ဂါဖီရ် · 48/85
ဘာသာပြန် အသံနိုင်ငံ — စူရာ ဂါဖီရ်
قَالَ الَّذِينَ اسْتَكْبَرُوا إِنَّا كُلٌّ فِيهَا إِنَّ اللَّهَ قَدْ حَكَمَ بَيْنَ الْعِبَادِ ۝٤٨
Qaalal lazeenas takbarooo innaa kullun feehaaa innal laaha qad hakama baynal`ibaad
📖 မြန်မာဘာသာ
(ထိုအခါ) အကြီးအကဲတို့က "ဧကန်စင်စစ် ကျွန်ုပ်တို့အားလုံးတို့သည်ပင် ယင်းငရဲမီး၌ ရှိနေကြကုန်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကျွန်တို့၏အကြားဝယ် (ယတိပြတ်)စီရင်ဆုံးဖြတ်တော် မူလိုက်လေပြီ" ဟု ပြောဆိုဖြေကြားကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 46-50 — စူရာ ဂါဖီရ်

46النَّارُ يُعْرَضُونَ عَلَيْهَا غُدُوًّا وَعَشِيًّا ۖ وَيَوْمَ تَقُومُ السَّاعَةُ أَدْخِلُوا آلَ فِرْعَوْنَ أَشَدَّ الْعَذَابِ
ထိုသူတို့မှာ နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း၊ ငရဲမီး၏ရှေ့ဝယ် ထုတ်ဆောင်ပြသခြင်းကို ခံကြရကုန်၏။ ထိုမှတစ်ပါး ကိယာမတ်အချိန် ဆိုက်ရောက်၍လာသောနေ့၌မူကား၊ အသင်တို့သည် "ဖစ်ရ်အောင်န်"၏ ခြွေရံသင်းပင်းတို့အား ပြင်းထန်လှစွာသော ပြစ်ဒဏ်တွင် ဝင်ရောက်စေကြလေကုန်(ဟု အလ္လာဟ်အရှင်မြတ်သည် "မလာအိကဟ်"ကောင်းကင်တမန်တို့အား မိန့်တော်မူအံ့သတည်း။)
47وَإِذْ يَتَحَاجُّونَ فِي النَّارِ فَيَقُولُ الضُّعَفَاءُ لِلَّذِينَ اسْتَكْبَرُوا إِنَّا كُنَّا لَكُمْ تَبَعًا فَهَلْ أَنتُم مُّغْنُونَ عَنَّا نَصِيبًا مِّنَ النَّارِ
ထို့ပြင် ပြန်လည်သတိရပါလေ။ ၎င်းတို့သည် ငရဲမီး၌ အငြင်းအခုံပြုလုပ်ကြသောအခါဝယ် အောက်လက်ငယ်သားတို့က အကြီးအကဲတို့အား "ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့၏ နောက်လိုက်များပင် ဖြစ်ခဲ့ကြပေရာ၊ အသင်တို့သည် ကျွန်ုပ်တို့မှ ငရဲမီးတစ်စိတ်တစ်ဒေသကို ဖယ်ရှားပေးနိုင်ကြလေသလော" ဟုပြောဆိုကြပေမည်။
48قَالَ الَّذِينَ اسْتَكْبَرُوا إِنَّا كُلٌّ فِيهَا إِنَّ اللَّهَ قَدْ حَكَمَ بَيْنَ الْعِبَادِ
(ထိုအခါ) အကြီးအကဲတို့က "ဧကန်စင်စစ် ကျွန်ုပ်တို့အားလုံးတို့သည်ပင် ယင်းငရဲမီး၌ ရှိနေကြကုန်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကျွန်တို့၏အကြားဝယ် (ယတိပြတ်)စီရင်ဆုံးဖြတ်တော် မူလိုက်လေပြီ" ဟု ပြောဆိုဖြေကြားကြပေမည်။
49وَقَالَ الَّذِينَ فِي النَّارِ لِخَزَنَةِ جَهَنَّمَ ادْعُوا رَبَّكُمْ يُخَفِّفْ عَنَّا يَوْمًا مِّنَ الْعَذَابِ
ထို့နောက် ငရဲမီး၌ရှိကြသူ(အားလုံး)တို့သည် "ဂျဟန္နမ်" ငရဲဘုံကိုစောင့်ကြပ်သော("မလာအိကဟ်"ကောင်းကင်တမန်)တို့အား "အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် ဆုတောင်းပတ္ထနာပြုကြပါလျှင် ထိုအရှင်မြတ်သည် တစ်နေ့တလေမျှပင် ပြစ်ဒဏ်ကို ကျွန်ုပ်တို့မှ ပေါ့လျော့စေတော်မူမည်"ဟု ပြောဆို(အသနားခံ)ကြပေမည်။
50قَالُوا أَوَلَمْ تَكُ تَأْتِيكُمْ رُسُلُكُم بِالْبَيِّنَاتِ ۖ قَالُوا بَلَىٰ ۚ قَالُوا فَادْعُوا ۗ وَمَا دُعَاءُ الْكَافِرِينَ إِلَّا فِي ضَلَالٍ
(ထိုရောအခါဝယ်) ထိုအစောင့်အကြပ်တို့က "အသင်တို့၏ ရစူလ်တမန်တော်များသည် အသင်တို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာတော်များကို ယူဆောင်လာလေ့ရှိခဲ့ကြသည် မဟုတ်လော" ဟု ပြောဆို(မေးမြန်း)လေသော်၊ ၎င်းတို့က "အဘယ်ကြောင့် မဟုတ်ပါသနည်း။"(အမှန်ပင် ယူဆောင်ခဲ့ကြပေသည်)ဟု ပြောဆို(ဖြေကြား)ကြပေမည်။ (ထိုအခါ)ထိုအစောင့်အကြပ်တို့က "သို့ဖြစ်လျှင် အသင်တို့ ကိုယ်တိုင်ပင် ဆုတောင်းပတ္ထနာ ပြုကြကုန်လော့။" ဟု ပြန်ကြားကြပေမည်။ စင်စစ်သော်ကား (နောင်တမလွန်ဘဝ၌)"ကာဖိရ်"သွေဖည်ငြင်းပယ်သောသူတို့၏ ဆုတောင်းပတ္ထနာသည် အချည်းနှီးပင်
ဂါဖီရ်ကုရ်အာန် ညွှန်းကိန်း
85အာယာသ်
MeccanRevelation
48အာယာသ်

ဘာသာပြန် — ဂါဖီရ် 48

စူရာ ဂါဖီရ် အာယာသ် 48 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) အကြီးအကဲတို့က "ဧကန်စင်စစ် ကျွန်ုပ်တို့အားလုံးတို့သည်ပင် ယင်းငရဲမီး၌ ရှိနေကြကုန်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကျွန်တို့၏အကြားဝယ်…

စူရာ အာယာသ် 48/85 — စူရာ ဂါဖီရ် غافر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဂါဖီရ် နားထောင်, စူရာ ဂါဖီရ် ဘာသာပြန်, စူရာ ဂါဖီရ် mp3, စူရာ ဂါဖီရ် pdf. အာယာသ် 46–50. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers