ဖုစ်စီလာ့ · 11/54
ဘာသာပြန် အသံနိုင်ငံ — စူရာ ဖုစ်စီလာ့
ثُمَّ اسْتَوَىٰ إِلَى السَّمَاءِ وَهِيَ دُخَانٌ فَقَالَ لَهَا وَلِلْأَرْضِ ائْتِيَا طَوْعًا أَوْ كَرْهًا قَالَتَا أَتَيْنَا طَائِعِينَ ۝١١
Summas tawaaa ilas-samaaa`i wa hiya dukhaanun faqaala lahaa wa lil ardi`tiyaaa taw`an aw karhan qaalataaa atainaa taaa`i`een
📖 မြန်မာဘာသာ
ထို့နောက် ထိုအရှင်မြတ်သည် မိုးကောင်းကင်ဘက်သို့ လှည့်တော်မူခဲ့၏။ ထိုအချိန်တွင် ယင်း မိုးကောင်းကင်သည် မီးခိုးအခိုးအငွေ့သာ ဖြစ်နေခဲ့၏။ ထိုအခါ အရှင်မြတ်သည် ယင်းမိုးကောင်းကင်ကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ အသင်တို့ ကျေနပ်စွာဖြစ်စေ၊ ကျေနပ်ပဲဖြစ်စေ၊လာကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ ယင်းမိုးကောင်းကင်နှင့်ပထဝီမြေတို့က ကျွန်တော်မျိုးတို့သည် ကျေနပ်စွာ လာခဲ့ကြပါပြီဟု လျှောက်ထားခဲ့ကြလေ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 9-13 — စူရာ ဖုစ်စီလာ့

9۞ قُلْ أَئِنَّكُمْ لَتَكْفُرُونَ بِالَّذِي خَلَقَ الْأَرْضَ فِي يَوْمَيْنِ وَتَجْعَلُونَ لَهُ أَندَادًا ۚ ذَٰلِكَ رَبُّ الْعَالَمِينَ
(အို-နဗီတမန်တော်၊)အသင်သည် (၎င်းတို့အား)ပြောကြားပါလေ၊ (အချင်းတို့၊) အသင်တို့သည် ကမ္ဘာမြေကိုနှစ်ရက်နှင့် ဖန်ဆင်းတော်မူခဲ့သောအရှင်မြတ်အား သွေဖည်ငြင်းပယ်ကြလေသလော။ ထိုမှတစ်ပါး အသင်တို့သည် အရှင်မြတ်နှင့်ဂုဏ်ရည်တူများကို ပြုလုပ်ထားကြလေသလော။ထိုအရှင်မြတ်သည်ပင် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။
10وَجَعَلَ فِيهَا رَوَاسِيَ مِن فَوْقِهَا وَبَارَكَ فِيهَا وَقَدَّرَ فِيهَا أَقْوَاتَهَا فِي أَرْبَعَةِ أَيَّامٍ سَوَاءً لِّلسَّائِلِينَ
၎င်းပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေဝယ်တည်ငြိမ်ကြံ့ခိုင်သော တောင်များကို ယင်းပထဝီမြေ၏ ထက်ဝယ် ပြုလုပ်ထားတော်မူခဲ့၏။ ထို့ပြင် ယင်းပထဝီမြေ၌ အကျိုးကျေးဇူးများကို ပွားများစေတော်မူခဲ့၏။ ထိုမှတစ်ပါး ယင်းပထဝီမြေ၌ပင် ၎င်းမှထွက်သော အစာအဟာရများကို တိုင်းတာချင့်ချိန် သတ်မှတ်ထားတော်မူခဲ့၏။ (ယင်းအမှုကိစ္စ အလုံးစုံတို့မှာ) လေးရက်နှင့်(ပြီးမြောက်ခဲ့၏)။ (ဤသည်) မေးမြန်းသူတို့အဖို့ ညီမျှ(သောအဖြေ)ဖြစ်၏။
11ثُمَّ اسْتَوَىٰ إِلَى السَّمَاءِ وَهِيَ دُخَانٌ فَقَالَ لَهَا وَلِلْأَرْضِ ائْتِيَا طَوْعًا أَوْ كَرْهًا قَالَتَا أَتَيْنَا طَائِعِينَ
ထို့နောက် ထိုအရှင်မြတ်သည် မိုးကောင်းကင်ဘက်သို့ လှည့်တော်မူခဲ့၏။ ထိုအချိန်တွင် ယင်း မိုးကောင်းကင်သည် မီးခိုးအခိုးအငွေ့သာ ဖြစ်နေခဲ့၏။ ထိုအခါ အရှင်မြတ်သည် ယင်းမိုးကောင်းကင်ကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ အသင်တို့ ကျေနပ်စွာဖြစ်စေ၊ ကျေနပ်ပဲဖြစ်စေ၊လာကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ ယင်းမိုးကောင်းကင်နှင့်ပထဝီမြေတို့က ကျွန်တော်မျိုးတို့သည် ကျေနပ်စွာ လာခဲ့ကြပါပြီဟု လျှောက်ထားခဲ့ကြလေ၏။
12فَقَضَاهُنَّ سَبْعَ سَمَاوَاتٍ فِي يَوْمَيْنِ وَأَوْحَىٰ فِي كُلِّ سَمَاءٍ أَمْرَهَا ۚ وَزَيَّنَّا السَّمَاءَ الدُّنْيَا بِمَصَابِيحَ وَحِفْظًا ۚ ذَٰلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ
ထို့နောက် ထိုအရှင်မြတ်သည် ယင်းမိုးကောင်းကင်ကို နှစ်ရက်နှင့် မိုးခုနစ်ထပ်ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါးမိုးကောင်းကင် အသီးသီး၌ ၎င်းနှင့် သက်ဆိုင်သင့်မြတ်သောအမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။ ထို့ပြင်တစ်ဝ ငါအရှင်မြတ်သည် အနီးဆုံး(ဖြစ်သောအောက်ဆုံး)မိုးထပ်ကို ကြယ်နက္ခတ်ဖြင့် တင့်တယ်စွာ တန်ဆာဆင်ယင်တော်မူခဲ့၏။ ထိန်းသိမ်းတော်မူခဲ့၏။ ဤသည် အလွန်တရာ နိုင်နင်းလွှမ်းမိုး တော်မူသော၊ အာကြွင်းမဲ့သိတော်မူသော အရှင်မြတ်၏ စီမံခန့်ခွဲသတ်မှတ်ပြဌာန်းခြင်းပင် ဖြစ်ပေသတည်း။
13فَإِنْ أَعْرَضُوا فَقُلْ أَنذَرْتُكُمْ صَاعِقَةً مِّثْلَ صَاعِقَةِ عَادٍ وَثَمُودَ
သို့ပါလျက် (အို-နဗီတမန်တော်)အကယ်၍ ၎င်းတို့သည် မျက်နှာလွှဲသွားခဲ့ကြလျှင် အသင်သည် ၎င်းတို့အား(ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် အသင်တို့အားအာဒ်အမျိုးသားတို့(၌ဆိုက်ရောက်ခဲ့သော) ပြစ်ဒဏ်မျိုးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဆမူဒ်အမျိုးသား(တို့၌ဆိုက်ရောက်ခဲ့သော) ပြစ်ဒဏ်မျိုးနှင့် စပ်လျဉ်း၍လည်း ကောင်း၊သတိပေး နှိုးဆော်၏။
ဖုစ်စီလာ့ကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
11အာယာသ်

ဘာသာပြန် — ဖုစ်စီလာ့ 11

စူရာ ဖုစ်စီလာ့ အာယာသ် 11 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ထိုအရှင်မြတ်သည် မိုးကောင်းကင်ဘက်သို့ လှည့်တော်မူခဲ့၏။ ထိုအချိန်တွင် ယင်း မိုးကောင်းကင်သည် မီးခိုးအခိုးအငွေ့သာ ဖြစ်နေခဲ့၏။ ထိုအခါ…

စူရာ အာယာသ် 11/54 — စူရာ ဖုစ်စီလာ့ فصلت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖုစ်စီလာ့ နားထောင်, စူရာ ဖုစ်စီလာ့ ဘာသာပြန်, စူရာ ဖုစ်စီလာ့ mp3, စူရာ ဖုစ်စီလာ့ pdf. အာယာသ် 9–13. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers