အာလ်-အိမရာန် · 68/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
إِنَّ أَوْلَى النَّاسِ بِإِبْرَاهِيمَ لَلَّذِينَ اتَّبَعُوهُ وَهَٰذَا النَّبِيُّ وَالَّذِينَ آمَنُوا ۗ وَاللَّهُ وَلِيُّ الْمُؤْمِنِينَ ۝٦٨
Innaa awlan naasi bi Ibraaheema lallazeenat taba `oohu wa haazan nabiyyu wallazeena aamanoo; wallaahu waliyyul mu`mineen
📖 မြန်မာဘာသာ
မုချ တမန်တော် အစ်ဗ်ရာဟီမ်နှင့် အနီးစပ်ဆုံးသော သူတို့သည်ကား အမှန်စင်စစ် ထိုတမန်တော် (အစ်ဗ်ရာဟီမ်၏ ဩဝါဒများ)ကို လိုက်နာသူများသည် လည်းကောင်း၊ဤနဗီတမန်တော် (မုဟမ္မဒ်ဆွာလ္လလာဟု အလိုင်ဟိဝစလာမ်)သည်လည်းကောင်း၊ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကုန်သော(တမန်တော်မုဟမ္မဒ်၏ တပည့် နောက်လိုက်များ)သည်လည်းကောင်း၊ �ြစ်ကြပေသည်။ အလ္လာဟ်အရှင်မြတ်သည်(မှန်ကန်စွာ)ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသော မုအ်မင်န်များကို စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • أَوْلَى النَّاسِ بِإِبْرَاهِيمَ — အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) နှင့် အနီးစပ်ဆုံး၊ ဆက်စပ်ခွင့်အရှိဆုံး၊ ပိုမိုထိုက်တန်ဆုံးသော လူများ။
  • اتَّبَعُوهُ — သူ့ကို လိုက်နာခဲ့ကြသူများ၊ သူ၏ လမ်းစဉ်အတိုင်း လိုက်လျှောက်ခဲ့ကြသူများ။
  • وَهَٰذَا النَّبِيُّ — ဤတမန်တော် (တမန်တော်မုဟမ္မဒ် ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်)။
  • وَلِيُّ الْمُؤْمِنِينَ — မုအ်မင်န်များ၏ ကာကွယ်စောင့်ရှောက်သူ၊ ကူညီထောက်ပံ့သူ၊ မိတ်ဆွေတော်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်တွင် အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) နှင့် အမှန်တကယ် အနီးစပ်ဆုံး၊ ဆက်စပ်ခွင့်အရှိဆုံးသူများသည် မည်သူများဖြစ်သည်ကို ရှင်းလင်းစွာ ဖော်ပြထားပါသည်။ သူတို့သည် အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) ၏ လမ်းစဉ်ကို လိုက်နာခဲ့ကြသူများ၊ သူ၏ ဒီန်သာသနာကို လက်ခံကျင့်သုံးခဲ့ကြသူများ ဖြစ်ကြပါသည်။ ထို့အပြင် ဤတမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်) နှင့် သူ့ကို ယုံကြည်လက်ခံကြသော မုအ်မင်န်များသည်လည်း အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) နှင့် အမှန်တကယ် အနီးစပ်ဆုံးသူများ ဖြစ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ဆည်းကပ်ခြင်း၊ ရုပ်တုများကို စွန့်လွှတ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်များကို လိုက်နာခြင်း ဟူသော တူညီသော အခြေခံမူဝါဒကို လက်ကိုင်ထားကြသောကြောင့် ဖြစ်ပါသည်။ အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) သည် မွတ်စ်လင်မ်တို့၏ ဖခင်ကြီးဖြစ်ပြီး တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်) နှင့် မုအ်မင်န်များသည် သူ၏ လမ်းစဉ်ကို အမွေဆက်ခံသူများ ဖြစ်ကြပါသည်။ ဂျူးများနှင့် ခရစ်ယာန်များသည် အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) နှင့် ဆွေမျိုးတော်စပ်သည်ဟု ပြောဆိုကြသော်လည်း သူ၏ တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်သည့် လမ်းစဉ်ကို မလိုက်နာကြသောကြောင့် သူနှင့် အမှန်တကယ် အနီးစပ်ဆုံးသူများ မဟုတ်ကြပါ။ အလ္လာဟ်အရှင်မြ



📜 အာယာသ် 66-70 — စူရာ အာလ်-အိမရာန်

66هَا أَنتُمْ هَٰؤُلَاءِ حَاجَجْتُمْ فِيمَا لَكُم بِهِ عِلْمٌ فَلِمَ تُحَاجُّونَ فِيمَا لَيْسَ لَكُم بِهِ عِلْمٌ ۚ وَاللَّهُ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ
ဟယ် - အချင်းတို့၊ အသင်တို့သည် အကြငအကြောင်း နှင့်စပ် လျဉ်း၍ အချေအတင် ပြောဆိုခဲ့ကြချေပြီ။(ထိုအကြောင်းနှင့်စပ်လျဉ်း၍) အသင်တို့၌ အနည်းငယ်မျှသာအသိတရားရှိခဲ့၏။ ယခုတဖန် မိမိတို့လုံးဝမသိသောကိစ္စနှင့်စပ်လျဉ်း၍ အဘယ်ကြောင့် အသင်တို့ အချေအတင်ငြင်းခုံပြောဆိုကြပြန်သနည်း။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းကို လုံးဝဥဿုံအလုံးစုံ)သိတော်မူ၏၊ အသင်တို့မူကား (အဘယ်တစ်စုံတစ်ရာကိုမျှအတိအကျ) သိနားမလည်ကြချေ။
67مَا كَانَ إِبْرَاهِيمُ يَهُودِيًّا وَلَا نَصْرَانِيًّا وَلَٰكِن كَانَ حَنِيفًا مُّسْلِمًا وَمَا كَانَ مِنَ الْمُشْرِكِينَ
တမန်တော် အစ်ဗ်ရာဟီမ်သည် ယဟူဒီလည်းမဟုတ်ခဲ့ပေ၊ ခရစ်ယာန်လည်း မဟုတ်ခဲ့ပေ၊ အမှန်စင်စစ်အားဖြင့် ဟနီဖ် ဖြောင့်မတ်မှန်ကန်သော၊ မုစ်လင်မ်အမိန့်တော်နာခံသော ပုဂ္ဂိုလ်မြတ်တစ်ပါးသာလျှင် ဖြစ်ခဲ့ပေသည်။ ထိုတမန်တော် (အစ်ဗ်ရာဟီမ်)သည် မုရှ်ရိက်ဘုရားအများ ကိုးကွယ်သော သူများတွင် အပါအဝင်လည်းမဟုတ်ခဲ့ပေ။
68إِنَّ أَوْلَى النَّاسِ بِإِبْرَاهِيمَ لَلَّذِينَ اتَّبَعُوهُ وَهَٰذَا النَّبِيُّ وَالَّذِينَ آمَنُوا ۗ وَاللَّهُ وَلِيُّ الْمُؤْمِنِينَ
မုချ တမန်တော် အစ်ဗ်ရာဟီမ်နှင့် အနီးစပ်ဆုံးသော သူတို့သည်ကား အမှန်စင်စစ် ထိုတမန်တော် (အစ်ဗ်ရာဟီမ်၏ ဩဝါဒများ)ကို လိုက်နာသူများသည် လည်းကောင်း၊ဤနဗီတမန်တော် (မုဟမ္မဒ်ဆွာလ္လလာဟု အလိုင်ဟိဝစလာမ်)သည်လည်းကောင်း၊ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကုန်သော(တမန်တော်မုဟမ္မဒ်၏ တပည့် နောက်လိုက်များ)သည်လည်းကောင်း၊ �ြစ်ကြပေသည်။ အလ္လာဟ်အရှင်မြတ်သည်(မှန်ကန်စွာ)ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသော မုအ်မင်န်များကို စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။
69وَدَّت طَّائِفَةٌ مِّنْ أَهْلِ الْكِتَابِ لَوْ يُضِلُّونَكُمْ وَمَا يُضِلُّونَ إِلَّا أَنفُسَهُمْ وَمَا يَشْعُرُونَ
ရှေးအထက် ကျမ်းရရှိသူတို့အနက်မှ လူတစ်စုသည် အသင်တို့အား လမ်းမှားစေခြင်းကို အာသာဆန္ဒရှိကြကုန်၏။ အမှန်စင်စစ် ယင်းသူတို့သည် မိမိတို့ကိုယ်မှအပမည်သူတစ်ဦးတစ်ယောက်ကိုမျှ လမ်းမှားသို့ ရောက်စေနိုင်ကြသည်မဟုတ်။ သို့ရာတွင် ယင်းသူတို့သည် (ဤအကြောင်းကို) မသိနားမလည် ကြချေ။
70يَا أَهْلَ الْكِتَابِ لِمَ تَكْفُرُونَ بِآيَاتِ اللَّهِ وَأَنتُمْ تَشْهَدُونَ
အို-အထက်ကျမ်းဂန် ရရှိသူအပေါင်းတို့၊အသင်တို့သည် (မိမိတို့ ယုံကြည်လေးစားကြသော တောင်ရာတ် နှင့် အိန်ဂျီလ် ကျမ်းလာ) အလ္လာဟ်အရှင်မြတ်၏မုက္ခပါဋ္ဌ်တော်များကို အဘယ်ကြောင့် မယုံမကြည် သွေဖည်ငြင်းဆန်ကြ ပါသနည်း။ အမှန်စင်စစ် အသင်တို့သည် မိမိတို့ကိုယ်တိုင် ဝန်ခံပြီး ဖြစ်ကြကုန်၏။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
68အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 68

စူရာ အာလ်-အိမရာန် အာယာသ် 68 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မုချ တမန်တော် အစ်ဗ်ရာဟီမ်နှင့် အနီးစပ်ဆုံးသော သူတို့သည်ကား အမှန်စင်စစ် ထိုတမန်တော် (အစ်ဗ်ရာဟီမ်၏ ဩဝါဒများ)ကို လိုက်နာသူများသည်…

စူရာ အာယာသ် 68/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 66–70. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers