ယာစီး · 12/83
ဘာသာပြန် အသံနိုင်ငံ — စူရာ ယာစီး
إِنَّا نَحْنُ نُحْيِي الْمَوْتَىٰ وَنَكْتُبُ مَا قَدَّمُوا وَآثَارَهُمْ ۚ وَكُلَّ شَيْءٍ أَحْصَيْنَاهُ فِي إِمَامٍ مُّبِينٍ ۝١٢
Innaa Nahnu nuhyil mawtaa wa naktubu maa qaddamoo wa aasaarahum; wa kulla shai`in ahsainaahu feee Imaamim Mubeen
📖 မြန်မာဘာသာ
မလွဲဧကန် ငါအရှင်မြတ်သည်သာလျှင် သူသေတို့အား ရှင်စေတော်မူပေမည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသူတို့ ကြိုတင် ပို့ခဲ့ကြသည်များကိုလည်းကောင်း၊ ထိုသူတို့၏ ခြေရာများကိုလည်းကောင်း၊ (တစ်နည်း) ထိုသူတို့သည် နောက်တွင် ချန်ရစ်ခဲ့ကြသည်များကိုလည်းကောင်း၊ ရေးသားထားတော်မူ၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ထင်ရှားစွာသော မှတ်တမ်းစာအုပ်တွင် တိကျစွာ ရေတွက် မှတ်သားတော်မူခဲ့ပြီး ဖြစ်ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • نُحْيِي الْمَوْتَىٰ — သေဆုံးသွားသူများကို ရှင်ပြန်ထမြောက်စေခြင်း။
  • مَا قَدَّمُوا — သူတို့ ကြိုတင်ပေးပို့ခဲ့သော ကောင်းမှုနှင့် မကောင်းမှုများ။
  • آثَارَهُمْ — သူတို့ ကွယ်လွန်ပြီးနောက်တွင်လည်း ကျန်ရစ်ခဲ့သော ကောင်းသော သို့မဟုတ် ဆိုးသော သက်ရောက်မှုများ၊ လမ်းစဉ်များ။
  • أَحْصَيْنَاهُ — အရာအားလုံးကို ရေတွက်မှတ်တမ်းတင်ထားတော်မူခြင်း၊ ထိန်းသိမ်းထားတော်မူခြင်း။
  • إِمَامٍ مُبِينٍ — ထင်ရှားလှသော မူရင်းစာအုပ်၊ လဝ်ဟူလ်မဟ်ဖူးဇ် (اللوح المحفوظ) ဖြစ်သည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဧကန်စင်စစ် ငါအရှင်မြတ်သည် သေဆုံးသွားသူများကို ကိယာမသ်နေ့တွင် ရှင်ပြန်ထမြောက်စေတော်မူမည်ဖြစ်သည်။ ထို့နောက် သူတို့သည် လောကီဘဝတွင် ကြိုတင်ပြုလုပ်ပေးပို့ခဲ့ကြသော ကောင်းမှုများ၊ မကောင်းမှုများကို မှတ်တမ်းတင်ထားတော်မူမည်။ ထို့အပြင် သူတို့ ကွယ်လွန်သွားပြီးနောက်တွင်လည်း သူတို့ထံမှ ကျန်ရစ်ခဲ့သော သက်ရောက်မှုများ — ဥပမာ ကောင်းသော သားသမီးများ၊ အကျိုးရှိသော အသိပညာ၊ ဆက်လက်စီးဆင်းနေသော ဒါနကုသိုလ်ကဲ့သို့သော ကောင်းမှုများ၊ သို့မဟုတ် ရှိခ်က်ပြုခြင်း၊ အမိန့်တော်ကို ဖီဆန်ခြင်းကဲ့သို့သော မကောင်းမှုများကိုလည်း မှတ်တမ်းတင်ထားတော်မူမည်။ အရာအားလုံးကို ငါအရှင်မြတ်သည် ထင်ရှားလှသော မူရင်းစာအုပ်တစ်ခုဖြစ်သည့် လဝ်ဟူလ်မဟ်ဖူးဇ်တွင် ရေတွက်မှတ်တမ်းတင်ထားတော်မူပြီးဖြစ်သည်။ ထိုစာအုပ်သည် အရာခပ်သိမ်း၏ မူလအရင်းအမြစ်ဖြစ်၍ အရာအားလုံးသည် ထိုစာအုပ်သို့သာ ပြန်လည်ရောက်ရှိကြရမည်ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် သေဆုံးသူများကို ရှင်ပြန်ထမြောက်စေနိုင်သော တန်ခိုးတော်ရှင်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေသည်။ ထို့ကြောင့် ကိယာမသ်နေ့ကို ယုံကြည်ခြင်းသည် အစ္စလာမ်၏ အခြေခံယုံကြည်ချက်တစ်ရပ်ဖြစ်သည်။
  • လူတစ်ဦး ပြုလုပ်သော ကောင်းမှုမကောင်းမှုတိုင်းကို မှတ်တမ်းတင်ထားမည်ဖြစ်ရာ မည်သည့်အမှုကိုမျှ လျစ်လျူရှုခံရမည်မဟုတ်ကြောင်း သိရှိစေသည်။
  • မိမိ ကွယ်လွန်ပြီးနောက်တွင်လည်း အကျိုးဆက်များ ဆက်လက်ရရှိနေမည့် ကောင်းမှ


📜 အာယာသ် 10-14 — စူရာ ယာစီး

10وَسَوَاءٌ عَلَيْهِمْ أَأَنذَرْتَهُمْ أَمْ لَمْ تُنذِرْهُمْ لَا يُؤْمِنُونَ
စင်စစ် (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့အား သတိပေး နှိုးဆော်ခဲ့သည်ဖြစ်စေ၊ သတိပေး နှိုးဆော်ခြင်းမပြုခဲ့သည်ဖြစ်စေ၊ ၎င်းတို့အဖို့ အကြောင်းမထူးပြီ၊ ၎င်းတို့သည် "အီမာန်" သက်ဝင် ယုံကြည်ကြတော့မည် မဟုတ်ပေတကား။
11إِنَّمَا تُنذِرُ مَنِ اتَّبَعَ الذِّكْرَ وَخَشِيَ الرَّحْمَٰنَ بِالْغَيْبِ ۖ فَبَشِّرْهُ بِمَغْفِرَةٍ وَأَجْرٍ كَرِيمٍ
အသင်သည် ဆုံးမဩဝါဒကို လိုက်နာသည့်အပြင် "ရဟ်မာန်" အနန္တကရုဏာတော်ရှင်အား အကွယ်မှ ကြောက်ရွံ့ရိုသေသော သူကိုသာလျှင် သတိပေး နှိုးဆော်နိုင်၏။သို့ဖြစ်ပေရာ အသင်သည် ထိုသူအား လွတ်ငြိမ်းချမ်းသာခွင့်နှင့် စပ်လျဉ်း၍လည်းကောင်း၊ မြင့်မြတ်လှစွာသော အကျိုးကျေးဇူးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဝမ်းမြောက်ဖွယ်ရာသတင်း ကိုပြောကြားပါလေ။
12إِنَّا نَحْنُ نُحْيِي الْمَوْتَىٰ وَنَكْتُبُ مَا قَدَّمُوا وَآثَارَهُمْ ۚ وَكُلَّ شَيْءٍ أَحْصَيْنَاهُ فِي إِمَامٍ مُّبِينٍ
မလွဲဧကန် ငါအရှင်မြတ်သည်သာလျှင် သူသေတို့အား ရှင်စေတော်မူပေမည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသူတို့ ကြိုတင် ပို့ခဲ့ကြသည်များကိုလည်းကောင်း၊ ထိုသူတို့၏ ခြေရာများကိုလည်းကောင်း၊ (တစ်နည်း) ထိုသူတို့သည် နောက်တွင် ချန်ရစ်ခဲ့ကြသည်များကိုလည်းကောင်း၊ ရေးသားထားတော်မူ၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ထင်ရှားစွာသော မှတ်တမ်းစာအုပ်တွင် တိကျစွာ ရေတွက် မှတ်သားတော်မူခဲ့ပြီး ဖြစ်ပေသတည်း။
13وَاضْرِبْ لَهُم مَّثَلًا أَصْحَابَ الْقَرْيَةِ إِذْ جَاءَهَا الْمُرْسَلُونَ
၎င်းပြင်(အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား ထိုမြို့သူမြို့သားတို့၏ အတ္ထုပ္ပတ္တိတစ်ခုကို ပြောပြပါလေ။ အခါတစ်ပါး၌ ထိုမြို့သူမြို့သားတို့ထံ ရစူလ်တမန်တော်များသည် ရောက်ရှိ၍လာခဲ့ကြကုန်၏။
14إِذْ أَرْسَلْنَا إِلَيْهِمُ اثْنَيْنِ فَكَذَّبُوهُمَا فَعَزَّزْنَا بِثَالِثٍ فَقَالُوا إِنَّا إِلَيْكُم مُّرْسَلُونَ
အကြင်အခါဝယ် ငါအရှင်မြတ်သည် ထိုမြို့သူမြို့သားတို့ထံ (ရစူလ်တမန်တော်)နှစ်ပါးကို စေလွှတ်တော်မူခဲ့ရာ ၎င်းတို့က ထိုနှစ်ပါးလုံးအား မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် တတိယ(ရစူလ်တမန်တော်)တစ်ပါးကို (စေလွှတ်တော်မူခြင်းအား)ဖြင့်(အားအင် တိုးတက်စေ)တော်မူခဲ့၏။ ထိုအခါ ထိုရစူလ်တမန်တော်တို့က "စင်စစ်ဧကန် ငါတို့သည် အသင်တို့ထံ စေလွှတ်ခြင်းခံကြရသော (ရစူလ်တမန်တော်များပင်) ဖြစ်ကြသည်" ဟုပြောကြားခဲ့ကြကုန်၏။
ယာစီးကုရ်အာန် ညွှန်းကိန်း
83အာယာသ်
MeccanRevelation
12အာယာသ်

ဘာသာပြန် — ယာစီး 12

စူရာ ယာစီး အာယာသ် 12 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မလွဲဧကန် ငါအရှင်မြတ်သည်သာလျှင် သူသေတို့အား ရှင်စေတော်မူပေမည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသူတို့ ကြိုတင် ပို့ခဲ့ကြသည်များကိုလည်းကောင်း၊ ထိုသူတို့၏…

စူရာ အာယာသ် 12/83 — စူရာ ယာစီး يس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယာစီး နားထောင်, စူရာ ယာစီး ဘာသာပြန်, စူရာ ယာစီး mp3, စူရာ ယာစီး pdf. အာယာသ် 10–14. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers