ္ဆာကောင်အား အဆွေခင်ပွန်း ပြုလုပ်ခဲ့မူ…

စူရာ အာယာသ် 4/78 — စူရာ အလ်-ဟဂ်ျ الحج (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဂ်ျ နားထောင်, စူရာ အလ်-ဟဂ်ျ ဘာသာပြန်, စူရာ အလ်-ဟဂ်ျ mp3, စူရာ အလ်-ဟဂ်ျ pdf. အာယာသ် 2–6. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers