يَا أَيُّهَا النَّاسُ قَدْ جَاءَكُمُ الرَّسُولُ بِالْحَقِّ مِن رَّبِّكُمْ فَآمِنُوا خَيْرًا لَّكُمْ ۚ وَإِن تَكْفُرُوا فَإِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۚ وَكَانَ اللَّهُ عَلِيمًا حَكِيمًا ١٧٠
🔤 Transliteration
Yaaa aiyuhan naasu qad jaaa`akumur Rasoolu bilhaqqi mir Rabbikum fa ammminoo khairal lakum; wa in takfuroo fainnna lillaahi maa fis samaawaati wal ard; wa kaanal laahu `Aleemann hakeemaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အို- လူအပေါင်းတို့၊ ဧကန်စင်စစ် (ဤ) ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံသို့ အသင်တို့�ားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ (မှန်ကန်သောတရားဓမ္မ) ကို ယူဆောင်၍လာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည်‘အီမာန်’ သဒ္ဒါတရားထားရှိကြလေကုန်။ (ဤကဲ့သို ‘အီမာန်’သဒ္ဒါတရားထားရှိခြင်းကား) အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်မည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ကြပါမူ၊ (အသင်တို့သည်ပင်လျှင် နစ်နာဆုံးရှုံးကြလတ္တံ့။ အကြောင်းမူကား မိုးကောင်းကင်များနှင့် ပထဝီမြေ၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာဝတ္ထုအလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာဝတ္ထုချည်းသာ ဖြစ်သောကြောင့်ပင်တည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းဥဿုံ အလုံးစုံတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
ရစူလ် (الرَّسُولُ ) — တမန်တော်၊ သတင်းစကားဆောင်သူ။ ဤနေရာတွင် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ကို ရည်ညွှန်းပါသည်။ အလ်-ဟက္က် (الْحَقِّ ) — အမှန်တရား၊ မှန်ကန်သောအရာ။ ဤနေရာတွင် အစ္စလာမ်သာသနာနှင့် ရှရီအသ်ဥပဒေသကို ရည်ညွှန်းပါသည်။ ခိုင်ရန် (خَيْرًا ) — ကောင်းမှု၊ အကောင်းဆုံးအရာ။ တက္ကဖုရူ (تَكْفُرُوا ) — သင်တို့သည် ငြင်းပယ်ကြလျှင်၊ မယုံကြည်ကြလျှင်။ အလီမန် (عَلِيمًا ) — အရာအားလုံးကို သိတော်မူသောအရှင်။ ဟကီမန် (حَكِيمًا ) — ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောအရှင်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အို လူသားအားလုံးတို့၊ သင်တို့ထံသို့ သင်တို့၏ အရှင်သခင်ထံမှ အမှန်တရားနှင့်တကွ ရစူလ်တမန်တော်သည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထိုတမန်တော်သည် အစ္စလာမ်သာသနာတော်ကို ယူဆောင်လာခဲ့သူဖြစ်သည်။ သို့ဖြစ်၍ သင်တို့သည် ထိုတမန်တော်ကို ယုံကြည်လက်ခံကြလော့။ ယုံကြည်ခြင်းသည် သင်တို့အတွက် ဤဘဝနှင့် တမလွန်ဘဝတွင် အကောင်းဆုံးသော အကျိုးကျေးဇူးကို ယူဆောင်ပေးမည်ဖြစ်သည်။ အကယ်၍ သင်တို့သည် ငြင်းပယ်ကြပါက အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ယုံကြည်ခြင်းကို လုံးဝလိုအပ်တော်မူသည် မဟုတ်ပါ။ အကြောင်းမှာ မိုးကောင်းကင်များနှင့် မြေပြင်တွင် ရှိရှိသမျှအရာအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ပိုင်ဆိုင်မှုဖြစ်သည်။ သင်တို့သည် ငြင်းပယ်ခြင်းဖြင့် အရှင်မြတ်အား မည်သည့်ဆုံးရှုံးမှုကိုမျှ မဖြစ်စေနိုင်ပါ။ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ပြောဆိုမှုများ၊ ပြုလုပ်မှုများကို အကြွင်းမဲ့သိတော်မူသောအရှင်၊ မိမိ၏ ဥပဒေပညတ်ချက်များ၊ အမိန့်တော်များနှင့် စီမံခန့်ခွဲမှုများတွင် ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ မည်သူသည် လမ်းညွှန်မှုကို ထိုက်တန်သည်ကို သိတော်မူ၍ ထိုသူအတွက် လမ်းညွှန်မှုကို လွယ်ကူစေတော်မူသည်။ မည်သူသည် လမ်းညွှန်မှုကို မထိုက်တန်သည်ကို သိတော်မူ၍ ထိုသူအား လမ်းညွှန်မှုမှ လွှဲဖယ်ထားတော်မူသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးထံသို့ တမန်တော်မုဟမ္
يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَكُمُ ٱلرَّسُولُ بِٱلۡحَقِّ مِن رَّبِّكُمۡ فَـَٔامِنُواْ خَيۡرًا لَّكُمۡۚ وَإِن تَكۡفُرُواْ فَإِنَّ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا ١٧٠
အို- လူအပေါင်းတို့၊ ဧကန်စင်စစ် (ဤ) ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံသို့ အသင်တို့�ားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ (မှန်ကန်သောတရားဓမ္မ) ကို ယူဆောင်၍လာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည်‘အီမာန်’ သဒ္ဒါတရားထားရှိကြလေကုန်။ (ဤကဲ့သို ‘အီမာန်’သဒ္ဒါတရားထားရှိခြင်းကား) အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်မည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ကြပါမူ၊ (အသင်တို့သည်ပင်လျှင် နစ်နာဆုံးရှုံးကြလတ္တံ့။ အကြောင်းမူကား မိုးကောင်းကင်များနှင့် ပထဝီမြေ၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာဝတ္ထုအလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာဝတ္ထုချည်းသာ ဖြစ်သောကြောင့်ပင်တည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းဥဿုံ အလုံးစုံတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 168-172 — စူရာ အန်-နီဆာ
168 إِنَّ الَّذِينَ كَفَرُوا وَظَلَمُوا لَمْ يَكُنِ اللَّهُ لِيَغْفِرَ لَهُمْ وَلَا لِيَهْدِيَهُمْ طَرِيقًا
ဧကန်စင်စစ် အကြင်သူတို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ကြ၏။ ၎င်းပြင် မတော်မတရားပြုမူခဲ့ကြ၏။ ထိုသူတို့အား အလ္လာဟ်အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်လည်း မဟုတ်ပေ။ မည်သည့်လမ်းကိုမျှ ညွှန်ကြားပြသတော်မူမည်လည်း မဟုတ်ချေ။
169 إِلَّا طَرِيقَ جَهَنَّمَ خَالِدِينَ فِيهَا أَبَدًا ۚ وَكَانَ ذَٰلِكَ عَلَى اللَّهِ يَسِيرًا
သို့ရာတွင် (အလ္လာဟ်အရှင်မြတ်သည် ယင်းသူတို့အား) ‘ဂျဟန္နမ်’ ငရဲဘုံ၏လမ်းကိုသာ (ညွှန်ကြားပြသတော်မူအံ့) ၊ ၎င်းတို့သည် ထိုငရဲဘုံ၌ ထာဝစဉ်နေထိုင်သောသူများ ဖြစ်ကြလတ္တံ့။ အမှန်စင်စစ် ယင်းကဲသို့ပြစ်ဒဏ်ပေးခြင်းသည် အလ္လာဟ်အရှင်မြတ်အဖို့ လွယ်ကူလှပေသတည်း။
170 يَا أَيُّهَا النَّاسُ قَدْ جَاءَكُمُ الرَّسُولُ بِالْحَقِّ مِن رَّبِّكُمْ فَآمِنُوا خَيْرًا لَّكُمْ ۚ وَإِن تَكْفُرُوا فَإِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۚ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
အို- လူအပေါင်းတို့၊ ဧကန်စင်စစ် (ဤ) ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံသို့ အသင်တို့�ားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ (မှန်ကန်သောတရားဓမ္မ) ကို ယူဆောင်၍လာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည်‘အီမာန်’ သဒ္ဒါတရားထားရှိကြလေကုန်။ (ဤကဲ့သို ‘အီမာန်’သဒ္ဒါတရားထားရှိခြင်းကား) အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်မည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ကြပါမူ၊ (အသင်တို့သည်ပင်လျှင် နစ်နာဆုံးရှုံးကြလတ္တံ့။ အကြောင်းမူကား မိုးကောင်းကင်များနှင့် ပထဝီမြေ၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာဝတ္ထုအလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာဝတ္ထုချည်းသာ ဖြစ်သောကြောင့်ပင်တည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းဥဿုံ အလုံးစုံတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
171 يَا أَهْلَ الْكِتَابِ لَا تَغْلُوا فِي دِينِكُمْ وَلَا تَقُولُوا عَلَى اللَّهِ إِلَّا الْحَقَّ ۚ إِنَّمَا الْمَسِيحُ عِيسَى ابْنُ مَرْيَمَ رَسُولُ اللَّهِ وَكَلِمَتُهُ أَلْقَاهَا إِلَىٰ مَرْيَمَ وَرُوحٌ مِّنْهُ ۖ فَآمِنُوا بِاللَّهِ وَرُسُلِهِ ۖ وَلَا تَقُولُوا ثَلَاثَةٌ ۚ انتَهُوا خَيْرًا لَّكُمْ ۚ إِنَّمَا اللَّهُ إِلَٰهٌ وَاحِدٌ ۖ سُبْحَانَهُ أَن يَكُونَ لَهُ وَلَدٌ ۘ لَّهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَكَفَىٰ بِاللَّهِ وَكِيلًا
အို- ရှေးအထက် ပရိယတ္တိ ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ဘာသာသာသနာ၌ အလွန်အကျူးလွန်ကဲခြင်းလည်း မပြုကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အမှန်အကန်ပြောဆိုခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာ ပြောဆိုခြင်းကိုလည်း မပြုကြကုန်လင့်။ မရ်ယမ်၏သားတော် (နဗီတမန်တော်) ‘မစီဟ်’အီစာသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မျှသာ ဖြစ်ချေသည်။ ၎င်းပြင် (နဗီတမန်တော်အီစာသည်) အလ္လာဟ်အရှင်မြတ်၏ အကြင်သတင်းစကားလည်းဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် ထိုသတင်းစကားကို မရ်ယမ်၏ထံသို့ ပို့ဆောင်တော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်အထံတော်မှ ဝိညာဉ်လည်းဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ‘ရစူလ်’ တမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ ယုံကြည်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် (ကိုးကွယ်ရာဘုရား၊ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်သည်) သုံးပါးရှိသည်ဟူ၍ မပြောဆိုကြကုန်လင့်။ အသင်တို့သည် (ယင်းကဲ့သို့ပြောခြင်းမှ) ရပ်စဲကြလေကုန်။ (သို့ရပ်စဲခြင်သည်) အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်လတ္တံ့။အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသောကိုးကွယ်ရာအရှင်သည်သာ ဖြစ်တော်မူလေ၏။ ထိုအရှင်မြတ်သည် မိမိ၌သားရှိခြင်းမှ ကင်းစင်တော်မူ၏။ မိုးကောင်းကင်၌ ရှိသမျှတို့သည်လည်းကောင်း၊ မြေ၌ရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများချည်းသာဖြစ်ကုန်၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အရာရာကို စီမံပြုလုပ်ပေးတော်မူသောအရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။ (ရကူ)
172 لَّن يَسْتَنكِفَ الْمَسِيحُ أَن يَكُونَ عَبْدًا لِّلَّهِ وَلَا الْمَلَائِكَةُ الْمُقَرَّبُونَ ۚ وَمَن يَسْتَنكِفْ عَنْ عِبَادَتِهِ وَيَسْتَكْبِرْ فَسَيَحْشُرُهُمْ إِلَيْهِ جَمِيعًا
(နဗီတမန်တော်) ‘မစီဟ်’ (အီစာ) သည်လည်းကောင်း၊ အပါးတော်မြဲ ‘မလာအိကဟ်’ စေတမန်အပေါင်းတို့သည်လည်းကောင်း အလ္လာဟ်အရှင်မြတ်၏ ကျွန်ဖြစ်ခြင်းကို (ဂုဏ်ရည်ယုတ်ညံ့ ရှက်ဖွယ်ရာဖြစ်သည်ဟု အလျင်းထင်မှတ်ကြမည်မဟုတ်ပေ။ အလျင်း စက်ဆုပ်ကြမည်လည်းမဟုတ်ပေ) ။ သို့ရာတွင် မည်သူမဆို ထိုအရှင်မြတ်၏ကျွန်ဖြစ်ခြင်းကို စက်ဆုပ်၍ မာန်မာနထောင်လွှားသည်ရှိသော် ထိုအရှင်မြတ်သည် မကြာမြင့်မီ ထို (ကဲ့သို့သော) သူအားလုံးတို့ကို မိမိအထံတော်သို့ (စစ်ဆေးမေးမြန်းခြင်းငှာ) စုရုံးစေတော်မူအံ့။
ဘာသာပြန် — အန်-နီဆာ 170 စူရာ အန်-နီဆာ အာယာသ် 170 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို- လူအပေါင်းတို့၊ ဧကန်စင်စစ် (ဤ) ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံသို့ အသင်တို့�ားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ…
စူရာ အာယာသ် 170/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 168–172. မြန်မာဘာသာ: ภาษาไทย.