အလ်-အန်ကာဘူတ် · 39/69
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ကာဘူတ်
وَقَارُونَ وَفِرْعَوْنَ وَهَامَانَ ۖ وَلَقَدْ جَاءَهُم مُّوسَىٰ بِالْبَيِّنَاتِ فَاسْتَكْبَرُوا فِي الْأَرْضِ وَمَا كَانُوا سَابِقِينَ ۝٣٩
Wa Qaaroona wa Fir`awna wa haamaana wa laqad jaaa`ahum Moosa bilbaiyinaati fastakbaroo fil ardi wa maa kaanoo saabiqeen
📖 မြန်မာဘာသာ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ‘ကာရူန်’အားလည်းကောင်း၊ ‘ဖစ်ရ်အောင်န်’ အားလည်းကောင်း၊’ဟာမာန်’ အားလည်းကောင်း၊ (ဖျက်ဆီးတော်မူခဲ့၏၊) ထိုမှတစ်ပါး မုချဧကန် ‘မူစာ’ သည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာတော်များနှင့်တကွ ရောက်ရှိ၍လာခဲ့ပေသည်။သို့ရာတွင် ၎င်းတို့မှာ တိုင်းပြည်၌ မောက်မာဆိုးသွမ်းခဲ့ကြကုန်၏။ အမှန်မှာ ၎င်းတို့သည် (ငါအရှင်မြတ်၏ပြစ်ဒဏ်မှ)လွတ်မြောက် သွားနိုင်ကြသူများ မဖြစ်ခဲ့ကြချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 37-41 — စူရာ အလ်-အန်ကာဘူတ်

37فَكَذَّبُوهُ فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ
သို့ရာတွင် ၎င်းတို့သည် ထို’ရှုအိုက်ဗ်’အားမဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ မြေငလျင်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်ခဲ့လေရာ၊ ၎င်းတို့မှာ မိမိတို့နေအိမ်များ၌ မှောက်လျက်လဲနေသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
38وَعَادًا وَثَمُودَ وَقَد تَّبَيَّنَ لَكُم مِّن مَّسَاكِنِهِمْ ۖ وَزَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَصَدَّهُمْ عَنِ السَّبِيلِ وَكَانُوا مُسْتَبْصِرِينَ
ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) ‘အာဒ်’ အမျိုးသားတို့အားလည်းကောင်း၊ ‘ဆမူဒ်’ အမျိုးသားတို့အားလည်းကောင်း၊ (ကွပ်မျက်ဖျက်ဆီးတော်မူခဲ့၏၊) ထို့ပြင် မချွတ်မလွဲ(၎င်းတို့ကွပ်မျက်ခြင်းခံခဲ့ရသည်မှာ) အသင်တို့အဖို့ ၎င်းတို့၏နေအိမ်များကို (ကြည့်ရှုလေ့လာခြင်း)ဖြင့် ထင်ရှားခဲ့လေပြီ။စင်စစ်သော်ကား ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့၏လုပ်ကိုင် ဆောင်ရွက်ချက်များကို ၎င်းတို့၏အမြင်၌ တင့်တယ်လှပအောင် ပြုလုပ်ပြီးလျှင် ၎င်းတို့အား (မှန်ကန်သောတရား)လမ်းမှ တားဆီးပိတ်ပင်ခဲ့လေ၏။ စင်စစ် ၎င်းတို့မှာ အသိအမြင်ရှိသောသူများပင် ဖြစ်ခဲ့ကြကုန်၏။
39وَقَارُونَ وَفِرْعَوْنَ وَهَامَانَ ۖ وَلَقَدْ جَاءَهُم مُّوسَىٰ بِالْبَيِّنَاتِ فَاسْتَكْبَرُوا فِي الْأَرْضِ وَمَا كَانُوا سَابِقِينَ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ‘ကာရူန်’အားလည်းကောင်း၊ ‘ဖစ်ရ်အောင်န်’ အားလည်းကောင်း၊’ဟာမာန်’ အားလည်းကောင်း၊ (ဖျက်ဆီးတော်မူခဲ့၏၊) ထိုမှတစ်ပါး မုချဧကန် ‘မူစာ’ သည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာတော်များနှင့်တကွ ရောက်ရှိ၍လာခဲ့ပေသည်။သို့ရာတွင် ၎င်းတို့မှာ တိုင်းပြည်၌ မောက်မာဆိုးသွမ်းခဲ့ကြကုန်၏။ အမှန်မှာ ၎င်းတို့သည် (ငါအရှင်မြတ်၏ပြစ်ဒဏ်မှ)လွတ်မြောက် သွားနိုင်ကြသူများ မဖြစ်ခဲ့ကြချေ။
40فَكُلًّا أَخَذْنَا بِذَنبِهِ ۖ فَمِنْهُم مَّنْ أَرْسَلْنَا عَلَيْهِ حَاصِبًا وَمِنْهُم مَّنْ أَخَذَتْهُ الصَّيْحَةُ وَمِنْهُم مَّنْ خَسَفْنَا بِهِ الْأَرْضَ وَمِنْهُم مَّنْ أَغْرَقْنَا ۚ وَمَا كَانَ اللَّهُ لِيَظْلِمَهُمْ وَلَٰكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (၎င်းတို့အနက်) အသီးသီးအား ၎င်း၏ပြစ်မှုကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ငါအရှင်မြတ်သည် ၎င်းတို့အနက် အချို့၏အပေါ်၌ ကျောက်ခဲများပါရှိသော လေပြင်းမုန်တိုင်းကို စေလွှတ်တော်မူခဲ့၏။ ထိုနည်းတူစွာ ၎င်းတို့အနက်အချို့ကို ကျယ်လောင်ပြင်းထန်လှသောအသံသည် ဖမ်းဆီးကွပ်မျက်ခဲ့လေ၏။ ထို့ပြင်၎င်းတို့အနက် အချို့ကို ငါအရှင်မြတ်သည် မြေမျိုစေတော်မူခဲ့၏။ ထိုမှတစ်ပါး ၎င်းတို့အနက် အချို့ကိုမူကား ငါအရှင်မြတ်သည် ရေနစ်စေတော်မူခဲ့၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မတရားနှိပ်စက်တော်မူခဲ့ သည်မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့ကိုယ်ကိုနှိပ်စက် ညှဉ်းပန်းလျက် ရှိခဲ့ကြကုန်သတည်း။
41مَثَلُ الَّذِينَ اتَّخَذُوا مِن دُونِ اللَّهِ أَوْلِيَاءَ كَمَثَلِ الْعَنكَبُوتِ اتَّخَذَتْ بَيْتًا ۖ وَإِنَّ أَوْهَنَ الْبُيُوتِ لَبَيْتُ الْعَنكَبُوتِ ۖ لَوْ كَانُوا يَعْلَمُونَ
အလ္လာဟ်အရှင်မြတ်အားစွန့်၍ အခြားတစ်စုံတစ်ရာကို (မိမိတို့၏) ကိစ္စအဝဝကို ပြီးစီးအောင် ပြုလုပ်ဆောင်ရွက်ပေးသူများဟု ရွေးချယ်ပြုလုပ်ကြ ကုန်သောသူတို့၏ ဥပမာကား၊ ပင့်ကူ၏ဥပမာ အလားတူ၏။ ထိုပင့်ကူမှာ အိမ်တစ်ခုကိုပြုလုပ်၏။ သို့ရာတွင် ဧကန်မလွဲ နုန့်နဲ့ဆုံး(အားအနည်းဆုံး) သောအိမ်မှာ ပင့်ကူ၏အိမ်ပင်ဖြစ်ကြောင်း၊၎င်းတို့ သိရှိကြလျှင် ကောင်းလေစွ။
အလ်-အန်ကာဘူတ်ကုရ်အာန် ညွှန်းကိန်း
69အာယာသ်
MeccanRevelation
39အာယာသ်

ဘာသာပြန် — အလ်-အန်ကာဘူတ် 39

စူရာ အလ်-အန်ကာဘူတ် အာယာသ် 39 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ‘ကာရူန်’အားလည်းကောင်း၊ ‘ဖစ်ရ်အောင်န်’ အားလည်းကောင်း၊’ဟာမာန်’ အားလည်းကောင်း၊ (ဖျက်ဆီးတော်မူခဲ့၏၊) ထိုမှတစ်ပါး မုချဧကန် ‘မူစာ’…

စူရာ အာယာသ် 39/69 — စူရာ အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ကာဘူတ် နားထောင်, စူရာ အလ်-အန်ကာဘူတ် ဘာသာပြန်, စူရာ အလ်-အန်ကာဘူတ် mp3, စူရာ အလ်-အန်ကာဘူတ် pdf. အာယာသ် 37–41. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers