အရ်-ရူမ် · 35/60
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရူမ်
أَمْ أَنزَلْنَا عَلَيْهِمْ سُلْطَانًا فَهُوَ يَتَكَلَّمُ بِمَا كَانُوا بِهِ يُشْرِكُونَ ۝٣٥
Am anzalnaa `alaihim sultaanan fahuwa yatakallamu bimaa kaanoo bihee yushrikoon
📖 မြန်မာဘာသာ
အသို့ပါနည်း ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ သက်သေအကိုးအကား အထောက်အထား တစ်စုံတစ်ရာကိုချပေးတော်မူခဲ့၍ ယင်းသက်သေအထောက်အထားက ပြောဆိုသောကြောင့် ၎င်းတို့သည် တွဲဖက် နှိုင်းယှဉ်ကိုးကွယ် ကြလေသလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 33-37 — စူရာ အရ်-ရူမ်

33وَإِذَا مَسَّ النَّاسَ ضُرٌّ دَعَوْا رَبَّهُم مُّنِيبِينَ إِلَيْهِ ثُمَّ إِذَا أَذَاقَهُم مِّنْهُ رَحْمَةً إِذَا فَرِيقٌ مِّنْهُم بِرَبِّهِمْ يُشْرِكُونَ
စင်စစ်သော်ကား လူတို့၌ ဘေးဥပဒ်တစ်စုံတစ်ရာ သက်ရောက်လေသောအခါ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်တော်သို့ ပြန်လှည့်ကြလျက် ထိုအရှင်မြတ်အား ဟစ်ခေါ် တသကြကုန်၏။ ထို့နောက် ထိုအရှင်မြတ်သည် ၎င်းတို့အား မိမိအထံတော်မှ အနည်းငယ်ကျေးဇူးတော် ရသ��ကို မြည်းစမ်းစေတော်မူသောအခါ ၎င်းတို့အနက် လူတစ်စုသည် မဆိုင်းမငံ့ ရုတ်တရက် ချက်ချင်းပင်လျှင်(အခြားအရာများကို) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြလေ၏။
34لِيَكْفُرُوا بِمَا آتَيْنَاهُمْ ۚ فَتَمَتَّعُوا فَسَوْفَ تَعْلَمُونَ
၎င်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော ကျေးဇူးတော်များကို ငြင်းပယ် ကျေးဇူးကန်းကြအံ့သောငှာ (တွဲဖက်ကိုးကွယ်မှုကိုပြုကြကုန်၏)။ သို့ဖြစ်ပေရာ အသင်တို့သည် (အခိုက်အတန့်အားဖြင့်) အကျိုးကျေးဇူး ခံစားကြလေကုန်။ ထို့နောက် မကြာမြင့်မီပင် အသင်တို့သည် သိရှိကြရပေမည်။
35أَمْ أَنزَلْنَا عَلَيْهِمْ سُلْطَانًا فَهُوَ يَتَكَلَّمُ بِمَا كَانُوا بِهِ يُشْرِكُونَ
အသို့ပါနည်း ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ သက်သေအကိုးအကား အထောက်အထား တစ်စုံတစ်ရာကိုချပေးတော်မူခဲ့၍ ယင်းသက်သေအထောက်အထားက ပြောဆိုသောကြောင့် ၎င်းတို့သည် တွဲဖက် နှိုင်းယှဉ်ကိုးကွယ် ကြလေသလော။
36وَإِذَا أَذَقْنَا النَّاسَ رَحْمَةً فَرِحُوا بِهَا ۖ وَإِن تُصِبْهُمْ سَيِّئَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ إِذَا هُمْ يَقْنَطُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် လူသားတို့အား အနည်းငယ်သော ကျေးဇူးတော်၏ အရသာကို မြည်းစမ်းစေတော်မူသောအခါ ၎င်းတို့သည် ယင်းကျေးဇူးတော်နှင့် စပ်လျဉ်း၍ ဝမ်းမြောက်လေ့ရှိကြကုန်၏။ သို့ရာတွင် အကယ်၍ ၎င်းတို့၏လက်များက ကြိုတင်ပို့နှင့်ခဲ့ကြသော (ပြစ်မှုဒုစရိုက်) များကြောင့် ၎င်းတို့၌ ဘေးဒုက္ခ တစ်စုံတစ်ရာ သက်ရောက်သည်ရှိသော် ၎င်းတို့သည် ရုတ်တရက် ချက်ချင်းပင် မျှော်လင့်ချက်ကင်းမဲ့၍ သွားကြလေ၏။
37أَوَلَمْ يَرَوْا أَنَّ اللَّهَ يَبْسُطُ الرِّزْقَ لِمَن يَشَاءُ وَيَقْدِرُ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يُؤْمِنُونَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ပြန့်စွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုရှိတော်မမူသောသူအား ထိုစားနပ်ရိက္ခာကို) ကျပ်တည်းစေတော်မူသည်ကို ၎င်းတို့သည် မမြင်ခဲ့ကြလေသလော။ ဧကန်မုချ ဤသည်၌ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ (များစွာသော) သက်သေလက္ခဏာများသည် ရှိကြပေသတည်း။
အရ်-ရူမ်ကုရ်အာန် ညွှန်းကိန်း
60အာယာသ်
MeccanRevelation
35အာယာသ်

ဘာသာပြန် — အရ်-ရူမ် 35

စူရာ အရ်-ရူမ် အာယာသ် 35 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသို့ပါနည်း ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ သက်သေအကိုးအကား အထောက်အထား တစ်စုံတစ်ရာကိုချပေးတော်မူခဲ့၍ ယင်းသက်သေအထောက်အထားက ပြောဆိုသောကြောင့် ၎င်းတို့သည် တွဲဖက်…

စူရာ အာယာသ် 35/60 — စူရာ အရ်-ရူမ် الروم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရူမ် နားထောင်, စူရာ အရ်-ရူမ် ဘာသာပြန်, စူရာ အရ်-ရူမ် mp3, စူရာ အရ်-ရူမ် pdf. အာယာသ် 33–37. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers