يُصْلِحْ لَكُمْ أَعْمَالَكُمْ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَمَن يُطِعِ اللَّهَ وَرَسُولَهُ فَقَدْ فَازَ فَوْزًا عَظِيمًا ٧١
🔤 Transliteration
Yuslih lakum a`maalakum wa yaghfir lakum zunoobakum; wa mai yuti`il laaha wa Rasoolahoo faqad faaza fawzan `azeemaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြုမူကျင့်ဆောင်ချက်များကို ပြုပြင်၍ ပေးသနားတော် မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင် မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ လိုက်နာပါမူ မလွဲဧကန် ထိုသူသည် ကြီးကျယ်စွာ အောင်မြင်ပြီး ဖြစ်မည်တကား။
🌐 Additional reference in ภาษาไทย
ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အလ်-အာ့ဇာ့ဗ်စူရာ (၃၃)၊ အာယသ် ၇၁ တွင် ပါဝင်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ။ يُصْلِحْ (ယုစ်လိဟ်) — ပြုပြင်ပေးသည်၊ ကောင်းမွန်စေသည်။ أَعْمَالَكُمْ (အъмааလကုမ်) — သင်တို့၏ လုပ်ရပ်များ။ يَغْفِرْ (ယဂ်ဖိရ်) — ခွင့်လွှတ်သည်၊ ဖုံးအုပ်ပေးသည်။ ذُنُوبَكُمْ (ဇုနူဗကုမ်) — သင်တို့၏ အပြစ်များ။ فَازَ (ဖာဇာ) — အောင်မြင်ခဲ့သည်။ فَوْزًا عَظِيمًا (ဖောင်ဇန် အъဇီမာ) — ကြီးကျယ်သော အောင်မြင်မှု။ အာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။ အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပြီး မှန်ကန်သော စကားကို ပြောဆိုကြပါက အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ လုပ်ရပ်များကို ပြုပြင်ကောင်းမွန်စေတော်မူမည်။ ဆိုလိုသည်မှာ သင်တို့၏ ကောင်းမှုများကို လက်ခံတော်မူပြီး ၎င်းတို့အတွက် အကျိုးဆုလာဘ်များ ပေးသနားတော်မူမည် ဖြစ်သည်။ ထို့အပြင် သင်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူမည်။ ဆိုလိုသည်မှာ ထိုအပြစ်များအတွက် သင်တို့ကို အရေးယူတော်မမူတော့ပေ။
ထို့နောက် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ကို နာခံသူမည်သူမဆို ကြီးကျယ်လှသော အောင်မြင်မှုကို ရရှိခဲ့ပြီ ဖြစ်သည်။ ထိုအောင်မြင်မှုသည် အခြားမည်သည့် အောင်မြင်မှုနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်သော အောင်မြင်မှုဖြစ်သည်။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရရှိခြင်းနှင့် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရသော် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းသည် နာခံခြင်းမည်၏။ ငြင်းဆန်ခြင်းသည် မနာခံခြင်းမည်၏။ ထို့ကြောင့် အရှင်မြတ်နှင့် တမန်တော်ကို နာခံသူသည် မိမိ၏ ရည်မှန်းချက်ပန်းတိုင်ကို အမြင့်ဆုံးအထိ ရောက်ရှိသွားသူ ဖြစ်သည်။
ဤအာယသ်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ခြင်း (တက္ကဝါ) သည် လုပ်ရပ်များ ကောင်းမွန်လာစေရန် အဓိကသော့ချက် ဖြစ်သည်။ မှန်ကန်သော စကားကို ပြောဆိုခြင်းသည် အပြစ်များ ခွင့်လွှတ်ခြင်းခံရရန် အကြောင်းရင်း တစ်ခု ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်ကို နာခံခြင်းသည် ကြီးကျ
يُصۡلِحۡ لَكُمۡ أَعۡمَٰلَكُمۡ وَيَغۡفِرۡ لَكُمۡ ذُنُوبَكُمۡۗ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ فَقَدۡ فَازَ فَوۡزًا عَظِيمًا ٧١
ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြုမူကျင့်ဆောင်ချက်များကို ပြုပြင်၍ ပေးသနားတော် မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင် မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ လိုက်နာပါမူ မလွဲဧကန် ထိုသူသည် ကြီးကျယ်စွာ အောင်မြင်ပြီး ဖြစ်မည်တကား။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 69-73 — စူရာ အလ်-အာ့ဇာ့ဗ်
69 يَا أَيُّهَا الَّذِينَ آمَنُوا لَا تَكُونُوا كَالَّذِينَ آذَوْا مُوسَىٰ فَبَرَّأَهُ اللَّهُ مِمَّا قَالُوا ۚ وَكَانَ عِندَ اللَّهِ وَجِيهًا
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်။ ထိုသူတို့သည် မူစာအား စိတ်ဒုက္ခပေးခဲ့ကြကုန်၏။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် ထိုမူစာအား ၎င်းင်တို့၏ ပြောဆိုစွပ်စွဲချက်များမှ အပြစ်ကင်းကြောင်း ထင်ရှားစေတော်မူခဲ့၏။စင်စစ် ထိုမူစာသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ဂုဏ်ကျက်သရေနှင့် အလွန်ပြည့်စုံသူပင် ဖြစ်ခဲ့ပေသတည်း။
70 يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَقُولُوا قَوْلًا سَدِيدًا
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက် ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် တည်ကြည် ဖြောင့်မတ်သောစကားကို ပြောဆိုကြလေကုန်။
71 يُصْلِحْ لَكُمْ أَعْمَالَكُمْ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَمَن يُطِعِ اللَّهَ وَرَسُولَهُ فَقَدْ فَازَ فَوْزًا عَظِيمًا
ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြုမူကျင့်ဆောင်ချက်များကို ပြုပြင်၍ ပေးသနားတော် မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင် မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ လိုက်နာပါမူ မလွဲဧကန် ထိုသူသည် ကြီးကျယ်စွာ အောင်မြင်ပြီး ဖြစ်မည်တကား။
72 إِنَّا عَرَضْنَا الْأَمَانَةَ عَلَى السَّمَاوَاتِ وَالْأَرْضِ وَالْجِبَالِ فَأَبَيْنَ أَن يَحْمِلْنَهَا وَأَشْفَقْنَ مِنْهَا وَحَمَلَهَا الْإِنسَانُ ۖ إِنَّهُ كَانَ ظَلُومًا جَهُولًا
ဧကန်စင်စစ် ငါအရှင်မြတ်သည် အပ်နှံသော(ဤတာဝန်ကို မိုးကောင်းကင်များ ရှေ့ဝယ်လည်းကောင်း၊ပထဝီမြေ၏ရှေ့ဝယ်လည်းကောင်း၊ တောင်များ၏ရှေ့ဝယ်လည်းကောင်း၊ ဖော်ပြတော်မူခဲ့ရာ ၎င်းတို့သည် ယင်းတာဝန်ကိုငြင်းဆန်ခဲ့ကြကုန်၏။ ထို့ပြင် ယင်းတာဝန်ကို ထမ်းဆောင်ရန်ကြောက်ရွံ့စိုးရိမ်ခဲ့ ကြကုန်၏။ သို့ရာတွင် လူသားမှာမူကားယင်း တာဝန်ကို ထမ်းဆောင်ခဲ့၏။ ဧကန်အမှန် ထိုလူသားသည် လွန်စွာ ရက်စက်သူ၊ လွန်စွာ အသိတရားကင်းမဲ့သူပင်ဖြစ်ပေသည်။)
73 لِّيُعَذِّبَ اللَّهُ الْمُنَافِقِينَ وَالْمُنَافِقَاتِ وَالْمُشْرِكِينَ وَالْمُشْرِكَاتِ وَيَتُوبَ اللَّهُ عَلَى الْمُؤْمِنِينَ وَالْمُؤْمِنَاتِ ۗ وَكَانَ اللَّهُ غَفُورًا رَّحِيمًا
နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်သည် မုနာဖစ်က် အယောင်ဆောင်မုစ်လင်မ် ယောက်ျား မိန်းမတို့အားလည်းေကောင်း၊ မုရှ်ရစ်က်’ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်သူ ယောက်ျား၊ မိန်းမတို့အား လည်းကောင်း၊ ပြစ်ဒဏ်ပေးတော်မူပေမည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူ ယောက်ျားမိန်းမတို့ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူပေမည်။စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်တရာ သနားညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — အလ်-အာ့ဇာ့ဗ် 71 စူရာ အလ်-အာ့ဇာ့ဗ် အာယာသ် 71 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြုမူကျင့်ဆောင်ချက်များကို ပြုပြင်၍ ပေးသနားတော် မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အဖို့…
စူရာ အာယာသ် 71/73 — စူရာ အလ်-အာ့ဇာ့ဗ် الأحزاب (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ဇာ့ဗ် နားထောင်, စူရာ အလ်-အာ့ဇာ့ဗ် ဘာသာပြန်, စူရာ အလ်-အာ့ဇာ့ဗ် mp3, စူရာ အလ်-အာ့ဇာ့ဗ် pdf. အာယာသ် 69–73. မြန်မာဘာသာ: ภาษาไทย.