အလ်-အန်အာမ် · 44/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
فَلَمَّا نَسُوا مَا ذُكِّرُوا بِهِ فَتَحْنَا عَلَيْهِمْ أَبْوَابَ كُلِّ شَيْءٍ حَتَّىٰ إِذَا فَرِحُوا بِمَا أُوتُوا أَخَذْنَاهُم بَغْتَةً فَإِذَا هُم مُّبْلِسُونَ ۝٤٤
Falammaa nasoo maa zukkiroo bihee fatahnaa `alaihim abwaaba kulli shai`in hattaaa izaa farihoo bimaaa ootooo akhaznaahum baghtatan fa izaa hum mmublisoon
📖 မြန်မာဘာသာ
ထို့နောက် ၎င်းတို့သည် မိမိတို့အား သတိပေးနှိုးဆော်ခြင်းခံကြရလေသော ကိစ္စများကို မေ့ပျောက်ထားခဲ့ကြ၏။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့ အပေါ်၌ ခပ်သိမ်းကုန်သော စည်းစိမ်တို့၏တံခါးများကို ဖွင့်လှစ်ပေးတော်မူလိုက်��။နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့ရရှိကြကုန်သော စည်းစိမ်တို့နှင့်စပ်လျဉ်း၍ မော်ကြွား၍ လာကြပြန်သောအခါ ငါအရှင်မြတ်သည် ၎င်းတို့အား ရုတ်တရက်ဖမ်းဆီး (ပြစ်ဒဏ်ပေး)တော်မူလိုက်၏။ ထိုအခါ ၎င်းတို့သည် မျှော်လင့်ချက် ကုန်ဆုံး၍တွေဝေ မိန်းမောသွားကြလေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • نَسُوا (နစူ): သူတို့သည် မေ့လျော့ခဲ့ကြသည်၊ လျစ်လျူရှုခဲ့ကြသည်၊ စွန့်ပစ်ခဲ့ကြသည်။
  • ذُكِّرُوا بِهِ (ဇုက္ကိရူ ဗိဟိ): သူတို့အား သတိပေးနှိုးဆော်ခဲ့သည့် အရာများ၊ ဆုံးမဩဝါဒများ။
  • فَتَحْنَا (ဖတဟ်နာ): ငါအရှင်မြတ်သည် ဖွင့်ပေးခဲ့သည်။
  • أَبْوَابَ كُلِّ شَيْءٍ (အဗ်ဝါဗာ ကုလ်လိ ရှိုင်အင်): အရာခပ်သိမ်း၏ တံခါးများ — ဆိုလိုသည်မှာ လောကီအကျိုးခံစားခွင့်များ၊ စည်းစိမ်ဥစ္စာများ၊ ကျန်းမာရေးနှင့် သာယာဝပြောမှုများ။
  • بَغْتَةً (ဗဂ်ျတသန်): ရုတ်တရက်၊ မမျှော်လင့်ဘဲ။
  • مُبْلِسُونَ (မုဗ်လိစူန): မျှော်လင့်ချက်ကင်းမဲ့သူများ၊ စိတ်ပျက်အားလျော့သူများ၊ ဘာမှမတတ်နိုင်တော့ဘဲ စိတ်ရှုပ်ထွေးနေသူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်က လူသားများအား ဆုံးမသွန်သင်ပေးသည့် နည်းလမ်းတစ်ခုကို ရှင်းပြထားပါသည်။ အရှင်မြတ်သည် လူတို့အား ဆင်းရဲဒုက္ခ၊ ရောဂါဝေဒနာနှင့် အခက်အခဲများဖြင့် သတိပေးလေ့ရှိပါသည်။ ထိုသတိပေးမှုများမှတစ်ဆင့် လူတို့သည် အရှင်မြတ်ဘက်သို့ လှည့်ပြန်လာပြီး အပြစ်များမှ ရှောင်ကြဉ်ရန် မျှော်လင့်ပါသည်။ သို့သော် ထိုလူများသည် သတိပေးချက်များကို လျစ်လျူရှုပြီး ဆုံးမဩဝါဒများကို မေ့လျော့သွားကြသောအခါ အရှင်မြတ်သည် သူတို့အပေါ်၌ လောကီအကျိုးခံစားခွင့်များ၏ တံခါးများကို ကျယ်ကျယ်ဖွင့်ပေးလိုက်ပါသည်။ ဆင်းရဲဒုက္ခကို ချမ်းသာသုခဖြင့် လဲလှယ်ပေးလိုက်ပြီး ရောဂါဝေဒနာကို ကျန်းမာသန်စွမ်းမှုဖြင့် အစားထိုးပေးလိုက်ပါသည်။

ဤသည်မှာ အရှင်မြတ်၏ စမ်းသပ်မှုတစ်မျိုးဖြစ်ပါသည်။ လူတို့သည် ထိုချမ်းသာသုခများကို ရရှိသောအခါ မာန်တက်လာကြပြီး ဂုဏ်ယူဝင့်ကြွားလာကြပါသည်။ ကျေးဇူးတော်ကို မေ့လျော့ပြီး အရှင်မြတ်ကို မသတိရတော့ပါ။ ထိုအခါ အရှင်မြတ်သည် သူတို့အား ရုတ်တရက် အပြစ်ဒဏ်ဖြင့် ဖမ်းဆီးကိုင်တွယ်လိုက်ပါသည်။ ထိုအခါ သူတို့သည် ဘာမှမတတ်နိုင်တော့ဘဲ မျှော်လင့်ချက်အားလုံး ကင်းမဲ့သွားကြပြီး စိတ်ပျက်အားလျော့စွာဖြင့် ကျန်ရစ်ခဲ့



📜 အာယာသ် 42-46 — စူရာ အလ်-အန်အာမ်

42وَلَقَدْ أَرْسَلْنَا إِلَىٰ أُمَمٍ مِّن قَبْلِكَ فَأَخَذْنَاهُم بِالْبَأْسَاءِ وَالضَّرَّاءِ لَعَلَّهُمْ يَتَضَرَّعُونَ
(အို-နဗီတမန်တော်) မချွတ်မလွဲ ငါအရှင်မြတ်သည် အသင့်အလျင် ရှိခဲ့ကြကုန်သောလူမျိုး များတို့ထံသို့လည်း(ရစူလ်တမန်တော်များကို) စေလွှတ်တော်မူခဲ့လေသည်။ ထို့နောက် (ယင်းလူမျိုးတို့သည် ထိုတမန်တော်များအား သွေဖည်ငြင်းပယ် ခဲ့ကြလေရာ) ငါအရှင်မြတ်သည် ယင်းသူတို့၌ဆင်းရဲဒုက္ဓများနှင့် ရောဂါဝေဒနာများ ဆိုက်ရောက်စေ တော်မူခဲ့လေသည်။ သို့မှသာလျှင် ထိုသူများသည် ကျိုးနွံကြပေမည်။ (နောင်တ တရားရရှိကြပေမည်။)
43فَلَوْلَا إِذْ جَاءَهُم بَأْسُنَا تَضَرَّعُوا وَلَٰكِن قَسَتْ قُلُوبُهُمْ وَزَيَّنَ لَهُمُ الشَّيْطَانُ مَا كَانُوا يَعْمَلُونَ
ထို့နောက် ၎င်းတို့သည် မိမိတို့ထံ ငါအရှင်မြတ်၏ (အထံတော်မှ) ပြစ်ဒဏ်ဆိုက်ရောက်လာ သောအခါ၌အဘယ်ကြောင့် ကျိုးနွံနိမ့်ကျခြင်း မရှိခဲ့ကြပါသနည်း။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးများသည် မာမြဲတိုင်းမာကျောလျက်ရှိခဲ့၏။ ထို့အပြင် ရှိုင်တွာန် မိစ္ဆာကောင်သည်လည်း ၎င်းတို့ပြုလုပ်လျက်ရှိခဲ့သမျှတို့ကို ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် တန်ဆာဆင်၍ပြထားခဲ့လေသည်။
44فَلَمَّا نَسُوا مَا ذُكِّرُوا بِهِ فَتَحْنَا عَلَيْهِمْ أَبْوَابَ كُلِّ شَيْءٍ حَتَّىٰ إِذَا فَرِحُوا بِمَا أُوتُوا أَخَذْنَاهُم بَغْتَةً فَإِذَا هُم مُّبْلِسُونَ
ထို့နောက် ၎င်းတို့သည် မိမိတို့အား သတိပေးနှိုးဆော်ခြင်းခံကြရလေသော ကိစ္စများကို မေ့ပျောက်ထားခဲ့ကြ၏။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့ အပေါ်၌ ခပ်သိမ်းကုန်သော စည်းစိမ်တို့၏တံခါးများကို ဖွင့်လှစ်ပေးတော်မူလိုက်��။နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့ရရှိကြကုန်သော စည်းစိမ်တို့နှင့်စပ်လျဉ်း၍ မော်ကြွား၍ လာကြပြန်သောအခါ ငါအရှင်မြတ်သည် ၎င်းတို့အား ရုတ်တရက်ဖမ်းဆီး (ပြစ်ဒဏ်ပေး)တော်မူလိုက်၏။ ထိုအခါ ၎င်းတို့သည် မျှော်လင့်ချက် ကုန်ဆုံး၍တွေဝေ မိန်းမောသွားကြလေသည်။
45فَقُطِعَ دَابِرُ الْقَوْمِ الَّذِينَ ظَلَمُوا ۚ وَالْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ
ထို့နောက် မတော်မတရား ပြုမူကြကုန်သောသူတို့၏ အခြေအမြစ်သည် ပြတ်သွားလေတော့၏။ ချီးမွမ်းထောပနာ အပေါင်းတို့သည် အမှန်စင်စစ်အားဖြင့် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာတည်း။
46قُلْ أَرَأَيْتُمْ إِنْ أَخَذَ اللَّهُ سَمْعَكُمْ وَأَبْصَارَكُمْ وَخَتَمَ عَلَىٰ قُلُوبِكُم مَّنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُم بِهِ ۗ انظُرْ كَيْفَ نُصَرِّفُ الْآيَاتِ ثُمَّ هُمْ يَصْدِفُونَ
(အို-နဗီတမန်တော်)အသင်ပြောပါလေ(အချင်းတို့) အသင်တို့ပြောပြကြလေကုန်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ကြားခြင်းသတ္တိနှင့် မြင်ခြင်းသတ္တိများကိုရုပ်သိမ်းတော်မူသော်၊ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများကို တံဆိပ်ခတ်နှိပ်တော်မူခဲ့သော်၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး ထိုသတ္တိ(များ)ကို အသင်တို့အား ပြန်လည်ပေးမည့်ကိုးကွယ်ရာအရှင် မည်သူရှိသနည်း။ (အို-နဗီတမန်၊တော်) ငါအရှင်မြတ်သည် (တောင်ဟီဒ်နှင့်စပ်လျဉ်း၍) သက်သေသာဓကများကို မည်သို့မည်ပံ(အမျိုးမျိုးအဖုံဖုံ) ပြသတော်မူလျက်ရှိသည်ကို အသင်ရှုပါလေ။ သို့ပါလျက် ထိုသူများသည်လွဲဖယ်လျက် ရှိကြပေသည်။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
44အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 44

စူရာ အလ်-အန်အာမ် အာယာသ် 44 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ၎င်းတို့သည် မိမိတို့အား သတိပေးနှိုးဆော်ခြင်းခံကြရလေသော ကိစ္စများကို မေ့ပျောက်ထားခဲ့ကြ၏။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့ အပေါ်၌…

စူရာ အာယာသ် 44/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 42–46. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers