အလ်-မာအိဒ · 10/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ الْجَحِيمِ ۝١٠
Wallazeena kafaroo wa kazzaboo bi Aayaatinaaa ulaaa`ika Ashaabul Jaheem
📖 မြန်မာဘာသာ
သို့ရာတွင် သွေဖည်ငြင်းပယ်သည့်ပြင် ငါအရှင်မြတ်၏ တန်ခိုးပြာဋီဟာ သက်သေသာဓက လက္ခဏာများကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းဆိုသောသူတို့မူကား ငရဲဘုံသားများပင် ဖြစ်ကြကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 8-12 — စူရာ အလ်-မာအိဒ

8يَا أَيُّهَا الَّذِينَ آمَنُوا كُونُوا قَوَّامِينَ لِلَّهِ شُهَدَاءَ بِالْقِسْطِ ۖ وَلَا يَجْرِمَنَّكُمْ شَنَآنُ قَوْمٍ عَلَىٰ أَلَّا تَعْدِلُوا ۚ اعْدِلُوا هُوَ أَقْرَبُ لِلتَّقْوَىٰ ۖ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ خَبِيرٌ بِمَا تَعْمَلُونَ
အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ် (၏ နှစ်သ�်မှုရယူရန်) အလို့ငှာ ဖြောင့်မတ်တည်ကြည်သောသူများ၊ (သက်သေခံရာတွင်) တရားမျှတစွာ သက်သေခံသူများ ဖြစ်ကြလေကုန်။ ၎င်းပြင် မည်သည့်လူမျိုးတစ်မျိုးကိုမဆို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုကိုမပြုဘဲနေကြရန် လှုံ့ဆော်သည်မရှိစေရ။ အသင်တို့သည် (မည်သည့်ကိစ္စမျိုး၌မဆို) တရားမျှတကြလေကုန်။ ယင်းတရားမျှတမှုသည်ကား ပြစ်မှုဒုစရိုက်တို့မှကြဉ်ရှောင်ခြင်းနှင့် အနီးစပ်ဆုံးပင်တည်း။ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
9وَعَدَ اللَّهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ ۙ لَهُم مَّغْفِرَةٌ وَأَجْرٌ عَظِيمٌ
အလ္လာဟ်အရှင်မြတ်သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သောသူတို့အား၊ ၎င်းတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်လှစွာသော အကျိုးဆုလဒ်သည် ရှိပေသည်ဟူ၍ ဝန်ခံကတိ ထားရှိတော်မူခဲ့ချေပြီ။
10وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ الْجَحِيمِ
သို့ရာတွင် သွေဖည်ငြင်းပယ်သည့်ပြင် ငါအရှင်မြတ်၏ တန်ခိုးပြာဋီဟာ သက်သေသာဓက လက္ခဏာများကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းဆိုသောသူတို့မူကား ငရဲဘုံသားများပင် ဖြစ်ကြကုန်သတည်း။
11يَا أَيُّهَا الَّذِينَ آمَنُوا اذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ إِذْ هَمَّ قَوْمٌ أَن يَبْسُطُوا إِلَيْكُمْ أَيْدِيَهُمْ فَكَفَّ أَيْدِيَهُمْ عَنكُمْ ۖ وَاتَّقُوا اللَّهَ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် မိမိတို့အပေါ်၌ (ရှိသော) အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို အောက်မေ့သတိရ ရှိကြလေကုန်။ တစ်ရံရောအခါ လူမျိုးတစ်မျိုးသည် မိမိတို့၏လက်များကို အသင်တို့ဘက်သို့လှမ်း (၍ အသင်တို့ကိုသတ်ဖြတ်) ကြရန် ကြံရွယ်ခဲ့ကြလေသည်။ ထိုအခါ ထိုအရှင်မြတ်သည် ၎င်းတို့၏လက်များကို အသင်တို့ (အား သတ်ဖြတ်ခြင်း) မှ တားဆီးတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ အမှန်သော်ကား ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ အားထားကြရပေမည်။ (ရကူ)
12۞ وَلَقَدْ أَخَذَ اللَّهُ مِيثَاقَ بَنِي إِسْرَائِيلَ وَبَعَثْنَا مِنْهُمُ اثْنَيْ عَشَرَ نَقِيبًا ۖ وَقَالَ اللَّهُ إِنِّي مَعَكُمْ ۖ لَئِنْ أَقَمْتُمُ الصَّلَاةَ وَآتَيْتُمُ الزَّكَاةَ وَآمَنتُم بِرُسُلِي وَعَزَّرْتُمُوهُمْ وَأَقْرَضْتُمُ اللَّهَ قَرْضًا حَسَنًا لَّأُكَفِّرَنَّ عَنكُمْ سَيِّئَاتِكُمْ وَلَأُدْخِلَنَّكُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۚ فَمَن كَفَرَ بَعْدَ ذَٰلِكَ مِنكُمْ فَقَدْ ضَلَّ سَوَاءَ السَّبِيلِ
၎င်းနောက်မှ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (မိမိအမိန့်တော်များကို လိုက်နာရန်) အစ္စရာအီလီလူမျိုးတို့ထံမှ (လည်း) ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့အနက်မှ၊ ဦးစီးနာယက အကြီးအကဲဆယ့်နှစ်ဦး ခန့်အပ်တော်မူခဲ့လေသည်။ ထိုနောက် အလ္လာဟ်အရှင်မြတ်သည် မိန့်ကြားတော်မူခဲ့လေသည်။ ဧကန်စင်စစ် ငါအရှင်မြတ် (၏ ကူညီရိုင်းပင်းမှု) သည် အသင်တို့နှင့်အတူရှိအံ့။ အကယ်၍သာ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုမှုကိုလည်း အမြဲ ဆောက်တည်ကြကုန်အံ့။ ၎င်းပြင် အသင်တို့သည် ‘ဇကာသ်’ တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြကုန်အံ့။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်၏ ရစူလ်တမန်တော်တို့အားလည်း သက်ဝင်ယုံကြည်၍ ထိုရစူလ်တမန်တော်များအား ရိုင်းပင်းကူညီကြကုန်အံ့။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မွန်မြတ်လှစွာသော ကြွေးမြီချေးငှားခြင်းကိုလည်း ပြုကြအံ့၊ ယင်းသို့ဖြစ်လျှင် ငါအရှင်မြတ်သည် အသင်တို့၏ပြစ်မှုဒုစရိုက်များကို မုချ ပပျောက်စေတော်မူအံ့။ ၎င်းပြင် အသင်တို့အား အကြင်ဥယျာဉ်များ၌လည်း မုချ ဝင်ရောက်စေတော်မူအံ့။ ထိုဥယျာဉ်များအောက်၌ ရေချောင်းများသည် စီးဆင်းလျက်ရှိကြလတ္တံ့။ သို့ရာတွင်မူကား အသင်တို့အနက်မှ မည်သူမဆို ယင်း (ကဲ့သို့ ပဋိညာဉ်ထားရှိပြီး) နောက် သွေဖည်ငြင်းပယ်ခဲ့ပါမူ ထိုသူသည် ဖြောင့်မှန်သော (တရား) လမ်းမှ မုချ ဝေးကွာသွားခဲ့ချေပြီ။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
10အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 10

စူရာ အလ်-မာအိဒ အာယာသ် 10 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် သွေဖည်ငြင်းပယ်သည့်ပြင် ငါအရှင်မြတ်၏ တန်ခိုးပြာဋီဟာ သက်သေသာဓက လက္ခဏာများကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းဆိုသောသူတို့မူကား ငရဲဘုံသားများပင် ဖြစ်ကြကုန်သတည်း။

စူရာ အာယာသ် 10/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 8–12. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers