အက်ရှ်-ရှူရာ · 8/53
ဘာသာပြန် အသံနိုင်ငံ — စူရာ အက်ရှ်-ရှူရာ
وَلَوْ شَاءَ اللَّهُ لَجَعَلَهُمْ أُمَّةً وَاحِدَةً وَلَٰكِن يُدْخِلُ مَن يَشَاءُ فِي رَحْمَتِهِ ۚ وَالظَّالِمُونَ مَا لَهُم مِّن وَلِيٍّ وَلَا نَصِيرٍ ۝٨
Wa law shaaa`al laahu laja`alahum ummatanw waahi datanw walaakiny yudkhilumany yashaaa`u fee rahmatih; waz zaalimoona maa lahum minw waliyyinw wa laa naseer
📖 မြန်မာဘာသာ
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိတော်မူခဲ့ပါလျှင် အမှန်ပင် ၎င်းတို့အား သာသနာဝင်အုပ်စုတစ်စုတည်းပြုလုပ်တော် မူခဲ့မည်သာ။သို့ရာတွင် ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူတို့အားသာလျှင် မိမိကရုဏာတော်သို့ ဝင်ရောက်စေတော်မူ၏။စင်စစ်သော်ကား မတရားကျူးလွန်သူတို့အား ကာကွယ်စောင့်ရှောက် အံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပေ။ ကူညီစောင်မအံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • أُمَّةً وَاحِدَةً (အုမ္မသန် ဝါဟိဒသန်) — တစ်ခုတည်းသော လူမျိုးအဖြစ်၊ ဆိုလိုသည်မှာ တစ်ခုတည်းသော သာသနာ (အစ္စလာမ်) ပေါ်တွင် စုစည်းထားခြင်းကို ဆိုလိုသည်။
  • رَحْمَتِهِ (ရဟ်မသိဟိ) — ထိုအရှင်မြတ်၏ ကရုဏာတော်၊ ဤနေရာတွင် အီမာန်ယုံကြည်မှုနှင့် သာသနာကို ဆိုလိုသည်။
  • وَلِيٍّ (ဝလီယျ်) — အုပ်ထိန်းသူ၊ ကူညီစောင့်ရှောက်သူ။
  • نَصِيرٍ (နဆီရ်) — ကယ်တင်ရှင်၊ ကူညီသူ။
  • وَالظَّالِمُونَ (ဝဇ်ဇွာလိမူန်) — မတရားသူများ၊ ဤနေရာတွင် ကုဖ်ရ် (မယုံကြည်မှု) ဖြင့် မိမိကိုယ်ကို နစ်နာစေသောသူများကို ဆိုလိုသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိပါက လူသားအားလုံးကို အစ္စလာမ်သာသနာတစ်ခုတည်းပေါ်၌ တစ်စုတစ်စည်းတည်း ဖြစ်စေတော်မူနိုင်သည်။ သို့သော် အရှင်မြတ်၏ ဉာဏ်ပညာတော်နှင့် အလိုတော်အရ အရှင်မြတ်သည် မိမိအလိုရှိသောသူကို အီမာန်ယုံကြည်မှုဟူသော ကရုဏာတော်ထဲသို့ ဝင်ရောက်စေတော်မူသည်။ ဤသည်မှာ လူသားတို့အား ရွေးချယ်ခွင့်ပေးထားတော်မူခြင်းကြောင့်ဖြစ်သည်။ သို့သော် ကုဖ်ရ်နှင့် မကောင်းမှုများဖြင့် မိမိကိုယ်ကို နစ်နာစေသော မတရားသူများမှာမူ ကမ္မဋ္ဌာန်းနောက်ဆုံးနေ့တွင် သူတို့ကို ကူညီစောင့်ရှောက်မည့်သူ၊ အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်တော်မှ ကယ်တင်မည့်သူ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးကို အီမာန်ယုံကြည်မှုတစ်ခုတည်းပေါ် စုစည်းစေတော်မူနိုင်သော်လည်း၊ လူသားတို့၏ ရွေးချယ်ခွင့်နှင့် စမ်းသပ်ခံရခြင်းကို ထင်ရှားစေရန် လမ်းညွှန်မှုကို မိမိအလိုတော်ရှိသူထံ ပေးအပ်တော်မူသည်။ ဤသည်မှာ အရှင်မြတ်၏ ဉာဏ်ပညာတော်နှင့် တရားမျှတမှုတော်ကို ဖော်ပြသည်။
  • အီမာန်ယုံကြည်မှုသည် အလ္လာဟ်အရှင်မြတ်၏ ကြီးမားသော ကရုဏာတော်ဖြစ်သည်။ ထိုကရုဏာတော်ကို ရရှိသူများသည် အမှန်တကယ် ကံထူးရှင်များဖြစ်ကြသည်။
  • မတရားသူများ၊ ကုဖ်ရ်ဖြင့် မိမိကိုယ်ကို နစ်နာစေသူများသည် ဤလောကတွင်သာမက နောင်တမလွန်ဘဝ


📜 အာယာသ် 6-10 — စူရာ အက်ရှ်-ရှူရာ

6وَالَّذِينَ اتَّخَذُوا مِن دُونِهِ أَوْلِيَاءَ اللَّهُ حَفِيظٌ عَلَيْهِمْ وَمَا أَنتَ عَلَيْهِم بِوَكِيلٍ
ထိုအရှင်မြတ်မှတစ်ပါး အခြားကို ကိစ္စအဝဝကိုပြီးစီးအောင် ဆောင်ရွက်ပေးသူများအဖြစ် ရွေးချယ်ပြုလုပ်ခဲ့ကြသောသူတို့အား အလ္လာဟ်အရှင်မြတ်သည် ကြည့်ရှုစောင့်ကြပ်တော်မူလျက်ရှိ၏။ စင်စစ်သော်ကား အသင်သည် ၎င်းတို့နှင့်ပတ်သက်၍ တာဝန်ခံမဟုတ် ပေတကား။
7وَكَذَٰلِكَ أَوْحَيْنَا إِلَيْكَ قُرْآنًا عَرَبِيًّا لِّتُنذِرَ أُمَّ الْقُرَىٰ وَمَنْ حَوْلَهَا وَتُنذِرَ يَوْمَ الْجَمْعِ لَا رَيْبَ فِيهِ ۚ فَرِيقٌ فِي الْجَنَّةِ وَفَرِيقٌ فِي السَّعِيرِ
ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင်တို့ထံသို့ အသင်သည် (ဦးစွာပထမ)မက္ကဟ်မြို့(သားတို့) ကိုလည်းကောင်း၊ ယင်းမက္ကဟ်မြို့၏ ပတ်ဝန်းကျင်(၌နေထိုင်သူတို့)ကိုလည်းကောင်း၊ သတိပေး နှိုးဆော်အံ့သောငှာ၊ ထို့ပြင် �ွိဟသံသယ အလျှင်းမရှိသော (ကိယာမတ် ရှင်ပြန်ထမည့်)နေ့နှင့်စပ်လျဉ်း၍ အသိပေး နှိုးဆော်အံ့သောငှာလည်းကောင်း၊ အရဗီဘာသာစကားဖြင့်ဖြစ်သော (ဤ)ကုရ်အာန်ကျမ်းတော် မြတ်ကိုထုတ်ပြန်တော်မူခဲ့၏။ (၎င်းတို့အနက်) အုပ်စု တစ်စုမှာဂျန္နတ် သုခဘုံသို့ (လား၍) အုပ်စုတစ်စု မှာကား ဂျဟန္နမ်ငရဲဘုံသို့ (လားကြပေမည်)။
8وَلَوْ شَاءَ اللَّهُ لَجَعَلَهُمْ أُمَّةً وَاحِدَةً وَلَٰكِن يُدْخِلُ مَن يَشَاءُ فِي رَحْمَتِهِ ۚ وَالظَّالِمُونَ مَا لَهُم مِّن وَلِيٍّ وَلَا نَصِيرٍ
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိတော်မူခဲ့ပါလျှင် အမှန်ပင် ၎င်းတို့အား သာသနာဝင်အုပ်စုတစ်စုတည်းပြုလုပ်တော် မူခဲ့မည်သာ။သို့ရာတွင် ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူတို့အားသာလျှင် မိမိကရုဏာတော်သို့ ဝင်ရောက်စေတော်မူ၏။စင်စစ်သော်ကား မတရားကျူးလွန်သူတို့အား ကာကွယ်စောင့်ရှောက် အံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပေ။ ကူညီစောင်မအံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ချေ။
9أَمِ اتَّخَذُوا مِن دُونِهِ أَوْلِيَاءَ ۖ فَاللَّهُ هُوَ الْوَلِيُّ وَهُوَ يُحْيِي الْمَوْتَىٰ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
၎င်းတို့သည် ထိုအရှင်မြတ်မှတစ်ပါး အခြားသူတို့အား ကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးသူ များအဖြစ် ရွေးချယ်ပြုလုပ်ထားခဲ့ကြလေသလော။ အမှန်စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသော အရှင်ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် သူသေတို့အားရှင်စေတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်သာလျှင် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။
10وَمَا اخْتَلَفْتُمْ فِيهِ مِن شَيْءٍ فَحُكْمُهُ إِلَى اللَّهِ ۚ ذَٰلِكُمُ اللَّهُ رَبِّي عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ أُنِيبُ
၎င်းပြင် အကြင်ကိစ္စသည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ အသင်တို့သည် (မုစ်လင်မ်တို့နှင့်) ကွဲပြားလျက်ရှိကြကုန်၏။စင်စစ်သော်ကား ယင်းကိစ္စ၏ အဆုံးအဖြတ်မှာ အလ္လာဟ်အရှင်မြတ်အထံတော်၌ပင်ရှိ၏။ ဤသည်ပင် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ငါသည် ထိုအရှင်မြတ်အပေါ်၌ပင် ယုံပုံလွှဲအပ်ပေသည်။ ၎င်းပြင်ငါသည် ထိုအရှင်မြတ်ဘက်သို့သာလျှင် ပြန်လှည့်၏။
အက်ရှ်-ရှူရာကုရ်အာန် ညွှန်းကိန်း
53အာယာသ်
MeccanRevelation
8အာယာသ်

ဘာသာပြန် — အက်ရှ်-ရှူရာ 8

စူရာ အက်ရှ်-ရှူရာ အာယာသ် 8 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိတော်မူခဲ့ပါလျှင် အမှန်ပင် ၎င်းတို့အား သာသနာဝင်အုပ်စုတစ်စုတည်းပြုလုပ်တော် မူခဲ့မည်သာ။သို့ရာတွင် ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော…

စူရာ အာယာသ် 8/53 — စူရာ အက်ရှ်-ရှူရာ الشورى (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အက်ရှ်-ရှူရာ နားထောင်, စူရာ အက်ရှ်-ရှူရာ ဘာသာပြန်, စူရာ အက်ရှ်-ရှူရာ mp3, စူရာ အက်ရှ်-ရှူရာ pdf. အာယာသ် 6–10. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers