وَإِذَا قِيلَ لَهُمُ اتَّبِعُوا مَا أَنزَلَ اللَّهُ قَالُوا بَلْ نَتَّبِعُ مَا وَجَدْنَا عَلَيْهِ آبَاءَنَا ۚ أَوَلَوْ كَانَ الشَّيْطَانُ يَدْعُوهُمْ إِلَىٰ عَذَابِ السَّعِيرِ ٢١
🔤 Transliteration
Wa izaa qeela lahumut-tabi`oo maaa anzalal laahu qaaloo bal nattabi`u maa wajadnaa `alaihi aabaaa`anaa; awalaw kaanash Shaitaanu yad`oohum ilaa `azaabis sa`eer
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ၎င်းတို့အား၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူသည်ကို လိုက်နာကြလေကုန်ဟု ပြောကြားခဲ့သည်ရှိသော်၊ ၎င်းတို့က ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ကျွန်ုပ်တို့သည် မိမိတို့အဖ၊ ဘိုး၊ ဘေးတို့လိုက်နာခဲ့ကြသည်ကို တွေ့ရှိကြရသောလမ်းစဉ်ကိုသာကျွန်ုပ်တို့လိုက်နာကြမည်ဟု ပြောဆိုဖြေကြားခဲ့ကြကုန်၏။ ထိုအဖ၊ဘိုး၊ ဘေး တို့အား ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ငရဲဘုံ၏ပြစ်ဒဏ်ကို ဖိတ်ခေါ်လျက်ရှိငြားအံ့လည်း (၎င်းတို့သည် ထိုအဖ၊ဘို၊ ဘေးတို့၏လမ်းစဉ်ကို လိုက်နာကြဦးမည်လော။)
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ— အတ္တဗိအူ (اتَّبِعُوا ) — လိုက်နာကြပါ၊ နာခံကြပါ။ မာ အန်ဇလလ္လာဟု (مَا أَنزَلَ اللَّهُ ) — အလ္လာဟ်အရှင်မြတ် ချမှတ်ပေးအပ်တော်မူသော (ဝဟ်ယ်၊ ကုရ်အာန်)။ ဝဂျဒ်နာ (وَجَدْنَا ) — ငါတို့တွေ့ရှိခဲ့သည်၊ ငါတို့၏ အဖိုးအဘိုးများ ကျင့်သုံးခဲ့သည်ကို တွေ့ရှိခဲ့သည်။ အာဗာအနာ (آبَاءنَا ) — ငါတို့၏ ဘိုးဘေးများ၊ အဖိုးအဘိုးများ။ ရှိုင်သွာန် (الشَّيْطَان ) — ရှိုင်သွာန်၊ မာရ်နတ်။ အဇာဗုစ်စအီရ် (عَذَابِ السَّعِير ) — မီးတောက်မီးလျှံ၏ ပြစ်ဒဏ်၊ ငရဲမီး၏ ဆင်းရဲဒုက္ခ။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်— ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်ကို တစ်ဆူတည်း ကိုးကွယ်ခြင်း (တောင်ဟီဒ်) နှင့် ပတ်သက်၍ အငြင်းအခုံပြုနေကြသော သူများအကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။ ထိုသူများကို “အလ္လာဟ်အရှင်မြတ်က တမန်တော်မုဟမ္မဒ် (ဆွ) အပေါ် ချမှတ်ပေးအပ်တော်မူသော ဝဟ်ယ်ကို လိုက်နာကြပါ” ဟု ပြောဆိုသောအခါ၊ သူတို့က “မလိုက်နာပါ။ အဘယ်ကြောင့်ဆိုသော် ငါတို့၏ ဘိုးဘေးများ ကျင့်သုံးခဲ့သည့် ရုပ်တုကိုးကွယ်မှု၊ ရှိရ်က် (အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်မှု) ကိုသာ ငါတို့ လိုက်နာမည်” ဟု ပြန်လည်ဖြေကြားကြသည်။
ထိုအခါ အလ္လာဟ်အရှင်မြတ်က သူတို့အား သတိပေးတော်မူသည်မှာ— သူတို့၏ ဘိုးဘေးများသည် လမ်းမှားပေါ်တွင် ရှိခဲ့ကြပြီး၊ ရှိုင်သွာန်က သူတို့အား ရုပ်တုကိုးကွယ်မှုနှင့် ကုဖ်ရ် (မယုံကြည်မှု) ကို လှပစွာ တင်ဆက်ပေးကာ ငရဲမီး၏ ပြစ်ဒဏ်ဆီသို့ ခေါ်ဆောင်နေခဲ့သည်ဖြစ်ပါလျက်၊ သူတို့သည် ထိုဘိုးဘေးများကို အမှန်တရားအဖြစ် လိုက်နာနေကြခြင်း ဖြစ်သည်။ ရှိုင်သွာန်က ငရဲမီးဆီသို့ ခေါ်နေသည့်တိုင် သူတို့သည် လိုက်နာမည်လော။ ဤသည်မှာ အလွန်မိုက်မဲသော လုပ်ရပ် ဖြစ်သည်။
အမှန်မှာ လူသားတစ်ဦးသည် အမှန်တရားကို ရှာဖွေရာတွင် ဘိုးဘေးများ၏ လုပ်ရပ်ကို မျက်စိကန်း လိုက်နာခြင်းသည် မှန်ကန်သော နည်းလမ်း မဟုတ်ပေ။ အကယ်၍ ဘိုးဘေးများသည် လမ်းမှားပေါ်တွင် ရှိခဲ့ကြလျှင် သူတို့ကို လိုက်နာခြင်းသည် လမ်းမှားဆီသို့သာ ပို့ဆောင်မည် ဖြစ်သည်။ အလ
وَإِذَا قِيلَ لَهُمُ ٱتَّبِعُواْ مَآ أَنزَلَ ٱللَّهُ قَالُواْ بَلۡ نَتَّبِعُ مَا وَجَدۡنَا عَلَيۡهِ ءَابَآءَنَآۚ أَوَلَوۡ كَانَ ٱلشَّيۡطَٰنُ يَدۡعُوهُمۡ إِلَىٰ عَذَابِ ٱلسَّعِيرِ ٢١
ထိုမှတစ်ပါး ၎င်းတို့အား၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူသည်ကို လိုက်နာကြလေကုန်ဟု ပြောကြားခဲ့သည်ရှိသော်၊ ၎င်းတို့က ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ကျွန်ုပ်တို့သည် မိမိတို့အဖ၊ ဘိုး၊ ဘေးတို့လိုက်နာခဲ့ကြသည်ကို တွေ့ရှိကြရသောလမ်းစဉ်ကိုသာကျွန်ုပ်တို့လိုက်နာကြမည်ဟု ပြောဆိုဖြေကြားခဲ့ကြကုန်၏။ ထိုအဖ၊ဘိုး၊ ဘေး တို့အား ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ငရဲဘုံ၏ပြစ်ဒဏ်ကို ဖိတ်ခေါ်လျက်ရှိငြားအံ့လည်း (၎င်းတို့သည် ထိုအဖ၊ဘို၊ ဘေးတို့၏လမ်းစဉ်ကို လိုက်နာကြဦးမည်လော။)
🖼️ Save Image
🎬 Save Video
📜 အာယာသ် 19-23 — စူရာ လုက်မာန်
19 وَاقْصِدْ فِي مَشْيِكَ وَاغْضُضْ مِن صَوْتِكَ ۚ إِنَّ أَنكَرَ الْأَصْوَاتِ لَصَوْتُ الْحَمِيرِ
ထို့ပြင် အသင်သည် မိမိလမ်းလျှောက်မှု၌အလယ်အလတ်ပြုလုပ်ပါလေ။ ဣန္ဒြေစောင့်စည်းပါလေ။ထိုမှတစ်ပါး အသင်သည် မိမိအသံကို နှိမ့်ချပါလေ။ မလွဲဧကန်စက်ဆုပ်ဖွယ်အဖြစ်ဆုံး အသံကား မြည်း သတ္တဝါတို့၏အသံပင်ဖြစ်ချေသတည်း။
20 أَلَمْ تَرَوْا أَنَّ اللَّهَ سَخَّرَ لَكُم مَّا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَأَسْبَغَ عَلَيْكُمْ نِعَمَهُ ظَاهِرَةً وَبَاطِنَةً ۗ وَمِنَ النَّاسِ مَن يُجَادِلُ فِي اللَّهِ بِغَيْرِ عِلْمٍ وَلَا هُدًى وَلَا كِتَابٍ مُّنِيرٍ
အသင်တို့သည် မမြင်ခဲ့ကြလေသလော၊ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ မိုးကောင်းကင်၌ရှိသည်တို့ကိုလည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့ကိုလည်းကောင်း၊အသုံးချနိုင်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိ၏ထင်ရှားသော ကျေးဇူးတော်များကိုလည်းကောင်း၊ မထင်ရှားသော ကျေးဇူးတော်များကိုလည်းကောင်း၊ အသင်တို့အပေါ်ဝယ် အပြည့်အစုံ ချပေးသနားတော်မူ၏။ သို့ရာတွင် လူတို့အနက် အချို့မှာမူကား မည်သည့်ပညာ သက်သေအထောက်အထားမျှလည်း ကောင်း၊ မည်သည့်တရားလမ်းညွှန်မှုမျှလည်းကောင်း၊ မည်သည့် ထွန်းလင်းသောကျမ်းဂန်မျှလည်းကောင်း၊ မရှိပါဘဲလျှက် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အငြင်းအခုံ ပြုလုပ်လေ့ရှိကြကုန်၏။
21 وَإِذَا قِيلَ لَهُمُ اتَّبِعُوا مَا أَنزَلَ اللَّهُ قَالُوا بَلْ نَتَّبِعُ مَا وَجَدْنَا عَلَيْهِ آبَاءَنَا ۚ أَوَلَوْ كَانَ الشَّيْطَانُ يَدْعُوهُمْ إِلَىٰ عَذَابِ السَّعِيرِ
ထိုမှတစ်ပါး ၎င်းတို့အား၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူသည်ကို လိုက်နာကြလေကုန်ဟု ပြောကြားခဲ့သည်ရှိသော်၊ ၎င်းတို့က ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ကျွန်ုပ်တို့သည် မိမိတို့အဖ၊ ဘိုး၊ ဘေးတို့လိုက်နာခဲ့ကြသည်ကို တွေ့ရှိကြရသောလမ်းစဉ်ကိုသာကျွန်ုပ်တို့လိုက်နာကြမည်ဟု ပြောဆိုဖြေကြားခဲ့ကြကုန်၏။ ထိုအဖ၊ဘိုး၊ ဘေး တို့အား ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ငရဲဘုံ၏ပြစ်ဒဏ်ကို ဖိတ်ခေါ်လျက်ရှိငြားအံ့လည်း (၎င်းတို့သည် ထိုအဖ၊ဘို၊ ဘေးတို့၏လမ်းစဉ်ကို လိုက်နာကြဦးမည်လော။)
22 ۞ وَمَن يُسْلِمْ وَجْهَهُ إِلَى اللَّهِ وَهُوَ مُحْسِنٌ فَقَدِ اسْتَمْسَكَ بِالْعُرْوَةِ الْوُثْقَىٰ ۗ وَإِلَى اللَّهِ عَاقِبَةُ الْأُمُورِ
စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်ကိုအလ္လာဟ်အရှင်မြတ် အထံတော်သို့ လုံးဝအပ်နှင်းလွှဲအပ် သည့်ပြင်၊ ထိုသူသည် ကောင်းမှုပြုသူလည်းဖြစ်ပါမူ၊ မလွဲဧကန် ထိုသူသည် လွန်စွာခိုင်မြဲသော ကြိုးကွင်းကိုဆွဲကိုင်၍ ထားရှိပြီဖြစ်၏။စင်စစ် အမှုကိစ္စအလုံးစုံတို့၏ အဆုံးသတ်ခြင်းမှာ အလ္လာဟ်အရှင်မြတ် အထံတော်၌ဖြစ်၏။
23 وَمَن كَفَرَ فَلَا يَحْزُنكَ كُفْرُهُ ۚ إِلَيْنَا مَرْجِعُهُمْ فَنُنَبِّئُهُم بِمَا عَمِلُوا ۚ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ
သို့ရာတွင် မည်သူမဆို သွေဖည်ငြင်းပယ်ခဲ့ပါမူ၊ထိုသူ၏ သွေဖည်မှုသည် အသင့်အား ပူဆွေးစေခြင်း မဖြစ်စေရ။ ၎င်းတို့သည် ငါအရှင်မြတ်အထံတော်သို့ သာလျှင် ပြန်လည်ရောက်ရှိကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့အား၎င်းတို့ကျင့်မူပြုလုပ်ခဲ့ ကြသည်များကို သိစေတော်မူမည်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ရှိသည်တို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
ဘာသာပြန် — လုက်မာန် 21 စူရာ လုက်မာန် အာယာသ် 21 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ၎င်းတို့အား၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူသည်ကို လိုက်နာကြလေကုန်ဟု ပြောကြားခဲ့သည်ရှိသော်၊ ၎င်းတို့က ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ကျွန်ုပ်တို့သည်…
စူရာ အာယာသ် 21/34 — စူရာ လုက်မာန် لقمان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ လုက်မာန် နားထောင်, စူရာ လုက်မာန် ဘာသာပြန်, စူရာ လုက်မာန် mp3, စူရာ လုက်မာန် pdf. အာယာသ် 19–23. မြန်မာဘာသာ: ภาษาไทย.