အဇ်-ဇုမား · 60/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အဇ်-ဇုမား
وَيَوْمَ الْقِيَامَةِ تَرَى الَّذِينَ كَذَبُوا عَلَى اللَّهِ وُجُوهُهُم مُّسْوَدَّةٌ ۚ أَلَيْسَ فِي جَهَنَّمَ مَثْوًى لِّلْمُتَكَبِّرِينَ ۝٦٠
Wa Yawmal Qiyaamati taral lazeena kazaboo `alallaahi wujoohuhum muswaddah; alaisa fee Hahannama maswal lilmutakabbireen
📖 မြန်မာဘာသာ
စင်စစ်သော်ကား (အို-နဗီတမန်တော်၊) အသင်သည် "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တွင် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားပြောဆိုစွပ်စွဲခဲ့ကြ ကုန်သောသူတို့အား၊ ၎င်းတို့၏မျက်နှာတို့မှာ မည်း၍နေကြသည်ကို တွေ့မြင်ပေမည်။ မာန်မာနထောင်လွှား ကြသောသူတို့၏ နေထိုင်ရာဌာနသည် "ဂျဟန္နမ်" ငရဲဘုံ၌ ရှိသည်မဟုတ်လော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်။
  • ကဒ္ဇဗူ (كَذَبُوا) - မုသားဆိုခြင်း၊ လုပ်ကြံဖန်တီးခြင်း။
  • မုစ်ဝဒ္ဒဟ် (مُّسْوَدَّةٌ) - မည်းနက်သော၊ မဲမှောင်သော။
  • မသ္ဝန် (مَثْوًى) - နေထိုင်ရာဌာန၊ ခိုလှုံရာနေရာ။
  • မုသကဗ္ဗိရီန် (لِّلْمُتَكَبِّرِينَ) - မာန်မာနထောင်လွှားသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

ရှင်ပြန်ထမြောက်ရာနေ့တွင် အလ္လာဟ်အရှင်မြတ်အပေါ် မုသားလုပ်ကြံပြောဆိုခဲ့ကြသူများ၏ မျက်နှာများကို မည်းနက်နေသည်ကို သင်တွေ့မြင်ရမည်ဖြစ်သည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်အား သားသမီးရှိသည်ဟု စွပ်စွဲခြင်း၊ အရှင်မြတ်နှင့်တွဲဖက်တွဲယှဉ်ဖော်ခြင်း၊ အရှင်မြတ်ခွင့်ပြုတော်မမူသောအရာများကို တရားဝင်အဖြစ် သတ်မှတ်ခြင်းစသည့် မုသားများကို လုပ်ကြံပြောဆိုခဲ့ကြသူများဖြစ်ကြသည်။ ထိုနေ့တွင် သူတို့၏မျက်နှာများသည် မည်းနက်လျက် ရှိကြမည်ဖြစ်ပြီး ယင်းသည် သူတို့၏ ကံဆိုးမှုနှင့် အရှက်ရမှုကို ဖော်ပြသော လက္ခဏာတစ်ရပ်ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မေးမြန်းတော်မူသည်။ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ခြင်းနှင့် အရှင်မြတ်၏တမန်တော်များကို လိုက်နာခြင်းမှ မာန်မာနထောင်လွှားခဲ့ကြသူများအတွက် ဂျဟန်နမ်ငရဲဘုံတွင် နေထိုင်ရာဌာနရှိသည်မဟုတ်လော။ ဟုတ်ပေသည်။ ဧကန်အမှန်ပင် ထိုငရဲဘုံသည် သူတို့အတွက် နေထိုင်ရာဌာနဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။
  • အလ္လာဟ်အရှင်မြတ်အပေါ် မုသားလုပ်ကြံပြောဆိုခြင်းသည် အလွန်ကြီးလေးသော အပြစ်ဖြစ်ပြီး ထိုသူများသည် ကိယာမသ်နေ့တွင် မျက်နှာမည်းနက်ခြင်းဖြင့် အရှက်ရကြမည်ဖြစ်သည်။
  • မာန်မာနထောင်လွှားခြင်းသည် လူသားကို ဂျဟန်နမ်ငရဲဘုံသို့ ပို့ဆောင်နိုင်သော အန္တရာယ်ကြီးသော စိတ်ဓာတ်တစ်ရပ်ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် မုသားလုပ်ကြံသူများနှင့် မာန်မာနထောင်လွှားသူများကို တရားစီရင်တော်မူမည်ဖြစ်ပြီး တရားမျှတမှုသည် ဧကန်မုချ ဖြစ်ပေါ်မည်ဖြစ်သည်။
  • ဤအာယသ်တော်သည် အစ္စလာမ်သာသနာကို လက်ခံလိုက်နာခြင်းနှင့် အလ္လာဟ်အရှင်မြတ်ကို စစ်မှန်စွာယုံကြည်ခြင်း၏ အရေးပါမှုကို သတိပေးနေသည်။
  • အလ္လာဟ်အရှင်မြတ်သည် မ


📜 အာယာသ် 58-62 — စူရာ အဇ်-ဇုမား

58أَوْ تَقُولَ حِينَ تَرَى الْعَذَابَ لَوْ أَنَّ لِي كَرَّةً فَأَكُونَ مِنَ الْمُحْسِنِينَ
သို့တည်းမဟုတ် (မည်သူမဆို) ပြစ်ဒဏ်ကို တွေ့မြင်လေသောအချိန်အခါ၌ "ဧကန်မလွဲ ငါသည် အကယ်၍သာ (ကမ္ဘာလောကသို့)တဖန်ပြန်၍ သွားနိုင်လျှင် ကောင်းလေစွ။ သို့ဖြစ်ခဲ့လျှင် ငါသည် သူတော်ကောင်းတို့အနက် အပါအဝင်ဖြစ်ပေမည်" ဟူ၍ မပြောဆိုနိုင်ရန်လည်းကောင်း၊ (ထုတ်ပြန်တော်မူခြင်းဖြစ်၏၊)
59بَلَىٰ قَدْ جَاءَتْكَ آيَاتِي فَكَذَّبْتَ بِهَا وَاسْتَكْبَرْتَ وَكُنتَ مِنَ الْكَافِرِينَ
အဘယ်ကြောင့်မဟုတ်သနည်း။ ငါအရှင်မြတ်၏ အမိန့်-အာယတ်တော်များသည် အသင့်ထံသို့ ဧကန်မလွဲ ရောက်ရှိလာခဲ့ပေသည်။ သို့ရာတွင် အသင်သည် ယင်းအမိန့်အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ပေသည်။ ထို့ပြင် အသင်သည် မာန်မာန ထောင်လွှားခဲ့ပေသည်။ထိုမှတစ်ပါး အသင်သည် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့တွင် အပါအဝင် ဖြစ်ခဲ့ပေသတည်း။
60وَيَوْمَ الْقِيَامَةِ تَرَى الَّذِينَ كَذَبُوا عَلَى اللَّهِ وُجُوهُهُم مُّسْوَدَّةٌ ۚ أَلَيْسَ فِي جَهَنَّمَ مَثْوًى لِّلْمُتَكَبِّرِينَ
စင်စစ်သော်ကား (အို-နဗီတမန်တော်၊) အသင်သည် "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တွင် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားပြောဆိုစွပ်စွဲခဲ့ကြ ကုန်သောသူတို့အား၊ ၎င်းတို့၏မျက်နှာတို့မှာ မည်း၍နေကြသည်ကို တွေ့မြင်ပေမည်။ မာန်မာနထောင်လွှား ကြသောသူတို့၏ နေထိုင်ရာဌာနသည် "ဂျဟန္နမ်" ငရဲဘုံ၌ ရှိသည်မဟုတ်လော။
61وَيُنَجِّي اللَّهُ الَّذِينَ اتَّقَوْا بِمَفَازَتِهِمْ لَا يَمَسُّهُمُ السُّوءُ وَلَا هُمْ يَحْزَنُونَ
၎င်းပြင် ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော "မွတ္တကီ" သူတော်စင်တို့ကိုမူကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ အောင်မြင်မှုနှင့်တကွ လွတ်မြောက်စေတော်မူပေမည်။ ၎င်းတို့တွင် ဘေးဒုက္ခသည်လည်း ဆိုက်ရောက်မည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ပေတကား။
62اللَّهُ خَالِقُ كُلِّ شَيْءٍ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ وَكِيلٌ
အလ္လာဟ်အရှင်မြတ်သည်ပင် အရာရာကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူသည့်ပြင် ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ အပေါ်ဝယ် ထိန်းသိမ်းတော်မူသောအရှင် ဖြစ်တော်မူ၏။
အဇ်-ဇုမားကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MeccanRevelation
60အာယာသ်

ဘာသာပြန် — အဇ်-ဇုမား 60

စူရာ အဇ်-ဇုမား အာယာသ် 60 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား (အို-နဗီတမန်တော်၊) အသင်သည် "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တွင် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားပြောဆိုစွပ်စွဲခဲ့ကြ ကုန်သောသူတို့အား၊ ၎င်းတို့၏မျက်နှာတို့မှာ မည်း၍နေကြသည်ကို တွေ့မြင်ပေမည်။…

စူရာ အာယာသ် 60/75 — စူရာ အဇ်-ဇုမား الزمر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုမား နားထောင်, စူရာ အဇ်-ဇုမား ဘာသာပြန်, စူရာ အဇ်-ဇုမား mp3, စူရာ အဇ်-ဇုမား pdf. အာယာသ် 58–62. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers