ဂါဖီရ် · 22/85
ဘာသာပြန် အသံနိုင်ငံ — စူရာ ဂါဖီရ်
ذَٰلِكَ بِأَنَّهُمْ كَانَت تَّأْتِيهِمْ رُسُلُهُم بِالْبَيِّنَاتِ فَكَفَرُوا فَأَخَذَهُمُ اللَّهُ ۚ إِنَّهُ قَوِيٌّ شَدِيدُ الْعِقَابِ ۝٢٢
Zaalika bi annahum kaanat taateehim Rusuluhum bilbaiyinaati fakafaroo fa akhazahumul laah; innahoo qawiyyun shadeedul `iqaab
📖 မြန်မာဘာသာ
ထိုသို့ (ဖမ်းဆီး ကွပ်မျက်ခြင်းခံခဲ့ကြရသည်မှာ)၎င်းတို့၏ရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓက အထောက်အထားများ ဆောင်ယူခဲ့လေ့ရှိကြသော်လည်း ၎င်းတို့မှာမူကား ငြင်းပယ်လျက်ပင် ရှိခဲ့ကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အလွန်တရာ ခွန်အားဗလနှင့်ပြည့်စုံတော်မူသော ပြင်းထန်စွာ ပြစ်ဒဏ်စီရင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 20-24 — စူရာ ဂါဖီရ်

20وَاللَّهُ يَقْضِي بِالْحَقِّ ۖ وَالَّذِينَ يَدْعُونَ مِن دُونِهِ لَا يَقْضُونَ بِشَيْءٍ ۗ إِنَّ اللَّهَ هُوَ السَّمِيعُ الْبَصِيرُ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် တရားသဖြင့် စီရင်ဆုံးဖြတ်တော်မူပေမည်။ သို့ရာတွင် ထိုအရှင်မြတ်အား စွန့်၍လည်းကောင်း၊ ("ကာဖိရ်" သွေဖည်ငြင်းပယ်သောသူ)တို့ဟစ်ခေါ် တသကြကုန်သော (၎င်းတို့၏) ကိုးကွယ်ရာတို့မှာမူကား မည်သို့မျှ စီရင်ဆုံးဖြတ်နိုင်ကြမည် မဟုတ်ပေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်သာလျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ မြင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
21۞ أَوَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ كَانُوا مِن قَبْلِهِمْ ۚ كَانُوا هُمْ أَشَدَّ مِنْهُمْ قُوَّةً وَآثَارًا فِي الْأَرْضِ فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ وَمَا كَانَ لَهُم مِّنَ اللَّهِ مِن وَاقٍ
ထိုသူတို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာခြင်း မပြုခဲ့ကြလေသလော၊ သို့ပြုခဲ့ကြလျှင်၊ ၎င်းတို့သည် မိမိတို့အလျင် ရှိခဲ့ဘူးကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံရှိခဲ့သည်ကို မြင်ကြရပေမည်။ ထိုရှေးသူဟောင်းတို့သည် ထိုသူတို့ထက်ပင် သူရသတ္တိ၊ ခွန်အားဗလအားဖြင့်လည်းကောင်း၊ ပထဝီမြေဝယ် ချန်ရစ်ခဲ့ကြသော ခြေရာလက်ရာအားဖြင့်လည်းကောင်း၊ ပိုမိုထူးကဲသူများ ဖြစ်ခဲ့ကြပေသည်။ သို့တစေလည်း အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏ ပြစ်မှုဒုစရိုက်တို့ကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ၎င်းတို့၌ အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ လွတ်မြောက်စေမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိခဲ့ပေ။
22ذَٰلِكَ بِأَنَّهُمْ كَانَت تَّأْتِيهِمْ رُسُلُهُم بِالْبَيِّنَاتِ فَكَفَرُوا فَأَخَذَهُمُ اللَّهُ ۚ إِنَّهُ قَوِيٌّ شَدِيدُ الْعِقَابِ
ထိုသို့ (ဖမ်းဆီး ကွပ်မျက်ခြင်းခံခဲ့ကြရသည်မှာ)၎င်းတို့၏ရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓက အထောက်အထားများ ဆောင်ယူခဲ့လေ့ရှိကြသော်လည်း ၎င်းတို့မှာမူကား ငြင်းပယ်လျက်ပင် ရှိခဲ့ကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အလွန်တရာ ခွန်အားဗလနှင့်ပြည့်စုံတော်မူသော ပြင်းထန်စွာ ပြစ်ဒဏ်စီရင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
23وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا وَسُلْطَانٍ مُّبِينٍ
ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် မူစာအား ငါအရှင်မြတ်၏ အမိန့်ပညတ်တော်များအပြင် ထင်ရှားစွာသော သက်သေလက္ခဏာတော်နှင့်တကွ စေလွှတ်တော်မူခဲ့၏။
24إِلَىٰ فِرْعَوْنَ وَهَامَانَ وَقَارُونَ فَقَالُوا سَاحِرٌ كَذَّابٌ
ဖစ်ရ်အောင်န်"၊ "ဟာမာန်" နှင့် "ကာရူန်"တို့ထံ။ ထိုအခါ ၎င်းတို့က (ထိုမူစာသည်)ပဉ္စလက် ဆရာတစ်ဦးသည်လည်းကောင်း၊ လွန်စွာ မုသားပြောဆိုသူတစ်ဦးသည်လည်းကောင်း၊ ဖြစ်သည်ဟု ပြော၏ဆိုခဲ့ကြ၏။
ဂါဖီရ်ကုရ်အာန် ညွှန်းကိန်း
85အာယာသ်
MeccanRevelation
22အာယာသ်

ဘာသာပြန် — ဂါဖီရ် 22

စူရာ ဂါဖီရ် အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုသို့ (ဖမ်းဆီး ကွပ်မျက်ခြင်းခံခဲ့ကြရသည်မှာ)၎င်းတို့၏ရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓက အထောက်အထားများ ဆောင်ယူခဲ့လေ့ရှိကြသော်လည်း ၎င်းတို့မှာမူကား ငြင်းပယ်လျက်ပင်…

စူရာ အာယာသ် 22/85 — စူရာ ဂါဖီရ် غافر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဂါဖီရ် နားထောင်, စူရာ ဂါဖီရ် ဘာသာပြန်, စူရာ ဂါဖီရ် mp3, စူရာ ဂါဖီရ် pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers