အလ်-မာအိဒ · 9/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
وَعَدَ اللَّهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ ۙ لَهُم مَّغْفِرَةٌ وَأَجْرٌ عَظِيمٌ ۝٩
Wa`adal laahul lazeena aamanoo wa `amilus saalihaati lahum maghfiratunw wa ajrun `azeem
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သောသူတို့အား၊ ၎င်းတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်လှစွာသော အကျိုးဆုလဒ်သည် ရှိပေသည်ဟူ၍ ဝန်ခံကတိ ထားရှိတော်မူခဲ့ချေပြီ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 7-11 — စူရာ အလ်-မာအိဒ

7وَاذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ وَمِيثَاقَهُ الَّذِي وَاثَقَكُم بِهِ إِذْ قُلْتُمْ سَمِعْنَا وَأَطَعْنَا ۖ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ
တစ်ဖန် အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်ကပြုတော်မူသော ကျေးဇူးတော်ကိုလည်းကောင်း၊ အသင်တို့က “ကျွန်တော်မျိုးတို့သည် (အမိန့်တော်များကို) နာခံကြပါပြီ။ ထို့ပြင် ကျွန်တော်မျိုးတို့သည် (ယင်းအမိန့်တော်များအတိုင်း) လိုက်နာကြပါပြီ” ဟု ပြောဆိုကြသောအချိန်တွင် ထိုအရှင်မြတ်သည် အသင်တို့နှင့် မြဲမြံခိုင်ခံ့စွာဖွဲ့တော်မူသော ထိုအရှင်မြတ်၏ ပဋိညာဉ်တော် ကိုလည်းကောင်း၊ ပြန်လည်အောက်မေ့သတိရကြလေကုန်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား (အမြဲတစေ) ကြောက်ရွံ့ကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (လူတို့၏) စိတ်နှလုံးများတွင်ရှိသည်တို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
8يَا أَيُّهَا الَّذِينَ آمَنُوا كُونُوا قَوَّامِينَ لِلَّهِ شُهَدَاءَ بِالْقِسْطِ ۖ وَلَا يَجْرِمَنَّكُمْ شَنَآنُ قَوْمٍ عَلَىٰ أَلَّا تَعْدِلُوا ۚ اعْدِلُوا هُوَ أَقْرَبُ لِلتَّقْوَىٰ ۖ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ خَبِيرٌ بِمَا تَعْمَلُونَ
အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ် (၏ နှစ်သ�်မှုရယူရန်) အလို့ငှာ ဖြောင့်မတ်တည်ကြည်သောသူများ၊ (သက်သေခံရာတွင်) တရားမျှတစွာ သက်သေခံသူများ ဖြစ်ကြလေကုန်။ ၎င်းပြင် မည်သည့်လူမျိုးတစ်မျိုးကိုမဆို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုကိုမပြုဘဲနေကြရန် လှုံ့ဆော်သည်မရှိစေရ။ အသင်တို့သည် (မည်သည့်ကိစ္စမျိုး၌မဆို) တရားမျှတကြလေကုန်။ ယင်းတရားမျှတမှုသည်ကား ပြစ်မှုဒုစရိုက်တို့မှကြဉ်ရှောင်ခြင်းနှင့် အနီးစပ်ဆုံးပင်တည်း။ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
9وَعَدَ اللَّهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ ۙ لَهُم مَّغْفِرَةٌ وَأَجْرٌ عَظِيمٌ
အလ္လာဟ်အရှင်မြတ်သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သောသူတို့အား၊ ၎င်းတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်လှစွာသော အကျိုးဆုလဒ်သည် ရှိပေသည်ဟူ၍ ဝန်ခံကတိ ထားရှိတော်မူခဲ့ချေပြီ။
10وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ الْجَحِيمِ
သို့ရာတွင် သွေဖည်ငြင်းပယ်သည့်ပြင် ငါအရှင်မြတ်၏ တန်ခိုးပြာဋီဟာ သက်သေသာဓက လက္ခဏာများကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းဆိုသောသူတို့မူကား ငရဲဘုံသားများပင် ဖြစ်ကြကုန်သတည်း။
11يَا أَيُّهَا الَّذِينَ آمَنُوا اذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ إِذْ هَمَّ قَوْمٌ أَن يَبْسُطُوا إِلَيْكُمْ أَيْدِيَهُمْ فَكَفَّ أَيْدِيَهُمْ عَنكُمْ ۖ وَاتَّقُوا اللَّهَ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် မိမိတို့အပေါ်၌ (ရှိသော) အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို အောက်မေ့သတိရ ရှိကြလေကုန်။ တစ်ရံရောအခါ လူမျိုးတစ်မျိုးသည် မိမိတို့၏လက်များကို အသင်တို့ဘက်သို့လှမ်း (၍ အသင်တို့ကိုသတ်ဖြတ်) ကြရန် ကြံရွယ်ခဲ့ကြလေသည်။ ထိုအခါ ထိုအရှင်မြတ်သည် ၎င်းတို့၏လက်များကို အသင်တို့ (အား သတ်ဖြတ်ခြင်း) မှ တားဆီးတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ အမှန်သော်ကား ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ အားထားကြရပေမည်။ (ရကူ)
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
9အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 9

စူရာ အလ်-မာအိဒ အာယာသ် 9 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သောသူတို့အား၊ ၎င်းတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်လှစွာသော အကျိုးဆုလဒ်သည် ရှိပေသည်ဟူ၍…

စူရာ အာယာသ် 9/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 7–11. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers