အလ်-မူဂျာဒီလာ · 20/22
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မူဂျာဒီလာ
إِنَّ الَّذِينَ يُحَادُّونَ اللَّهَ وَرَسُولَهُ أُولَٰئِكَ فِي الْأَذَلِّينَ ۝٢٠
Innal lazeena yuhaaaddoonal laaha wa Rasoolahooo ulaaa`ika fil azalleen
📖 မြန်မာဘာသာ
မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ပမာမခန့် ပြုလုပ်ကြကုန်သောသူတို့ မှာ အယုတ်ညံ့ဆုံးသောသူတို့တွင် အပါအဝင်ဖြစ်ကြ ပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်

  • يُحَادُّونَ (ယုဟာဒ္ဒူန): ဤစကားလုံးသည် “ဟဒ်ဒ်” (အပိုင်းအခြား၊ နယ်နိမိတ်) မှ ဆင်းသက်လာသည်။ အဓိပ္ပာယ်မှာ အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်မြတ် သတ်မှတ်ထားသော နယ်နိမိတ်ကို ကျော်လွန်၍ ဆန့်ကျင်ဘက်ဖြစ်သော နယ်နိမိတ်တစ်ခုတွင် ရပ်တည်ခြင်း၊ ဆန့်ကျင်ဘက်ပြုခြင်း၊ ရန်မူခြင်းဖြစ်သည်။
  • الْأَذَلِّينَ (အလ်အဇလ္လီးန): “ဇိလ္လသ်” (အရှက်ရခြင်း၊ နိမ့်ကျခြင်း) မှ ဆင်းသက်လာသည်။ အလွန်အမင်း အရှက်ရသူများ၊ နိမ့်ကျသူများ၊ ရှုံးနိမ့်သူများဟု အဓိပ္ပာယ်ရသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်မြတ်ကို ဆန့်ကျင်ဘက်ပြု၍ ရန်မူသောသူများသည် အလ္လာဟ်အရှင်မြတ် သတ်မှတ်ပေးထားသော လမ်းစဉ်နှင့် နယ်နိမိတ်ကို ကျော်လွန်၍ မိမိတို့၏ ဆန္နိဋ္ဌာန်အတိုင်း ရပ်တည်ကြသူများဖြစ်သည်။ ထိုသူများသည် ဤလောကီဘဝတွင်သာမက နောင်တမလွန်ဘဝတွင်ပါ အလ္လာဟ်အရှင်မြတ် အလွန်အမင်း နိမ့်ကျစေတော်မူသော၊ အရှက်ရစေတော်မူသော၊ ရှုံးနိမ့်စေတော်မူသော အုပ်စုထဲတွင် အပါအဝင်ဖြစ်ကြသည်။ သူတို့သည် မည်မျှပင် အင်အားကြီးမားသည်ဟု ထင်ရပါစေ၊ အမှန်တကယ်တွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ဆန့်ကျင်သူအဖြစ် အရှက်ရဖွယ် အနိမ့်ဆုံးအခြေအနေသို့ ရောက်ရမည်ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်မြတ်ကို ဆန့်ကျင်ဘက်ပြုခြင်း၊ ရန်မူခြင်းသည် မည်သည့်အခါမျှ အောင်မြင်မှုကို မဆောင်ကြဉ်းနိုင်ဘဲ အရှက်ရခြင်းနှင့် ရှုံးနိမ့်ခြင်းသာ ရလဒ်ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ သတ်မှတ်ထားသော နယ်နိမိတ်ကို လွန်ကျူးသူများကို ဤလောကီဘဝနှင့် နောင်တမလွန်ဘဝ နှစ်ဌာနစလုံးတွင် နိမ့်ကျစေတော်မူမည်ဖြစ်သည်။
  • ဤအာယသ်တော်သည် အစ္စလာမ်နှင့် ကုရ်အာန်ကို လိုက်နာခြင်း၏ တန်ဖိုးကို ထင်ရှားစေသည်။ အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်ကို လိုက်နာသူများသည် ဂုဏ်သိက္ခာရှိပြီး အောင်မြင်မှုရရှိမည်ဖြစ်သည်။
  • လူသားတို့အနေဖြင့် မိမိတို့၏ ဆန္နိဋ္ဌ


📜 အာယာသ် 18-22 — စူရာ အလ်-မူဂျာဒီလာ

18يَوْمَ يَبْعَثُهُمُ اللَّهُ جَمِيعًا فَيَحْلِفُونَ لَهُ كَمَا يَحْلِفُونَ لَكُمْ ۖ وَيَحْسَبُونَ أَنَّهُمْ عَلَىٰ شَيْءٍ ۚ أَلَا إِنَّهُمْ هُمُ الْكَاذِبُونَ
အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားလုံးတို့ကို ရှင်ပြန်ထစေတော်မူအံ့သောနေ့တွင် ၎င်းတို့သည် ထိုအရှင်မြတ်၏ ရှေ့မှောက်၌လည်း အသင်တို့ရှေ့ဝယ် ကျိန်ဆိုဘိသကဲ့သို့ပင် ကျိန်ဆိုကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့သည် ဧကန်အမှန် မိမိတို့မှာ (ကောင်းသော)အခြေအနေ၌ ရှိနေကြသည်ဟု ထင်မှတ်ကြပေမည်။ ကောင်းစွာ မှတ်ယူကြလေကုန်။ဧကန်မလွဲ ၎င်းတို့မှာ မုသာဝါဒီများပင် ဖြစ်ကြကုန်၏။
19اسْتَحْوَذَ عَلَيْهِمُ الشَّيْطَانُ فَأَنسَاهُمْ ذِكْرَ اللَّهِ ۚ أُولَٰئِكَ حِزْبُ الشَّيْطَانِ ۚ أَلَا إِنَّ حِزْبَ الشَّيْطَانِ هُمُ الْخَاسِرُونَ
‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့အား နိုင်နင်း ကြီးစိုးလျက် ရှိပေရာ ၎င်းတို့အား ယင်း ‘ရှိုင်တွာန်’မိစ္ဆာကောင်သည် အလ္လာဟ်အရှင်မြတ်အား သတိရခြင်းကို မေ့ပျောက်စေခဲ့၏။ ထိုသူတို့ကား ‘ရှိုင်တွာန်’ မိစ္ဆာကောင်၏အုပ်စုပင် ဖြစ်ကြကုန်၏။ ကောင်းစွာ မှတ်ယူကြလေကုန်။ ဧကန်မလွဲ ‘ရှိုင်တွာန်’ မိစ္ဆာကောင်၏အုပ်စုကား ဆုံးရှုံးအံ့သောသူများပင် ဖြစ်ကြကုန်သတည်း။
20إِنَّ الَّذِينَ يُحَادُّونَ اللَّهَ وَرَسُولَهُ أُولَٰئِكَ فِي الْأَذَلِّينَ
မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ပမာမခန့် ပြုလုပ်ကြကုန်သောသူတို့ မှာ အယုတ်ညံ့ဆုံးသောသူတို့တွင် အပါအဝင်ဖြစ်ကြ ပေမည်။
21كَتَبَ اللَّهُ لَأَغْلِبَنَّ أَنَا وَرُسُلِي ۚ إِنَّ اللَّهَ قَوِيٌّ عَزِيزٌ
ငါအရှင်မြတ်သည်လည်းကောင်း၊ ငါအရှင်မြတ်၏ရစူလ်တမန်တော်များသည် လည်းကောင်း၊ ဧကန်မလွဲ လွှမ်းမိုးတော်မူမည်ဟူ၍ အလ္လာဟ်အရှင်မြတ်သည် ရေးသားတော်မူပြီးဖြစ်၏။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် လွန်စွာ စွမ်းအားနှင့်ပြည့်စုံတော်မူသောအရှင်၊ လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
22لَّا تَجِدُ قَوْمًا يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ يُوَادُّونَ مَنْ حَادَّ اللَّهَ وَرَسُولَهُ وَلَوْ كَانُوا آبَاءَهُمْ أَوْ أَبْنَاءَهُمْ أَوْ إِخْوَانَهُمْ أَوْ عَشِيرَتَهُمْ ۚ أُولَٰئِكَ كَتَبَ فِي قُلُوبِهِمُ الْإِيمَانَ وَأَيَّدَهُم بِرُوحٍ مِّنْهُ ۖ وَيُدْخِلُهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ ۚ أُولَٰئِكَ حِزْبُ اللَّهِ ۚ أَلَا إِنَّ حِزْبَ اللَّهِ هُمُ الْمُفْلِحُونَ
(အို-နဗီတမန်တော်၊) အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်ကြကုန်သော အမျိုးသားတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ပမာမခန့် ပြုလုပ်သူတို့ကို ထိုသို့ ပမာမခန့်ပြုကြသူတို့မှာ ၎င်းတို့၏ ဖခင်များပင် ဖြစ်ကြသည်ဖြစ်စေ၊ ၎င်းတို့၏သားများပင် ဖြစ်ကြသည်ဖြစ်စေ၊ ၎င်းတို့၏ညီအစ်ကိုများပင် ဖြစ်ကြသည်ဖြစ်စေ၊ ၎င်းတို့၏ဆွေမျိုးသားချင်းများပင် ဖြစ်ကြသည်ဖြစ်စေ၊ ချစ်မြတ်နိုးကြသည်ဟူ၍ကား အသင် တွေ့ရှိရမည် မဟုတ်ပေ။ထိုသူတို့ကား အကြင်သူများပင်၊ ထိုအရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများတွင် ‘အီမာန်’ သက်ဝင်ယုံကြည်မှုကို ရေးမှတ်တော်မူခဲ့၏။ ထို့ပြင် ၎င်းတို့အား မိမိအထံတော်မှ ရက်ရောမှုဖြင့် အားအင်ဖြည့်ပေးတော်မူခဲ့၏။ ထို့ပြင် ၎င်းတို့အား ထိုအရှင်မြတ်သည် အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည်စီးတွေလျက် ရှိကြပေမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ အစဉ် နေထိုင်ကြပေမည်။ ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် ကျေနပ်တော်မူပေမည်။ ၎င်းတို့သည်လည်း ထိုအရှင်မြတ်အပေါ်ဝယ် ကျေနပ်ကြပေမည်။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အုပ်စုပင် ဖြစ်ကြကုန်၏။ ကောင်းစွာ မှတ်ယူကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်၏ အုပ်စုသည်သာလျှင် အောင်မြင်မည့်သူများ ဖြစ်ကြကုန်သတည်း။
အလ်-မူဂျာဒီလာကုရ်အာန် ညွှန်းကိန်း
22အာယာသ်
MedinanRevelation
20အာယာသ်

ဘာသာပြန် — အလ်-မူဂျာဒီလာ 20

စူရာ အလ်-မူဂျာဒီလာ အာယာသ် 20 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ပမာမခန့် ပြုလုပ်ကြကုန်သောသူတို့ မှာ အယုတ်ညံ့ဆုံးသောသူတို့တွင် အပါအဝင်ဖြစ်ကြ ပေမည်။

စူရာ အာယာသ် 20/22 — စူရာ အလ်-မူဂျာဒီလာ المجادلة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မူဂျာဒီလာ နားထောင်, စူရာ အလ်-မူဂျာဒီလာ ဘာသာပြန်, စူရာ အလ်-မူဂျာဒီလာ mp3, စူရာ အလ်-မူဂျာဒီလာ pdf. အာယာသ် 18–22. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers