ဂါဖီရ် · 80/85
ဘာသာပြန် အသံနိုင်ငံ — စူရာ ဂါဖီရ်
وَلَكُمْ فِيهَا مَنَافِعُ وَلِتَبْلُغُوا عَلَيْهَا حَاجَةً فِي صُدُورِكُمْ وَعَلَيْهَا وَعَلَى الْفُلْكِ تُحْمَلُونَ ۝٨٠
Wa lakum feehaa manaafi`u wa litablughoo `alaihaa haajatan fee sudoorikum wa `alaihaa wa `alal fulki tuhmaloon
📖 မြန်မာဘာသာ
ထို့ပြင် အသင်တို့အဖို့ ယင်းတိရစ္ဆာန်များ၌ များစွာသော အကျိုးကျေးဇူးများသည်လည်း ရှိကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ယင်းတိရစ္ဆာန်ပေါ်၌(စီးနင်းလျက်) မိမိတို့၏စိတ်တွင်းဝယ် အလိုရှိရာသို့ ရောက်ရှိနိုင်ကြအံ့သောငှာ (ဖန်ဆင်းတော်မူခဲ့၏။) ထိုမှတစ်ပါး အသင်တို့သည် ယင်းတိရစ္ဆာန်များပေါ်၌လည်းကောင်း၊ သင်္ဘောများပေါ်၌လည်းကောင်း၊ တင်ဆောင်ခြင်းကို ခံကြရကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 78-82 — စူရာ ဂါဖီရ်

78وَلَقَدْ أَرْسَلْنَا رُسُلًا مِّن قَبْلِكَ مِنْهُم مَّن قَصَصْنَا عَلَيْكَ وَمِنْهُم مَّن لَّمْ نَقْصُصْ عَلَيْكَ ۗ وَمَا كَانَ لِرَسُولٍ أَن يَأْتِيَ بِآيَةٍ إِلَّا بِإِذْنِ اللَّهِ ۚ فَإِذَا جَاءَ أَمْرُ اللَّهِ قُضِيَ بِالْحَقِّ وَخَسِرَ هُنَالِكَ الْمُبْطِلُونَ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အလျင် (မြောက်မြားစွာသော)ရစူလ်တမန်တော်များအား စေလွှတ်တော်မူခဲ့၏။ ၎င်းတို့အနက် အချို့သော ရစူလ်တမန်တော်များ၏ အတ္ထုပ္ပတ္တိကို ငါအရှင်မြတ်သည် အသင့်အား ပြောပြတော်မူခဲ့၍ အချို့၏အတ္တုပ္ပတ္တိကို ငါအရှင်မြတ်သည် အသင့်အား ပြောပြတော်မူခဲ့သည်မရှိချေ။ စင်စစ်သော်ကား မည်သည့် ရစူလ်တမန်တော်တစ်ပါးအဖို့မျှပင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်မရှိဘဲ တန်ခိုးပြာဋိဟာ တစ်စုံတစ်ရာမျှ ပြနိုင်စွမ်းမရှိပြီ။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏အမိန့်တော် ရောက်ရှိ၍လာသောအခါ၌မူကား တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်ပြီးသည့်ပြင် အမှားကိုလိုက်စားသော သူတို့သည် ထိုနေရာ၌ပင် ပျက်စီးဆုံးရှုံးခဲ့ကြ အံ့သတည်း။
79اللَّهُ الَّذِي جَعَلَ لَكُمُ الْأَنْعَامَ لِتَرْكَبُوا مِنْهَا وَمِنْهَا تَأْكُلُونَ
အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်(များဖြစ်သော ကုလားအုပ်၊ နွား၊ သိုး၊ ဆိတ်)တို့ကို ဖန်ဆင်းတော်မူခဲ့၏။ အသင်တို့သည် ၎င်းတို့အနက် အချို့ကို စီးနင်းကြကုန်၏။ ထို့ပြင် အသင်တို့သည် ၎င်းတို့အနက် အချို့ကို စားသုံးကြကုန်၏။
80وَلَكُمْ فِيهَا مَنَافِعُ وَلِتَبْلُغُوا عَلَيْهَا حَاجَةً فِي صُدُورِكُمْ وَعَلَيْهَا وَعَلَى الْفُلْكِ تُحْمَلُونَ
ထို့ပြင် အသင်တို့အဖို့ ယင်းတိရစ္ဆာန်များ၌ များစွာသော အကျိုးကျေးဇူးများသည်လည်း ရှိကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ယင်းတိရစ္ဆာန်ပေါ်၌(စီးနင်းလျက်) မိမိတို့၏စိတ်တွင်းဝယ် အလိုရှိရာသို့ ရောက်ရှိနိုင်ကြအံ့သောငှာ (ဖန်ဆင်းတော်မူခဲ့၏။) ထိုမှတစ်ပါး အသင်တို့သည် ယင်းတိရစ္ဆာန်များပေါ်၌လည်းကောင်း၊ သင်္ဘောများပေါ်၌လည်းကောင်း၊ တင်ဆောင်ခြင်းကို ခံကြရကုန်၏။
81وَيُرِيكُمْ آيَاتِهِ فَأَيَّ آيَاتِ اللَّهِ تُنكِرُونَ
စင်စစ်သော်ကား ထိုအရှင်မြတ်သည် အသင်တို့အား မိမိ သက်သေလက္ခဏာတော်များကို ပြသတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ မည်သည့် သက်သေလက္ခဏာတော်များကို ငြင်းပယ်ကြအံ့နည်း။
82أَفَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِن قَبْلِهِمْ ۚ كَانُوا أَكْثَرَ مِنْهُمْ وَأَشَدَّ قُوَّةً وَآثَارًا فِي الْأَرْضِ فَمَا أَغْنَىٰ عَنْهُم مَّا كَانُوا يَكْسِبُونَ
သို့ဖြစ်ပေရာ (၎င်းတို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာခြင်း မပြုခဲ့ကြလေသလော။ သို့ပြုခဲ့ကြလျှင် ၎င်းတို့သည် မိမိတို့အလျင်ရှိခဲ့ဘူးကြ သောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံ ရှိခဲ့သည်ကို တွေ့မြင်ကြပေမည်။ ထိုရှေးသူဟောင်းတို့သည် ထိုသူတို့ထက်ပင် လူဦးရေများခဲ့ကြသည့်ပြင် သူရသတ္တိ၊ ခွန်အားဗလ အားဖြင့်လည်းကောင်း၊ ပထဝီမြေဝယ်ချန်ရစ်ခဲ့သော ခြေရာလက်ရာများအားဖြင့်လည်းကောင်း၊ ပိုမိုထူးကဲသူများ ဖြစ်ခဲ့ကြကုန်၏။ သို့တစေလည်း ၎င်းတို့အဖို့ ၎င်းတို့ ဆည်းပူးခဲ့ကြသည်တို့သည် အသုံးမဝင် အကျိုးပေးသည် မဟုတ်ပေ။)
ဂါဖီရ်ကုရ်အာန် ညွှန်းကိန်း
85အာယာသ်
MeccanRevelation
80အာယာသ်

ဘာသာပြန် — ဂါဖီရ် 80

စူရာ ဂါဖီရ် အာယာသ် 80 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် အသင်တို့အဖို့ ယင်းတိရစ္ဆာန်များ၌ များစွာသော အကျိုးကျေးဇူးများသည်လည်း ရှိကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ယင်းတိရစ္ဆာန်ပေါ်၌(စီးနင်းလျက်) မိမိတို့၏စိတ်တွင်းဝယ်…

စူရာ အာယာသ် 80/85 — စူရာ ဂါဖီရ် غافر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဂါဖီရ် နားထောင်, စူရာ ဂါဖီရ် ဘာသာပြန်, စူရာ ဂါဖီရ် mp3, စူရာ ဂါဖီရ် pdf. အာယာသ် 78–82. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers