أُولَٰئِكَ الَّذِينَ يَعْلَمُ اللَّهُ مَا فِي قُلُوبِهِمْ فَأَعْرِضْ عَنْهُمْ وَعِظْهُمْ وَقُل لَّهُمْ فِي أَنفُسِهِمْ قَوْلًا بَلِيغًا ٦٣
🔤 Transliteration
Ulaaa`ikal lazeena ya`la mullaahu maa fee quloobihim fa a`rid `anhum wa `izhum wa qul lahum feee anfusihim qawlam baleeghaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ဤသူတို့ကား၊ အကြင်သူများပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်တွင်း၌ ရှိသမျှတို့ကို သိရှိတော်မူလေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့ (၏အပြစ်များ) ကို လျစ်လျူရှု၍ နေပါလေ။ သို့ရာတွင် အသင်သည် ၎င်းတို့အား ဆုံးမပဲ့ပြင်၍ပေးပါလေ။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား ၎င်းတို့နှင့်ပတ်သက်၍ ထိရောက်စွဲမြဲသော (တရား) စကားကိုလည်း ပြောကြားပါလေ။
🌐 Additional reference in ภาษาไทย
၁။ ကမ္မဋ္ဌာန်းစကားလုံးများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် أُولَٰئِكَ — ထိုသူများသည်။يَعْلَمُ اللَّهُ — အလ္လာဟ်အရှင်မြတ်သည် သိတော်မူသည်။مَا فِي قُلُوبِهِمْ — သူတို့၏ စိတ်နှလုံးအတွင်း၌ ရှိသည့်အရာများ (လျှို့ဝှက်ထားသော မနာလိုမှု၊ မုနာဖိက္ (အယောင်ဆောင်) သဘောထား)။فَأَعْرِضْ عَنْهُمْ — ထို့ကြောင့် သူတို့ကို လျစ်လျူရှုလိုက်ပါ (သူတို့၏ မကောင်းမှုကို မချက်ချင်း အပြစ်ပေးခြင်းမှ ရှောင်ကြဉ်ပါ)။وَعِظْهُمْ — သူတို့ကို ဆုံးမဩဝါဒပေးပါ။قَوْلًا بَلِيغًا — ထိရောက်သော၊ နှလုံးထဲထိ ရောက်သော စကားတစ်ခွန်း။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် မုနာဖိက္ (အယောင်ဆောင်မွတ်စ်လင်မ်) များ၏ အခြေအနေနှင့် ပတ်သက်၍ ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။ ထိုသူများသည် မိမိတို့၏ စိတ်နှလုံးအတွင်း၌ လျှို့ဝှက်ထားသော မုနာဖိက္ သဘောထားနှင့် မကောင်းသော ရည်ရွယ်ချက်များကို အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ သိတော်မူသည်။ ထို့ကြောင့် အရှင်မြတ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) အား ထိုသူများကို ချက်ချင်း အပြစ်မပေးဘဲ လျစ်လျူရှုရန်၊ သူတို့၏ မကောင်းသော အကျင့်စရိုက်များမှ ရှောင်ကြဉ်ရန် သတိပေးဆုံးမရန်၊ နှင့် သူတို့၏ စိတ်နှလုံးထဲသို့ ထိရောက်စွာ ရောက်ရှိသော၊ သူတို့ကို တုန်လှုပ်စေသော စကားများဖြင့် ဆုံးမရန် မိန့်ကြားတော်မူခဲ့သည်။
ထိုဆုံးမစကားများသည် အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်တော်များအကြောင်း သတိပေးခြင်း၊ ကောင်းမှုကုသိုလ်များ၏ အကျိုးကျေးဇူးများကို ရှင်းလင်းစွာ ဖော်ပြခြင်းဖြင့် သူတို့၏ နှလုံးသားများကို နူးညံ့စေပြီး အမှန်တရားဘက်သို့ လှည့်လာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များအား အပြစ်ပေးရန်သာမက သူတို့ နောင်တရပြီး လမ်းမှန်သို့ ပြန်လာစေရန်ကိုလည်း လိုလားတော်မူသည်။ ထို့ကြောင့် ချက်ချင်း အပြစ်ပေးခြင်းမပြုဘဲ ဆုံးမဩဝါဒပေးရန် မိန့်ကြားတော်မူခြင်း ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ ၁။ အလ္လာဟ်အရှင်မြတ်သည် အားလုံးကို သိတော်မူသည် — လူသားတို့၏ စိတ်နှလုံးအတွင်း လျှို့ဝှက်ထားသော အရာများကိုပင် အရှင်မြ
أُوْلَٰٓئِكَ ٱلَّذِينَ يَعۡلَمُ ٱللَّهُ مَا فِي قُلُوبِهِمۡ فَأَعۡرِضۡ عَنۡهُمۡ وَعِظۡهُمۡ وَقُل لَّهُمۡ فِيٓ أَنفُسِهِمۡ قَوۡلَۢا بَلِيغًا ٦٣
ဤသူတို့ကား၊ အကြင်သူများပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်တွင်း၌ ရှိသမျှတို့ကို သိရှိတော်မူလေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့ (၏အပြစ်များ) ကို လျစ်လျူရှု၍ နေပါလေ။ သို့ရာတွင် အသင်သည် ၎င်းတို့အား ဆုံးမပဲ့ပြင်၍ပေးပါလေ။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား ၎င်းတို့နှင့်ပတ်သက်၍ ထိရောက်စွဲမြဲသော (တရား) စကားကိုလည်း ပြောကြားပါလေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 61-65 — စူရာ အန်-နီဆာ
61 وَإِذَا قِيلَ لَهُمْ تَعَالَوْا إِلَىٰ مَا أَنزَلَ اللَّهُ وَإِلَى الرَّسُولِ رَأَيْتَ الْمُنَافِقِينَ يَصُدُّونَ عَنكَ صُدُودًا
၎င်းပြင် (တစ်ဦးတစ်ယောက်သောသူသည်) ထိုသူတို့အား “အသင်တို့သည် (တရားစီရင်ဆုံးဖြတ်ရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော တရားဓမ္မ (တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်) ဘက်သို့လည်းကောင်း၊ ရစူလ်တမန်တော်မြတ်ထံသို့လည်းကောင်း လာကြလေကုန်” ဟု ပြောဆိုသောအခါ၊ အသင်သည် ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့အား မိမိထံ (လာရောက်ခြင်း) မှ ဖဲကြဉ်သွေရှောင်ကြသည်ကို တွေ့မြင်ရပေအံ့။
62 فَكَيْفَ إِذَا أَصَابَتْهُم مُّصِيبَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ ثُمَّ جَاءُوكَ يَحْلِفُونَ بِاللَّهِ إِنْ أَرَدْنَا إِلَّا إِحْسَانًا وَتَوْفِيقًا
တစ်ဖန် ထိုသူတို့၌ မိမိတို့၏ ကိုယ်ထိလက်ရောက်ပြုလုပ်မှုများကြောင့်ပင် တစ်စုံတစ်ရာ ဘေးဥပါဒ်အန္တရာယ်သည် ဆိုက်ရောက်လတ်သော် (ထိုသူတို့သည်) မည်သို့ဖြစ်သွားကြသနည်း။ ထို (သို့ဖြစ်ကြပြီး) နောက် ထိုသူတို့ကား “ကျွန်တော်များသည် အကောင်းဖြစ်စေခြင်းနှင့် (အချင်းချင်း) စိတ်တူက�ုယ်မျှ ဖြစ်စေခြင်းမှတစ်ပါး အခြား မည်သည်ကိုမျှ ရည်စူးခဲ့ကြသည်မဟုတ်ပါ” ဟူ၍ အလ္လာဟ်ရှင်မြတ်အား တိုင်တည်ကျိန်ဆိုလျက် အသင့်ထံ လာကြကုန်သတည်း။
63 أُولَٰئِكَ الَّذِينَ يَعْلَمُ اللَّهُ مَا فِي قُلُوبِهِمْ فَأَعْرِضْ عَنْهُمْ وَعِظْهُمْ وَقُل لَّهُمْ فِي أَنفُسِهِمْ قَوْلًا بَلِيغًا
ဤသူတို့ကား၊ အကြင်သူများပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်တွင်း၌ ရှိသမျှတို့ကို သိရှိတော်မူလေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့ (၏အပြစ်များ) ကို လျစ်လျူရှု၍ နေပါလေ။ သို့ရာတွင် အသင်သည် ၎င်းတို့အား ဆုံးမပဲ့ပြင်၍ပေးပါလေ။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား ၎င်းတို့နှင့်ပတ်သက်၍ ထိရောက်စွဲမြဲသော (တရား) စကားကိုလည်း ပြောကြားပါလေ။
64 وَمَا أَرْسَلْنَا مِن رَّسُولٍ إِلَّا لِيُطَاعَ بِإِذْنِ اللَّهِ ۚ وَلَوْ أَنَّهُمْ إِذ ظَّلَمُوا أَنفُسَهُمْ جَاءُوكَ فَاسْتَغْفَرُوا اللَّهَ وَاسْتَغْفَرَ لَهُمُ الرَّسُولُ لَوَجَدُوا اللَّهَ تَوَّابًا رَّحِيمًا
အမှန်စင်စစ် ငါအရှင်မြတ်သည် ရစူလ်တမန်တော်အပါင်းတို့အား စေလွှတ်တော်မူခဲ့ခြင်းမှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် (လူခပ်သိမ်းတို့သည်) ထိုရစူလ်တမန်တော်များ၏ ဩဝါဒများကို နာခံကြရန်အတွက်သာလျှင် ဖြစ်ပေသည်။ တစ်ဖန် အကယ်၍သာ ထိုသူတို့သည် မိမိတို့ကိုယ်ကို နှိပ်စက်ကလူပြုမိခဲ့ကြလျှင် အသင့်ထံလာကြ၍ အလ္လာဟ်အရှင်မြတ်ထံတော်၌ ချမ်းသာခွင့်ကို အသနားခံပေးသည်ရှိသော်၊ ၎င်းပြင် ရစူလ်တမန်တော်ကလည်း ၎င်းတို့အဖို့ ချမ်းသာခွင့်ကို အသနားခံပေးသည်ရှိသော် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား အကြိမ်ကြိမ် ကရုဏာတော်နှင့် ပြန်လှည့်တော်မူသော အရှင်အဖြစ်လည်းကောင်း၊ အလွန် သနားကြင်နာ ညှာတာတော်မူသော အရှင်အဖြစ်လည်ကောင်း တွေ့ရှိကြရမည်မှာ မလွဲဧကန်တည်း။
65 فَلَا وَرَبِّكَ لَا يُؤْمِنُونَ حَتَّىٰ يُحَكِّمُوكَ فِيمَا شَجَرَ بَيْنَهُمْ ثُمَّ لَا يَجِدُوا فِي أَنفُسِهِمْ حَرَجًا مِّمَّا قَضَيْتَ وَيُسَلِّمُوا تَسْلِيمًا
သို့ဖြစ်ပေရာ၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ‘ကစမ်’ ထိုသူတို့သည် မိမိတို့အချင်းချင်း အငြင်းပွားသော ပြဿနာနှင့်စပ်လျဉ်း၍ အသင်အား ခုံသမာဓိတင်မြှောက်ခြင်း မရှိသမျှကာလပတ်လုံး၊ ပြီးနောက် ၎င်းတို့သည် အသင်စီရင်ခဲ့သော ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ မိမိတို့စိတ်တွင်းဝယ်၊ မည်သည့် ကျဉ်းကျပ်မှုကိုမျှ မတွေ့ရှိကြသည့်ပြင် (ယင်းစီရင်ဆုံးဖြတ်ချက်ကို) အပြည့်အစုံ (ကြည်ဖြူစွာ) လက်ခံနာယူခြင်း မရှိသမျှကာလပတ်လုံး ထိုသူတို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများ ဖြစ်နိုင်ကြမည်မဟုတ်ပေ။
ဘာသာပြန် — အန်-နီဆာ 63 စူရာ အန်-နီဆာ အာယာသ် 63 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသူတို့ကား၊ အကြင်သူများပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်တွင်း၌ ရှိသမျှတို့ကို သိရှိတော်မူလေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့ (၏အပြစ်များ)…
စူရာ အာယာသ် 63/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 61–65. မြန်မာဘာသာ: ภาษาไทย.