အာလ်-အိမရာန် · 67/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
مَا كَانَ إِبْرَاهِيمُ يَهُودِيًّا وَلَا نَصْرَانِيًّا وَلَٰكِن كَانَ حَنِيفًا مُّسْلِمًا وَمَا كَانَ مِنَ الْمُشْرِكِينَ ۝٦٧
Maa kaana Ibraaheemu Yahoodiyyanw wa laa Nasraa niyyanw wa laakin kaana Haneefam Muslimanw wa maa kaana minal mushrikeen
📖 မြန်မာဘာသာ
တမန်တော် အစ်ဗ်ရာဟီမ်သည် ယဟူဒီလည်းမဟုတ်ခဲ့ပေ၊ ခရစ်ယာန်လည်း မဟုတ်ခဲ့ပေ၊ အမှန်စင်စစ်အားဖြင့် ဟနီဖ် ဖြောင့်မတ်မှန်ကန်သော၊ မုစ်လင်မ်အမိန့်တော်နာခံသော ပုဂ္ဂိုလ်မြတ်တစ်ပါးသာလျှင် ဖြစ်ခဲ့ပေသည်။ ထိုတမန်တော် (အစ်ဗ်ရာဟီမ်)သည် မုရှ်ရိက်ဘုရားအများ ကိုးကွယ်သော သူများတွင် အပါအဝင်လည်းမဟုတ်ခဲ့ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 65-69 — စူရာ အာလ်-အိမရာန်

65يَا أَهْلَ الْكِتَابِ لِمَ تُحَاجُّونَ فِي إِبْرَاهِيمَ وَمَا أُنزِلَتِ التَّوْرَاةُ وَالْإِنجِيلُ إِلَّا مِن بَعْدِهِ ۚ أَفَلَا تَعْقِلُونَ
အို-ရှေးအထက် ကျမ်းဂန်များကို ရရှိသူအပေါင်းတို့၊ အသင်တို့သည် တမန်တော် အစ်ဗ်ရာဟီမ် နှင့်ပတ်သက်၍ (ထိုတမန်တော်သည်ယဟူဒီဖြစ်သည်ဟူ၍လည်းကောင်း၊ ခရစ်ယာန်ဖြစ်သည်ဟူ၍လည်းကောင်း) အဘယ်ကြောင့် အချေအတင် ပြောဆိုငြင်းခုံကြသနည်း။ အမှန်စင်စစ်တောင်ရာတ် နှင့် အီန်ဂျီလ် ကျမ်းများသည် ထိုတမန်တော်အစ်ဗ်ရာဟီမ်၏နောက် (အတန်ကြာမှပင်) ကျရောက်လာသောကျမ်းဂန်များဖြစ်၏။ (ယဟူဒီနှင့်ခရစ်ယာန်ဘာသာ အယူဝါဒများသည် ထိုကျမ်းဂန်များကျရောက်ပြီးနောက်တွင်မှဖြစ်ပေါ်လာသောဘာသာ အယူဝါဒများသာ ဖြစ်ပေရာ တမန်တော် အစ်ဗ်ရာဟီမ်သည် အဘယ်သို့လျှင် ယဟူဒီ၊ သို့မဟုတ်ခရစ်ယာန်ဘာသာဝင် ဖြစ်နိုင်အံ့နည်း၊ ဤမျှ ထင်ရှားသောစကားကိုပင်) အသင်တို့ မသိမမြင် မဆင်ခြင်ကြပါသလော။
66هَا أَنتُمْ هَٰؤُلَاءِ حَاجَجْتُمْ فِيمَا لَكُم بِهِ عِلْمٌ فَلِمَ تُحَاجُّونَ فِيمَا لَيْسَ لَكُم بِهِ عِلْمٌ ۚ وَاللَّهُ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ
ဟယ် - အချင်းတို့၊ အသင်တို့သည် အကြငအကြောင်း နှင့်စပ် လျဉ်း၍ အချေအတင် ပြောဆိုခဲ့ကြချေပြီ။(ထိုအကြောင်းနှင့်စပ်လျဉ်း၍) အသင်တို့၌ အနည်းငယ်မျှသာအသိတရားရှိခဲ့၏။ ယခုတဖန် မိမိတို့လုံးဝမသိသောကိစ္စနှင့်စပ်လျဉ်း၍ အဘယ်ကြောင့် အသင်တို့ အချေအတင်ငြင်းခုံပြောဆိုကြပြန်သနည်း။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းကို လုံးဝဥဿုံအလုံးစုံ)သိတော်မူ၏၊ အသင်တို့မူကား (အဘယ်တစ်စုံတစ်ရာကိုမျှအတိအကျ) သိနားမလည်ကြချေ။
67مَا كَانَ إِبْرَاهِيمُ يَهُودِيًّا وَلَا نَصْرَانِيًّا وَلَٰكِن كَانَ حَنِيفًا مُّسْلِمًا وَمَا كَانَ مِنَ الْمُشْرِكِينَ
တမန်တော် အစ်ဗ်ရာဟီမ်သည် ယဟူဒီလည်းမဟုတ်ခဲ့ပေ၊ ခရစ်ယာန်လည်း မဟုတ်ခဲ့ပေ၊ အမှန်စင်စစ်အားဖြင့် ဟနီဖ် ဖြောင့်မတ်မှန်ကန်သော၊ မုစ်လင်မ်အမိန့်တော်နာခံသော ပုဂ္ဂိုလ်မြတ်တစ်ပါးသာလျှင် ဖြစ်ခဲ့ပေသည်။ ထိုတမန်တော် (အစ်ဗ်ရာဟီမ်)သည် မုရှ်ရိက်ဘုရားအများ ကိုးကွယ်သော သူများတွင် အပါအဝင်လည်းမဟုတ်ခဲ့ပေ။
68إِنَّ أَوْلَى النَّاسِ بِإِبْرَاهِيمَ لَلَّذِينَ اتَّبَعُوهُ وَهَٰذَا النَّبِيُّ وَالَّذِينَ آمَنُوا ۗ وَاللَّهُ وَلِيُّ الْمُؤْمِنِينَ
မုချ တမန်တော် အစ်ဗ်ရာဟီမ်နှင့် အနီးစပ်ဆုံးသော သူတို့သည်ကား အမှန်စင်စစ် ထိုတမန်တော် (အစ်ဗ်ရာဟီမ်၏ ဩဝါဒများ)ကို လိုက်နာသူများသည် လည်းကောင်း၊ဤနဗီတမန်တော် (မုဟမ္မဒ်ဆွာလ္လလာဟု အလိုင်ဟိဝစလာမ်)သည်လည်းကောင်း၊ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကုန်သော(တမန်တော်မုဟမ္မဒ်၏ တပည့် နောက်လိုက်များ)သည်လည်းကောင်း၊ �ြစ်ကြပေသည်။ အလ္လာဟ်အရှင်မြတ်သည်(မှန်ကန်စွာ)ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသော မုအ်မင်န်များကို စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။
69وَدَّت طَّائِفَةٌ مِّنْ أَهْلِ الْكِتَابِ لَوْ يُضِلُّونَكُمْ وَمَا يُضِلُّونَ إِلَّا أَنفُسَهُمْ وَمَا يَشْعُرُونَ
ရှေးအထက် ကျမ်းရရှိသူတို့အနက်မှ လူတစ်စုသည် အသင်တို့အား လမ်းမှားစေခြင်းကို အာသာဆန္ဒရှိကြကုန်၏။ အမှန်စင်စစ် ယင်းသူတို့သည် မိမိတို့ကိုယ်မှအပမည်သူတစ်ဦးတစ်ယောက်ကိုမျှ လမ်းမှားသို့ ရောက်စေနိုင်ကြသည်မဟုတ်။ သို့ရာတွင် ယင်းသူတို့သည် (ဤအကြောင်းကို) မသိနားမလည် ကြချေ။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
67အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 67

စူရာ အာလ်-အိမရာန် အာယာသ် 67 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တမန်တော် အစ်ဗ်ရာဟီမ်သည် ယဟူဒီလည်းမဟုတ်ခဲ့ပေ၊ ခရစ်ယာန်လည်း မဟုတ်ခဲ့ပေ၊ အမှန်စင်စစ်အားဖြင့် ဟနီဖ် ဖြောင့်မတ်မှန်ကန်သော၊ မုစ်လင်မ်အမိန့်တော်နာခံသော ပုဂ္ဂိုလ်မြတ်တစ်ပါးသာလျှင်…

စူရာ အာယာသ် 67/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 65–69. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers