အလ်-အာအ်ရာဖ် · 178/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
مَن يَهْدِ اللَّهُ فَهُوَ الْمُهْتَدِي ۖ وَمَن يُضْلِلْ فَأُولَٰئِكَ هُمُ الْخَاسِرُونَ ۝١٧٨
mai yahdil laahu fa huwal muhtadee wa mai yudlil fa ulaaa`ika humul khaasiroon
📖 မြန်မာဘာသာ
အကြင်သူအား အလ္လာဟ်အရှင်မြတ်သည်တရားလမ်းမှန်ကို ညွှန်ပြတော်မူအံ့။ ထိုသူသာလျှင် တရားလမ်းမှန်ကိုရရှိသူဖြစ်အံ့။ သို့ရာတွင် အကြင်သူအား ထိုအရှင်မြတ်သည်လမ်း မှားသို့ရောက်စေတော်မူအံ့။ ထို(ကဲ့သို့) သူတို့သည်သာလျှင် နစ်နာဆုံးရှုံးမည့်သူများ ဖြစ်ကြလတ္တံ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ယဟ်ဒိလ္လာဟု (يَهْدِ اللَّهُ): အလ္လာဟ်အရှင်မြတ်သည် လမ်းညွှန်ပေးတော်မူသည်။
  • အလ်မုဟ်သာဒီ (الْمُهْتَدِي): လမ်းမှန်ကို ရရှိသူ၊ တရားလမ်းကို လိုက်နာသူ။
  • ယုဒ်လိလ် (يُضْلِلْ): လမ်းမှားသို့ ပို့ဆောင်ခံရသည်၊ လမ်းလွဲစေခံရသည်။
  • အလ်ခါစိရူန (الْخَاسِرُونَ): ဆုံးရှုံးသူများ၊ နစ်နာဆုံးရှုံးသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကို အီမာန်ယုံကြည်မှုနှင့် အရှင်မြတ်အား နာခံကိုးကွယ်မှုဆီသို့ လမ်းညွှန်ပေးတော်မူသည်ဖြစ်အံ့၊ ထိုသူသည် အမှန်တကယ် လမ်းမှန်ကို ရရှိသူဖြစ်သည်။ အရှင်မြတ်သည် မည်သူ့ကို လမ်းမှန်မှ ဝေးကွာစေတော်မူသည်ဖြစ်အံ့၊ ထိုသူတို့သည်သာလျှင် မိမိတို့ကိုယ်ကိုယ် ဆုံးရှုံးသူများ၊ ကိယာမသ်နေ့တွင် မိမိတို့ကိုယ်ကိုယ်လည်းကောင်း၊ မိမိတို့၏ မိသားစုများကိုလည်းကောင်း ဆုံးရှုံးသူများဖြစ်ကြသည်။ ထိုဆုံးရှုံးမှုသည် အလွန်ထင်ရှားသော ဆုံးရှုံးမှုပင်ဖြစ်သည်။

ဤအာယသ်တော်သည် လမ်းညွှန်မှုနှင့် လမ်းလွဲမှုသည် အလ္လာဟ်အရှင်မြတ်၏ စီမံခန့်ခွဲမှုနှင့် ဆန္ဒတော်အတိုင်းသာ ဖြစ်ကြောင်း ထင်ရှားစွာ ဖော်ပြထားသည်။ လူသားသည် မိမိဆန္ဒဖြင့် ရွေးချယ်ခွင့်ရှိသော်လည်း အမှန်တကယ် လမ်းညွှန်မှုကို ပေးတော်မူသူမှာ အလ္လာဟ်အရှင်မြတ်သာလျှင် ဖြစ်တော်မူသည်။ ထို့ကြောင့် လူသားသည် အရှင်မြတ်ထံ လမ်းညွှန်မှုကို ရိုးသားစွာ တောင်းခံရမည်။ အရှင်မြတ်က လမ်းညွှန်ပေးတော်မူသောသူသည် အမှန်တကယ် အောင်မြင်သူဖြစ်ပြီး၊ လမ်းလွဲစေခံရသူသည် ဤဘဝနှင့် နောင်ဘဝတွင် ဆုံးရှုံးသူဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် လမ်းညွှန်မှု၏ အရှင်သခင်ဖြစ်တော်မူကြောင်း သိရှိရသည်။ ထို့ကြောင့် လမ်းမှန်ရရှိရန် အရှင်မြတ်ထံသာ အမြဲတောင်းခံသင့်သည်။
  • အစ္စလာမ်သာသနာသည် လူသားအတွက် အမှန်တကယ် လမ်းညွှန်မှုဖြစ်ကြောင်း သိရှိရသည်။ ဤသာသနာကို လိုက်နာသူသည် အမှန်တကယ် အောင်မြင်သူဖြစ်သည်။
  • လမ်းလွဲမှုသည် အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် လမ်းမှန်ကို ရ


📜 အာယာသ် 176-180 — စူရာ အလ်-အာအ်ရာဖ်

176وَلَوْ شِئْنَا لَرَفَعْنَاهُ بِهَا وَلَٰكِنَّهُ أَخْلَدَ إِلَى الْأَرْضِ وَاتَّبَعَ هَوَاهُ ۚ فَمَثَلُهُ كَمَثَلِ الْكَلْبِ إِن تَحْمِلْ عَلَيْهِ يَلْهَثْ أَوْ تَتْرُكْهُ يَلْهَث ۚ ذَّٰلِكَ مَثَلُ الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِنَا ۚ فَاقْصُصِ الْقَصَصَ لَعَلَّهُمْ يَتَفَكَّرُونَ
စင်စစ်တမူကား ငါအရှင်မြတ်သည် အကယ်၍သာ အလိုရှိတော်မူခဲ့ပါလျှင် ထိုသူအား ယင်းသက်သေလက္ခဏာများ(နှင့်အညီ လိုက်နာကျင့်သုံး ခြင်းအား)ဖြင့် ဂုဏ်အင်ချီးမြှင့်တော်မူပြီးဖြစ်အံ့။ သို့ရာတွင် ထိုသူအား ကမ္ဘာမြေ(ဝါ)လောကီစည်းစိမ်ဘက်သို့ ယိမ်းညွှတ်၍ပါသွားကာ မိမိစိတ်အလိုဆန္ဒကို လိုက်စားခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်း၏ ဥပမာကား ခွေး၏ဥပမာကဲ့သို့ ဖြစ်ခဲ့လေသည်။ အသင်သည် ထိုခွေးအား အကယ်၍ တိုက်ခိုက်လျှင်လည်း ထိုခွေးသည် မောဟိုက်၍လျှာထုတ်နေမည်။ သို့မဟုတ် အသင်သည် ထိုခွေးအား အကယ်၍ လွှတ်ထားလျှင်လည်း မောဟိုက်၍လျှာထုတ်နေမည် သာဖြစ်ချေသည်။ ဤသည်ကား ငါအရှင်မြတ်၏ သက်သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်သောသူတို့၏ဥပမာပင်။ သို့ဖြစ်ပေရာ အသင်သည် ၎င်းတို့ဆင်ခြင်သုံးသပ်၊ ချင့်ချိန်စဉ်းစားနိုင်ခြင်းငှာ (ဤ)အကြောင်းအတုပတ္တိများကို (ရေလည်အောင်) ပြော၍ပြပါလေ။
177سَاءَ مَثَلًا الْقَوْمُ الَّذِينَ كَذَّبُوا بِآيَاتِنَا وَأَنفُسَهُمْ كَانُوا يَظْلِمُونَ
အကြင်သူတို့၏ ဥပမာကား ဆိုးယုတ်လှပေ၏။ထိုသူတို့သည် ငါအရှင်မြတ်၏ သက်သေ လက္ခဏာတော်များကိုမဟုတ်မမှန်ဟု ငြင်းပယ်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်မိမိ တို့ကိုယ်ကို သာလျှင် မိမိတို့နှိပ်စက်ညှဉ်းပန်းလျက် ရှိခဲ့ကြကုန်၏။
178مَن يَهْدِ اللَّهُ فَهُوَ الْمُهْتَدِي ۖ وَمَن يُضْلِلْ فَأُولَٰئِكَ هُمُ الْخَاسِرُونَ
အကြင်သူအား အလ္လာဟ်အရှင်မြတ်သည်တရားလမ်းမှန်ကို ညွှန်ပြတော်မူအံ့။ ထိုသူသာလျှင် တရားလမ်းမှန်ကိုရရှိသူဖြစ်အံ့။ သို့ရာတွင် အကြင်သူအား ထိုအရှင်မြတ်သည်လမ်း မှားသို့ရောက်စေတော်မူအံ့။ ထို(ကဲ့သို့) သူတို့သည်သာလျှင် နစ်နာဆုံးရှုံးမည့်သူများ ဖြစ်ကြလတ္တံ။
179وَلَقَدْ ذَرَأْنَا لِجَهَنَّمَ كَثِيرًا مِّنَ الْجِنِّ وَالْإِنسِ ۖ لَهُمْ قُلُوبٌ لَّا يَفْقَهُونَ بِهَا وَلَهُمْ أَعْيُنٌ لَّا يُبْصِرُونَ بِهَا وَلَهُمْ آذَانٌ لَّا يَسْمَعُونَ بِهَا ۚ أُولَٰئِكَ كَالْأَنْعَامِ بَلْ هُمْ أَضَلُّ ۚ أُولَٰئِكَ هُمُ الْغَافِلُونَ
၎င်းပြင် ငါအရှင်မြတ်သည် ငရဲဘုံအတွက် လူနှင့် ဂျင်န်များအနက် မြောက်မြားစွာသောသူများကို ဖန်ဆင်းပေးထားတော်မူ၏။ ထိုသူတို့၌ စိတ်နှလုံးများကားရှိ၏။ သို့သော် ယင်းစိတ်နှလုံးများဖြင့် ထိုသူတို့သည် (စဉ်စားဆင်ခြင်နားလည်ခြင်း မရှိကြချေ။) ထိုသူတို့၌ စက္ခုအာရုံများကားရှိ၏။သို့သော် ထိုသူတို့သည် ယင်းစက္ခုအာရုံများဖြင့် မမြင်ကြချေ။ထိုသူတို့၌ သောတာရုံများရှိ၏။ သို့သော် ထိုသူတို့သည် ယင်းသောတာရုံများဖြင့် မကြားကြချေ။ ထိုသူများသည် တိရစ္ဆာန်များ�ှင့်တူကြသည်သာမက တိရစ္ဆာန်များထက်ပင် လွန်စွာမိုက်မဲ လမ်းလွဲသူများဖြစ်ကြ၏။ စင်စစ်ထိုသူများသည်(မိမိတို့၏တာဝန် ဝတ္တရားများကို) မေ့လျော့သူများသာ ဖြစ်ကြကုန်သတည်း။
180وَلِلَّهِ الْأَسْمَاءُ الْحُسْنَىٰ فَادْعُوهُ بِهَا ۖ وَذَرُوا الَّذِينَ يُلْحِدُونَ فِي أَسْمَائِهِ ۚ سَيُجْزَوْنَ مَا كَانُوا يَعْمَلُونَ
စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်၌ကောင်း မြတ်သောနာမံတော် (ဂုဏ်တော်)များ ရှိကြပေသည်။သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အား ယင်းနာမံတော်များဖြင့်သာ တသကြလေကုန်။ [(တစ်နည်း) ဆုတောင်းပတ္ထနာ ပြုကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏နာမံတော်များနှင့်စပ်လျဉ်း၍ ချွတ်ချော်တိမ်းပါး ပြစ်မှားသူတို့ကို ပစ်ပယ်စွန့်ပစ်၍ထားကြလေကုန်။] ၎င်းတို့သည် မကြာမြင့်မီကာလတွင် မိမိတို့၏အပြုအမူများနှင့်စပ်လျဉ်း၍ အစားပေးခြင်းကိုခံကြရလတ္တံ။(တစ်နည်း)၎င်းပြင် ကောင်းမွန်မြင့်မြတ်သော(သီးသန့်)နာမံတော်များသည် အလ္လာဟ်အရှင်မြတ်၌(သီးခြား)ရှိသည်။သို့ဖြစ်ရာ အသင်တို့သည် ထိုနာမံတော်များနှင့် ထိုအရှင်မြတ်ကိုသာလျှင် တသကြကုန်။ (ထိုနာမံတော်များဖြင့် သူတစ်ပါးတို့ကိုမခေါ်ဝေါ်ကြကုန်လင့်။) ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏ နာမံတော်များနှင့်ပတ်သက်၍ တိမ်းစောင်းရွေ့ပါး ပြစ်မှားသူတို့ကို စွန့်ပယ်ထားကြကုန်။ ၎င်းတို့သည် မကြာမီအတွင်းမိမိတို့၏ အပြုအမူများနှင့်စပ်လျဉ်း၍ အပြစ်ဒဏ်ပေးခြင်းခံကြရလိမ့်မည်။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
178အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 178

စူရာ အလ်-အာအ်ရာဖ် အာယာသ် 178 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင်သူအား အလ္လာဟ်အရှင်မြတ်သည်တရားလမ်းမှန်ကို ညွှန်ပြတော်မူအံ့။ ထိုသူသာလျှင် တရားလမ်းမှန်ကိုရရှိသူဖြစ်အံ့။ သို့ရာတွင် အကြင်သူအား ထိုအရှင်မြတ်သည်လမ်း မှားသို့ရောက်စေတော်မူအံ့။ ထို(ကဲ့သို့)…

စူရာ အာယာသ် 178/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 176–180. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers