လုက်မာန် · 14/34
ဘာသာပြန် အသံနိုင်ငံ — စူရာ လုက်မာန်
وَوَصَّيْنَا الْإِنسَانَ بِوَالِدَيْهِ حَمَلَتْهُ أُمُّهُ وَهْنًا عَلَىٰ وَهْنٍ وَفِصَالُهُ فِي عَامَيْنِ أَنِ اشْكُرْ لِي وَلِوَالِدَيْكَ إِلَيَّ الْمَصِيرُ ۝١٤
Wa wassainal bi waalidaihi hamalat hu ummuhoo wahnan `alaa wahninw wa fisaaluhoo fee `aamaini anishkur lee wa liwaalidaika ilaiyal maseer
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ငါ(အလ္လာဟ်)အရှင်မြတ်သည်မနုဿ လူသားအား ၎င်း၏မိဘနှစ်ပါးနှင့် ပတ်သက်၍ (ဤသို့)လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ အားအင်ချည့်နဲ့မှုအပေါ်၌ အားအင်ချည့်နဲ့မှုကို ခံစားလျက် ၎င်းအား (မိမိဝမ်းတွင်း၌) လွယ်ပိုက်ခဲ့လေ၏။ ထိုမှတစ်ပါးနှစ်နှစ်မြောက်သောအခါ၌သာလျှင် ၎င်းအား နို့ဖြတ်လေ၏။(သို့ဖြစ်ပေရာ) အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊အသင်၏မိဘနှစ်ပါးတို့အားလည်းကောင်း၊ ကျေးဇူးတင်လော့၊(အသင်လူသား၏) ပြန်လည်ရာဌာနသည် ငါ အရှင်မြတ်အထံတော်၌ပင် ဖြစ်လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ။
  • ဝဟ်နန် အလာ ဝဟ်န် (وَهْنًا عَلَىٰ وَهْنٍ)။ အားနည်းမှုတစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ခြင်း၊ ပင်ပန်းခက်ခဲမှုတစ်ခုပြီးတစ်ခု ကြုံတွေ့ရခြင်းဟု အဓိပ္ပာယ်ရသည်။
  • ဖိဆွာလ် (فِصَالُ)။ နို့ဖြတ်ခြင်း၊ မိခင်နို့မှ ခွဲထုတ်ခြင်းကို ဆိုလိုသည်။
  • အာမိုင်နီ (عَامَيْنِ)။ နှစ်နှစ်ဟု အဓိပ္ပာယ်ရသည်။
  • အလိုင်ယလ် မာဆွီရ် (إِلَيَّ الْمَصِيرُ)။ အပြန်အလှန်ရောက်စရာနေရာသည် ငါအရှင်မြတ်ထံသာဖြစ်သည်၊ နောက်ဆုံးပြန်လည်ရောက်ရှိရမည့်နေရာသည် ငါအရှင်မြတ်ထံတော်သာဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

အလ္လာဟ်အရှင်မြတ်သည် လူသားအား မိဘနှစ်ပါးအပေါ် ကောင်းမွန်စွာဆက်ဆံရန်၊ ကြင်နာယုယရန် နှင့် နာခံရန် အမိန့်ပေးတော်မူခဲ့သည်။ အထူးသဖြင့် မိခင်သည် သားသမီးကို ကိုယ်ဝန်ဆောင်ချိန်မှစ၍ မွေးဖွားချိန်၊ ပြုစုပျိုးထောင်ချိန်အထိ အားနည်းမှုတစ်ခုပြီးတစ်ခု၊ ပင်ပန်းခက်ခဲမှုတစ်ခုပြီးတစ်ခုကို ခံစားခဲ့ရသည်။ ကလေးကို နို့ဖြတ်ခြင်းသည် နှစ်နှစ်အတွင်းတွင် ပြီးမြောက်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် လူသားအား မိမိအပေါ် ကျေးဇူးတင်ရန် နှင့် မိဘနှစ်ပါးအပေါ်လည်း ကျေးဇူးတင်ရန် ညွှန်ကြားတော်မူခဲ့သည်။ အကြောင်းမှာ နောက်ဆုံးတွင် အားလုံးသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့သာ ပြန်လည်ရောက်ရှိရမည်ဖြစ်ပြီး၊ အရှင်မြတ်သည် လူတိုင်းအား သူတို့၏ လုပ်ရပ်များအတိုင်း အစားပေးတော်မူမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးလာစေမည့် သင်ခန်းစာများ။
  • အစ္စလာမ်သည် မိဘနှစ်ပါးအပေါ် ကောင်းမွန်စွာဆက်ဆံခြင်း၊ ကြင်နာယုယခြင်းနှင့် ကျေးဇူးတင်ခြင်းကို အလွန်အရေးကြီးသော တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပေးထားသည်။ ဤအချက်သည် အစ္စလာမ်သာသနာ၏ သန့်ရှင်းလှပသော စာရိတ္တသဘောတရားကို ဖော်ပြသည်။
  • မိခင်တစ်ဦး၏ သားသမီးအပေါ် ခံစားရသော ပင်ပန်းခက်ခဲမှုနှင့် စွန့်လွှတ်မှုများကို အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် အသိအမှတ်ပြုတော်မူပြီး၊ ထိုကျေးဇူးကို အလေးထားတော်မူသည်။ ဤအချ


📜 အာယာသ် 12-16 — စူရာ လုက်မာန်

12وَلَقَدْ آتَيْنَا لُقْمَانَ الْحِكْمَةَ أَنِ اشْكُرْ لِلَّهِ ۚ وَمَن يَشْكُرْ فَإِنَّمَا يَشْكُرُ لِنَفْسِهِ ۖ وَمَن كَفَرَ فَإِنَّ اللَّهَ غَنِيٌّ حَمِيدٌ
ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ‘လွတ်က်မာန်’အား ဉာဏ်ပညာကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ (၎င်းပြင်) အသင်သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ပါလေ။ စင်စစ်သော်ကား မည်သူမဆို ကျေးဇူးတင်ရှိပါမူ ထိုသူသည် မိမိအကျိုးငှာသာလျှင် ကျေးဇူးတင်လေသည်။ သို့ရာတွင်မည်သူမဆို ကျေးဇူးကန်းခဲ့မူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော၊ အလွန်တရာချီးမွမ်းခြင်း ခံထိုက်တော်မူသော အရှင်ဖြစ်တော်မူသည်ဟူ၍(အမိန့်တော် ထုတ်ပြန်တော်မူခဲ့ပေသတည်း)။
13وَإِذْ قَالَ لُقْمَانُ لِابْنِهِ وَهُوَ يَعِظُهُ يَا بُنَيَّ لَا تُشْرِكْ بِاللَّهِ ۖ إِنَّ الشِّرْكَ لَظُلْمٌ عَظِيمٌ
၎င်းပြင် တစ်ရံရောအခါဝယ် လွတ်က်မာန်သည် မိမိသားကို ဆုံးမဩဝါဒပေးရာ၌(ဤ)သို့ ပြောကြားခဲ့လေ၏။ အို-ချစ်သား၊ အသင်သည် (မည်သည့်တစ်စုံတစ်ရာကိုမျှပင်) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်မှုကို မပြုလေနှင့်။ (အကြောင်းမူကား)မချွတ်ဧကန်တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်) မှုသည် အမှန်ပင် ကြီးလေးလှစွသောမတရား မှု ဖြစ်သောကြောင့်တည်း။
14وَوَصَّيْنَا الْإِنسَانَ بِوَالِدَيْهِ حَمَلَتْهُ أُمُّهُ وَهْنًا عَلَىٰ وَهْنٍ وَفِصَالُهُ فِي عَامَيْنِ أَنِ اشْكُرْ لِي وَلِوَالِدَيْكَ إِلَيَّ الْمَصِيرُ
ထိုမှတစ်ပါး ငါ(အလ္လာဟ်)အရှင်မြတ်သည်မနုဿ လူသားအား ၎င်း၏မိဘနှစ်ပါးနှင့် ပတ်သက်၍ (ဤသို့)လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ အားအင်ချည့်နဲ့မှုအပေါ်၌ အားအင်ချည့်နဲ့မှုကို ခံစားလျက် ၎င်းအား (မိမိဝမ်းတွင်း၌) လွယ်ပိုက်ခဲ့လေ၏။ ထိုမှတစ်ပါးနှစ်နှစ်မြောက်သောအခါ၌သာလျှင် ၎င်းအား နို့ဖြတ်လေ၏။(သို့ဖြစ်ပေရာ) အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊အသင်၏မိဘနှစ်ပါးတို့အားလည်းကောင်း၊ ကျေးဇူးတင်လော့၊(အသင်လူသား၏) ပြန်လည်ရာဌာနသည် ငါ အရှင်မြတ်အထံတော်၌ပင် ဖြစ်လေသည်။
15وَإِن جَاهَدَاكَ عَلَىٰ أَن تُشْرِكَ بِي مَا لَيْسَ لَكَ بِهِ عِلْمٌ فَلَا تُطِعْهُمَا ۖ وَصَاحِبْهُمَا فِي الدُّنْيَا مَعْرُوفًا ۖ وَاتَّبِعْ سَبِيلَ مَنْ أَنَابَ إِلَيَّ ۚ ثُمَّ إِلَيَّ مَرْجِعُكُمْ فَأُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
သို့ရာတွင် အကယ်၍သာ ထိုမိဘနှစ်ပါးတို့သည် အသင်၌ သက်သေအထောက်အထား အသိပညာတစ်စုံတစ်ရာမရှိသော အရာတစ်ခုခုကို ငါအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ရန် အသင့်အား အနိုင်အထက်ပြုခဲ့ကြသည်ရှိသော် အသင်သည် ထိုမိဘနှစ်ပါး၏အမိန့်ကိုပင် မလိုက်နာလေနှင့်။ သို့ရာတွင် အသင်သည် ဤလောကီဘဝ၌မူ ထိုမိဘနှစ်ပါးနှင့် ကောင်းမွန်စွာဆက်ဆံလော့။ ထိုမှတစ်ပါးအသင်သည် ငါအရှင်မြတ်ဘက်သို့ စိတ်စေတနာ ဖြူစင်စွာပြန်လှည့်သောသူ၏လမ်းစဉ်ကို လိုက်နာလော့။ အသင်တို့ (အားလုံး)မှာ ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လှည့်၍ လာကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့ ကျင့်မူပြုလုပ် ခဲ့ကြသည်တို့ကို အသင်တို့အား သိစေတော်မူအံ့သတည်း။
16يَا بُنَيَّ إِنَّهَا إِن تَكُ مِثْقَالَ حَبَّةٍ مِّنْ خَرْدَلٍ فَتَكُن فِي صَخْرَةٍ أَوْ فِي السَّمَاوَاتِ أَوْ فِي الْأَرْضِ يَأْتِ بِهَا اللَّهُ ۚ إِنَّ اللَّهَ لَطِيفٌ خَبِيرٌ
အို-ချစ်သား၊ မုချဧကန် အပြုအမူတစ်စုံတစ်ရာသည် မုန်ညင်းစေ့ခန့်မျှဖြစ်ပြီး၊ ကျောက်ဆောင်တစ်ခုခု၌ ရှိနေသည်ဖြစ်စေ၊ မိုးကောင်းကင်များ၌ ရှိနေသည်ဖြစ်စေ၊ ပထဝီမြေအတွင်း၌ရှိနေသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်သည် ယင်းအပြုအမူကို (ရှေ့တော်မှောက်ဝယ်) အသင့်ရောက်စေတော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် နက်နဲသိမ်မွေ့သောအရာတို့ကို အလွန်တရာ သိမြင်တော်မူသောအရှင်၊ အလွန်တရာ ကြားသိတော်မူသောအရှင် ဖြစ်တော်မူ၏။
လုက်မာန်ကုရ်အာန် ညွှန်းကိန်း
34အာယာသ်
MeccanRevelation
14အာယာသ်

ဘာသာပြန် — လုက်မာန် 14

စူရာ လုက်မာန် အာယာသ် 14 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ငါ(အလ္လာဟ်)အရှင်မြတ်သည်မနုဿ လူသားအား ၎င်း၏မိဘနှစ်ပါးနှင့် ပတ်သက်၍ (ဤသို့)လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ အားအင်ချည့်နဲ့မှုအပေါ်၌ အားအင်ချည့်နဲ့မှုကို…

စူရာ အာယာသ် 14/34 — စူရာ လုက်မာန် لقمان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ လုက်မာန် နားထောင်, စူရာ လုက်မာန် ဘာသာပြန်, စူရာ လုက်မာန် mp3, စူရာ လုက်မာန် pdf. အာယာသ် 12–16. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers