إِنَّمَا أُمِرْتُ أَنْ أَعْبُدَ رَبَّ هَٰذِهِ الْبَلْدَةِ الَّذِي حَرَّمَهَا وَلَهُ كُلُّ شَيْءٍ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ الْمُسْلِمِينَ ٩١
🔤 Transliteration
Innamaaa umirtu an a`buda Rabba haazihil baldatil lazee harramahaa wa lahoo kullu shai`inw wa umirtu an akoona minal muslimeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်၊ အသင်သည် ဤသို့ပြောကြားပါလေ)။ ငါသည် ဤ(မက္ကာ)မြို့တော်၏ အရှင်သခင်(အစစ်အမှန်)အား ဆည်းကပ်ကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်းကို ခံရလေသည်။ ထိုအရှင်မြတ်သည် ဤမြို့တော်ကို ထူးမြတ်စေတော်မူခဲ့သည်။ အမှန်မှာ အရာခပ်သိမ်းတို့သည် ထိုအရှင်မြတ် ပိုင်ဆိုင်သောအရာများပင် ဖြစ်ကြကုန်၏။ ၎င်းပြင်ငါသည် ‘မွတ်စ်လင်မ်’ အမိန့်တော်ကို လိုက်နာသူများတွင် အပါအဝင်ဖြစ်ရန် အမိန့်ပေးတော်မူခြင်းလည်းခံရပေသည်။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ အမိရ်သု (أُمِرْتُ ) — ငါ့အား အမိန့်ပေးခြင်းခံရ၏။ဟာဇီဟိလ်ဗလ်ဒဟ် (هَٰذِهِ الْبَلْدَةِ ) — ဤမြို့တော်၊ ဆိုလိုသည်မှာ မက္ကာမြို့တော်။ဟရ်ရမ་ဟာ (حَرَّمَهَا ) — ထိုမြို့ကို ဟရာမ် (မြင့်မြတ်သော၊ လုံခြုံသော) ဖြစ်စေတော်မူ၏။ ထိုမြို့တွင် သွေးထွက်သံယုဂ်မပြုရ၊ မတရားမှုမပြုရ၊ အမဲလိုက်ခြင်းမပြုရ၊ သစ်ပင်ခုတ်ခြင်းမပြုရ။မုစ်လိမ်များ (الْمُسْلِمِينَ ) — အလ္လာဟ်အရှင်မြတ်အား နာခံအပ်နှံသူများ၊ အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာသူများ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အို တမန်တော်မုဟမ္မဒ် (ဆွ)၊ သင်သည် သင့်လူမျိုးများအား ဤသို့ပြောကြားပါလေ — “ကျွန်ုပ်အား အမိန့်ပေးခြင်းခံရသည်မှာ ဤမြို့တော် (မက္ကာမြို့) ၏ အရှင်သခင်အား ကိုးကွယ်ရန်သာဖြစ်သည်။ ထိုအရှင်မြတ်သည် ဤမြို့တော်ကို မြင့်မြတ်လုံခြုံသော ဟရာမ်ဒေသအဖြစ် သတ်မှတ်တော်မူခဲ့သည်။ ထိုမြို့တွင် သွေးထွက်သံယုဂ်ပြုခြင်း၊ မတရားပြုခြင်း၊ အမဲလိုက်ခြင်း၊ သစ်ပင်ခုတ်ခြင်းတို့ကို တားမြစ်တော်မူခဲ့သည်။ စင်စစ် အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူသည်။ ကျွန်ုပ်အား အမိန့်ပေးခြင်းခံရသည်မှာ အရှင်မြတ်အား နာခံအပ်နှံသူများထဲမှ တစ်ဦးဖြစ်ရန်ဖြစ်သည်။”
ဆိုလိုသည်မှာ — တမန်တော်မြတ် (ဆွ) သည် မက္ကာမြို့တော်၏ အရှင်သခင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ရန် အမိန့်ပေးခြင်းခံခဲ့ရသည်။ ထိုအရှင်မြတ်သည် မက္ကာမြို့ကို မြင့်မြတ်သော လုံခြုံရေးဒေသအဖြစ် သတ်မှတ်တော်မူခဲ့ပြီး ထိုဒေသတွင် မတရားမှုများ၊ သွေးထွက်သံယုဂ်များ မပြုလုပ်ရန် တားမြစ်တော်မူခဲ့သည်။ အရာခပ်သိမ်းတို့သည် အရှင်မြတ်၏ ပိုင်ဆိုင်မှုအောက်တွင် ရှိကြသည်။ တမန်တော်မြတ် (ဆွ) အား အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာပြီး အရှင်မြတ်အား နာခံအပ်နှံသူ (မုစ်လိမ်) တစ်ဦးအဖြစ် ရပ်တည်ရန် အမိန့်ပေးခြင်းခံခဲ့ရသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၏ အရှင်သခင်ဖြစ်တော်မူသည်။ မက္ကာမြို့တော်ကို
إِنَّمَآ أُمِرۡتُ أَنۡ أَعۡبُدَ رَبَّ هَٰذِهِ ٱلۡبَلۡدَةِ ٱلَّذِي حَرَّمَهَا وَلَهُۥ كُلُّ شَيۡءٍۖ وَأُمِرۡتُ أَنۡ أَكُونَ مِنَ ٱلۡمُسۡلِمِينَ ٩١
(အို-နဗီတမန်တော်၊ အသင်သည် ဤသို့ပြောကြားပါလေ)။ ငါသည် ဤ(မက္ကာ)မြို့တော်၏ အရှင်သခင်(အစစ်အမှန်)အား ဆည်းကပ်ကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်းကို ခံရလေသည်။ ထိုအရှင်မြတ်သည် ဤမြို့တော်ကို ထူးမြတ်စေတော်မူခဲ့သည်။ အမှန်မှာ အရာခပ်သိမ်းတို့သည် ထိုအရှင်မြတ် ပိုင်ဆိုင်သောအရာများပင် ဖြစ်ကြကုန်၏။ ၎င်းပြင်ငါသည် ‘မွတ်စ်လင်မ်’ အမိန့်တော်ကို လိုက်နာသူများတွင် အပါအဝင်ဖြစ်ရန် အမိန့်ပေးတော်မူခြင်းလည်းခံရပေသည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 89-93 — စူရာ အန်-နမ်လ်
89 مَن جَاءَ بِالْحَسَنَةِ فَلَهُ خَيْرٌ مِّنْهَا وَهُم مِّن فَزَعٍ يَوْمَئِذٍ آمِنُونَ
မည်သူမဆို ကောင်းမှု(အီမာန်သက်ဝင်ယုံကြည်မှု)နှင့်တကွလာခဲ့ပါမူ ထိုသူ၏အဖို့ ထိုထက်ကောင်းမြတ် အကျိုးကျေးဇူးရှိသည့်ပြင် ၎င်းတို့သည်(ကြီးကျယ်သော)ထိတ်လန့်ခြင်းမှလည်း ကင်းလွတ်သူများပင် ဖြစ်ကြပေမည်။
90 وَمَن جَاءَ بِالسَّيِّئَةِ فَكُبَّتْ وُجُوهُهُمْ فِي النَّارِ هَلْ تُجْزَوْنَ إِلَّا مَا كُنتُمْ تَعْمَلُونَ
သို့ရာတွင် မည်သူမဆို ဒုစရိုက် ‘ကုဖ်ရ်’သွေဖည်ငြင်းပယ်မှုနှင့်တကွ ရောက်ရှိလာခဲ့မူ၊ ထိုသူတို့သည် မျက်နှာမှောက်စေလျက် မီးထဲသို့ ပစ်ချခြင်းကို ခံကြရပေမည်။ (ထို့ပြင်)အသင်တို့သည် မိမိတို့ကျင့်မူလျက် ရှိခဲ့ကြသော အပြုအမူများ၏ အစားပေးခြင်းကို ခံကြရခြင်းသာလျှင် ဖြစ်သည်ဟု(ပြောဆိုခြင်းကို ခံကြရကုန်အံ့သတည်း)။
91 إِنَّمَا أُمِرْتُ أَنْ أَعْبُدَ رَبَّ هَٰذِهِ الْبَلْدَةِ الَّذِي حَرَّمَهَا وَلَهُ كُلُّ شَيْءٍ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ الْمُسْلِمِينَ
(အို-နဗီတမန်တော်၊ အသင်သည် ဤသို့ပြောကြားပါလေ)။ ငါသည် ဤ(မက္ကာ)မြို့တော်၏ အရှင်သခင်(အစစ်အမှန်)အား ဆည်းကပ်ကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်းကို ခံရလေသည်။ ထိုအရှင်မြတ်သည် ဤမြို့တော်ကို ထူးမြတ်စေတော်မူခဲ့သည်။ အမှန်မှာ အရာခပ်သိမ်းတို့သည် ထိုအရှင်မြတ် ပိုင်ဆိုင်သောအရာများပင် ဖြစ်ကြကုန်၏။ ၎င်းပြင်ငါသည် ‘မွတ်စ်လင်မ်’ အမိန့်တော်ကို လိုက်နာသူများတွင် အပါအဝင်ဖြစ်ရန် အမိန့်ပေးတော်မူခြင်းလည်းခံရပေသည်။
92 وَأَنْ أَتْلُوَ الْقُرْآنَ ۖ فَمَنِ اهْتَدَىٰ فَإِنَّمَا يَهْتَدِي لِنَفْسِهِ ۖ وَمَن ضَلَّ فَقُلْ إِنَّمَا أَنَا مِنَ الْمُنذِرِينَ
ထိုမှတစ်ပါး ငါသည် ကုရ်အာန်ကျမ်းတော်မြတ်ကို(အသင်တို့ရှေ့ဝယ် အစ္စလာမ်သာသနာတော်သို့ ဖိတ်ခေါ်သောသူအနေနှင့်)ဖတ်ကြားရန်(အမိန့်ပေးတော်မူခြင်းကိုလည်း ခံရလေသည်)။ သို့ဖြစ်ပေရာ မည်သူမဆို တရားလမ်းမှန်ကို ရရှိခဲ့ပါလျှင် ထိုသူသည် မိမိအဖို့သာလျှင် တရားလမ်းမှန်ကို ရရှိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မည်သူမဆို လမ်းလွဲလျက်နေခဲ့မူ ငါသည် သတိပေးနှိုးဆော်သူ တစ်ဦးသာလျှင် ဖြစ်ပေသည်။
93 وَقُلِ الْحَمْدُ لِلَّهِ سَيُرِيكُمْ آيَاتِهِ فَتَعْرِفُونَهَا ۚ وَمَا رَبُّكَ بِغَافِلٍ عَمَّا تَعْمَلُونَ
ထိုမှတစ်ပါး (အို-နဗီတမန်တော်၊) အသင်သည်(ဤသို့လည်း) ပြောကြားပါလေ။ ချီးမွမ်းထောပနာအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။ ထိုအရှင်မြတ်သည် အသင်တို့အား မကြာမြင့်မီပင် မိမိ၏ သက်သေလက္ခဏာတော်များကို ပြသတော်မူပေမည်။ ထိုအခါအသင်တို့သည် ယင်းသက်သေ လက္ခဏာတော်များကို သိရှိကြပေမည်။ စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက် ရှိကြကုန်သော အကျင့်အမူတို့ကို မသိတော်မူသောအရှင် မဟုတ်ပေတကား။
ဘာသာပြန် — အန်-နမ်လ် 91 စူရာ အန်-နမ်လ် အာယာသ် 91 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်၊ အသင်သည် ဤသို့ပြောကြားပါလေ)။ ငါသည် ဤ(မက္ကာ)မြို့တော်၏ အရှင်သခင်(အစစ်အမှန်)အား ဆည်းကပ်ကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်းကို ခံရလေသည်။ ထိုအရှင်မြတ်သည်…
စူရာ အာယာသ် 91/93 — စူရာ အန်-နမ်လ် النمل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နမ်လ် နားထောင်, စူရာ အန်-နမ်လ် ဘာသာပြန်, စူရာ အန်-နမ်လ် mp3, စူရာ အန်-နမ်လ် pdf. အာယာသ် 89–93. မြန်မာဘာသာ: ภาษาไทย.