အလ်-ဖသ် · 3/29
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖသ်
وَيَنصُرَكَ اللَّهُ نَصْرًا عَزِيزًا ۝٣
Wa yansurakal laahu nasran `azeezaa
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်သည် အသင�်အား ကြံ့ခိုင်သော၊ ဘုန်းကျက်သရေရှိသော၊ အောင်မြင်မှုကို ချီးမြှင့် တော်မူအံ့သောငှာလည်းကောင်း၊ ဖြစ်ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 1-5 — စူရာ အလ်-ဖသ်

1إِنَّا فَتَحْنَا لَكَ فَتْحًا مُّبِينًا
(အို-နဗီတမန်တော်၊) ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား ထင်ရှားစွာသော အောင်မြင်မှုတစ်ခုကို ချီးမြှင့်ပေးသနား တော်မူပြီ။
2لِّيَغْفِرَ لَكَ اللَّهُ مَا تَقَدَّمَ مِن ذَنبِكَ وَمَا تَأَخَّرَ وَيُتِمَّ نِعْمَتَهُ عَلَيْكَ وَيَهْدِيَكَ صِرَاطًا مُّسْتَقِيمًا
(ယင်းသို့ အောင်မြင်မှု ချီးမြှင့်တော်မူခြင်းမှာ)အလ္လာဟ်အရှင်မြတ်သည် အသင်၏ရှေးကာလ ချို့တဲ့မှုများနှင့် အနာဂတ်ကာလ ချို့တဲ့မှုတို့ကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူအံ့သောငှာလည်းကောင်း၊ မိမိကျေးဇူးတော်များကို အသင့်အပေါ်၌ စုံလင်စေတော် မူအံ့သောငှာလည်းကောင်း၊အသင့်အား ဖြောင့်မတ်သော တရားလမ်းကို ညွှန်ကြားပြသတော်မူအံ့သော ငှာလည်းကောင်း။
3وَيَنصُرَكَ اللَّهُ نَصْرًا عَزِيزًا
အလ္လာဟ်အရှင်မြတ်သည် အသင�်အား ကြံ့ခိုင်သော၊ ဘုန်းကျက်သရေရှိသော၊ အောင်မြင်မှုကို ချီးမြှင့် တော်မူအံ့သောငှာလည်းကောင်း၊ ဖြစ်ပေသတည်း။
4هُوَ الَّذِي أَنزَلَ السَّكِينَةَ فِي قُلُوبِ الْمُؤْمِنِينَ لِيَزْدَادُوا إِيمَانًا مَّعَ إِيمَانِهِمْ ۗ وَلِلَّهِ جُنُودُ السَّمَاوَاتِ وَالْأَرْضِ ۚ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
ထိုအရှင်မြတ်သည်ပင် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ ရှိရင်းစွဲ ယုံကြည်မှုအပေါ်၌ ထပ်မံ၍ ယုံကြည်မှု တိုးပွားစေရန် စိတ်တည်ငြိမ်မှုကို ချပေးသနားတော်မူခဲ့၏။ စင်စစ်သော်ကား မိုးကောင်းကင်များ၌ရှိကုန်သော စစ်တပ်တို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော စစ်တပ်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော စစ်တပ်များပင်ဖြစ်ကုန်၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။
5لِّيُدْخِلَ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَيُكَفِّرَ عَنْهُمْ سَيِّئَاتِهِمْ ۚ وَكَانَ ذَٰلِكَ عِندَ اللَّهِ فَوْزًا عَظِيمًا
(ထိုသို့ဖြစ်ရခြင်းမှာ) ထိုအရှင်မြတ်သည် သက်ဝင်ယုံကြည်သော ယောက်ျားများအားလည်းကောင်း၊ သက်ဝင်ယုံကြည်သော မိန်းမများအားလည်းကောင်း၊ အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူအံ့သောငှာဖြစ်၏။ ၎င်းတို့သည် ထိုဥယျာဉ်များထဲတွင် ထာဝစဉ် နေကြရမည်ဖြစ်သည်။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့မှ ၎င်းတို့၏ပြစ်မှု၊ ဒုစရိုက်တို့ကို ပပျောက်စေတော်မူအံ့သောငှာဖြစ်၏။စင်စစ်သော်ကား ထိုသည်ပင်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ ကြီးကျယ်လှစွာသော အောင်မြင်မှုဖြစ်၏။
အလ်-ဖသ်ကုရ်အာန် ညွှန်းကိန်း
29အာယာသ်
MedinanRevelation
3အာယာသ်

ဘာသာပြန် — အလ်-ဖသ် 3

စူရာ အလ်-ဖသ် အာယာသ် 3 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်သည် အသင�်အား ကြံ့ခိုင်သော၊ ဘုန်းကျက်သရေရှိသော၊ အောင်မြင်မှုကို ချီးမြှင့် တော်မူအံ့သောငှာလည်းကောင်း၊ ဖြစ်ပေသတည်း။

စူရာ အာယာသ် 3/29 — စူရာ အလ်-ဖသ် الفتح (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖသ် နားထောင်, စူရာ အလ်-ဖသ် ဘာသာပြန်, စူရာ အလ်-ဖသ် mp3, စူရာ အလ်-ဖသ် pdf. အာယာသ် 1–5. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers