အလ်-အာအ်ရာဖ် · 140/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
قَالَ أَغَيْرَ اللَّهِ أَبْغِيكُمْ إِلَٰهًا وَهُوَ فَضَّلَكُمْ عَلَى الْعَالَمِينَ ۝١٤٠
Qaala a-ghairal laahi abgheekum ilaahanw wa Huwa faddalakum `alal `aalameen
📖 မြန်မာဘာသာ
(နဗီတမန်တော်)မူစာက (ဆက်လက်၍)ပြောကြားခဲ့သည်မှာ အချင်းတို့ ငါသည် အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာတစ်ပါးကို ရှာဖွေ၍ပေးရပါမည်လော၊ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်)အရှင်မြတ်သည် (အချို့ သောကျေးဇူးတော်များတွင်) အသင်တို့အားစကြဝဠာ ခပ်သိမ်းတို့ထက် ထွတ်မြတ်စေတော်မူခဲ့ပြီး ဖြစ်ချေသည် ဟု ပြောကြားခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • أَغَيْرَ اللَّهِ : အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားတစ်စုံတစ်ရာကို
  • أَبْغِيكُمْ : ငါသည် သင်တို့အတွက် ရှာဖွေပေးမည်၊ ရှာဖွေတောင်းခံမည်
  • إِلَٰهًا : ကိုးကွယ်ရာ၊ ဘုရား
  • فَضَّلَكُمْ : သင်တို့ကို ဂုဏ်ထူးပေးခဲ့သည်၊ သာလွန်စေခဲ့သည်
  • الْعَالَمِينَ : ကမ္ဘာ့လောကီသားအားလုံး၊ ခေတ်ကာလ၏ လူသားအားလုံး
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် မူစာ (အလိုင်ဟိစ်စလာမ်) သည် သူ၏လူမျိုးများအား ပြင်းထန်စွာ သတိပေးဆုံးမသည့်အနေဖြင့် ဤသို့မိန့်ဆိုခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား များစွာသော ဂုဏ်ကျေးဇူးများကို ချီးမြှင့်ပေးအပ်ထားပါလျက်၊ အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ရာတစ်ခုကို ငါသည် သင်တို့အတွက် ရှာဖွေပေးရမည်လော။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ခေတ်ကာလ၏ လူသားအားလုံးထက် သာလွန်ဂုဏ်ထူးပေးခဲ့သည်။ ထိုဂုဏ်ကျေးဇူးများမှာ သင်တို့ထဲတွင် တမန်တော်များစွာ ပေါ်ထွန်းစေခြင်း၊ ရန်သူများကို ဖျက်ဆီးပေးခြင်း၊ မြေကမ္ဘာပေါ်တွင် အုပ်စိုးခွင့်နှင့် တည်ငြိမ်ခွင့်ပေးခြင်း၊ ထင်ရှားသော နိမိတ်လက္ခဏာများကို ပြသပေးခြင်း စသည်တို့ဖြစ်သည်။ ထိုသို့သော ဂုဏ်ကျေးဇူးများကို ကိုယ်တိုင်မြင်တွေ့ခံစားခဲ့ရပါလျက်၊ မည်သို့အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ရာကို ရှာဖွေနိုင်မည်နည်း။ ဤသည်မှာ အလွန်ဆိုးရွားသော မိုက်မဲမှုနှင့် ကျေးဇူးကန်းမှုပင်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား များပြားလှသော ဂုဏ်ကျေးဇူးများကို ချီးမြှင့်ပေးအပ်ထားသည်ကို သတိရှိရမည်။
  • ကျေးဇူးတော်များကို ခံစားရပါလျက် အရှင်မြတ်မှလွဲ၍ အခြားကို ကိုးကွယ်ခြင်းသည် အလွန်ကြီးမားသော ကျေးဇူးကန်းမှုဖြစ်သည်။
  • အစ္စလာမ်သာသနာသည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ကိုးကွယ်ရမည်ဟူသော တော်ဟီးဒ် (တစ်ဆူတည်းကိုးကွယ်မှု) အပေါ် အခြေခံသည်။
  • မိမိတို့ခံစားရသော ဂုဏ်ကျေးဇူးများကို ပြန်လည်သုံးသပ်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်အပေါ် ချစ်ခင်ရိုသေမှုနှင့် ကျေးဇူးတင်မှု တိုးပွားလာနိုင်သည်။
  • ဤအာယသ်တော်သည် အရှင်မြတ်၏ ဂုဏ်ကျေးဇူးများကို အမြဲသတိရပြီး ကိုးကွယ်မှ


📜 အာယာသ် 138-142 — စူရာ အလ်-အာအ်ရာဖ်

138وَجَاوَزْنَا بِبَنِي إِسْرَائِيلَ الْبَحْرَ فَأَتَوْا عَلَىٰ قَوْمٍ يَعْكُفُونَ عَلَىٰ أَصْنَامٍ لَّهُمْ ۚ قَالُوا يَا مُوسَى اجْعَل لَّنَا إِلَٰهًا كَمَا لَهُمْ آلِهَةٌ ۚ قَالَ إِنَّكُمْ قَوْمٌ تَجْهَلُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် အစ္စရာအီလီအမျိုးသားတို့အား သမုဒ္ဒရာပင်လယ်ကို ကူးကျော်ဖြတ်သန်း၍တစ်ဖက်ကမ်းသို့ ရောက်စေတော်မူခဲ့လေသည်။ ထို့နောက်၎င်းတို့သည် အကြင်လူမျိုးတို့ထံ ရောက်ရှိလာကြကုန်သည်။ထိုလူမျိုးတို့သည် မိမိတို့၏ရုပ်ပွားဆင်းတုများကို စွဲလမ်းလျက်ရှိကြ လေသည်။ မိမိတို့၏ရုပ်ပွားဆင်းတုများထံ ချဉ်းကပ်(ကိုးကွယ်)လျက် ရှိကြလေသည်။ (ထိုအခါ) ၎င်း (အစ္စရာအီလီအမျိုးသား) တို့က အို-(နဗီတမန်တော်)မူစာ၊ အသင်သည်ကျွန်ုပ်တို့အဖို့လည်း ၎င်းတို့၌ရှိကုန်သော ကိုးကွယ်ရာများကဲ့သို့ကိုးကွယ်ရာတစ်ဆူကိုပြုလုပ်၍ ပေးပါလော့ဟု ပြောဆိုကြလေသည်။ (ထိုအခါနဗီတမန်တော်)မူစာက(၎င်းတို့အား) အချင်းတို့၊ အသင်တို့သည် ဧကန်စင်စစ် (အလွန်တရာမျှ) အသိတရား ကင်းမဲ့ကြကုန်သော သူမိုက်များပင် ဖြစ်ကြကုန်သည်ဟုပြောဆိုခဲ့လေ၏။
139إِنَّ هَٰؤُلَاءِ مُتَبَّرٌ مَّا هُمْ فِيهِ وَبَاطِلٌ مَّا كَانُوا يَعْمَلُونَ
ဧကန်မလွဲ ၎င်းတို့ လုံးပန်းလျက်ရှိကြသောအမှုကိစ္စများသည် ဖျက်ဆီးခြင်းခံရပေမည်။ ထို့ပြင် ၎င်းတို့ပြုလျက်ရှိကြသော အမှုကိစ္စများသည်(လုံးဝ) အချည်းနှီး (အခြေအမြစ်မရှိသော) ကိစ္စများသာ ဖြစ်ကုန်၏။
140قَالَ أَغَيْرَ اللَّهِ أَبْغِيكُمْ إِلَٰهًا وَهُوَ فَضَّلَكُمْ عَلَى الْعَالَمِينَ
(နဗီတမန်တော်)မူစာက (ဆက်လက်၍)ပြောကြားခဲ့သည်မှာ အချင်းတို့ ငါသည် အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာတစ်ပါးကို ရှာဖွေ၍ပေးရပါမည်လော၊ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်)အရှင်မြတ်သည် (အချို့ သောကျေးဇူးတော်များတွင်) အသင်တို့အားစကြဝဠာ ခပ်သိမ်းတို့ထက် ထွတ်မြတ်စေတော်မူခဲ့ပြီး ဖြစ်ချေသည် ဟု ပြောကြားခဲ့လေသည်။
141وَإِذْ أَنجَيْنَاكُم مِّنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ ۖ يُقَتِّلُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُم بَلَاءٌ مِّن رَّبِّكُمْ عَظِيمٌ
ထိုမှတစ်ပါး(အသင် တို့သည် ပြန်လည်၍ သတိရကြလေကုန်)၊ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင်တို့အား ဖစ်ရ်အောင်န်၏အမျိုးသားတို့ (၏ ဘေးအန္တရာယ်များ)မှလွတ်မြောက်စေတော် မူခဲ့လေသည်။ ၎င်းတို့သည် အသင်တို့အပေါ်၌ အလွန်ဆိုးရွားလှသော ဘေးဒုက္ခများကို သက်ရောက်စေကြလေသည်။ ၎င်းတို့သည် အသင်တို့၏သား ယောက်ျားကလေးများကို(ရက်စက်ကြမ်းကြုတ်စွာ) သတ်ဖြတ်ကြလေသည်။ သို့ရာတွင် အသင်တို့၏အမျိုးသမီးများကို မူကား (၎င်းတို့၏ကျွန်မများအဖြစ် ခိုင်းစေနိုင်ရန် သတ်ဖြတ်ခြင်းမပြုပဲ)အသက်ချမ်းသာ ပေးကြလေသည်။ စင်စစ်သော်ကား ဤသည်အသင်တို့အဖို့အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ ကြီးကျယ်လှစွာသောစမ်းသပ်မှု တစ်ရပ်ပင် ရှိချေသတည်း။(ရကူ)
142۞ وَوَاعَدْنَا مُوسَىٰ ثَلَاثِينَ لَيْلَةً وَأَتْمَمْنَاهَا بِعَشْرٍ فَتَمَّ مِيقَاتُ رَبِّهِ أَرْبَعِينَ لَيْلَةً ۚ وَقَالَ مُوسَىٰ لِأَخِيهِ هَارُونَ اخْلُفْنِي فِي قَوْمِي وَأَصْلِحْ وَلَا تَتَّبِعْ سَبِيلَ الْمُفْسِدِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား ညဉ့်ပေါင်းသုံးဆယ် ချိန်းချက်တော်မူခဲ့လေသည်။ထို့နောက် ငါအရှင်မြတ်သည် ယင်းညဉ့်ပေါင်းသုံးဆယ်ကိုဆယ်ညဉ့်ဖြင့် (ထပ်လောင်း၍) ဖြည့်စွက်တော်မူခဲ့လေသည်။သို့ဖြစ်ပေ ရာ ထို(နဗီတမန်တော်)မူစာ၏အရှင် သတ်မှတ်တော်မူသောအချိန်သည် ညဉ့်ပေါင်းလေးဆယ် ပြည့် သွားခဲ့လေ၏။ ၎င်းပြင် (နဗီတမန်တော်)မူစာသည် မိမိနောင်တော်(နဗီတမန်တော်)ဟာရူန်အား (ဤသို့)ပြောဆို မှာကြားခဲ့လေသည်။ (အို-နောင်တော်) အသင်သည် ကျွန်ုပ်၏အမျိုးသားတို့တွင် ကျွန်ုပ်အားကိုယ်စားပြု၍ နေရစ်ခဲ့ပါ။ ထို့ပြင် အသင်သည်(၎င်းတို့အား) ပြုပြင်၍ပေးပါ။ သို့ရာတွင် အသင်သည် အကျိုးပျက်စီးအောင် ပြုလုပ်သူတို့၏ လမ်းစဉ်ကို မလိုက်ပါလေနှင့်။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
140အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 140

စူရာ အလ်-အာအ်ရာဖ် အာယာသ် 140 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (နဗီတမန်တော်)မူစာက (ဆက်လက်၍)ပြောကြားခဲ့သည်မှာ အချင်းတို့ ငါသည် အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာတစ်ပါးကို ရှာဖွေ၍ပေးရပါမည်လော၊ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်)အရှင်မြတ်သည်…

စူရာ အာယာသ် 140/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 138–142. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers