အရ်-ရူမ် · 40/60
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရူမ်
اللَّهُ الَّذِي خَلَقَكُمْ ثُمَّ رَزَقَكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ۖ هَلْ مِن شُرَكَائِكُم مَّن يَفْعَلُ مِن ذَٰلِكُم مِّن شَيْءٍ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ ۝٤٠
Allaahul lazee khalaqa kum summa razaqakm summa yumeetukum summa yuhyeekum hal min shurakaaa`ikum mai yaf`alu min zaalikum min shai`; Sub haanahoo wa Ta`aalaa `ammaa yushrikoon
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့သောအရှင်မြတ် ဖြစ်တော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား စားနပ်ရိက္ခာ ပေးသနားတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင်အသင်တို့အား သေစေတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား ရှင်စေတော်မူမည်။ (အသင်တို့ ထိုအရှင်မြတ်နှင့် နှိုင်းယှဉ်တွဲဖက် ကိုးကွယ်လျက် ရှိကြကုန်သော)အသင်တို့၏ တွဲဖက်များတွင် ဤသည်တို့အနက် မည်သည့်တစ်စုံတစ်ရာကိုမဆို ပြုစွမ်းနိုင်သောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရှိလေသလော။ ထိုအရှင်မြတ်သည် ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်များမှ စင်ကြယ်သန့်ရှင်း မြင့်မြတ်လှတော်မူပေသည် တကား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 38-42 — စူရာ အရ်-ရူမ်

38فَآتِ ذَا الْقُرْبَىٰ حَقَّهُ وَالْمِسْكِينَ وَابْنَ السَّبِيلِ ۚ ذَٰلِكَ خَيْرٌ لِّلَّذِينَ يُرِيدُونَ وَجْهَ اللَّهِ ۖ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
သို့ဖြစ်ပေရာ အသင်သည် သွေးရင်းသားရင်းတို့၏ အခွင့်အရေးကို ပေးဆောင်လော့။ ထို့ပြင် သူဆင်းရဲအားလည်းကောင်း၊ ခရီးသည်အားလည်းကောင်း၊ (ပေးကမ်းလှူဒါန်းလေ)။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကို လိုလားကြသောသူတို့အဖို့ အကောင်းဆုံးပင်ဖြစ်၏။စင်စစ်သော် ယင်းကဲ့သို့သော သူတို့သည်သာလျှင် အောင်မြင်မှု ရရှိကြအံ့သောသူများ ဖြစ်ကြကုန်၏။
39وَمَا آتَيْتُم مِّن رِّبًا لِّيَرْبُوَ فِي أَمْوَالِ النَّاسِ فَلَا يَرْبُو عِندَ اللَّهِ ۖ وَمَا آتَيْتُم مِّن زَكَاةٍ تُرِيدُونَ وَجْهَ اللَّهِ فَأُولَٰئِكَ هُمُ الْمُضْعِفُونَ
စင်စစ်မှာမူကား အသင်တို့သည် လူတို့၏ပစ္စည်းများတွင် (ရောစပ်၍)တိုးပွားပြီးလျှင် အသင်တို့ထံ ရောက်လာရန် ပေးခဲ့ကြသော လက်ဆောင်ပစ္စည်းမှာ အလ္လာဟ်အရှင်မြတ်အထံတော်တွင် တိုးပွားသည်မဟုတ်ပေ။ သို့ရာတွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကို လိုလား၍တစ်စုံတစ်ရာ အလှူဒါနကို ပေးကမ်းလှူဒါန်းကြပါမူ၊ ယင်းကဲ့သို့(ပေးကမ်းလှူဒါန်းကြ)သောသူတို့သာလျှင် (မိမိတို့ ပေးကမ်းလှူဒါန်းခဲ့ကြသည်များကို အလ္လာဟ်အရှင်မြတ်အထံတော်၌)တိုးပွားစေကြသူများဖြစ်ကြကုန်၏။
40اللَّهُ الَّذِي خَلَقَكُمْ ثُمَّ رَزَقَكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ۖ هَلْ مِن شُرَكَائِكُم مَّن يَفْعَلُ مِن ذَٰلِكُم مِّن شَيْءٍ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ
အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့သောအရှင်မြတ် ဖြစ်တော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား စားနပ်ရိက္ခာ ပေးသနားတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင်အသင်တို့အား သေစေတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား ရှင်စေတော်မူမည်။ (အသင်တို့ ထိုအရှင်မြတ်နှင့် နှိုင်းယှဉ်တွဲဖက် ကိုးကွယ်လျက် ရှိကြကုန်သော)အသင်တို့၏ တွဲဖက်များတွင် ဤသည်တို့အနက် မည်သည့်တစ်စုံတစ်ရာကိုမဆို ပြုစွမ်းနိုင်သောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရှိလေသလော။ ထိုအရှင်မြတ်သည် ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်များမှ စင်ကြယ်သန့်ရှင်း မြင့်မြတ်လှတော်မူပေသည် တကား။
41ظَهَرَ الْفَسَادُ فِي الْبَرِّ وَالْبَحْرِ بِمَا كَسَبَتْ أَيْدِي النَّاسِ لِيُذِيقَهُم بَعْضَ الَّذِي عَمِلُوا لَعَلَّهُمْ يَرْجِعُونَ
လူတို့၏လက်များက ဆည်းပူးခဲ့ကြသော(မကောင်းမှုဒုစရိုက်တို့)ကြောင့် ကုန်းမြေ၌လည်းကောင်း၊ သမုဒ္ဒရာပင်လယ်၌လည်းကောင်း၊ ပျက်စီးမှု (ဘေးဥပါဒ်များ)သည် ဖြစ်ပေါ်၍နေချေပြီ။ နောက်ဆုံးတွင် ထိုအရှင်မြတ်သည် ၎င်းတို့ကျင့်မူခဲ့ကြသော ပြစ်မှုအချို့၏ရသာကို ၎င်းတို့အား မြည်းစမ်းစေတော်မူမည် ဖြစ်ပေသည်။ သို့မှသာလျှင် ၎င်းတို့သည် (မိမိတို့၏ ပြစ်မှုများမှ) ပြန်လှည့်ကြပေမည်။
42قُلْ سِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِن قَبْلُ ۚ كَانَ أَكْثَرُهُم مُّشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာကြပြီးလျှင် ယခင်က ရှိခဲ့ဖူးကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံရှိခဲ့သည်ကို ကြည့်ရှု(လေ့လာ)ကြလေကုန်။ ၎င်းတို့အနက် အများစုမှာမူကား "မုရှ် ရစ်က်" အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
အရ်-ရူမ်ကုရ်အာန် ညွှန်းကိန်း
60အာယာသ်
MeccanRevelation
40အာယာသ်

ဘာသာပြန် — အရ်-ရူမ် 40

စူရာ အရ်-ရူမ် အာယာသ် 40 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့သောအရှင်မြတ် ဖြစ်တော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား စားနပ်ရိက္ခာ ပေးသနားတော်မူခဲ့၏။ ထို့နောက်…

စူရာ အာယာသ် 40/60 — စူရာ အရ်-ရူမ် الروم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရူမ် နားထောင်, စူရာ အရ်-ရူမ် ဘာသာပြန်, စူရာ အရ်-ရူမ် mp3, စူရာ အရ်-ရူမ် pdf. အာယာသ် 38–42. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers