ذَٰلِكَ بِأَنَّهُمْ كَانَت تَّأْتِيهِمْ رُسُلُهُم بِالْبَيِّنَاتِ فَكَفَرُوا فَأَخَذَهُمُ اللَّهُ ۚ إِنَّهُ قَوِيٌّ شَدِيدُ الْعِقَابِ ٢٢
🔤 Transliteration
Zaalika bi annahum kaanat taateehim Rusuluhum bilbaiyinaati fakafaroo fa akhazahumul laah; innahoo qawiyyun shadeedul `iqaab
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုသို့ (ဖမ်းဆီး ကွပ်မျက်ခြင်းခံခဲ့ကြရသည်မှာ)၎င်းတို့၏ရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓက အထောက်အထားများ ဆောင်ယူခဲ့လေ့ရှိကြသော်လည်း ၎င်းတို့မှာမူကား ငြင်းပယ်လျက်ပင် ရှိခဲ့ကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အလွန်တရာ ခွန်အားဗလနှင့်ပြည့်စုံတော်မူသော ပြင်းထန်စွာ ပြစ်ဒဏ်စီရင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
၁။ ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ ဇာလိကာ (ذَٰلِكَ ) — ထိုအပြစ်ဒဏ်သည်၊ ထိုဖျက်ဆီးခြင်းသည်။ဗိအန္နဟုမ်း (بِأَنَّهُمْ ) — အကြောင်းမှာ သူတို့သည်။ကနတ် (كَانَت ) — ဖြစ်ခဲ့သည်။တအ်သီဟိမ်း (تَأْتِيهِمْ ) — သူတို့ထံသို့ ရောက်ရှိလာခဲ့သည်။ရုစုလုဟုမ်း (رُسُلُهُم ) — သူတို့၏ တမန်တော်များ။ဗိလ်ဗိုင်ယိနာသ် (بِالْبَيِّنَاتِ ) — ထင်ရှားသော သက်သေလက္ခဏာများဖြင့်။ဖကဖရူ (فَكَفَرُوا ) — ထို့နောက် သူတို့သည် ငြင်းပယ်ခဲ့ကြသည်။ဖအဟဇဟုမုလ္လာဟု (فَأَخَذَهُمُ اللَّهُ ) — ထိုအခါ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို ဖမ်းဆီးအပြစ်ပေးတော်မူခဲ့သည်။ကဝိယျွန် (قَوِيٌّ ) — အလွန်အားကြီးတော်မူသော။ရှဒီဒုလ်အိကဗ် (شَدِيدُ الْعِقَابِ ) — အပြစ်ဒဏ်ပေးရာတွင် အလွန်ပြင်းထန်တော်မူသော။၂။ အာယသ်တော်၏ အနက်အဓိပ္ပာယ် ဤအာယသ်တော်သည် ရှေးကာလက မိမိတို့၏ တမန်တော်များကို ငြင်းပယ်ခဲ့ကြသော လူမျိုးများ ခံခဲ့ကြရသည့် ပျက်စီးဆုံးရှုံးမှုများအကြောင်း ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ထိုလူမျိုးများထံသို့ သူတို့၏ တမန်တော်များသည် မိမိတို့၏ ရစ်သလ်တော် (တမန်တော်အဖြစ် စေလွှတ်ခြင်း) မှန်ကန်ကြောင်း ထင်ရှားလေးနက်သော သက်သေလက္ခဏာများ၊ အံ့ဖွယ်ရာ မုအ္ဂျိဇာများနှင့်အတူ ရောက်ရှိလာခဲ့ကြပါသည်။ သို့သော် သူတို့သည် ထိုသက်သေလက္ခဏာများကို မြင်တွေ့ကြရပါလျက် ယုံကြည်ခြင်းကို ငြင်းပယ်ခဲ့ကြပြီး တမန်တော်များကို လိမ်လည်သူများဟု စွပ်စွဲကာ ကုဖ်ရ် (မယုံကြည်မှု) ကို ကျူးလွန်ခဲ့ကြပါသည်။
ထိုအခါ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အရှင်မြတ်၏ တန်ခိုးတော်ဖြင့် ဖမ်းဆီးအပြစ်ပေးတော်မူခဲ့ပါသည်။ သူတို့သည် မည်မျှပင် အင်အားကြီးမားသည်ဖြစ်စေ၊ စစ်အင်အား၊ စီးပွားရေးအင်အား မည်မျှပင် ပြည့်စုံသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်ကို မည်သည့်အရာကမျှ တားဆီးနိုင်မည် မဟုတ်ပါ။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် အလွန်အားကြီးတော်မူသော၊ မည်သူတစ်ဦးတစ်ယောက်မှ အရှင်မြတ်ကို အနိုင်ယူနိုင်မည် မဟုတ်သော၊ အရှင်မြတ်ကို ငြင်းပယ်၍ အရှင်မြတ်၏ တမန်တော်များကို လိမ်လည်သူများဟု စွပ်စွဲသူတို့အား အပြစ်ဒ
ذَٰلِكَ بِأَنَّهُمۡ كَانَت تَّأۡتِيهِمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَكَفَرُواْ فَأَخَذَهُمُ ٱللَّهُۚ إِنَّهُۥ قَوِيٌّ شَدِيدُ ٱلۡعِقَابِ ٢٢
ထိုသို့ (ဖမ်းဆီး ကွပ်မျက်ခြင်းခံခဲ့ကြရသည်မှာ)၎င်းတို့၏ရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓက အထောက်အထားများ ဆောင်ယူခဲ့လေ့ရှိကြသော်လည်း ၎င်းတို့မှာမူကား ငြင်းပယ်လျက်ပင် ရှိခဲ့ကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အလွန်တရာ ခွန်အားဗလနှင့်ပြည့်စုံတော်မူသော ပြင်းထန်စွာ ပြစ်ဒဏ်စီရင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 20-24 — စူရာ ဂါဖီရ်
20 وَاللَّهُ يَقْضِي بِالْحَقِّ ۖ وَالَّذِينَ يَدْعُونَ مِن دُونِهِ لَا يَقْضُونَ بِشَيْءٍ ۗ إِنَّ اللَّهَ هُوَ السَّمِيعُ الْبَصِيرُ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် တရားသဖြင့် စီရင်ဆုံးဖြတ်တော်မူပေမည်။ သို့ရာတွင် ထိုအရှင်မြတ်အား စွန့်၍လည်းကောင်း၊ ("ကာဖိရ်" သွေဖည်ငြင်းပယ်သောသူ)တို့ဟစ်ခေါ် တသကြကုန်သော (၎င်းတို့၏) ကိုးကွယ်ရာတို့မှာမူကား မည်သို့မျှ စီရင်ဆုံးဖြတ်နိုင်ကြမည် မဟုတ်ပေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်သာလျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ မြင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
21 ۞ أَوَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ كَانُوا مِن قَبْلِهِمْ ۚ كَانُوا هُمْ أَشَدَّ مِنْهُمْ قُوَّةً وَآثَارًا فِي الْأَرْضِ فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ وَمَا كَانَ لَهُم مِّنَ اللَّهِ مِن وَاقٍ
ထိုသူတို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာခြင်း မပြုခဲ့ကြလေသလော၊ သို့ပြုခဲ့ကြလျှင်၊ ၎င်းတို့သည် မိမိတို့အလျင် ရှိခဲ့ဘူးကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံရှိခဲ့သည်ကို မြင်ကြရပေမည်။ ထိုရှေးသူဟောင်းတို့သည် ထိုသူတို့ထက်ပင် သူရသတ္တိ၊ ခွန်အားဗလအားဖြင့်လည်းကောင်း၊ ပထဝီမြေဝယ် ချန်ရစ်ခဲ့ကြသော ခြေရာလက်ရာအားဖြင့်လည်းကောင်း၊ ပိုမိုထူးကဲသူများ ဖြစ်ခဲ့ကြပေသည်။ သို့တစေလည်း အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏ ပြစ်မှုဒုစရိုက်တို့ကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ၎င်းတို့၌ အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ လွတ်မြောက်စေမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိခဲ့ပေ။
22 ذَٰلِكَ بِأَنَّهُمْ كَانَت تَّأْتِيهِمْ رُسُلُهُم بِالْبَيِّنَاتِ فَكَفَرُوا فَأَخَذَهُمُ اللَّهُ ۚ إِنَّهُ قَوِيٌّ شَدِيدُ الْعِقَابِ
ထိုသို့ (ဖမ်းဆီး ကွပ်မျက်ခြင်းခံခဲ့ကြရသည်မှာ)၎င်းတို့၏ရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓက အထောက်အထားများ ဆောင်ယူခဲ့လေ့ရှိကြသော်လည်း ၎င်းတို့မှာမူကား ငြင်းပယ်လျက်ပင် ရှိခဲ့ကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အလွန်တရာ ခွန်အားဗလနှင့်ပြည့်စုံတော်မူသော ပြင်းထန်စွာ ပြစ်ဒဏ်စီရင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
23 وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا وَسُلْطَانٍ مُّبِينٍ
ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် မူစာအား ငါအရှင်မြတ်၏ အမိန့်ပညတ်တော်များအပြင် ထင်ရှားစွာသော သက်သေလက္ခဏာတော်နှင့်တကွ စေလွှတ်တော်မူခဲ့၏။
24 إِلَىٰ فِرْعَوْنَ وَهَامَانَ وَقَارُونَ فَقَالُوا سَاحِرٌ كَذَّابٌ
ဖစ်ရ်အောင်န်"၊ "ဟာမာန်" နှင့် "ကာရူန်"တို့ထံ။ ထိုအခါ ၎င်းတို့က (ထိုမူစာသည်)ပဉ္စလက် ဆရာတစ်ဦးသည်လည်းကောင်း၊ လွန်စွာ မုသားပြောဆိုသူတစ်ဦးသည်လည်းကောင်း၊ ဖြစ်သည်ဟု ပြော၏ဆိုခဲ့ကြ၏။
ဘာသာပြန် — ဂါဖီရ် 22 စူရာ ဂါဖီရ် အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုသို့ (ဖမ်းဆီး ကွပ်မျက်ခြင်းခံခဲ့ကြရသည်မှာ)၎င်းတို့၏ရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓက အထောက်အထားများ ဆောင်ယူခဲ့လေ့ရှိကြသော်လည်း ၎င်းတို့မှာမူကား ငြင်းပယ်လျက်ပင်…
စူရာ အာယာသ် 22/85 — စူရာ ဂါဖီရ် غافر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဂါဖီရ် နားထောင်, စူရာ ဂါဖီရ် ဘာသာပြန်, စူရာ ဂါဖီရ် mp3, စူရာ ဂါဖီရ် pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.