وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَنُدْخِلُهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ لَّهُمْ فِيهَا أَزْوَاجٌ مُّطَهَّرَةٌ ۖ وَنُدْخِلُهُمْ ظِلًّا ظَلِيلًا ٥٧
🔤 Transliteration
Wallazeena aamanoo wa `amilus saalihaati sanud khiluum jannaatin tajree min tahtihal anhaaru khaalideena feehaaa abadaa, lahum feehaaa azwaajum mutahharatun wa nudkhiluhum zillan zaleelaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
သို့ရာတွင်မူ အကြင်သူတို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ခါတရား ထားရှိကြ၏။ ၎င်းပြင် ကောင်းမြတ်သောအကျင့်သီလများကိုလည်း ဆောက်တည်စောင့်ထိန်းကြ၏။ ထိုသူတို့အား ငါအရှင်မြတ်သည် မကြာမြင့်မီ အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူအံ့။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများ စီးဆင်းလျက်ရှိမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ အမြဲထာဝစဉ် နေထိုင်စံမြန်းကြရမည်။ ၎င်းဥယျာဉ်များတွင် ထိုသူတို့အဖို့ သန့်ရှင်းစင်ကြယ်သောဇနီးမိန်းမများလည်းရှိကြမည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့အား အလွန် ထူထပ်ချမ်းမြေ့သာယာသော အရိပ်အာဝါသအောက်သို့ ဝင်ရောက်စေတော်မူအံ့။
🌐 Additional reference in ภาษาไทย
၁။ ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
အီမာန် (آمَنُوا ): အလ္လာဟ်အရှင်မြတ်ကို စိတ်နှလုံးဖြင့် ယုံကြည်ခြင်း၊ နှုတ်ဖြင့် ဝန်ခံခြင်း၊ လက်တွေ့ကျင့်သုံးခြင်း။ ဆွာလိဟာသ် (الصَّالِحَاتِ ): အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသော ကောင်းမှုကုသိုလ်များ။ ဂျန္နာသ် (جَنَّاتٍ ): ဥယျာဉ်များ၊ သုခဘုံများ။ တဂျ်ရီ မင်သဟ်တိဟာ (تَجْرِي مِن تَحْتِهَا ): သူတို့အောက်မှ စီးဆင်းနေသော။ ခါလိဒီန (خَالِدِينَ ): အမြဲထာဝရနေထိုင်သူများ။ အက်ဇ်ဝါဂျွန် မုသဟ်ဟရသွန် (أَزْوَاجٌ مُّطَهَّرَةٌ ): စင်ကြယ်သော ဇနီးမောင်နှံများ။ ဇိလ္လန် ဇလီလာ (ظِلًّا ظَلِيلًا ): ထူထပ်သော အရိပ်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ပြီး ရစူလ်တော်မြတ်၏ သတင်းစကားကို လက်ခံကာ ကောင်းမှုကုသိုလ်များကို လုပ်ဆောင်ကြသူများကို အလ္လာဟ်အရှင်မြတ်သည် သုခဥယျာဉ်များထဲသို့ ဝင်ရောက်စေတော်မူမည်။ ထိုဥယျာဉ်များ၏ အောက်မှ မြစ်ချောင်းများ စီးဆင်းနေမည်။ သူတို့သည် ထိုဥယျာဉ်များထဲတွင် ထာဝရအမြဲနေထိုင်ရမည်။ ထိုဥယျာဉ်များထဲတွင် သူတို့အတွက် စင်ကြယ်သော ဇနီးမောင်နှံများ ရှိမည်။ ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ကို ထူထပ်သော အရိပ်အောက်သို့ ဝင်ရောက်စေတော်မူမည်။ ထိုအရိပ်သည် နေရောင်ခြည်ဖြင့် မဖျက်ဆီးနိုင်သော၊ အပူအအေး အန္တရာယ်မပေးနိုင်သော အရိပ်ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
အီမာန်နှင့် ကောင်းမှုကုသိုလ်သည် သုခဘုံသို့ ဝင်ရောက်ရန် အဓိကသော့ချက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိအား ယုံကြည်သူများကို ဘယ်တော့မှ မေ့လျော့တော်မမူဘဲ အကောင်းဆုံးဆုလာဘ်များဖြင့် ချီးမြှင့်တော်မူမည်။ သုခဘုံ၏ သုခချမ်းသာသည် ထာဝရဖြစ်ပြီး မည်သည့်အခါမျှ ကုန်ဆုံးမည်မဟုတ်။ စင်ကြယ်သော ဇနီးမောင်နှံများနှင့် ထူထပ်သော အရိပ်သည် သုခဘုံ၏ ပြည့်စုံသော သုခချမ်းသာ၏ အစိတ်အပိုင်းများဖြစ်သည်။ ဤအာယသ်တော်သည် အီမာန်ရှိသူများအား ကောင်းမှုကုသိုလ်များ ဆက်လက်လုပ်ဆောင်ရန် အားပေးမှုဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ ကတိတော်သည် ဧကန်အမှန်ဖြစ်ပြီး မည်သည့်အခါမျှ ပျက်ကွက်မည်မဟုတ်။
وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ سَنُدۡخِلُهُمۡ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدًاۖ لَّهُمۡ فِيهَآ أَزۡوَٰجٌ مُّطَهَّرَةٌۖ وَنُدۡخِلُهُمۡ ظِلًّا ظَلِيلًا ٥٧
သို့ရာတွင်မူ အကြင်သူတို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ခါတရား ထားရှိကြ၏။ ၎င်းပြင် ကောင်းမြတ်သောအကျင့်သီလများကိုလည်း ဆောက်တည်စောင့်ထိန်းကြ၏။ ထိုသူတို့အား ငါအရှင်မြတ်သည် မကြာမြင့်မီ အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူအံ့။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများ စီးဆင်းလျက်ရှိမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ အမြဲထာဝစဉ် နေထိုင်စံမြန်းကြရမည်။ ၎င်းဥယျာဉ်များတွင် ထိုသူတို့အဖို့ သန့်ရှင်းစင်ကြယ်သောဇနီးမိန်းမများလည်းရှိကြမည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့အား အလွန် ထူထပ်ချမ်းမြေ့သာယာသော အရိပ်အာဝါသအောက်သို့ ဝင်ရောက်စေတော်မူအံ့။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 55-59 — စူရာ အန်-နီဆာ
55 فَمِنْهُم مَّنْ آمَنَ بِهِ وَمِنْهُم مَّن صَدَّ عَنْهُ ۚ وَكَفَىٰ بِجَهَنَّمَ سَعِيرًا
သို့တစေလည်း ယင်း (နဗီတမန်တော်၏အဆက်အနွယ်) တို့အနက် အချို့သူတို့သည် ထို (ကျမ်းဂန်နှင့် ဉာဏ်ပညာ စသည်တို့) ကို ယုံကြည်ခဲ့ကြလေ၏။ သို့ရာတွင် ��င်းတို့အနက် အချို့သူတို့မှာမူကား ထို (ကျမ်းဂန်နှင့် ဉာဏ်ပညာ စသည်တို့ကိုယုံကြည်ခြင်း) မှ သွေရှောင်ခဲ့ကြလေ၏။ အမှန်သော်ကား (ယင်းကဲ့သို့သူတို့အဖို့) အလျှံပြောင်ပြောင်တောက်လောင်သော ‘ဂျဟန္နမ်’ ငရဲဘုံသည်ပင် ပြစ်ဒဏ်အဖြစ် လုံလောက်ပေသည်။
56 إِنَّ الَّذِينَ كَفَرُوا بِآيَاتِنَا سَوْفَ نُصْلِيهِمْ نَارًا كُلَّمَا نَضِجَتْ جُلُودُهُم بَدَّلْنَاهُمْ جُلُودًا غَيْرَهَا لِيَذُوقُوا الْعَذَابَ ۗ إِنَّ اللَّهَ كَانَ عَزِيزًا حَكِيمًا
စင်စစ်ဧကန် အကြင်သူတို့သည် ငါအရှင် မြတ်၏ သက်သေလက္ခဏာတော်များကို မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား မကြာမြင့်မီ (ငရဲ) မီးထဲသို့ ထည့်သွင်းတော်မူအံ့။ ထိုသူတို့၏အရေပြားသည် ကျွမ်းလောင်၍သွားတိုင်း၊ ထိုသူတို့သည် ပြစ်ဒဏ် (၏ အရသာ) ကို (အမြဲမပြတ်) မြည်းစမ်းကြရန် ငါအရှင်မြတ်သည် ၎င်းတို့အား (ကျွမ်းလောင်ခဲ့သော) ထိုအရေပြား၏အစား အခြား (အသစ်ဖြစ်သော) အရေပြားကို လဲလှယ်၍ပေးတော်မူအံ့။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
57 وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَنُدْخِلُهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ لَّهُمْ فِيهَا أَزْوَاجٌ مُّطَهَّرَةٌ ۖ وَنُدْخِلُهُمْ ظِلًّا ظَلِيلًا
သို့ရာတွင်မူ အကြင်သူတို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ခါတရား ထားရှိကြ၏။ ၎င်းပြင် ကောင်းမြတ်သောအကျင့်သီလများကိုလည်း ဆောက်တည်စောင့်ထိန်းကြ၏။ ထိုသူတို့အား ငါအရှင်မြတ်သည် မကြာမြင့်မီ အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူအံ့။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများ စီးဆင်းလျက်ရှိမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ အမြဲထာဝစဉ် နေထိုင်စံမြန်းကြရမည်။ ၎င်းဥယျာဉ်များတွင် ထိုသူတို့အဖို့ သန့်ရှင်းစင်ကြယ်သောဇနီးမိန်းမများလည်းရှိကြမည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့အား အလွန် ထူထပ်ချမ်းမြေ့သာယာသော အရိပ်အာဝါသအောက်သို့ ဝင်ရောက်စေတော်မူအံ့။
58 ۞ إِنَّ اللَّهَ يَأْمُرُكُمْ أَن تُؤَدُّوا الْأَمَانَاتِ إِلَىٰ أَهْلِهَا وَإِذَا حَكَمْتُم بَيْنَ النَّاسِ أَن تَحْكُمُوا بِالْعَدْلِ ۚ إِنَّ اللَّهَ نِعِمَّا يَعِظُكُم بِهِ ۗ إِنَّ اللَّهَ كَانَ سَمِيعًا بَصِيرًا
(အို- မွတ်စ်လင်မ်အပေါင်းတို့) အလ္လာဟ်အရှင်မြတ်သည် ဧကန်စင်စစ် အသင်တို့အား (မိမိတို့ထံ သူတစ်ပါးက) အပ်နှံထားသောပစ္စည်းများကို ထိုပစ္စည်းရှင်များသို့ (ပြန်လည်) ပေးဆပ်ကြရန်လည်းကောင်း၊ လူတို့စပ်ကြား၌ စီရင်ဆုံးဖြတ်ကြရာတွင် တရားမျှတစွာဖြင့် စီရင်ဆုံးဖြတ်ကြရန်လည်းကောင်း၊ အမိန့်တော်ပေးတော်မူလေသည်။ ဧကန်စင်စစ် အသင်တို့အား အလ္လာဟ်အရှင်မြတ် ဆုံးမတော်မူသော ဩဝါဒတော်သည် အလွန်မွန်မြတ်လှပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမရှိ ကြားသိတော်မူသောအရှင်၊ ခပ်သိမ်းဥဿုံ အလုံးစုံတို့ကို ခွဲခြားသိမြင်တော်မူသော အရှင်မြတ် ဖြစ်တော်မူပေသည်။
59 يَا أَيُّهَا الَّذِينَ آمَنُوا أَطِيعُوا اللَّهَ وَأَطِيعُوا الرَّسُولَ وَأُولِي الْأَمْرِ مِنكُمْ ۖ فَإِن تَنَازَعْتُمْ فِي شَيْءٍ فَرُدُّوهُ إِلَى اللَّهِ وَالرَّسُولِ إِن كُنتُمْ تُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ ۚ ذَٰلِكَ خَيْرٌ وَأَحْسَنُ تَأْوِيلًا
အို- သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြလေကုန်၊ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း၊ မိမိတို့အနက်မှ အာဏာပိုင်များ၏အမိန့်ကိုလည်းကောင်း လိုက်နာကြလေကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် တစုံတရာကိစ္စနှင့်စပ်လျဉ်း၍ အငြင်းပွားခဲ့ကြသော်၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း သက်ဝင်ယုံကြည်ကြပါလျှင် ထိုကိစ္စကို အလ္လာဟ်အရှင်မြတ်၏ အထံတော်သို့လည်းကောင်း၊ ရစူလ်တမန်တော်၏ထံသို့လည်းကောင်း၊ ပြန်လည်၍ ပို့သကြလေကုန်။ ဤ (သို့ ပြုလုပ်ခြင်း) သည်ကား (အသင်တို့အဖို့ ဤမျက်မှောက်လောကီဘဝ၌) အမွန်မြတ်ဆုံးဖြစ်သည့်အပြင်၊ (နောင်တမလွန်ဘဝ၌လည်း) အကျိုးအာနိသင်အားဖြင့် အကောင်းဆုံးပင် ဖြစ်ချေသတည်း။
ဘာသာပြန် — အန်-နီဆာ 57 စူရာ အန်-နီဆာ အာယာသ် 57 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင်မူ အကြင်သူတို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ခါတရား ထားရှိကြ၏။ ၎င်းပြင် ကောင်းမြတ်သောအကျင့်သီလများကိုလည်း ဆောက်တည်စောင့်ထိန်းကြ၏။ ထိုသူတို့အား ငါအရှင်မြတ်သည်…
စူရာ အာယာသ် 57/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 55–59. မြန်မာဘာသာ: ภาษาไทย.