အန်-နီဆာ · 56/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
إِنَّ الَّذِينَ كَفَرُوا بِآيَاتِنَا سَوْفَ نُصْلِيهِمْ نَارًا كُلَّمَا نَضِجَتْ جُلُودُهُم بَدَّلْنَاهُمْ جُلُودًا غَيْرَهَا لِيَذُوقُوا الْعَذَابَ ۗ إِنَّ اللَّهَ كَانَ عَزِيزًا حَكِيمًا ۝٥٦
Innal lazeena kafaroo bi Aayaatinaa sawfa nusleehim Naaran kullamaa nadijat julooduhum baddalnaahum juloodan ghairahaa liyazooqul `azaab; innallaaha kaana `Azeezan Hakeemaa
📖 မြန်မာဘာသာ
စင်စစ်ဧကန် အကြင်သူတို့သည် ငါအရှင် မြတ်၏ သက်သေလက္ခဏာတော်များကို မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား မကြာမြင့်မီ (ငရဲ) မီးထဲသို့ ထည့်သွင်းတော်မူအံ့။ ထိုသူတို့၏အရေပြားသည် ကျွမ်းလောင်၍သွားတိုင်း၊ ထိုသူတို့သည် ပြစ်ဒဏ် (၏ အရသာ) ကို (အမြဲမပြတ်) မြည်းစမ်းကြရန် ငါအရှင်မြတ်သည် ၎င်းတို့အား (ကျွမ်းလောင်ခဲ့သော) ထိုအရေပြား၏အစား အခြား (အသစ်ဖြစ်သော) အရေပြားကို လဲလှယ်၍ပေးတော်မူအံ့။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်
  • كَفَرُوا (ကာဖရူ) — ငြင်းပယ်ခဲ့ကြသည်။
  • بِآيَاتِنَا (ဗိအာယာသိနာ) — ငါအရှင်မြတ်၏ အာယသ်တော်များ၊ သက်သေလက္ခဏာများ၊ ကုရ်အာန်ကျမ်းတော်မြတ်၏ သွန်သင်ချက်များကို။
  • نُصْلِيهِمْ (နုဆ်လီဟိမ်) — ငါတို့သည် သူတို့ကို မီးထဲသို့ ထည့်သွင်းမည်။
  • نَضِجَتْ (နဒ္ဓိဂျတ်) — ကျက်သွားသည်၊ လောင်ကျွမ်းသွားသည်။
  • بَدَّلْنَاهُمْ (ဗဒ်ဒလ်နာဟုမ်) — ငါတို့သည် သူတို့အတွက် အစားထိုးပေးမည်။
  • لِيَذُوقُوا (လိယဇူးကု) — သူတို့ ခံစားကြရန်အလို့ငှာ။
  • عَزِيزًا (အဇီးဇ်) — အနိုင်ရတော်မူသော၊ မည်သည့်အရာမျှ မတားဆီးနိုင်သော။
  • حَكِيمًا (ဟကီးမ်) — ဉာဏ်ပညာနှင့်ပြည့်စုံတော်မူသော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ငါအရှင်မြတ်၏ အာယသ်တော်များနှင့် သက်သေလက္ခဏာများကို ငြင်းပယ်ခဲ့ကြသောသူများသည် ကိယာမသ်နေ့တွင် သူတို့ကို လွှမ်းခြုံသော ငရဲမီးထဲသို့ ဧကန်မုချ ထည့်သွင်းခံရမည်ဖြစ်သည်။ သူတို့၏ အရေပြားများ မီးလောင်၍ ကျက်သွားတိုင်း၊ သူတို့သည် ထိုပြစ်ဒဏ်ကို ဆက်လက်ခံစားနေရမည့်အတွက် ငါအရှင်မြတ်သည် သူတို့အတွက် အသစ်သော အရေပြားများကို အစားထိုးပေးတော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အနိုင်ရတော်မူသောအရှင်၊ မည်သည့်အရာမျှ အရှင်မြတ်ကို မတားဆီးနိုင်၊ မယှဉ်ပြိုင်နိုင်သောအရှင် ဖြစ်တော်မူသည်။ ထို့အပြင် အရှင်မြတ်သည် မိမိ၏ စီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်ချက်များတွင် ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ကြောင့် ပြစ်ဒဏ်ပေးရာတွင်လည်း အရှင်မြတ်၏ ဉာဏ်ပညာနှင့်အညီ မှန်ကန်စွာ ဆုံးဖြတ်တော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် တရားမျှတမှုနှင့် ဉာဏ်ပညာအပေါ် အခြေခံ၍ ဆုံးဖြတ်တော်မူကြောင်း သိရှိရသည်။ အရှင်မြတ်သည် မည်သူ့ကိုမျှ မတရားစွာ ပြစ်ဒဏ်ပေးတော်မမူပါ။
  • ငရဲ၏ ပြစ်ဒဏ်သည် အလွန်ပြင်းထန်ပြီး ရှောင်လွှဲ၍ မရနိုင်ကြောင်း သတိပေးထားသည်။ ထို့ကြောင့် လူသားများသည် ဤလောကတွင် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကိုးကွယ်ရန် ကြိုးစားသင့်သည်။
  • အလ္လာဟ်အရှင်မြတ်သည် အနန္တတန်ခိုးတော


📜 အာယာသ် 54-58 — စူရာ အန်-နီဆာ

54أَمْ يَحْسُدُونَ النَّاسَ عَلَىٰ مَا آتَاهُمُ اللَّهُ مِن فَضْلِهِ ۖ فَقَدْ آتَيْنَا آلَ إِبْرَاهِيمَ الْكِتَابَ وَالْحِكْمَةَ وَآتَيْنَاهُم مُّلْكًا عَظِيمًا
သို့တည်းမဟုတ်၊ ၎င်း (ယဟူဒီတို့သည် အလ္လာဟ်အရှင်မြတ်က မိမိကျေးဇူးတော်အနက်မှ အခြားသူတို့အား ချီးမြှင့်ပေးသနားတော်မူသော အရာများနှင့်စပ်လျဉ်း၍ မနာလိုကြလေသလော။ သို့ဖြစ်လျှင် ငါအရှင်မြတ်သည် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏ အဆက်အနွယ်အား ကျမ်းဂန်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့သည့်အပြင်၊ ငါအရှင်မြတ်သည် ၎င်းတို့အား ကြီးကျယ်လှစွာသော (အုပ်ချုပ်မှု) ဩဇာအာဏာကိုလည်း ချီးမြှင့်ပေးသနားတော်မူခဲ့လေသတည်း။
55فَمِنْهُم مَّنْ آمَنَ بِهِ وَمِنْهُم مَّن صَدَّ عَنْهُ ۚ وَكَفَىٰ بِجَهَنَّمَ سَعِيرًا
သို့တစေလည်း ယင်း (နဗီတမန်တော်၏အဆက်အနွယ်) တို့အနက် အချို့သူတို့သည် ထို (ကျမ်းဂန်နှင့် ဉာဏ်ပညာ စသည်တို့) ကို ယုံကြည်ခဲ့ကြလေ၏။ သို့ရာတွင် ��င်းတို့အနက် အချို့သူတို့မှာမူကား ထို (ကျမ်းဂန်နှင့် ဉာဏ်ပညာ စသည်တို့ကိုယုံကြည်ခြင်း) မှ သွေရှောင်ခဲ့ကြလေ၏။ အမှန်သော်ကား (ယင်းကဲ့သို့သူတို့အဖို့) အလျှံပြောင်ပြောင်တောက်လောင်သော ‘ဂျဟန္နမ်’ ငရဲဘုံသည်ပင် ပြစ်ဒဏ်အဖြစ် လုံလောက်ပေသည်။
56إِنَّ الَّذِينَ كَفَرُوا بِآيَاتِنَا سَوْفَ نُصْلِيهِمْ نَارًا كُلَّمَا نَضِجَتْ جُلُودُهُم بَدَّلْنَاهُمْ جُلُودًا غَيْرَهَا لِيَذُوقُوا الْعَذَابَ ۗ إِنَّ اللَّهَ كَانَ عَزِيزًا حَكِيمًا
စင်စစ်ဧကန် အကြင်သူတို့သည် ငါအရှင် မြတ်၏ သက်သေလက္ခဏာတော်များကို မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား မကြာမြင့်မီ (ငရဲ) မီးထဲသို့ ထည့်သွင်းတော်မူအံ့။ ထိုသူတို့၏အရေပြားသည် ကျွမ်းလောင်၍သွားတိုင်း၊ ထိုသူတို့သည် ပြစ်ဒဏ် (၏ အရသာ) ကို (အမြဲမပြတ်) မြည်းစမ်းကြရန် ငါအရှင်မြတ်သည် ၎င်းတို့အား (ကျွမ်းလောင်ခဲ့သော) ထိုအရေပြား၏အစား အခြား (အသစ်ဖြစ်သော) အရေပြားကို လဲလှယ်၍ပေးတော်မူအံ့။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
57وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَنُدْخِلُهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ لَّهُمْ فِيهَا أَزْوَاجٌ مُّطَهَّرَةٌ ۖ وَنُدْخِلُهُمْ ظِلًّا ظَلِيلًا
သို့ရာတွင်မူ အကြင်သူတို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ခါတရား ထားရှိကြ၏။ ၎င်းပြင် ကောင်းမြတ်သောအကျင့်သီလများကိုလည်း ဆောက်တည်စောင့်ထိန်းကြ၏။ ထိုသူတို့အား ငါအရှင်မြတ်သည် မကြာမြင့်မီ အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူအံ့။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများ စီးဆင်းလျက်ရှိမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ အမြဲထာဝစဉ် နေထိုင်စံမြန်းကြရမည်။ ၎င်းဥယျာဉ်များတွင် ထိုသူတို့အဖို့ သန့်ရှင်းစင်ကြယ်သောဇနီးမိန်းမများလည်းရှိကြမည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့အား အလွန် ထူထပ်ချမ်းမြေ့သာယာသော အရိပ်အာဝါသအောက်သို့ ဝင်ရောက်စေတော်မူအံ့။
58۞ إِنَّ اللَّهَ يَأْمُرُكُمْ أَن تُؤَدُّوا الْأَمَانَاتِ إِلَىٰ أَهْلِهَا وَإِذَا حَكَمْتُم بَيْنَ النَّاسِ أَن تَحْكُمُوا بِالْعَدْلِ ۚ إِنَّ اللَّهَ نِعِمَّا يَعِظُكُم بِهِ ۗ إِنَّ اللَّهَ كَانَ سَمِيعًا بَصِيرًا
(အို- မွတ်စ်လင်မ်အပေါင်းတို့) အလ္လာဟ်အရှင်မြတ်သည် ဧကန်စင်စစ် အသင်တို့အား (မိမိတို့ထံ သူတစ်ပါးက) အပ်နှံထားသောပစ္စည်းများကို ထိုပစ္စည်းရှင်များသို့ (ပြန်လည်) ပေးဆပ်ကြရန်လည်းကောင်း၊ လူတို့စပ်ကြား၌ စီရင်ဆုံးဖြတ်ကြရာတွင် တရားမျှတစွာဖြင့် စီရင်ဆုံးဖြတ်ကြရန်လည်းကောင်း၊ အမိန့်တော်ပေးတော်မူလေသည်။ ဧကန်စင်စစ် အသင်တို့အား အလ္လာဟ်အရှင်မြတ် ဆုံးမတော်မူသော ဩဝါဒတော်သည် အလွန်မွန်မြတ်လှပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမရှိ ကြားသိတော်မူသောအရှင်၊ ခပ်သိမ်းဥဿုံ အလုံးစုံတို့ကို ခွဲခြားသိမြင်တော်မူသော အရှင်မြတ် ဖြစ်တော်မူပေသည်။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
56အာယာသ်

ဘာသာပြန် — အန်-နီဆာ 56

စူရာ အန်-နီဆာ အာယာသ် 56 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်ဧကန် အကြင်သူတို့သည် ငါအရှင် မြတ်၏ သက်သေလက္ခဏာတော်များကို မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား မကြာမြင့်မီ…

စူရာ အာယာသ် 56/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 54–58. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers