စဗ · 45/54
ဘာသာပြန် အသံနိုင်ငံ — စူရာ စဗ
وَكَذَّبَ الَّذِينَ مِن قَبْلِهِمْ وَمَا بَلَغُوا مِعْشَارَ مَا آتَيْنَاهُمْ فَكَذَّبُوا رُسُلِي ۖ فَكَيْفَ كَانَ نَكِيرِ ۝٤٥
Wa kazzabal lazeena min qablihim wa maa balaghoo mi`shaara maaa aatainaahum fakazzaboo Rusulee; fakaifa kaana nakeer
📖 မြန်မာဘာသာ
၎င်းတို့အလျင် ရှိခဲ့ကြသောသူများသည်လည်းမဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။ စင်စစ် ဤ(လက်ရှိ)သူတို့မှာ ထို(ရှေး)သူတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သည့် (စည်းစိမ်ချမ်းသာ)၏ ဆယ်ပုံတစ်ပုံကိုမျှရရှိကြသည် မဟုတ်ပေ။ မည်သို့ ပင်ဖြစ်စေ၊ ထို(ရှေး)သူတို့သည်ငါအရှင်မြတ်၏ ရစူလ်တမန်တော်များအား မုသာဝါဒီများဟူ၍စွပ်စွဲ ငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် ကားမည်သို့ရှိခဲ့ချေသနည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 43-47 — စူရာ စဗ

43وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ قَالُوا مَا هَٰذَا إِلَّا رَجُلٌ يُرِيدُ أَن يَصُدَّكُمْ عَمَّا كَانَ يَعْبُدُ آبَاؤُكُمْ وَقَالُوا مَا هَٰذَا إِلَّا إِفْكٌ مُّفْتَرًى ۚ وَقَالَ الَّذِينَ كَفَرُوا لِلْحَقِّ لَمَّا جَاءَهُمْ إِنْ هَٰذَا إِلَّا سِحْرٌ مُّبِينٌ
စင်စစ်သော်ကား ငါအရှင်မြတ်၏ ထင်ရှားစွာသော အာယတ်တော်များသည် ၎င်းတို့၏ရှေ့မှောက်ဝယ် ဖတ်ကြားခြင်းခံခဲ့ကြရလေသောအခါ ၎င်းတို့က ဤသူသည်အသင်တို့အား အသင်တို့၏ အဖ ဘိုးဘေးတို့ ဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြသည်များကို (ဆည်းကပ်ကိုးကွယ်ခြင်း)မှပိတ်ပင်တားဆီးလိုသူတစ်ဦးသာလျှင်ဖြစ်သည် ဟု ပြောဆိုခဲ့ကြသည့်ပြင် ဤ(ကုရ်အာန်)သည် ကြံဖန်လီဆယ်ထားသောမုသားစကားတစ်ရပ်သာလျှင် ဖြစ်သည် ဟူ၍လည်း ပြောဆိုခဲ့ကြကုန်၏။ ထိုမှတပါး ကာဖိရ် သွေဖည် ငြင်းပယ်ခဲ့ကြသောသူတို့က မိမိတို့ထံ အမှန်တရား ရောက်ရှိ၍ လာသောအခါယင်းအမှန်တရားနှင့် စပ်လျဉ်း၍ ဤသည် ထင်ရှားစွာသောပဉ္စလက်အတတ် ပညာတရပ်သာလျှင်ဖြစ်သည် ဟု ဆိုကြကုန်၏။
44وَمَا آتَيْنَاهُم مِّن كُتُبٍ يَدْرُسُونَهَا ۖ وَمَا أَرْسَلْنَا إِلَيْهِمْ قَبْلَكَ مِن نَّذِيرٍ
စင်စစ်မှာမူကား ငါအရှင်မြတ်သည် ၎င်းတို့အား ကျမ်းဂန်များကို ချီးမြှင့်ပေးသနားတော်မူခဲ့ သည်လည်းမဟုတ်။ ၎င်းတို့သည် ယင်းကျမ်းဂန်များကို ဖတ်ရွတ်သင်ကြားလျက်ရှိကြသည်(လည်းမဟုတ် ပေ)၊ ငါအရှင်မြတ်သည် အသင့်အလျင် ၎င်းတို့ထံ သတိပေး နှိုးဆော်သူတစ်ဦးတစ်ယောက်ကိုမျှစေလွှတ် တော်မူခဲ့သည်လည်း မဟုတ်ပေ။
45وَكَذَّبَ الَّذِينَ مِن قَبْلِهِمْ وَمَا بَلَغُوا مِعْشَارَ مَا آتَيْنَاهُمْ فَكَذَّبُوا رُسُلِي ۖ فَكَيْفَ كَانَ نَكِيرِ
၎င်းတို့အလျင် ရှိခဲ့ကြသောသူများသည်လည်းမဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။ စင်စစ် ဤ(လက်ရှိ)သူတို့မှာ ထို(ရှေး)သူတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သည့် (စည်းစိမ်ချမ်းသာ)၏ ဆယ်ပုံတစ်ပုံကိုမျှရရှိကြသည် မဟုတ်ပေ။ မည်သို့ ပင်ဖြစ်စေ၊ ထို(ရှေး)သူတို့သည်ငါအရှင်မြတ်၏ ရစူလ်တမန်တော်များအား မုသာဝါဒီများဟူ၍စွပ်စွဲ ငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် ကားမည်သို့ရှိခဲ့ချေသနည်း။
46۞ قُلْ إِنَّمَا أَعِظُكُم بِوَاحِدَةٍ ۖ أَن تَقُومُوا لِلَّهِ مَثْنَىٰ وَفُرَادَىٰ ثُمَّ تَتَفَكَّرُوا ۚ مَا بِصَاحِبِكُم مِّن جِنَّةٍ ۚ إِنْ هُوَ إِلَّا نَذِيرٌ لَّكُم بَيْنَ يَدَيْ عَذَابٍ شَدِيدٍ
(အို-နဗီတမန်တော်)အသင်သည် ပြောကြားပါလေ။၊ (အချင်းတို့၊) ငါသည် အသင်တို့အား ကိစ္စတစ်ခုကိုသာတိုက်တွန်းနှိုးဆော်လို၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ရည်သန်၍ တစ်ယောက်စီ နှစ်ယောက်စီ ထကြပြီးလျှင်မိမိတို့၏အဖော်ဖြစ်သူ (ငါ)၌ ရူးသွပ်ခြင်းဝေဒနာရှိပါသလောဟု စဉ်းစားဆင်ခြင်ကြလေကုန်။ ထိုအသင်တို့၏ အဖော်ဖြစ်သူ(ငါ)သည် အသင်တို့အား ပြင်းထန်စွာသော ပြစ်ဒဏ်မကျရောက် မီ (ကြိုတင်) သတိပေး နှိုးဆော်သူတစ်ဦးသာလျှင်ဖြစ်ချေသတည်း။
47قُلْ مَا سَأَلْتُكُم مِّنْ أَجْرٍ فَهُوَ لَكُمْ ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် အသင်တို့ထံ(အဖိုးအခ) တစ်စုံတစ်ရာတောင်းခဲ့သည်ရှိလျှင် ယင်းအဖိုးအခမှာ အသင်တို့အဖို့သာလျှင် ဖြစ်၏။ အဘယ်ကြောင့်ဟူမူ ငါ့(အား)အကျိုးကျေးဇူး(ပေးသနားတော်မူရန်တာဝန်) မှာကား အလ္လာဟ် အရှင်မြတ်အပေါ်၌သာ ရှိသောကြောင့်ပင်။ အမှန်သော်ကား ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်၌ အသိသက်သေပင် ဖြစ်တော်မူ၏။
စဗကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
45အာယာသ်

ဘာသာပြန် — စဗ 45

စူရာ စဗ အာယာသ် 45 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းတို့အလျင် ရှိခဲ့ကြသောသူများသည်လည်းမဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြကုန်၏။ စင်စစ် ဤ(လက်ရှိ)သူတို့မှာ ထို(ရှေး)သူတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သည့် (စည်းစိမ်ချမ်းသာ)၏…

စူရာ အာယာသ် 45/54 — စူရာ စဗ سبأ (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စဗ နားထောင်, စူရာ စဗ ဘာသာပြန်, စူရာ စဗ mp3, စူရာ စဗ pdf. အာယာသ် 43–47. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers