အလ်-မူဂျာဒီလာ · 21/22
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မူဂျာဒီလာ
كَتَبَ اللَّهُ لَأَغْلِبَنَّ أَنَا وَرُسُلِي ۚ إِنَّ اللَّهَ قَوِيٌّ عَزِيزٌ ۝٢١
Katabal laahu la aghlibanna ana wa Rusulee; innal laaha qawiyyun `Azeez
📖 မြန်မာဘာသာ
ငါအရှင်မြတ်သည်လည်းကောင်း၊ ငါအရှင်မြတ်၏ရစူလ်တမန်တော်များသည် လည်းကောင်း၊ ဧကန်မလွဲ လွှမ်းမိုးတော်မူမည်ဟူ၍ အလ္လာဟ်အရှင်မြတ်သည် ရေးသားတော်မူပြီးဖြစ်၏။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် လွန်စွာ စွမ်းအားနှင့်ပြည့်စုံတော်မူသောအရှင်၊ လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
  • كَتَبَ (ကသာဗာ) = ရေးမှတ်တော်မူခဲ့သည်၊ ပြဌာန်းတော်မူခဲ့သည်၊ ဆုံးဖြတ်တော်မူခဲ့သည်။
  • لَأَغْلِبَنَّ (လအာဂ်လိဗန်နာ) = ငါဧကန်အမှန် အောင်မြင်စေတော်မူမည်၊ လွှမ်းမိုးနိုင်မည်။
  • أَنَا وَرُسُلِي (အနာ ဝရုစုလီ) = ငါနှင့် ငါ၏ရစူလ်တမန်တော်များ။
  • قَوِيٌّ (ကောဝိယျုန်) = အလွန်အားကြီးတော်မူသော၊ တန်ခိုးကြီးတော်မူသော။
  • عَزِيزٌ (အဇီဇုန်) = လွှမ်းမိုးနိုင်တော်မူသော၊ မည်သူမျှ မနိုင်ဝန်တော်မူသော၊ ဂုဏ်သိက္ခာကြီးမြတ်တော်မူသော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အထွတ်အထိပ် အသိပညာတော်တွင် ဤသို့ ပြဌာန်းဆုံးဖြတ်တော်မူခဲ့သည်။ ငါအရှင်မြတ်နှင့် ငါ၏ရစူလ်တမန်တော်များသည် ရန်သူများအပေါ် သက်သေအထောက်အထားဖြင့်လည်းကောင်း၊ တန်ခိုးအာဏာဖြင့်လည်းကောင်း ဧကန်အမှန် အောင်မြင်လွှမ်းမိုးမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ရစူလ်တမန်တော်များကို ကူညီအောင်မြင်စေရန် အလွန်အားကြီးတော်မူသည်။ ရန်သူများကို အပြစ်ဒဏ်ပေးရာတွင်လည်း မည်သူမျှ မနိုင်ဝန်နိုင်သော လွှမ်းမိုးနိုင်တော်မူသော အရှင်ဖြစ်တော်မူသည်။ ဤကတိတော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်များနှင့် အီမာန်ယုံကြည်သူများအတွက် မည်သည့်အခြေအနေတွင်မဆို အောင်မြင်မှုရမည်ဟူသော အာမခံချက်ဖြစ်သည်။ အမှန်မှာ အောင်မြင်မှုသည် အလ္လာဟ်အရှင်မြတ်၏ ကတိတော်အတိုင်း ဧကန်မုချ ဖြစ်ပေါ်လာမည်ဖြစ်ပြီး၊ အရှင်မြတ်သည် အားလုံးကို နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်ဖြစ်တော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးလာစေရန် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ရစူလ်တမန်တော်များနှင့် အီမာန်ယုံကြည်သူများကို ဧကန်အမှန် အောင်မြင်စေမည်ဟု ကတိပြုထားတော်မူသည်။ ဤကတိတော်သည် ယုံကြည်သူများအတွက် စိတ်အားထက်သန်မှုနှင့် မျှော်လင့်ချက်ကို ပေးသည်။
  • အခက်အခဲများ၊ စမ်းသပ်မှုများ ကြုံတွေ့ရချိန်တွင် အလ္လာဟ်အရှင်မြတ်၏ ကတိတော်ကို သတိရခြင်းဖြင့် စိတ်ဓာတ်မကျဘဲ ရပ်တည်နိုင်သည်။
  • အလ္လာဟ်အရှင်မြတ်သည် အလွန်အားကြီးတော်မူ


📜 အာယာသ် 19-22 — စူရာ အလ်-မူဂျာဒီလာ

19اسْتَحْوَذَ عَلَيْهِمُ الشَّيْطَانُ فَأَنسَاهُمْ ذِكْرَ اللَّهِ ۚ أُولَٰئِكَ حِزْبُ الشَّيْطَانِ ۚ أَلَا إِنَّ حِزْبَ الشَّيْطَانِ هُمُ الْخَاسِرُونَ
‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့အား နိုင်နင်း ကြီးစိုးလျက် ရှိပေရာ ၎င်းတို့အား ယင်း ‘ရှိုင်တွာန်’မိစ္ဆာကောင်သည် အလ္လာဟ်အရှင်မြတ်အား သတိရခြင်းကို မေ့ပျောက်စေခဲ့၏။ ထိုသူတို့ကား ‘ရှိုင်တွာန်’ မိစ္ဆာကောင်၏အုပ်စုပင် ဖြစ်ကြကုန်၏။ ကောင်းစွာ မှတ်ယူကြလေကုန်။ ဧကန်မလွဲ ‘ရှိုင်တွာန်’ မိစ္ဆာကောင်၏အုပ်စုကား ဆုံးရှုံးအံ့သောသူများပင် ဖြစ်ကြကုန်သတည်း။
20إِنَّ الَّذِينَ يُحَادُّونَ اللَّهَ وَرَسُولَهُ أُولَٰئِكَ فِي الْأَذَلِّينَ
မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ပမာမခန့် ပြုလုပ်ကြကုန်သောသူတို့ မှာ အယုတ်ညံ့ဆုံးသောသူတို့တွင် အပါအဝင်ဖြစ်ကြ ပေမည်။
21كَتَبَ اللَّهُ لَأَغْلِبَنَّ أَنَا وَرُسُلِي ۚ إِنَّ اللَّهَ قَوِيٌّ عَزِيزٌ
ငါအရှင်မြတ်သည်လည်းကောင်း၊ ငါအရှင်မြတ်၏ရစူလ်တမန်တော်များသည် လည်းကောင်း၊ ဧကန်မလွဲ လွှမ်းမိုးတော်မူမည်ဟူ၍ အလ္လာဟ်အရှင်မြတ်သည် ရေးသားတော်မူပြီးဖြစ်၏။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် လွန်စွာ စွမ်းအားနှင့်ပြည့်စုံတော်မူသောအရှင်၊ လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
22لَّا تَجِدُ قَوْمًا يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ يُوَادُّونَ مَنْ حَادَّ اللَّهَ وَرَسُولَهُ وَلَوْ كَانُوا آبَاءَهُمْ أَوْ أَبْنَاءَهُمْ أَوْ إِخْوَانَهُمْ أَوْ عَشِيرَتَهُمْ ۚ أُولَٰئِكَ كَتَبَ فِي قُلُوبِهِمُ الْإِيمَانَ وَأَيَّدَهُم بِرُوحٍ مِّنْهُ ۖ وَيُدْخِلُهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ ۚ أُولَٰئِكَ حِزْبُ اللَّهِ ۚ أَلَا إِنَّ حِزْبَ اللَّهِ هُمُ الْمُفْلِحُونَ
(အို-နဗီတမန်တော်၊) အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက်ဝင်ယုံကြည်ကြကုန်သော အမျိုးသားတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ပမာမခန့် ပြုလုပ်သူတို့ကို ထိုသို့ ပမာမခန့်ပြုကြသူတို့မှာ ၎င်းတို့၏ ဖခင်များပင် ဖြစ်ကြသည်ဖြစ်စေ၊ ၎င်းတို့၏သားများပင် ဖြစ်ကြသည်ဖြစ်စေ၊ ၎င်းတို့၏ညီအစ်ကိုများပင် ဖြစ်ကြသည်ဖြစ်စေ၊ ၎င်းတို့၏ဆွေမျိုးသားချင်းများပင် ဖြစ်ကြသည်ဖြစ်စေ၊ ချစ်မြတ်နိုးကြသည်ဟူ၍ကား အသင် တွေ့ရှိရမည် မဟုတ်ပေ။ထိုသူတို့ကား အကြင်သူများပင်၊ ထိုအရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများတွင် ‘အီမာန်’ သက်ဝင်ယုံကြည်မှုကို ရေးမှတ်တော်မူခဲ့၏။ ထို့ပြင် ၎င်းတို့အား မိမိအထံတော်မှ ရက်ရောမှုဖြင့် အားအင်ဖြည့်ပေးတော်မူခဲ့၏။ ထို့ပြင် ၎င်းတို့အား ထိုအရှင်မြတ်သည် အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည်စီးတွေလျက် ရှိကြပေမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ အစဉ် နေထိုင်ကြပေမည်။ ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် ကျေနပ်တော်မူပေမည်။ ၎င်းတို့သည်လည်း ထိုအရှင်မြတ်အပေါ်ဝယ် ကျေနပ်ကြပေမည်။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အုပ်စုပင် ဖြစ်ကြကုန်၏။ ကောင်းစွာ မှတ်ယူကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်၏ အုပ်စုသည်သာလျှင် အောင်မြင်မည့်သူများ ဖြစ်ကြကုန်သတည်း။
အလ်-မူဂျာဒီလာကုရ်အာန် ညွှန်းကိန်း
22အာယာသ်
MedinanRevelation
21အာယာသ်

ဘာသာပြန် — အလ်-မူဂျာဒီလာ 21

စူရာ အလ်-မူဂျာဒီလာ အာယာသ် 21 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ငါအရှင်မြတ်သည်လည်းကောင်း၊ ငါအရှင်မြတ်၏ရစူလ်တမန်တော်များသည် လည်းကောင်း၊ ဧကန်မလွဲ လွှမ်းမိုးတော်မူမည်ဟူ၍ အလ္လာဟ်အရှင်မြတ်သည် ရေးသားတော်မူပြီးဖြစ်၏။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် လွန်စွာ…

စူရာ အာယာသ် 21/22 — စူရာ အလ်-မူဂျာဒီလာ المجادلة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မူဂျာဒီလာ နားထောင်, စူရာ အလ်-မူဂျာဒီလာ ဘာသာပြန်, စူရာ အလ်-မူဂျာဒီလာ mp3, စူရာ အလ်-မူဂျာဒီလာ pdf. အာယာသ် 19–22. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers