အန်-နီဆာ · 63/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
أُولَٰئِكَ الَّذِينَ يَعْلَمُ اللَّهُ مَا فِي قُلُوبِهِمْ فَأَعْرِضْ عَنْهُمْ وَعِظْهُمْ وَقُل لَّهُمْ فِي أَنفُسِهِمْ قَوْلًا بَلِيغًا ۝٦٣
Ulaaa`ikal lazeena ya`la mullaahu maa fee quloobihim fa a`rid `anhum wa `izhum wa qul lahum feee anfusihim qawlam baleeghaa
📖 မြန်မာဘာသာ
ဤသူတို့ကား၊ အကြင်သူများပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်တွင်း၌ ရှိသမျှတို့ကို သိရှိတော်မူလေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့ (၏အပြစ်များ) ကို လျစ်လျူရှု၍ နေပါလေ။ သို့ရာတွင် အသင်သည် ၎င်းတို့အား ဆုံးမပဲ့ပြင်၍ပေးပါလေ။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား ၎င်းတို့နှင့်ပတ်သက်၍ ထိရောက်စွဲမြဲသော (တရား) စကားကိုလည်း ပြောကြားပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 61-65 — စူရာ အန်-နီဆာ

61وَإِذَا قِيلَ لَهُمْ تَعَالَوْا إِلَىٰ مَا أَنزَلَ اللَّهُ وَإِلَى الرَّسُولِ رَأَيْتَ الْمُنَافِقِينَ يَصُدُّونَ عَنكَ صُدُودًا
၎င်းပြင် (တစ်ဦးတစ်ယောက်သောသူသည်) ထိုသူတို့အား “အသင်တို့သည် (တရားစီရင်ဆုံးဖြတ်ရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော တရားဓမ္မ (တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်) ဘက်သို့လည်းကောင်း၊ ရစူလ်တမန်တော်မြတ်ထံသို့လည်းကောင်း လာကြလေကုန်” ဟု ပြောဆိုသောအခါ၊ အသင်သည် ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့အား မိမိထံ (လာရောက်ခြင်း) မှ ဖဲကြဉ်သွေရှောင်ကြသည်ကို တွေ့မြင်ရပေအံ့။
62فَكَيْفَ إِذَا أَصَابَتْهُم مُّصِيبَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ ثُمَّ جَاءُوكَ يَحْلِفُونَ بِاللَّهِ إِنْ أَرَدْنَا إِلَّا إِحْسَانًا وَتَوْفِيقًا
တစ်ဖန် ထိုသူတို့၌ မိမိတို့၏ ကိုယ်ထိလက်ရောက်ပြုလုပ်မှုများကြောင့်ပင် တစ်စုံတစ်ရာ ဘေးဥပါဒ်အန္တရာယ်သည် ဆိုက်ရောက်လတ်သော် (ထိုသူတို့သည်) မည်သို့ဖြစ်သွားကြသနည်း။ ထို (သို့ဖြစ်ကြပြီး) နောက် ထိုသူတို့ကား “ကျွန်တော်များသည် အကောင်းဖြစ်စေခြင်းနှင့် (အချင်းချင်း) စိတ်တူက�ုယ်မျှ ဖြစ်စေခြင်းမှတစ်ပါး အခြား မည်သည်ကိုမျှ ရည်စူးခဲ့ကြသည်မဟုတ်ပါ” ဟူ၍ အလ္လာဟ်ရှင်မြတ်အား တိုင်တည်ကျိန်ဆိုလျက် အသင့်ထံ လာကြကုန်သတည်း။
63أُولَٰئِكَ الَّذِينَ يَعْلَمُ اللَّهُ مَا فِي قُلُوبِهِمْ فَأَعْرِضْ عَنْهُمْ وَعِظْهُمْ وَقُل لَّهُمْ فِي أَنفُسِهِمْ قَوْلًا بَلِيغًا
ဤသူတို့ကား၊ အကြင်သူများပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်တွင်း၌ ရှိသမျှတို့ကို သိရှိတော်မူလေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့ (၏အပြစ်များ) ကို လျစ်လျူရှု၍ နေပါလေ။ သို့ရာတွင် အသင်သည် ၎င်းတို့အား ဆုံးမပဲ့ပြင်၍ပေးပါလေ။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား ၎င်းတို့နှင့်ပတ်သက်၍ ထိရောက်စွဲမြဲသော (တရား) စကားကိုလည်း ပြောကြားပါလေ။
64وَمَا أَرْسَلْنَا مِن رَّسُولٍ إِلَّا لِيُطَاعَ بِإِذْنِ اللَّهِ ۚ وَلَوْ أَنَّهُمْ إِذ ظَّلَمُوا أَنفُسَهُمْ جَاءُوكَ فَاسْتَغْفَرُوا اللَّهَ وَاسْتَغْفَرَ لَهُمُ الرَّسُولُ لَوَجَدُوا اللَّهَ تَوَّابًا رَّحِيمًا
အမှန်စင်စစ် ငါအရှင်မြတ်သည် ရစူလ်တမန်တော်အပါင်းတို့အား စေလွှတ်တော်မူခဲ့ခြင်းမှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် (လူခပ်သိမ်းတို့သည်) ထိုရစူလ်တမန်တော်များ၏ ဩဝါဒများကို နာခံကြရန်အတွက်သာလျှင် ဖြစ်ပေသည်။ တစ်ဖန် အကယ်၍သာ ထိုသူတို့သည် မိမိတို့ကိုယ်ကို နှိပ်စက်ကလူပြုမိခဲ့ကြလျှင် အသင့်ထံလာကြ၍ အလ္လာဟ်အရှင်မြတ်ထံတော်၌ ချမ်းသာခွင့်ကို အသနားခံပေးသည်ရှိသော်၊ ၎င်းပြင် ရစူလ်တမန်တော်ကလည်း ၎င်းတို့အဖို့ ချမ်းသာခွင့်ကို အသနားခံပေးသည်ရှိသော် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား အကြိမ်ကြိမ် ကရုဏာတော်နှင့် ပြန်လှည့်တော်မူသော အရှင်အဖြစ်လည်းကောင်း၊ အလွန် သနားကြင်နာ ညှာတာတော်မူသော အရှင်အဖြစ်လည်ကောင်း တွေ့ရှိကြရမည်မှာ မလွဲဧကန်တည်း။
65فَلَا وَرَبِّكَ لَا يُؤْمِنُونَ حَتَّىٰ يُحَكِّمُوكَ فِيمَا شَجَرَ بَيْنَهُمْ ثُمَّ لَا يَجِدُوا فِي أَنفُسِهِمْ حَرَجًا مِّمَّا قَضَيْتَ وَيُسَلِّمُوا تَسْلِيمًا
သို့ဖြစ်ပေရာ၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ‘ကစမ်’ ထိုသူတို့သည် မိမိတို့အချင်းချင်း အငြင်းပွားသော ပြဿနာနှင့်စပ်လျဉ်း၍ အသင်အား ခုံသမာဓိတင်မြှောက်ခြင်း မရှိသမျှကာလပတ်လုံး၊ ပြီးနောက် ၎င်းတို့သည် အသင်စီရင်ခဲ့သော ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ မိမိတို့စိတ်တွင်းဝယ်၊ မည်သည့် ကျဉ်းကျပ်မှုကိုမျှ မတွေ့ရှိကြသည့်ပြင် (ယင်းစီရင်ဆုံးဖြတ်ချက်ကို) အပြည့်အစုံ (ကြည်ဖြူစွာ) လက်ခံနာယူခြင်း မရှိသမျှကာလပတ်လုံး ထိုသူတို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများ ဖြစ်နိုင်ကြမည်မဟုတ်ပေ။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
63အာယာသ်

ဘာသာပြန် — အန်-နီဆာ 63

စူရာ အန်-နီဆာ အာယာသ် 63 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသူတို့ကား၊ အကြင်သူများပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်တွင်း၌ ရှိသမျှတို့ကို သိရှိတော်မူလေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့ (၏အပြစ်များ)…

စူရာ အာယာသ် 63/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 61–65. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers