လုက်မာန် · 22/34
ဘာသာပြန် အသံနိုင်ငံ — စူရာ လုက်မာန်
۞ وَمَن يُسْلِمْ وَجْهَهُ إِلَى اللَّهِ وَهُوَ مُحْسِنٌ فَقَدِ اسْتَمْسَكَ بِالْعُرْوَةِ الْوُثْقَىٰ ۗ وَإِلَى اللَّهِ عَاقِبَةُ الْأُمُورِ ۝٢٢
Wa many yuslim wajha hooo ilal laahi wa huwa muhsinun faqadistamsaka bil`ur watil wusqaa; wa ilal laahi `aaqibatul umoor
📖 မြန်မာဘာသာ
စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်ကိုအလ္လာဟ်အရှင်မြတ် အထံတော်သို့ လုံးဝအပ်နှင်းလွှဲအပ် သည့်ပြင်၊ ထိုသူသည် ကောင်းမှုပြုသူလည်းဖြစ်ပါမူ၊ မလွဲဧကန် ထိုသူသည် လွန်စွာခိုင်မြဲသော ကြိုးကွင်းကိုဆွဲကိုင်၍ ထားရှိပြီဖြစ်၏။စင်စစ် အမှုကိစ္စအလုံးစုံတို့၏ အဆုံးသတ်ခြင်းမှာ အလ္လာဟ်အရှင်မြတ် အထံတော်၌ဖြစ်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • يُسْلِمْ وَجْهَهُ: မိမိ၏မျက်နှာကို အပ်နှံသည်၊ ဆိုလိုသည်မှာ မိမိကိုယ်ကို အလ္လာဟ်အရှင်မြတ်ထံ အပ်နှံပြီး ကိုးကွယ်မှုကို အရှင်မြတ်အတွက်သာ သီးသန့်ပြုလုပ်သည်။
  • مُحْسِنٌ: ကောင်းမှုပြုသူ၊ မိမိ၏လုပ်ရပ်များကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်သူ။
  • الْعُرْوَةِ الْوُثْقَىٰ: အခိုင်မာဆုံးသော ကြိုးကွင်း၊ ဆိုလိုသည်မှာ ခိုင်မာသော ခိုလှုံရာ၊ မည်သည့်အခါမျှ ပြတ်တောက်မည်မဟုတ်သော ခိုလှုံရာ။
  • عَاقِبَةُ الْأُمُورِ: အရာခပ်သိမ်း၏ အဆုံးသတ်ရလဒ်၊ နောက်ဆုံးအဖြေ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

မည်သူမဆို မိမိ၏ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်ပြုလုပ်ပြီး မိမိ၏စိတ်နှလုံးကို အရှင်မြတ်ထံ အပ်နှံကာ၊ မိမိ၏စကားများနှင့် လုပ်ရပ်များတွင် အကောင်းဆုံးဖြစ်အောင် ပြုလုပ်သူဖြစ်ပါက၊ ထိုသူသည် အလွန်ခိုင်မာပြီး မည်သည့်အခါမျှ ပြတ်တောက်မည်မဟုတ်သော ခိုလှုံရာကို ဆုပ်ကိုင်ထားသူဖြစ်သည်။ ထိုခိုလှုံရာမှာ လာအိလာဟာ အိလ္လလာဟ် (အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ရာမရှိ) ဟူသော ခိုင်မာသောကတိသစ္စာဖြစ်သည်။ အရာခပ်သိမ်း၏ အဆုံးသတ်ရလဒ်နှင့် ပြန်လည်ရောက်ရှိရာမှာ အလ္လာဟ်အရှင်မြတ်ထံသာဖြစ်ပြီး၊ အရှင်မြတ်သည် ကောင်းမှုပြုသူအား ကောင်းမှု၏အကျိုးကို ပေးသနားတော်မူမည်။ ဤသို့ဖြင့် ထိုသူသည် ကယ်တင်ခြင်းရရှိရန် မျှော်လင့်သူများထဲတွင် အခိုင်မာဆုံးသော အရာကို ဆုပ်ကိုင်ထားသူဖြစ်ပြီး၊ မိမိဆုပ်ကိုင်ထားသောအရာ ပြတ်တောက်သွားမည်ကို လုံးဝမစိုးရိမ်ရပေ။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်ထံ အပ်နှံခြင်းနှင့် ကိုးကွယ်မှုကို အရှင်မြတ်အတွက်သာ သီးသန့်ပြုလုပ်ခြင်းသည် လူသားအတွက် အခိုင်မာဆုံးသော ခိုလှုံရာဖြစ်သည်။ ဤခိုလှုံရာသည် မည်သည့်အခါမျှ ပြတ်တောက်ခြင်းမရှိသောကြောင့် စိတ်ချမ်းသာမှုနှင့် လုံခြုံမှုကို ပေးသည်။
  • ကောင်းမှုပြုခြင်းသည် ယုံကြည်ခြင်းနှင့် တွဲဖက်လိုအပ်သည်။ ကိုးကွယ်မှုကို သီးသန့်ပြုလုပ်ရုံသာမက လုပ်ရပ်များတွင်လည်း အက


📜 အာယာသ် 20-24 — စူရာ လုက်မာန်

20أَلَمْ تَرَوْا أَنَّ اللَّهَ سَخَّرَ لَكُم مَّا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَأَسْبَغَ عَلَيْكُمْ نِعَمَهُ ظَاهِرَةً وَبَاطِنَةً ۗ وَمِنَ النَّاسِ مَن يُجَادِلُ فِي اللَّهِ بِغَيْرِ عِلْمٍ وَلَا هُدًى وَلَا كِتَابٍ مُّنِيرٍ
အသင်တို့သည် မမြင်ခဲ့ကြလေသလော၊ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ မိုးကောင်းကင်၌ရှိသည်တို့ကိုလည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့ကိုလည်းကောင်း၊အသုံးချနိုင်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိ၏ထင်ရှားသော ကျေးဇူးတော်များကိုလည်းကောင်း၊ မထင်ရှားသော ကျေးဇူးတော်များကိုလည်းကောင်း၊ အသင်တို့အပေါ်ဝယ် အပြည့်အစုံ ချပေးသနားတော်မူ၏။ သို့ရာတွင် လူတို့အနက် အချို့မှာမူကား မည်သည့်ပညာ သက်သေအထောက်အထားမျှလည်း ကောင်း၊ မည်သည့်တရားလမ်းညွှန်မှုမျှလည်းကောင်း၊ မည်သည့် ထွန်းလင်းသောကျမ်းဂန်မျှလည်းကောင်း၊ မရှိပါဘဲလျှက် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အငြင်းအခုံ ပြုလုပ်လေ့ရှိကြကုန်၏။
21وَإِذَا قِيلَ لَهُمُ اتَّبِعُوا مَا أَنزَلَ اللَّهُ قَالُوا بَلْ نَتَّبِعُ مَا وَجَدْنَا عَلَيْهِ آبَاءَنَا ۚ أَوَلَوْ كَانَ الشَّيْطَانُ يَدْعُوهُمْ إِلَىٰ عَذَابِ السَّعِيرِ
ထိုမှတစ်ပါး ၎င်းတို့အား၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူသည်ကို လိုက်နာကြလေကုန်ဟု ပြောကြားခဲ့သည်ရှိသော်၊ ၎င်းတို့က ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ကျွန်ုပ်တို့သည် မိမိတို့အဖ၊ ဘိုး၊ ဘေးတို့လိုက်နာခဲ့ကြသည်ကို တွေ့ရှိကြရသောလမ်းစဉ်ကိုသာကျွန်ုပ်တို့လိုက်နာကြမည်ဟု ပြောဆိုဖြေကြားခဲ့ကြကုန်၏။ ထိုအဖ၊ဘိုး၊ ဘေး တို့အား ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ငရဲဘုံ၏ပြစ်ဒဏ်ကို ဖိတ်ခေါ်လျက်ရှိငြားအံ့လည်း (၎င်းတို့သည် ထိုအဖ၊ဘို၊ ဘေးတို့၏လမ်းစဉ်ကို လိုက်နာကြဦးမည်လော။)
22۞ وَمَن يُسْلِمْ وَجْهَهُ إِلَى اللَّهِ وَهُوَ مُحْسِنٌ فَقَدِ اسْتَمْسَكَ بِالْعُرْوَةِ الْوُثْقَىٰ ۗ وَإِلَى اللَّهِ عَاقِبَةُ الْأُمُورِ
စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်ကိုအလ္လာဟ်အရှင်မြတ် အထံတော်သို့ လုံးဝအပ်နှင်းလွှဲအပ် သည့်ပြင်၊ ထိုသူသည် ကောင်းမှုပြုသူလည်းဖြစ်ပါမူ၊ မလွဲဧကန် ထိုသူသည် လွန်စွာခိုင်မြဲသော ကြိုးကွင်းကိုဆွဲကိုင်၍ ထားရှိပြီဖြစ်၏။စင်စစ် အမှုကိစ္စအလုံးစုံတို့၏ အဆုံးသတ်ခြင်းမှာ အလ္လာဟ်အရှင်မြတ် အထံတော်၌ဖြစ်၏။
23وَمَن كَفَرَ فَلَا يَحْزُنكَ كُفْرُهُ ۚ إِلَيْنَا مَرْجِعُهُمْ فَنُنَبِّئُهُم بِمَا عَمِلُوا ۚ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ
သို့ရာတွင် မည်သူမဆို သွေဖည်ငြင်းပယ်ခဲ့ပါမူ၊ထိုသူ၏ သွေဖည်မှုသည် အသင့်အား ပူဆွေးစေခြင်း မဖြစ်စေရ။ ၎င်းတို့သည် ငါအရှင်မြတ်အထံတော်သို့ သာလျှင် ပြန်လည်ရောက်ရှိကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့အား၎င်းတို့ကျင့်မူပြုလုပ်ခဲ့ ကြသည်များကို သိစေတော်မူမည်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ရှိသည်တို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
24نُمَتِّعُهُمْ قَلِيلًا ثُمَّ نَضْطَرُّهُمْ إِلَىٰ عَذَابٍ غَلِيظٍ
ငါအရှင်မြတ်သည် နေ့ရက်အနည်းငယ်မျှပင်၊၎င်းတို့အား အကျိုးခံစားခွင့်ပေးတော်မူသည်။ ထို့နောက်ငါအရှင်မြတ်သည် ၎င်းတို့အား ပြင်းထန်လှစွာသော ပြစ်ဒဏ်သို့ အတင်းအကြပ်မောင်းနှင် ပို့ဆောင်တော်မူအံ့သတည်း။
လုက်မာန်ကုရ်အာန် ညွှန်းကိန်း
34အာယာသ်
MeccanRevelation
22အာယာသ်

ဘာသာပြန် — လုက်မာန် 22

စူရာ လုက်မာန် အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်ကိုအလ္လာဟ်အရှင်မြတ် အထံတော်သို့ လုံးဝအပ်နှင်းလွှဲအပ် သည့်ပြင်၊ ထိုသူသည် ကောင်းမှုပြုသူလည်းဖြစ်ပါမူ၊ မလွဲဧကန် ထိုသူသည်…

စူရာ အာယာသ် 22/34 — စူရာ လုက်မာန် لقمان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ လုက်မာန် နားထောင်, စူရာ လုက်မာန် ဘာသာပြန်, စူရာ လုက်မာန် mp3, စူရာ လုက်မာန် pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers