အလ်-ဟဒီးဒ် · 18/29
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဒီးဒ်
إِنَّ الْمُصَّدِّقِينَ وَالْمُصَّدِّقَاتِ وَأَقْرَضُوا اللَّهَ قَرْضًا حَسَنًا يُضَاعَفُ لَهُمْ وَلَهُمْ أَجْرٌ كَرِيمٌ ۝١٨
Innal mussaddiqeena wal mussaddiqaati wa aqradul laaha qardan hassanany yudaa`afu lahum wa lahum ajrun kareem
📖 မြန်မာဘာသာ
ဧကန်စင်စစ် လှူဒါန်းကြကုန်သော ယောက်ျားမိန်းမတို့သည် အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ်သော(စေတနာနှင့်) ကြွေးမြီ ချေးငှားခဲ့ကြကုန်၏။ ယင်းအလှူဒါနသည် ၎င်းတို့အဖို့ ဆထက်တိုးစေခြင်း ခံရသည့်ပြင် ၎င်းတို့အဖို့ မြင့်မြတ်လှစွာသော အကျိုးသည်လည်း ရှိချိမ့်မည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်

  • الْمُصَّدِّقِينَ နှင့် الْمُصَّدِّقَاتِ: မူရင်းအားဖြင့် الْمُتَصَدِّقِينَ နှင့် الْمُتَصَدِّقَاتِ ဖြစ်သည်။ ဆိုလိုသည်မှာ မိမိတို့ဥစ္စာပစ္စည်းမှ သန့်ရှင်းသောစိတ်ဖြင့် လှူဒါန်းသော အမျိုးသားများနှင့် အမျိုးသမီးများကို ဆိုလိုသည်။
  • أَقْرَضُوا اللَّهَ قَرْضًا حَسَنًا: အလ္လာဟ်အရှင်မြတ်အား ကောင်းမွန်သောချေးငွေကို ချေးပေးခြင်းဟု ဆိုလိုသည်။ ဆိုလိုသည်မှာ စိတ်နှလုံးကျေနပ်စွာ၊ ရည်ရွယ်ချက်ဖြူစင်စွာဖြင့် ထိုက်တန်သူများထံ လှူဒါန်းခြင်းကို ဆိုလိုသည်။
  • يُضَاعَفُ لَهُمْ: သူတို့အတွက် အကျိုးအမြတ်ကို အဆမတန်တိုးပွားစေမည်။
  • أَجْرٌ كَرِيمٌ: မြင့်မြတ်သော အကျိုးအမြတ်ကို ဆိုလိုသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဧကန်စင်စစ် မိမိတို့ဥစ္စာပစ္စည်းမှ လှူဒါန်းသော အမျိုးသားများနှင့် လှူဒါန်းသော အမျိုးသမီးများသည် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်မှုကို ရှာဖွေလျက် စိတ်နှလုံးကျေနပ်စွာဖြင့် လှူဒါန်းကြသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်အား ကောင်းမွန်သောချေးငွေကို ချေးပေးသူများဖြစ်သည်။ ထိုသို့သော လှူဒါန်းမှုအတွက် အရှင်မြတ်သည် သူတို့အား အကျိုးအမြတ်ကို အဆမတန်တိုးပွားစေတော်မူမည်။ ကောင်းမှုတစ်ခုကို ဆယ်ဆမှ ခုနစ်ရာဆအထိ၊ ထို့ထက်ပင် များစွာသော အဆများအထိ တိုးပွားစေတော်မူမည်။ ထို့အပြင် သူတို့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်၌ မြင့်မြတ်သော အကျိုးအမြတ်လည်း ရှိပေသည်။ ထိုအကျိုးအမြတ်မှာ ဂျန္နသ်သုခဘုံပင်ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် လှူဒါန်းသူ အမျိုးသားများနှင့် အမျိုးသမီးများကို တန်းတူညီမျှစွာ ချီးမြှင့်တော်မူသည်။ အမျိုးသမီးများ၏ လှူဒါန်းမှုကိုလည်း အရှင်မြတ်လက်ခံတော်မူသည်။
  • လှူဒါန်းခြင်းသည် အလ္လာဟ်အရှင်မြတ်အား ချေးငွေပေးခြင်းနှင့် တူသည်။ အရှင်မြတ်သည် ထိုချေးငွေကို အဆမတန်ပြန်ဆပ်ပေးတော်မူမည်။
  • လှူဒါန်းသည့်အခါ စိတ်နှလုံးကျေနပ်မှုရှိရမည်။ မနှစ်မြို့ဖွယ်စိတ်ဖြင့် လှူဒါန်းခြင်းသည် ကောင်းမွန်သောချေးငွေမဟုတ်ပေ။
  • လှူဒါန်းခြင်း၏ အကျိုးအမြတ်သည် အလွန်များပြားသည်။ ကောင်းမှုတစ်ခုကို ဆယ်ဆ


📜 အာယာသ် 16-20 — စူရာ အလ်-ဟဒီးဒ်

16۞ أَلَمْ يَأْنِ لِلَّذِينَ آمَنُوا أَن تَخْشَعَ قُلُوبُهُمْ لِذِكْرِ اللَّهِ وَمَا نَزَلَ مِنَ الْحَقِّ وَلَا يَكُونُوا كَالَّذِينَ أُوتُوا الْكِتَابَ مِن قَبْلُ فَطَالَ عَلَيْهِمُ الْأَمَدُ فَقَسَتْ قُلُوبُهُمْ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ
မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ အလ္လာဟ်အရှင်မြတ်၏ဆုံးမဩဝါဒ သတိပေး နှိုးဆော်ချက်၏ ရှေ့ဝယ်လည်းကောင်း၊ ကျရောက်လာပြီး ဖြစ်သော အမှန်တရား၏ရှေ့ဝယ်လည်းကောင်း၊ စိတ်နှလုံးများ ကိုင်းညွှတ်ရန် အချိန်တန်ပြီ မဟုတ်လော။ ထိုမှတစ်ပါး ၎င်းတို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြရန်။ ထိုသူတို့သည် ကျမ်းဂန်ကို ချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ရလေ၏။ သို့ရာတွင် ၎င်းတို့အပေါ်ဝယ် ကာလပရိစ္ဆေဒသည် အဓွန့်ရှည်ခဲ့သောအခါ၊ ၎င်းတို့၏ စိတ်နှလုံးမှာ ခက်ထန်မာမြင်း၍ လာခဲ့လေ၏။ ထိုမှတစ်ပါး ၎င်းတို့တွင် မြောက်မြားစွာတို့မှာ သွေဖည်သူများပင် ဖြစ်ကြကုန်၏။
17اعْلَمُوا أَنَّ اللَّهَ يُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ قَدْ بَيَّنَّا لَكُمُ الْآيَاتِ لَعَلَّكُمْ تَعْقِلُونَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပထဝီမြေကို သေလွန် သွေ့ခြောက်ပြီးနောက် ပြန်လည်၍ ရှင်စေတော်မူကြောင်း အသင်တို့သည် ကောင်းစွာ သိရှိထားကြလေကုန်။ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ သိနားလည်ကြအံ့သောငှာ သက်သေလက္ခဏာတော်များကို ရှင်းလင်းဖော်ပြတော်မူခဲ့ပြီး ဖြစ်ပေသတည်း။
18إِنَّ الْمُصَّدِّقِينَ وَالْمُصَّدِّقَاتِ وَأَقْرَضُوا اللَّهَ قَرْضًا حَسَنًا يُضَاعَفُ لَهُمْ وَلَهُمْ أَجْرٌ كَرِيمٌ
ဧကန်စင်စစ် လှူဒါန်းကြကုန်သော ယောက်ျားမိန်းမတို့သည် အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ်သော(စေတနာနှင့်) ကြွေးမြီ ချေးငှားခဲ့ကြကုန်၏။ ယင်းအလှူဒါနသည် ၎င်းတို့အဖို့ ဆထက်တိုးစေခြင်း ခံရသည့်ပြင် ၎င်းတို့အဖို့ မြင့်မြတ်လှစွာသော အကျိုးသည်လည်း ရှိချိမ့်မည်။
19وَالَّذِينَ آمَنُوا بِاللَّهِ وَرُسُلِهِ أُولَٰئِكَ هُمُ الصِّدِّيقُونَ ۖ وَالشُّهَدَاءُ عِندَ رَبِّهِمْ لَهُمْ أَجْرُهُمْ وَنُورُهُمْ ۖ وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ الْجَحِيمِ
ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များအား လည်းကောင်း၊ ယုံကြည်ကြကုန်သော သူတို့မှာကား ထိုသူတို့သည်ပင်လျှင် ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ သစ္စာဝါဒီများ သည်လည်းကောင်း၊ ‘ရှဟီးဒ်’အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသက်စွန့်ခဲ့ကြသောသူများ သည်လည်းကောင်း၊ ဖြစ်ကြကုန်၏။ ထိုသူတို့အဖို့ ထိုသူတို့၏(ထူးကဲသော)အကျိုး သည်လည်းကောင်း၊ ထိုသူတို့၏(ထူးကဲသော) ရောင်ခြည် သည်လည်းကောင်း၊ ရှိပေမည်။ သို့ရာတွင် အကြင်သူတို့သည် သွေဖည် ငြင်းပယ်ကြကုန်၏။၎င်းပြင် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့မှာ မူကား’ဂျဟန္နမ်’ငရဲသားများပင် ဖြစ်ကြကုန်သတည်း။
20اعْلَمُوا أَنَّمَا الْحَيَاةُ الدُّنْيَا لَعِبٌ وَلَهْوٌ وَزِينَةٌ وَتَفَاخُرٌ بَيْنَكُمْ وَتَكَاثُرٌ فِي الْأَمْوَالِ وَالْأَوْلَادِ ۖ كَمَثَلِ غَيْثٍ أَعْجَبَ الْكُفَّارَ نَبَاتُهُ ثُمَّ يَهِيجُ فَتَرَاهُ مُصْفَرًّا ثُمَّ يَكُونُ حُطَامًا ۖ وَفِي الْآخِرَةِ عَذَابٌ شَدِيدٌ وَمَغْفِرَةٌ مِّنَ اللَّهِ وَرِضْوَانٌ ۚ وَمَا الْحَيَاةُ الدُّنْيَا إِلَّا مَتَاعُ الْغُرُورِ
အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။ လောကီဘဝသည် ကစားခုန်စားမှု သက်သက်သည် လည်းကောင်း၊ အလဟဿ(ပျော်ရွှင်ခြင်းအားဖြင့်) အချိန်ဖြုန်းတီးမှုသည် လည်းကောင်း၊ မျက်စိ ပသာဒဖြစ်ခြင်းသည် လည်းကောင်း၊ အသင်တို့ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ဂုဏ်ပြိုင်ခြင်းသည် လည်းကောင်း၊ ပစ္စည်းဥစ္စာနှင့် သားသမီးပေါများမှုနှင့် စပ်လျဉ်း၍ အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်ခြင်းသည် လည်းကောင်း၊ ဖြစ်ပေသည်။ အကြင် မိုးရေကဲ့သို့ပင် ထိုမိုးရေကြောင့် ပေါက်ရောက်သောမျိုးပင်များသည် တောင်သူလယ်သမားတို့အား နှစ်သက်ရွှင်ပျော်စေ၏။ ထို့နောက် ယင်းမျိုးပင်များသည် သွေ့ခြောက်၍ သွားလေသောအခါ အသင်သည် ယင်းမျိုးပင်များ ဝါ၍နေသည်ကို တွေ့မြင်ရ၏။ ထို့နောက်သော်ကား ယင်းမျိုးပင်မှာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားလေ၏။ သို့ရာတွင်’အာခိရတ်’ တမလွန်ဘဝ၌မူကား ပြင်းထန်လှစွာသော ပြစ်ဒဏ်သည်လည်းရှိ၏။ အလ္လာဟ်အရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် နှစ်မြို့မှုလည်း ရှိပေသည်။ စင်စစ်သော်ကား လောကီဘဝသည် အမြင်မှောက်မှားစေသော ဝတ္ထုပစ္စည်းမျှသာ ဖြစ်ပေသတည်း။
အလ်-ဟဒီးဒ်ကုရ်အာန် ညွှန်းကိန်း
29အာယာသ်
MedinanRevelation
18အာယာသ်

ဘာသာပြန် — အလ်-ဟဒီးဒ် 18

စူရာ အလ်-ဟဒီးဒ် အာယာသ် 18 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် လှူဒါန်းကြကုန်သော ယောက်ျားမိန်းမတို့သည် အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ်သော(စေတနာနှင့်) ကြွေးမြီ ချေးငှားခဲ့ကြကုန်၏။ ယင်းအလှူဒါနသည် ၎င်းတို့အဖို့ ဆထက်တိုးစေခြင်း…

စူရာ အာယာသ် 18/29 — စူရာ အလ်-ဟဒီးဒ် الحديد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဒီးဒ် နားထောင်, စူရာ အလ်-ဟဒီးဒ် ဘာသာပြန်, စူရာ အလ်-ဟဒီးဒ် mp3, စူရာ အလ်-ဟဒီးဒ် pdf. အာယာသ် 16–20. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers