وَأَلْقِ عَصَاكَ ۚ فَلَمَّا رَآهَا تَهْتَزُّ كَأَنَّهَا جَانٌّ وَلَّىٰ مُدْبِرًا وَلَمْ يُعَقِّبْ ۚ يَا مُوسَىٰ لَا تَخَفْ إِنِّي لَا يَخَافُ لَدَيَّ الْمُرْسَلُونَ ١٠
🔤 Transliteration
Wa alqi `asaak; falammmaa ra aahaa tahtazzu ka annahaa jaaannunw wallaa mudbiranw wa lam yu`aqqib; yaa Moosaa laa takhaf innee laa yakhaafu ladaiyal mursaloon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် အသင်သည် မိမိတောင်ဝှေးကို(မြေကြီးပေါ်သို့)ပစ်ချပါလေ။ ထို့နောက် ထိုမူစာသည် (ယင်းတောင်ဝှေးကို အမိန့်တော်အတိုင်း ပစ်ချခဲ့ရာ) ထိုတောင်ဝှေးမှာ မြွေကဲ့သို့ တွန့်လိမ်လှုပ်ရှားလျက်ရှိသည်ကို တွေ့မြင်သောအခါ နောက်သို့ပြန်၍မကြည့်ဘဲ ကျောခိုင်း၍ လှည့်ထွက်သွားခဲ့လေ၏။ (ထိုအခါ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူခဲ့၏၊)အို-မူစာ၊ အသင်သည် မကြောက်ပါလေနှင့်။ ဧကန်မလွဲ ငါအရှင်မြတ်အထံတော်တွင် ရစူလ်တမန်တော်တို့သည် ကြောက်ရွံ့လေ့မရှိကြချေ။
🌐 Additional reference in ภาษาไทย
ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အနက်အဓိပ္ပာယ်ရှင်းလင်းချက် အဓိပ္ပာယ်ရှင်းလင်းရန် လိုအပ်သော စကားလုံးများ وَأَلْقِ عَصَاكَ (ဝအလ်ကိ အာဆာက) — သင်၏တောင်ဝှေးကို ပစ်ချလော့။تَهْتَزُّ (တဟ်တဇ်ဇု) — လှုပ်ရှားနေသည်၊ တုန်ခါနေသည်။جَانٌّ (ဂျာန်) — သေးငယ်လျင်မြန်သော မြွေကဲ့သို့သတ္တဝါ။وَلَّىٰ مُدْبِرًا (ဝလ္လာ မုဒ်ဗိရန်) — နောက်သို့လှည့်၍ ထွက်ပြေးသွားသည်။وَلَمْ يُعَقِّبْ (ဝလမ် ယုအက်ကိဗ်) — ပြန်လည်မလာခဲ့ပါ။الْمُرْسَلُونَ (အလ်မုရ်ဆလူန) — ရစူလ်တမန်တော်များ၊ စေလွှတ်ခြင်းခံရသူများ။ဤအာယသ်တော်၏ အနက်အဓိပ္ပာယ် ရှင်းလင်းချက် တမန်တော်မူဆာ (အလိုင်ဟိစ်စလာမ်) သည် တူရ်တောင်ခြေ၌ မီးတောက်ကို မြင်တော်မူသောအခါ ထိုမီးထံသို့ ချဉ်းကပ်သွားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် သူ့အား ခေါ်တော်မူပြီး ဤနေရာသည် မြင့်မြတ်သော၊ ကောင်းချီးပေးထားသော နေရာဖြစ်ကြောင်း၊ မိမိသည် မူဆာအား စကားပြောဆိုတော်မူသော အရှင်ဖြစ်ကြောင်း အသိပေးတော်မူသည်။ ထို့နောက် အရှင်မြတ်သည် မူဆာအား “သင်၏တောင်ဝှေးကို ပစ်ချလော့” ဟု မိန့်တော်မူသည်။
မူဆာသည် တောင်ဝှေးကို ပစ်ချလိုက်သောအခါ ထိုတောင်ဝှေးသည် သေးငယ်လျင်မြန်သော မြွေကဲ့သို့ လှုပ်ရှားတုန်ခါနေသည်ကို မြင်တော်မူရသည်။ ထိုအခါ သူသည် အလွန်ကြောက်ရွံ့ထိတ်လန့်သွားပြီး နောက်သို့လှည့်၍ ထွက်ပြေးသွားကာ ပြန်လည်မလာခဲ့ပေ။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် သူ့အား စိတ်သက်သာရာရစေရန် “အို မူဆာ၊ မကြောက်ပါနှင့်။ ဧကန်စင်စစ် ငါ့ထံတော်၌ ရစူလ်တမန်တော်များသည် မကြောက်ရွံ့ကြပါ” ဟု မိန့်တော်မူသည်။
ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏တမန်တော်များကို ကာကွယ်စောင့်ရှောက်တော်မူသောကြောင့် သူတို့သည် မည်သည့်အရာကိုမျှ မကြောက်ရွံ့သင့်ပေ။ အရှင်မြတ်သည် သူတို့နှင့်အတူ ရှိတော်မူသောကြောင့် မည်သည့်အန္တရာယ်မှ သူတို့အား မထိခိုက်နိုင်ပါ။ ဤဖြစ်ရပ်သည် တမန်တော်မူဆာအား ခွန်အားနှင့် ယုံကြည်စိတ်ချမှု ပေးအပ်ရန် ဖြစ်သည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ
وَأَلۡقِ عَصَاكَۚ فَلَمَّا رَءَاهَا تَهۡتَزُّ كَأَنَّهَا جَآنٌّ وَلَّىٰ مُدۡبِرًا وَلَمۡ يُعَقِّبۡۚ يَٰمُوسَىٰ لَا تَخَفۡ إِنِّي لَا يَخَافُ لَدَيَّ ٱلۡمُرۡسَلُونَ ١٠
၎င်းပြင် အသင်သည် မိမိတောင်ဝှေးကို(မြေကြီးပေါ်သို့)ပစ်ချပါလေ။ ထို့နောက် ထိုမူစာသည် (ယင်းတောင်ဝှေးကို အမိန့်တော်အတိုင်း ပစ်ချခဲ့ရာ) ထိုတောင်ဝှေးမှာ မြွေကဲ့သို့ တွန့်လိမ်လှုပ်ရှားလျက်ရှိသည်ကို တွေ့မြင်သောအခါ နောက်သို့ပြန်၍မကြည့်ဘဲ ကျောခိုင်း၍ လှည့်ထွက်သွားခဲ့လေ၏။ (ထိုအခါ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူခဲ့၏၊)အို-မူစာ၊ အသင်သည် မကြောက်ပါလေနှင့်။ ဧကန်မလွဲ ငါအရှင်မြတ်အထံတော်တွင် ရစူလ်တမန်တော်တို့သည် ကြောက်ရွံ့လေ့မရှိကြချေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 8-12 — စူရာ အန်-နမ်လ်
8 فَلَمَّا جَاءَهَا نُودِيَ أَن بُورِكَ مَن فِي النَّارِ وَمَنْ حَوْلَهَا وَسُبْحَانَ اللَّهِ رَبِّ الْعَالَمِينَ
ထို့နောက် ထိုမူစာသည် ၎င်းမီးရှိရာသို့ ရောက်ရှိခဲ့လေသော်၊(အို-မူစာ)၊ မီး၌ ရှိသူတို့သည် လည်းကောင်း။ ထိုမီး၏ပတ်ဝန်းကျင်၌ ရှိသူတို့သည်လည်းကောင်း၊ ဗရ်ကသ်ကျက်သရေမင်္ဂလာကို ရရှိကြစေသော်ဝ်။ စင်စစ် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါပေသည်တကားဟူ၍ အသံပေးခြင်းကို ခံခဲ့ရလေသည်။
9 يَا مُوسَىٰ إِنَّهُ أَنَا اللَّهُ الْعَزِيزُ الْحَكِيمُ
အို-မူစာ၊ ငါသည် အလွန်တရာ လွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့် အလွန်တရာ ပြည့်စုံတော်မူသောငါအရှင်မြတ်ပင် ဖြစ်တော်မူ၏။
10 وَأَلْقِ عَصَاكَ ۚ فَلَمَّا رَآهَا تَهْتَزُّ كَأَنَّهَا جَانٌّ وَلَّىٰ مُدْبِرًا وَلَمْ يُعَقِّبْ ۚ يَا مُوسَىٰ لَا تَخَفْ إِنِّي لَا يَخَافُ لَدَيَّ الْمُرْسَلُونَ
၎င်းပြင် အသင်သည် မိမိတောင်ဝှေးကို(မြေကြီးပေါ်သို့)ပစ်ချပါလေ။ ထို့နောက် ထိုမူစာသည် (ယင်းတောင်ဝှေးကို အမိန့်တော်အတိုင်း ပစ်ချခဲ့ရာ) ထိုတောင်ဝှေးမှာ မြွေကဲ့သို့ တွန့်လိမ်လှုပ်ရှားလျက်ရှိသည်ကို တွေ့မြင်သောအခါ နောက်သို့ပြန်၍မကြည့်ဘဲ ကျောခိုင်း၍ လှည့်ထွက်သွားခဲ့လေ၏။ (ထိုအခါ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူခဲ့၏၊)အို-မူစာ၊ အသင်သည် မကြောက်ပါလေနှင့်။ ဧကန်မလွဲ ငါအရှင်မြတ်အထံတော်တွင် ရစူလ်တမန်တော်တို့သည် ကြောက်ရွံ့လေ့မရှိကြချေ။
11 إِلَّا مَن ظَلَمَ ثُمَّ بَدَّلَ حُسْنًا بَعْدَ سُوءٍ فَإِنِّي غَفُورٌ رَّحِيمٌ
သို့ရာတွင် မည်သူမဆို မတရားကျူးလွန်ခဲ့လျှင် တစ်ဖန်ထိုသူသည် မကောင်းမှု၏နောက်တွင် ကောင်းမှုကို ပြောင်းလဲ၍ပြုခဲ့လျှင် မလွဲဧကန် ငါ အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
12 وَأَدْخِلْ يَدَكَ فِي جَيْبِكَ تَخْرُجْ بَيْضَاءَ مِنْ غَيْرِ سُوءٍ ۖ فِي تِسْعِ آيَاتٍ إِلَىٰ فِرْعَوْنَ وَقَوْمِهِ ۚ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ
၎င်းပြင် အသင်သည် မိမိလက်ကို မိမိလက်ကတီးကြားတွင် သွင်းပါလေ။ (ထိုအခါ) ထိုလက်မှာ အပြစ်တစ်စုံတစ်ရာမရှိဘဲ ပကတိ ထွန်းတောက်လျက် ထွက်ပေါ်၍ လာပေမည်။ (ဤသည်)ဖစ်ရ်အောင်န်နှင့်တကွ ၎င်း၏အမျိုးသားတို့နှင့်ယှဉ်ပြိုင်အံ့သောငှာ တန်ခိုးတော်ကိုးပါးတွင် အပါအဝင်ဖြစ်၏။ ဧကန်စင်စစ် ၎င်းတို့မှာ စည်းကမ်းဖောက်ဖျက် ကျူးလွန်ကြသောအမျိုးသားများပင် ဖြစ်ကြပေသည်။
ဘာသာပြန် — အန်-နမ်လ် 10 စူရာ အန်-နမ်လ် အာယာသ် 10 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အသင်သည် မိမိတောင်ဝှေးကို(မြေကြီးပေါ်သို့)ပစ်ချပါလေ။ ထို့နောက် ထိုမူစာသည် (ယင်းတောင်ဝှေးကို အမိန့်တော်အတိုင်း ပစ်ချခဲ့ရာ) ထိုတောင်ဝှေးမှာ မြွေကဲ့သို့…
စူရာ အာယာသ် 10/93 — စူရာ အန်-နမ်လ် النمل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နမ်လ် နားထောင်, စူရာ အန်-နမ်လ် ဘာသာပြန်, စူရာ အန်-နမ်လ် mp3, စူရာ အန်-နမ်လ် pdf. အာယာသ် 8–12. မြန်မာဘာသာ: ภาษาไทย.