အဇ်-ဇုမား · 35/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အဇ်-ဇုမား
لِيُكَفِّرَ اللَّهُ عَنْهُمْ أَسْوَأَ الَّذِي عَمِلُوا وَيَجْزِيَهُمْ أَجْرَهُم بِأَحْسَنِ الَّذِي كَانُوا يَعْمَلُونَ ۝٣٥
Liyukaffiral laahu `anhum aswa allazee `amiloo wa yajziyahum ajrahum bi ahsanil lazee kaano ya`maloon
📖 မြန်မာဘာသာ
နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့မှ ထိုသူတို့ ကျင့်မူခဲ့ကြသောအဆိုးများကို ပပျောက်စေသည့်ပြင်၊ ၎င်းတို့အား ၎င်းတို့ ကျင့်မူလေ့ ရှိခဲ့ကြသော အကောင်းများ၏အစားကို (အပြည့်အစုံ) ချီးမြှင့် ပေးသနားတော်မူအံ့နည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 33-37 — စူရာ အဇ်-ဇုမား

33وَالَّذِي جَاءَ بِالصِّدْقِ وَصَدَّقَ بِهِ ۙ أُولَٰئِكَ هُمُ الْمُتَّقُونَ
သို့ရာတွင် အကြင်သူသည် အမှန်တရားကို ဆောင်ယူခဲ့၏။ ထိုမှတစ်ပါး ယင်းအမှန်တရားကို ဟုတ်မှန်ကြောင်း ယုံကြည်ထောက်ခံခဲ့၏။ ထိုသူတို့ ပင်လျှင် "မွတ္တကီ"ပြစ်မှုများမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်များဖြစ်ကြကုန်၏။
34لَهُم مَّا يَشَاءُونَ عِندَ رَبِّهِمْ ۚ ذَٰلِكَ جَزَاءُ الْمُحْسِنِينَ
၎င်းတို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် ၎င်းတို့ အလိုရှိသမျှတို့သည် ရှိကြကုန်၏။ ဤသည်ကား အကောင်းပြုသူတို့၏ အကျိုးပင်။
35لِيُكَفِّرَ اللَّهُ عَنْهُمْ أَسْوَأَ الَّذِي عَمِلُوا وَيَجْزِيَهُمْ أَجْرَهُم بِأَحْسَنِ الَّذِي كَانُوا يَعْمَلُونَ
နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့မှ ထိုသူတို့ ကျင့်မူခဲ့ကြသောအဆိုးများကို ပပျောက်စေသည့်ပြင်၊ ၎င်းတို့အား ၎င်းတို့ ကျင့်မူလေ့ ရှိခဲ့ကြသော အကောင်းများ၏အစားကို (အပြည့်အစုံ) ချီးမြှင့် ပေးသနားတော်မူအံ့နည်း။
36أَلَيْسَ اللَّهُ بِكَافٍ عَبْدَهُ ۖ وَيُخَوِّفُونَكَ بِالَّذِينَ مِن دُونِهِ ۚ وَمَن يُضْلِلِ اللَّهُ فَمَا لَهُ مِنْ هَادٍ
အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်(နဗီတမန်တော်မုဟမ္မဒ်)အဖို့ လုံလောက်တော်မူသည် မဟုတ်ပါလော။ သို့ဖြစ်လင့်ကစား(အို-နဗီတမန်တော်)၎င်းတို့သည် အသင့်အား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားသော သူတို့အားဖြင့် ခြိမ်းခြောက်၍နေကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အကြင်သူအား လမ်းမှား၌ပင် ရှိစေတော်မူပါလျှင် ထိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်အံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိတော့ပြီ။
37وَمَن يَهْدِ اللَّهُ فَمَا لَهُ مِن مُّضِلٍّ ۗ أَلَيْسَ اللَّهُ بِعَزِيزٍ ذِي انتِقَامٍ
ထိုနည်းတူစွာ အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်သို့ ပို့ပေးတော်မူပါလျှင် ထိုသူအား လမ်းမှားစေအံ့သောသူဟူ၍ တစ်ဦး တစ်ယောက်မျှ မရှိတော့ပြီ။ အလ္လာဟ်အရှင်မြတ်သည် လွန်စွာနိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ လက်စားချေတော်မူသောအရှင်၊ ဖြစ်တော်မူသည် မဟုတ်ပါလော။
အဇ်-ဇုမားကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MeccanRevelation
35အာယာသ်

ဘာသာပြန် — အဇ်-ဇုမား 35

စူရာ အဇ်-ဇုမား အာယာသ် 35 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့မှ ထိုသူတို့ ကျင့်မူခဲ့ကြသောအဆိုးများကို ပပျောက်စေသည့်ပြင်၊ ၎င်းတို့အား ၎င်းတို့ ကျင့်မူလေ့ ရှိခဲ့ကြသော…

စူရာ အာယာသ် 35/75 — စူရာ အဇ်-ဇုမား الزمر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုမား နားထောင်, စူရာ အဇ်-ဇုမား ဘာသာပြန်, စူရာ အဇ်-ဇုမား mp3, စူရာ အဇ်-ဇုမား pdf. အာယာသ် 33–37. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers