အလ်-အန်အာမ် · 43/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
فَلَوْلَا إِذْ جَاءَهُم بَأْسُنَا تَضَرَّعُوا وَلَٰكِن قَسَتْ قُلُوبُهُمْ وَزَيَّنَ لَهُمُ الشَّيْطَانُ مَا كَانُوا يَعْمَلُونَ ۝٤٣
Falaw laaa iz jaaa`ahum baasunaa tadarra`oo wa laakin qasat quloobuhum wa zaiyana lahumush Shaitaanu maa kaanoo ya`maloon
📖 မြန်မာဘာသာ
ထို့နောက် ၎င်းတို့သည် မိမိတို့ထံ ငါအရှင်မြတ်၏ (အထံတော်မှ) ပြစ်ဒဏ်ဆိုက်ရောက်လာ သောအခါ၌အဘယ်ကြောင့် ကျိုးနွံနိမ့်ကျခြင်း မရှိခဲ့ကြပါသနည်း။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးများသည် မာမြဲတိုင်းမာကျောလျက်ရှိခဲ့၏။ ထို့အပြင် ရှိုင်တွာန် မိစ္ဆာကောင်သည်လည်း ၎င်းတို့ပြုလုပ်လျက်ရှိခဲ့သမျှတို့ကို ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် တန်ဆာဆင်၍ပြထားခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • فَلَوْلَا (ဖလောင်လာ) — “သို့ဖြစ်လျှင် အဘယ်ကြောင့် မပြုလုပ်ကြသနည်း” ဟု ရှုတ်ချသော အနက်ဖြင့် “ဟုတ်ပါလျှင်” ဟု အဓိပ္ပာယ်ရသည်။
  • بَأْسُنَا (ဗအ်စုနာ) — ငါအရှင်မြတ်၏ ပြင်းထန်သော ပြစ်ဒဏ်၊ ဘေးအန္တရာယ်။
  • تَضَرَّعُوا (တဒဲရ်ရအု) — နှိမ့်ချစွာ လျှောက်ထား တောင်းပန်ကြသည်၊ ကျိုးနွံကြသည်။
  • قَسَتْ قُلُوبُهُمْ (ကဆတ် ကုလူဗုဟုမ်) — သူတို့၏ စိတ်နှလုံးများ ခက်မာကြသည်၊ မာကျောကြသည်။
  • زَيَّنَ (ဇိုင်ယနာ) — လှပအောင် ပြင်ဆင်ပေးသည်၊ ကောင်းသည်ဟု ထင်မြင်လာအောင် လုပ်ပေးသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

ဤအာယသ်တော်သည် ရှေးကာလက မယုံကြည်သော လူမျိုးများအကြောင်း ဖော်ပြထားသည်။ သူတို့ထံ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် ရောက်လာသောအခါ သူတို့သည် နှိမ့်ချစွာ အလ္လာဟ်အရှင်မြတ်ထံ ပြန်လှည့်၍ အသနားခံကြရမည် ဖြစ်သည်။ သို့သော် သူတို့သည် ထိုသို့ မပြုလုပ်ကြပေ။ အကြောင်းမှာ သူတို့၏ စိတ်နှလုံးများသည် ခက်မာ၍ နေပြီဖြစ်သည်။ သတိရ တရားရ၍ လမ်းမှန်ကို ပြန်လည်ရှာယူရန် သူတို့ စိတ်နှလုံးများ အလွန်မာကျောနေကြသည်။ ထို့အပြင် ရှိုင်သွာန် (မိစ္ဆာကောင်) သည် သူတို့ ပြုလုပ်နေကျ ကုဖ်ရ် (မယုံကြည်မှု) နှင့် အပြစ်များကို လှပကောင်းမွန်သည်ဟု ထင်မြင်လာအောင် ပြင်ဆင်ပေးထားသည်။ ထို့ကြောင့် သူတို့သည် မိမိတို့၏ မှားယွင်းသော လုပ်ရပ်များကို ဆက်လက် ပြုလုပ်နေကြပြီး လမ်းမှန်သို့ ပြန်မလာကြတော့ပေ။ အကယ်၍ သူတို့သည် ဘေးဒုက္ခရောက်ချိန်တွင် အလ္လာဟ်အရှင်မြတ်ထံ နှိမ့်ချစွာ ပြန်လှည့်ခဲ့ကြပါလျှင် အရှင်မြတ်သည် သူတို့အား ကရုဏာတော်ဖြင့် ကယ်တင်တော်မူပြီး ဘေးဒုက္ခများကို ဖယ်ရှားပေးတော်မူမည် ဖြစ်သည်။ သို့သော် သူတို့သည် ထိုသို့ မပြုလုပ်ခဲ့ကြပေ။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • ဘေးဒုက္ခများ ကြုံတွေ့ရချိန်သည် အလ္လာဟ်အရှင်မြတ်ထံ ပြန်လှည့်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။ ထိုအချိန်တွင် နှိမ့်ချစွာ အသနားခံခြင်းသည် အရှင်မြတ်၏ ကရုဏာတော်ကို ရရှိစေသည်။
  • စိတ်နှလုံး ခက်မာခြင်းသည် အလွန်အန္တရာယ်ကြီးသော ရောဂ


📜 အာယာသ် 41-45 — စူရာ အလ်-အန်အာမ်

41بَلْ إِيَّاهُ تَدْعُونَ فَيَكْشِفُ مَا تَدْعُونَ إِلَيْهِ إِن شَاءَ وَتَنسَوْنَ مَا تُشْرِكُونَ
(ဤသို့) အလျင်းမဟုတ်ပေ၊ အမှန်စင်စစ်သော်ကား(ယင်းကဲ့သို့သောအချိန်အခါမျိုးတွင်)အသင်တို့သည်အထူးသဖြင့်(တစ်ဆူတည်းသော)ထိုအရှင်မြတ်ကိုသာလျှင် ဟစ်ခေါ်ကြပေမည်။ ၎င်း နောက် ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိခဲ့ပါလျှင်၊ အကြင်(ဘေးအန္တရာယ်)ကိုလည်း ဖယ်ရှားတော်မူအံ့၊ထိုအရာ (ဘေးအန္တရာယ်ကိုဖယ်ရှားရန်)အတွက် အသင်တို့သည် (ထိုအရှင်မြတ်ကို) ဟစ်ခေါ်ကြကုန်၏။ ၎င်းပြင်(ထိုအခါဝယ်) အသင်တို့သည်လည်း မိမိတို့ (ယခု)တွဲဖက်(ကိုးကွယ်နေ)ကြကုန်သော အရာများကို မေ့ပျောက်သွားကြလတ္တံ့။ (ရကူ)
42وَلَقَدْ أَرْسَلْنَا إِلَىٰ أُمَمٍ مِّن قَبْلِكَ فَأَخَذْنَاهُم بِالْبَأْسَاءِ وَالضَّرَّاءِ لَعَلَّهُمْ يَتَضَرَّعُونَ
(အို-နဗီတမန်တော်) မချွတ်မလွဲ ငါအရှင်မြတ်သည် အသင့်အလျင် ရှိခဲ့ကြကုန်သောလူမျိုး များတို့ထံသို့လည်း(ရစူလ်တမန်တော်များကို) စေလွှတ်တော်မူခဲ့လေသည်။ ထို့နောက် (ယင်းလူမျိုးတို့သည် ထိုတမန်တော်များအား သွေဖည်ငြင်းပယ် ခဲ့ကြလေရာ) ငါအရှင်မြတ်သည် ယင်းသူတို့၌ဆင်းရဲဒုက္ဓများနှင့် ရောဂါဝေဒနာများ ဆိုက်ရောက်စေ တော်မူခဲ့လေသည်။ သို့မှသာလျှင် ထိုသူများသည် ကျိုးနွံကြပေမည်။ (နောင်တ တရားရရှိကြပေမည်။)
43فَلَوْلَا إِذْ جَاءَهُم بَأْسُنَا تَضَرَّعُوا وَلَٰكِن قَسَتْ قُلُوبُهُمْ وَزَيَّنَ لَهُمُ الشَّيْطَانُ مَا كَانُوا يَعْمَلُونَ
ထို့နောက် ၎င်းတို့သည် မိမိတို့ထံ ငါအရှင်မြတ်၏ (အထံတော်မှ) ပြစ်ဒဏ်ဆိုက်ရောက်လာ သောအခါ၌အဘယ်ကြောင့် ကျိုးနွံနိမ့်ကျခြင်း မရှိခဲ့ကြပါသနည်း။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးများသည် မာမြဲတိုင်းမာကျောလျက်ရှိခဲ့၏။ ထို့အပြင် ရှိုင်တွာန် မိစ္ဆာကောင်သည်လည်း ၎င်းတို့ပြုလုပ်လျက်ရှိခဲ့သမျှတို့ကို ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် တန်ဆာဆင်၍ပြထားခဲ့လေသည်။
44فَلَمَّا نَسُوا مَا ذُكِّرُوا بِهِ فَتَحْنَا عَلَيْهِمْ أَبْوَابَ كُلِّ شَيْءٍ حَتَّىٰ إِذَا فَرِحُوا بِمَا أُوتُوا أَخَذْنَاهُم بَغْتَةً فَإِذَا هُم مُّبْلِسُونَ
ထို့နောက် ၎င်းတို့သည် မိမိတို့အား သတိပေးနှိုးဆော်ခြင်းခံကြရလေသော ကိစ္စများကို မေ့ပျောက်ထားခဲ့ကြ၏။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့ အပေါ်၌ ခပ်သိမ်းကုန်သော စည်းစိမ်တို့၏တံခါးများကို ဖွင့်လှစ်ပေးတော်မူလိုက်��။နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့ရရှိကြကုန်သော စည်းစိမ်တို့နှင့်စပ်လျဉ်း၍ မော်ကြွား၍ လာကြပြန်သောအခါ ငါအရှင်မြတ်သည် ၎င်းတို့အား ရုတ်တရက်ဖမ်းဆီး (ပြစ်ဒဏ်ပေး)တော်မူလိုက်၏။ ထိုအခါ ၎င်းတို့သည် မျှော်လင့်ချက် ကုန်ဆုံး၍တွေဝေ မိန်းမောသွားကြလေသည်။
45فَقُطِعَ دَابِرُ الْقَوْمِ الَّذِينَ ظَلَمُوا ۚ وَالْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ
ထို့နောက် မတော်မတရား ပြုမူကြကုန်သောသူတို့၏ အခြေအမြစ်သည် ပြတ်သွားလေတော့၏။ ချီးမွမ်းထောပနာ အပေါင်းတို့သည် အမှန်စင်စစ်အားဖြင့် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာတည်း။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
43အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 43

စူရာ အလ်-အန်အာမ် အာယာသ် 43 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ၎င်းတို့သည် မိမိတို့ထံ ငါအရှင်မြတ်၏ (အထံတော်မှ) ပြစ်ဒဏ်ဆိုက်ရောက်လာ သောအခါ၌အဘယ်ကြောင့် ကျိုးနွံနိမ့်ကျခြင်း မရှိခဲ့ကြပါသနည်း။ သို့ရာတွင်…

စူရာ အာယာသ် 43/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 41–45. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers