အလ်-အာ့ဇာ့ဗ် · 64/73
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ဇာ့ဗ်
إِنَّ اللَّهَ لَعَنَ الْكَافِرِينَ وَأَعَدَّ لَهُمْ سَعِيرًا ۝٦٤
Innal laaha la`anal kaafireena wa a`adda lahum sa`eeraa
📖 မြန်မာဘာသာ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖည်ငြင်းပယ်ကြသော သူတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူတို့အဖို့အလျှံပြောင်ပြောင် တောက်လောင်လျက် ရှိသော မီးတောက်မီးလျှံကို အဆင်သင့် ပြုလုပ်၍ ထားတော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 62-66 — စူရာ အလ်-အာ့ဇာ့ဗ်

62سُنَّةَ اللَّهِ فِي الَّذِينَ خَلَوْا مِن قَبْلُ ۖ وَلَن تَجِدَ لِسُنَّةِ اللَّهِ تَبْدِيلًا
ဤသည် ရှေးအထက်ကျော်ကာလ၌ လွန်လေခဲ့ကြသောသူတို့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်၏ ဥပဒေစည်းကမ်းပင်။ စင်စစ် အသင်သည် အလ္လာဟ် အရှင်မြတ်၏ဥပဒေစည်းကမ်း၌ မည်သည့်ပြောင်းလဲမှုကိုမျှပင် အလျှင်းတွေ့ရှိလိမ့်မည် မဟုတ်ပေတကား။
63يَسْأَلُكَ النَّاسُ عَنِ السَّاعَةِ ۖ قُلْ إِنَّمَا عِلْمُهَا عِندَ اللَّهِ ۚ وَمَا يُدْرِيكَ لَعَلَّ السَّاعَةَ تَكُونُ قَرِيبًا
လူတို့သည် ကိယာမတ် ရှင်ပြန်ထမည့် အချိန်ကာလနှင့် စပ်လျဉ်း၍ အသင့်အား မေးမြန်းကြကုန်၏။ (အိုနဗီတမန်တော်)အသင်သည် ပြောကြား ပါလေ။ (အချင်းတို့၊)ယင်းကိယာမတ် ရှင်ပြန်ထမည့် အချိန်ကာလနှင့် စပ်လျဉ်းသော အသိပညာကား အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ အသင်သည် အသို့လျှင် သိနိုင်ပါအံ့နည်း။ စင်စစ် ရှင်ပြန်ထမည့်အချိန် ကာလသည် နီးကပ်လျက် ရှိတန်ရာသည်။
64إِنَّ اللَّهَ لَعَنَ الْكَافِرِينَ وَأَعَدَّ لَهُمْ سَعِيرًا
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖည်ငြင်းပယ်ကြသော သူတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူတို့အဖို့အလျှံပြောင်ပြောင် တောက်လောင်လျက် ရှိသော မီးတောက်မီးလျှံကို အဆင်သင့် ပြုလုပ်၍ ထားတော်မူ၏။
65خَالِدِينَ فِيهَا أَبَدًا ۖ لَّا يَجِدُونَ وَلِيًّا وَلَا نَصِيرًا
၎င်းတို့သည် ယင်းမီး၌ အမြဲမပြတ် နေထိုင်လျှက်ရှိကြပေမည်။ ၎င်းတို့သည် မည်သည့်စောင့် ရှောက်သောသူကိုမျှလည်း တွေ့ရှိကြမည်မဟုတ်ချေ။ မည်သည့်ကာကွယ်မည့် သူကိုမျှလည်း တွေ့ရှိကြမည် မဟုတ်ပေ။
66يَوْمَ تُقَلَّبُ وُجُوهُهُمْ فِي النَّارِ يَقُولُونَ يَا لَيْتَنَا أَطَعْنَا اللَّهَ وَأَطَعْنَا الرَّسُولَا
၎င်းတို့၏ မျက်နှာများသည် မီးထဲ၌ လှည့်ပြောင်းခြင်းခံကြရသောနေ့တွင် ၎င်းတို့ကဪ- ငါတို့သည်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို လိုက်နာခဲ့ကြလျှင်လည်းကောင်း၊ ရစူလ်တမန်တော် မြတ်၏အမိန့်တော်ကို လိုက်နာခဲ့ကြလျှင်လည်းကောင်း၊ ကောင်းလေစွတကားဟု ပြောဆိုညည်းညူကြပေမည်။
အလ်-အာ့ဇာ့ဗ်ကုရ်အာန် ညွှန်းကိန်း
73အာယာသ်
MedinanRevelation
64အာယာသ်

ဘာသာပြန် — အလ်-အာ့ဇာ့ဗ် 64

စူရာ အလ်-အာ့ဇာ့ဗ် အာယာသ် 64 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖည်ငြင်းပယ်ကြသော သူတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူတို့အဖို့အလျှံပြောင်ပြောင် တောက်လောင်လျက်…

စူရာ အာယာသ် 64/73 — စူရာ အလ်-အာ့ဇာ့ဗ် الأحزاب (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ဇာ့ဗ် နားထောင်, စူရာ အလ်-အာ့ဇာ့ဗ် ဘာသာပြန်, စူရာ အလ်-အာ့ဇာ့ဗ် mp3, စူရာ အလ်-အာ့ဇာ့ဗ် pdf. အာယာသ် 62–66. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers