အာလ်-အိမရာန် · 182/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ اللَّهَ لَيْسَ بِظَلَّامٍ لِّلْعَبِيدِ ۝١٨٢
Zaalika bimaa qaddamat aideekum wa annal laaha laisa bizallaamil lil`abeed
📖 မြန်မာဘာသာ
ဤ(ကဲ့သို့ ပြစ်ဒဏ်ခံကြရမည်မှာ)ကား အသင်တို့ (ကိုယ်တိုင်) မိမိတို့လက်များဖြင့် ကြိုတင် ပို့နှင့်ပြီးဖြစ်သောအကုသိုလ် ဒုစရိုက်များကြောင့်ပင်တည်း။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကျွန်များအပေါ် မတရားဖိစီးညှဉ်းပန်း နှိပ်စက်တော်မူသော အရှင်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 180-184 — စူရာ အာလ်-အိမရာန်

180وَلَا يَحْسَبَنَّ الَّذِينَ يَبْخَلُونَ بِمَا آتَاهُمُ اللَّهُ مِن فَضْلِهِ هُوَ خَيْرًا لَّهُم ۖ بَلْ هُوَ شَرٌّ لَّهُمْ ۖ سَيُطَوَّقُونَ مَا بَخِلُوا بِهِ يَوْمَ الْقِيَامَةِ ۗ وَلِلَّهِ مِيرَاثُ السَّمَاوَاتِ وَالْأَرْضِ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိကျေးဇူးတော်ဖြင့် ရက်ရောစွာ ပေးသနားတော်မူသော ဥစ္စာပစ္စည်းနှင့်စပ်လျဉ်း၍ စစ်စီစေးနဲကြကုန်သောသူတို့သည် (ယင်းကဲ့သို့)စစ်စီစေးနဲခြင်းသည် မိမိတို့အဖို့ ကောင်းမြတ်သည်ဟူ၍ မထင်မှတ်ကြရာချေ။ စင်စစ်မူကား (ယင်းကဲ့သို့)စစ်စီစေးနဲခြင်းသည် ထိုသူတို့အဘို့ ဆိုးရွားလှပေသည်။ (အဘယ်ကြောင့်ဟူမူ)ထိုသူတို့သည် မုချ ရှင်ပြန်ထမည့်နေ့တွင် မိမိတို့ စစ်စီစေးနဲ(သိုမှီးစုဆောင်း) ခဲ့ကြကုန်သော ဥစ္စာပစ္စည်းများဖြင့် လည်ပင်း၌ ကွင်းစွပ်ခြင်းကို ခံကြရမည် (ဖြစ်သောကြောင့်တည်း)။အမှန်သော်ကား ကောင်းကင်ဘုံ များ၌လည်းကောင်း၊ ပထဝီမြေပြင်၌လည်းကောင်း၊ ရှိရှိသမျှသော အမွေပစ္စည်းအစုစုတို့သည် အလ္လာဟ်အရှင်မြတ် အဖို့သာဖြစ်သည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ကြားသိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
181لَّقَدْ سَمِعَ اللَّهُ قَوْلَ الَّذِينَ قَالُوا إِنَّ اللَّهَ فَقِيرٌ وَنَحْنُ أَغْنِيَاءُ ۘ سَنَكْتُبُ مَا قَالُوا وَقَتْلَهُمُ الْأَنبِيَاءَ بِغَيْرِ حَقٍّ وَنَقُولُ ذُوقُوا عَذَابَ الْحَرِيقِ
အလ္လာဟ်အရှင်မြတ်သည် အကြင်သူတို့၏ပြောဆိုသောစကားကို ဧကန်စင်စစ် ကြားတော်မူခဲ့လေပြီ။ ထိုသူတို့က အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ ဆင်းရဲတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။ သို့ရာတွင် အကျွန်ုပ်တို့မူကား ပစ္စည်းဥစ္စာကုံလုံကြွယ်ဝပေါများသူများပင် ဖြစ်ကုန်၏ ဟု ပြောဆိုခဲ့ကြလေသည်။ (သို့ပြောဆိုကြသည်ကို ကြားတော်မူသည့်အတိုင်း) ငါအရှင်မြတ်သည် ထိုသူတို့၏ ပြောဆိုချက်နှင့်တကွနဗီတမန်တော်များအား မည်သည့်အခွင့်အလမ်းမျှ မရှိဘဲလျက်(သက်သက်မတရားသဖြင့်) ထိုသူတို့၏ သတ်ဖြတ်ခြင်းကိုပါမုချအမှန် ရေးမှတ်တော်မူအံ့။ တဖန် ငါအရှင်မြတ်သည်(ထိုသူတို့အား ကိယာမတ် ခေါ်ရှင်ပြန်ထမည့်နေ့တွင်) အသင်တို့သည် ဟုန်းဟုန်းတောက်သော ငရဲမီး (တည်းဟူသော)အပြစ်ဒဏ်၏ အရသာကို မြည်းစမ်း ကြလေကုန် ဟု မိန့်ကြားတော်မူလတ္တံ့။
182ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ اللَّهَ لَيْسَ بِظَلَّامٍ لِّلْعَبِيدِ
ဤ(ကဲ့သို့ ပြစ်ဒဏ်ခံကြရမည်မှာ)ကား အသင်တို့ (ကိုယ်တိုင်) မိမိတို့လက်များဖြင့် ကြိုတင် ပို့နှင့်ပြီးဖြစ်သောအကုသိုလ် ဒုစရိုက်များကြောင့်ပင်တည်း။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကျွန်များအပေါ် မတရားဖိစီးညှဉ်းပန်း နှိပ်စက်တော်မူသော အရှင်မဟုတ်ပေ။
183الَّذِينَ قَالُوا إِنَّ اللَّهَ عَهِدَ إِلَيْنَا أَلَّا نُؤْمِنَ لِرَسُولٍ حَتَّىٰ يَأْتِيَنَا بِقُرْبَانٍ تَأْكُلُهُ النَّارُ ۗ قُلْ قَدْ جَاءَكُمْ رُسُلٌ مِّن قَبْلِي بِالْبَيِّنَاتِ وَبِالَّذِي قُلْتُمْ فَلِمَ قَتَلْتُمُوهُمْ إِن كُنتُمْ صَادِقِينَ
(ထိုယဟူဒီများသည် အကြင်သူများပင် ဖြစ်ကြကုန်၏။) ထိုသူတို့က အကျွန်ုပ်တို့သည် မည်သည့်တမန်တော်တပါးကိုမျှ (ကောင်းကင်မှ) မီးစားသော အလှူဝတ္ထုတစ်စုံတစ်ရာကို ထို တမန်တော်သည် အကျွန်ုပ်ထံ မယူဆောင်လာသမျှ ကာလပတ်လုံး မယ�ံကြည်ကြရန် အလ္လာဟ်အရှင်မြတ်က အကျွန်ုပ်တို့အား မုချအမိန့်တော် ချမှတ်ထားတော်မူခဲ့လေသည် ဟု (မဟုတ်မမှန်လုပ်ကြံ) ပြောဆိုကြကုန်သည်။(သို့ဖြစ်၍ အို- နဗီတမန်တော် အသင်သည် ထိုသူတို့အားဟယ်-အချင်းတို့) အသင်တို့သည် အကယ်၍သာ သစ္စာဝါဒီမှန်ကန်စွာ ပြောဆို သူများဖြစ်ကြပါမူ အကျွန်ုပ်၏အလျင်မြောက်မြားစွာသော ရစူလ်တမန်တော်များသည် (အမျိုးမျိုးသော) တန်ခိုးပြာဋိဟာများနှင့်တကွ အသင်တို့ပြောဆိုသောအချက်ကိုပါ ယူဆောင်ကြွရောက်လာခဲ့ချေပြီ။ သို့ဖြစ်ပါလျက်အသင်တို့သည် အဘယ်ကြောင့် ိုရစူလ်တမန်တော်များကိုသတ်ဖြတ်ခဲ့ကြပါသနည်း ဟု ပြောဆိုမေးမြန်းပါလေ။
184فَإِن كَذَّبُوكَ فَقَدْ كُذِّبَ رُسُلٌ مِّن قَبْلِكَ جَاءُوا بِالْبَيِّنَاتِ وَالزُّبُرِ وَالْكِتَابِ الْمُنِيرِ
(အို-နဗီတမန်တော်) အကယ်၍ ထိုသူတို့သည်အသင့်အား မုသားပြောဆိုသူဟူ၍ စွပ်စွဲပြောဆိုကြပါမူ (သို့စွပ်စွဲပြောဆိုခြင်းကား မထူးဆန်းလှပေ။ အကြောင်းဟူမူ) အသင်၏အလျင် ထင်ရှားစွာသော တန်ခိုးပြာဋိဟာ သက်သေသာဓကများကိုလည်းကောင်း၊ ကျမ်းငယ် (အစောင်စောင်)များကိုလည်းကောင်း၊ ထွန်းလင်းတောက်ပသော ကျမ်းကြီးများကိုလည်းကောင်း၊ ယူဆောင်လာခဲ့ကြကုန်သော ရစူလ်တမန်တော်များသည်ပင်လျှင် မုသားပြောဆို သူများဟူ၍ စွပ်စွဲပြောဆိုခြင်းကိုခံခဲ့ကြရလေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
182အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 182

စူရာ အာလ်-အိမရာန် အာယာသ် 182 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤ(ကဲ့သို့ ပြစ်ဒဏ်ခံကြရမည်မှာ)ကား အသင်တို့ (ကိုယ်တိုင်) မိမိတို့လက်များဖြင့် ကြိုတင် ပို့နှင့်ပြီးဖြစ်သောအကုသိုလ် ဒုစရိုက်များကြောင့်ပင်တည်း။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် (မိမိ)…

စူရာ အာယာသ် 182/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 180–184. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers