အရ်-ရူမ် · 39/60
ဘာသာပြန် အသံနိုင်ငံ — အရ်-ရူမ်
وَمَا آتَيْتُم مِّن رِّبًا لِّيَرْبُوَ فِي أَمْوَالِ النَّاسِ فَلَا يَرْبُو عِندَ اللَّهِ ۖ وَمَا آتَيْتُم مِّن زَكَاةٍ تُرِيدُونَ وَجْهَ اللَّهِ فَأُولَٰئِكَ هُمُ الْمُضْعِفُونَ ٣٩
Transliteration
Wa maaa aataitum mir ribal li yarbuwa feee amwaalin naasi falaa yarboo `indal laahi wa maaa aataitum min zaakaatin tureedoona wajhal laahi fa ulaaa`ika humul mud`ifoon
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
စင်စစ်မှာမူကား အသင်တို့သည် လူတို့၏ပစ္စည်းများတွင် (ရောစပ်၍)တိုးပွားပြီးလျှင် အသင်တို့ထံ ရောက်လာရန် ပေးခဲ့ကြသော လက်ဆောင်ပစ္စည်းမှာ အလ္လာဟ်အရှင်မြတ်အထံတော်တွင် တိုးပွားသည်မဟုတ်ပေ။ သို့ရာတွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကို လိုလား၍တစ်စုံတစ်ရာ အလှူဒါနကို ပေးကမ်းလှူဒါန်းကြပါမူ၊ ယင်းကဲ့သို့(ပေးကမ်းလှူဒါန်းကြ)သောသူတို့သာလျှင် (မိမိတို့ ပေးကမ်းလှူဒါန်းခဲ့ကြသည်များကို အလ္လာဟ်အရှင်မြတ်အထံတော်၌)တိုးပွားစေကြသူများဖြစ်ကြကုန်၏။
Additional reference in ภาษาไทย
🎧 နားထောင်
📜 အာယာသ် 37-41 — အရ်-ရူမ်
37أَوَلَمْ يَرَوْا أَنَّ اللَّهَ يَبْسُطُ الرِّزْقَ لِمَن يَشَاءُ وَيَقْدِرُ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يُؤْمِنُونَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ပြန့်စွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုရှိတော်မမူသောသူအား ထိုစားနပ်ရိက္ခာကို) ကျပ်တည်းစေတော်မူသည်ကို ၎င်းတို့သည် မမြင်ခဲ့ကြလေသလော။ ဧကန်မုချ ဤသည်၌ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ (များစွာသော) သက်သေလက္ခဏာများသည် ရှိကြပေသတည်း။
38فَآتِ ذَا الْقُرْبَىٰ حَقَّهُ وَالْمِسْكِينَ وَابْنَ السَّبِيلِ ۚ ذَٰلِكَ خَيْرٌ لِّلَّذِينَ يُرِيدُونَ وَجْهَ اللَّهِ ۖ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
သို့ဖြစ်ပေရာ အသင်သည် သွေးရင်းသားရင်းတို့၏ အခွင့်အရေးကို ပေးဆောင်လော့။ ထို့ပြင် သူဆင်းရဲအားလည်းကောင်း၊ ခရီးသည်အားလည်းကောင်း၊ (ပေးကမ်းလှူဒါန်းလေ)။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကို လိုလားကြသောသူတို့အဖို့ အကောင်းဆုံးပင်ဖြစ်၏။စင်စစ်သော် ယင်းကဲ့သို့သော သူတို့သည်သာလျှင် အောင်မြင်မှု ရရှိကြအံ့သောသူများ ဖြစ်ကြကုန်၏။
39وَمَا آتَيْتُم مِّن رِّبًا لِّيَرْبُوَ فِي أَمْوَالِ النَّاسِ فَلَا يَرْبُو عِندَ اللَّهِ ۖ وَمَا آتَيْتُم مِّن زَكَاةٍ تُرِيدُونَ وَجْهَ اللَّهِ فَأُولَٰئِكَ هُمُ الْمُضْعِفُونَ
စင်စစ်မှာမူကား အသင်တို့သည် လူတို့၏ပစ္စည်းများတွင် (ရောစပ်၍)တိုးပွားပြီးလျှင် အသင်တို့ထံ ရောက်လာရန် ပေးခဲ့ကြသော လက်ဆောင်ပစ္စည်းမှာ အလ္လာဟ်အရှင်မြတ်အထံတော်တွင် တိုးပွားသည်မဟုတ်ပေ။ သို့ရာတွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကို လိုလား၍တစ်စုံတစ်ရာ အလှူဒါနကို ပေးကမ်းလှူဒါန်းကြပါမူ၊ ယင်းကဲ့သို့(ပေးကမ်းလှူဒါန်းကြ)သောသူတို့သာလျှင် (မိမိတို့ ပေးကမ်းလှူဒါန်းခဲ့ကြသည်များကို အလ္လာဟ်အရှင်မြတ်အထံတော်၌)တိုးပွားစေကြသူများဖြစ်ကြကုန်၏။
40اللَّهُ الَّذِي خَلَقَكُمْ ثُمَّ رَزَقَكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ۖ هَلْ مِن شُرَكَائِكُم مَّن يَفْعَلُ مِن ذَٰلِكُم مِّن شَيْءٍ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ
အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့သောအရှင်မြတ် ဖြစ်တော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား စားနပ်ရိက္ခာ ပေးသနားတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင်အသင်တို့အား သေစေတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား ရှင်စေတော်မူမည်။ (အသင်တို့ ထိုအရှင်မြတ်နှင့် နှိုင်းယှဉ်တွဲဖက် ကိုးကွယ်လျက် ရှိကြကုန်သော)အသင်တို့၏ တွဲဖက်များတွင် ဤသည်တို့အနက် မည်သည့်တစ်စုံတစ်ရာကိုမဆို ပြုစွမ်းနိုင်သောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရှိလေသလော။ ထိုအရှင်မြတ်သည် ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်များမှ စင်ကြယ်သန့်ရှင်း မြင့်မြတ်လှတော်မူပေသည် တကား။
41ظَهَرَ الْفَسَادُ فِي الْبَرِّ وَالْبَحْرِ بِمَا كَسَبَتْ أَيْدِي النَّاسِ لِيُذِيقَهُم بَعْضَ الَّذِي عَمِلُوا لَعَلَّهُمْ يَرْجِعُونَ
လူတို့၏လက်များက ဆည်းပူးခဲ့ကြသော(မကောင်းမှုဒုစရိုက်တို့)ကြောင့် ကုန်းမြေ၌လည်းကောင်း၊ သမုဒ္ဒရာပင်လယ်၌လည်းကောင်း၊ ပျက်စီးမှု (ဘေးဥပါဒ်များ)သည် ဖြစ်ပေါ်၍နေချေပြီ။ နောက်ဆုံးတွင် ထိုအရှင်မြတ်သည် ၎င်းတို့ကျင့်မူခဲ့ကြသော ပြစ်မှုအချို့၏ရသာကို ၎င်းတို့အား မြည်းစမ်းစေတော်မူမည် ဖြစ်ပေသည်။ သို့မှသာလျှင် ၎င်းတို့သည် (မိမိတို့၏ ပြစ်မှုများမှ) ပြန်လှည့်ကြပေမည်။
အရ်-ရူမ်ကုရ်အာန် ညွှန်းကိန်း
60အာယာသ်
MeccanRevelation
39အာယာသ်
ဘာသာပြန် — အရ်-ရူမ် 39
စူရာ အရ်-ရူမ် အာယာသ် 39 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်မှာမူကား အသင်တို့သည် လူတို့၏ပစ္စည်းများတွင် (ရောစပ်၍)တိုးပွားပြီးလျှင် အသင်တို့ထံ ရောက်လာရန် ပေးခဲ့ကြသော လက်ဆောင်ပစ္စည်းမှာ အလ္လာဟ်အရှင်မြတ်အထံတော်တွင် တိုးပွားသည်မဟုတ်ပေ။…စူရာ အာယာသ် 39/60 — အရ်-ရူမ် الروم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အရ်-ရူမ် နားထောင်, အရ်-ရူမ် ဘာသာပြန်, အရ်-ရူမ် mp3, အရ်-ရူမ် pdf. အာယာသ် 37–41. မြန်မာဘာသာ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers








